01/11/2025
Hello … November 💖
November ဆိုတာ Mya Atelier ကို မွေးဖွားလိုက်တဲ့ လလေးပါ … အခုဆိုရင်တော့ ၃ နှစ်မြောက် နှစ်ပတ်လည် ကို ရောက်လို့ လာခဲ့ပါပြီ 💛💛💛
ဒီ တစ်နှစ်ကျော် အတွင်းမှာ “မြ” တို့ Atelier မှာ ပန်းလည်း မထိုးနိုင် ပုံလဲ မဆွဲနိုင်ခဲ့ကြပါဘူး …
ဟိုးအစ ကတဲက Trend နောက်မလိုက်နိုင် တဲ့ ကလေးအမေ တစ်ယောက်အနေနဲ့ အေးအေးဆေးဆေး မုဒ် ဝင် သလောက် … အချိန်ရသလောက် … အခြေအနေ ပေးသလောက်ပဲ ဖန်တီးခဲ့ပေမယ့် … အားပေးခဲ့ ကြတဲ့ ပန်းချစ်သူ တို့ ကို အလွန်ပဲ ကျေးဇူးတင်ရပါတယ်နော် … 🙏
အပ်ထည် လက်ခံ ဖို့ လာမေးကြလို့လဲ ပျော်ရတယ် ကြည်နူးရတယ် သင်တန်း လာစုံစမ်း ကြလို့လဲ ဂုဏ်ယူဝမ်းသာပါတယ်ရှင် …..
ဒီကြားထဲတော့ Project အသစ် တွေ လာကမ်းလှမ်းတဲ့အခါ ကိုယ်က အချိန်သေချာပေးပြီး နှစ်နှစ်ကာကာ မလုပ်နိုင်သေးတော့ အသစ်တွေကိုလဲ ငြင်းရတဲ့အပြင် Page မှာလဲ Updates တွေ မလုပ်ဖြစ်ခဲ့ပါဘူး ….
အခုတော့ “မြ” ကလေးရဲ့ မေမေ ကျမဟာ စိတ်ပြောင်းသွားပါပြီ ကျမ ဖန်တီးနိုင်သလောက်လေးပဲ ဖန်တီးပြီး Content လေးတွေ အမြဲ လုပ်မယ် စိတ်ကူးပါတယ် ….
ကမ်းလှမ်းတာ တွေ ကို ငြင်းဆိုဖြစ်ခဲ့ရင် လည်း ကျမ ကို နားလည်ပေးကြပါနော် ….
ကျမ ဟာ Working Mom တစ်ယောက်ပါ ….
ကလေးအမေလဲ ဖြစ်တယ် အလုပ်လဲလုပ်နေတဲ့ အပြင် Passion နောက်ကိုလဲ လိုက်နိုင်တယ် ဆိုတာကို ပြချင်နေတဲ့ လောဘအိုးလေးမို့ နားလည်ပေးကြဖို့ တောင်းဆိုပါတယ်ရှင့် 🥰