18/06/2026
“ဝမ်းနည်းမှတ်တမ်း”
မြန်မာစာပေလောကအတွက် သုတ ရသပိုင်းဆိုင်ရာ
စာအုပ်ပေါင်းများစွာ ဘာသာပြန် ပေးခဲ့သူ
စာရေးဆရာကြီး — (ဦး) တင်မောင်မြင့်
ယနေ့ ၁၈ ဇွန်လ ၂၀၂၆ ခုနှစ် ၊ ကြာသပတေးနေ့၊
မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ သတင်းကြောင့် ရင်ထဲမှာ တကယ်ကို ဝမ်းနည်းကြေကွဲရပါတယ်။
ဆရာကြီးရဲ့ ဘာသာပြန်လက်ရာများစွာထဲမှာ ကျွန်မအကြိုက်ဆုံးနဲ့ ရင်ဘတ်ထဲ အထိဆုံးစာအုပ်ကို ပြပါဆိုရင် "ပြစ်မှုနှင့် ပြစ်ဒဏ်"စာအုပ်ကြီးပါပဲ။
ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး ဒေါစပွိုင်ယက်စကီးရဲ့ ခက်ခဲနက်နဲလှတဲ့ လူသားတို့ရဲ့ စိတ်အောက်ခြေအမှောင်ပိုင်း အဖွဲ့အနွဲ့တွေကို ဆရာကြီး တင်မောင်မြင့်ကသာ မြန်မာမှုပြု မဖန်တီးခဲ့ရင် ရာစကိုးလ်နီကော့ဗ်ရဲ့ စိတ်ဒဏ်ရာတွေကို ကျွန်မတို့ ဒီလောက်အထိ ထိုးထိုးထွင်းထွင်း ခံစားမိမှာ မဟုတ်ပါဘူး။
စာအုပ်တစ်အုပ်ကို ဖတ်နေရင်း ဇာတ်ကောင်နဲ့အတူ လိုက်ပြီး ရင်တုန်ရအောင်၊ စိတ်လှုပ်ရှားရအောင် စကားလုံးအင်အားနဲ့ ဖန်တီးပေးနိုင်ခဲ့တဲ့ ဆရာကြီးရဲ့ စာပေစေတနာနဲ့ ပြောင်မြောက်တဲ့ လက်ရာမွန်တွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။
စာအုပ်စင်ပေါ်က "ပြစ်မှုနှင့် ပြစ်ဒဏ်" စာအုပ်လေးကို ကြည့်မိတိုင်း ဆရာကြီးရဲ့ ကျေးဇူးကို အမြဲ အောက်မေ့သတိရနေပါတော့မယ်။
ဆရာကြီး ကောင်းရာသုဂတိလားပါစေ...။ 🙏🌹