Cement Bonsai Pots

Cement Bonsai Pots ဘွန်ဇိုင်အိုးသီးသန့်ပြုလုပ်ရောင်း?

ချစ်သမီးလေးရဲ့ အသက်ကို အချင်းဝက်လေး အဖြစ်ထားမယ်ဆို ခရေပင်လေးရဲ့ အသက်က အချင်းဖြစ်ပြီပေါ့ကွယ် အသဲတို့ရေ မင်မင်တို့လည်း မအာ...
07/07/2022

ချစ်သမီးလေးရဲ့ အသက်ကို အချင်းဝက်လေး အဖြစ်ထားမယ်ဆို ခရေပင်လေးရဲ့ အသက်က အချင်းဖြစ်ပြီပေါ့ကွယ် အသဲတို့ရေ မင်မင်တို့လည်း မအားကြတာမို့ postတွေ မတင်ဖြစ်လို့ မေ့မသွားကြပါနဲ့ဦးနော်

အသဲတို့ရေ အရင်ရက်က ရောင်းဖြစ်ခဲ့တာလေး ဒီနေ့မှ တင်မယ်နော်   ဒါနဲ့ မင်မင်တို့ ဆီမှာ  pots လေးတွေတင်မကဘူး အပင်လေးတွေပါ ရှိပ...
25/06/2022

အသဲတို့ရေ အရင်ရက်က ရောင်းဖြစ်ခဲ့တာလေး ဒီနေ့မှ တင်မယ်နော် ဒါနဲ့ မင်မင်တို့ ဆီမှာ pots လေးတွေတင်မကဘူး အပင်လေးတွေပါ ရှိပါတယ်ရှင့်

Founderမှ  Bonsai Pots  post တင်စေချင်သော်လည်း မင်မင်က ကိုယ့်ပုံကိုသာ တင်ချင်သော အခါ. . . . . အသဲတို့က သီးခံပြီး  ကြည့်ြ...
23/06/2022

Founderမှ Bonsai Pots post တင်စေချင်သော်လည်း မင်မင်က ကိုယ့်ပုံကိုသာ တင်ချင်သော အခါ. . . . . အသဲတို့က သီးခံပြီး ကြည့်ကြပါနော်

ဘွန်ဇိုင်းအိုးဘွန်ဇိုင်းအိုးသည် သာမန်အိုးတစ်အိုးပင် ဖြစ်သော်လည်း ဘွန်ဇိုင်း၏ မျိုးရင်းနှင့် စတိုင်ကိုလိုက်သုံးသင့်သည့်အိ...
22/06/2022

ဘွန်ဇိုင်းအိုး
ဘွန်ဇိုင်းအိုးသည် သာမန်အိုးတစ်အိုးပင် ဖြစ်သော်လည်း ဘွန်ဇိုင်း၏ မျိုးရင်းနှင့် စတိုင်ကိုလိုက်
သုံးသင့်သည့်အိုး၏အရောင်၊ ပုံသဏ္ဌာန်နှင့် အရွယ်အစား ကွဲပြားမှုရှိပါသည်။ ဘွန်ဇိုင်းသစ်တောနှင့်ဖောင်ဖွဲ့အပင်များ အတွက် အိုးတိမ်၊ အိုးပြား၊ဘဲဥ ပုံသဏ္ဌာန်အိုးကို သုံးရသကဲ့သို့ ပျောင်းနွဲ့စတိုင် နှင့်ပင်စည်ရှည်သည့် သစ်ပင်စုများအတွက် အိုးတိမ်၊ အိုးအဝိုင်း မီးခိုးရောင် ဖျော့တော့တော့ကို သုံးသင့်ပေသည်။
ဘွန်ဇိုင်းပင် ထည့်စိုက်မည့် အိုးရွေးချယ်ရာ၌ အပင်နှင့်စပ်ဟပ်လိုက်ဖက်ရန် စဉ်းစားရသကဲ့သို့ အောက်ပါမရှိမဖြစ် လိုအပ်သည့် အင်္ဂါရပ်များနှင့်လည်း ပြည့်စုံရပါမည်။
(က)ရေထွက်ပေါက်လုံလောက်ရမည်။သာမန်စိုက်အိုးများတွင် ပါရှိသည့် ရေထွက်ပေါက်အချိုးအဆ ထက် ပိုသင့်သည်။
(ခ)အိုး၏ ကြမ်းခင်းညီညာပြန့်ပြူးရမည်။
(ဂ)အိုးတွင်ခြေထောက်အနိမ့်ကလေးများပါရမည်။ သို့မှ ရေထွက်ကောင်းသည်။
(ဃ)အိုးအတွင်း စပ်မြေထည်သည့်ဘက်တွင် စဉ့်အရည်သုတ်ထားခြင်း၊ ပြောင်လက်ချောမွတ်ထားခြင်း
များ မရှိစေရ။ အမြစ်များ ကုပ်တွယ်ရန် ခက်ခဲသကဲ့သို့ ရေအခြောက်မြန်စေသဖြင့် မသင့်တော်ချေ။
(င)ကျောက်ထွင်းအိုးဖြစ်လျှင် ပိုကောင်းသည်။
(စ)ပလတ်စတစ်အိုးများမှာ ဈေးသက်သာသကဲ့သို့ လှပမှု ရှိသော်လည်း ခေတ္တသာ အသုံးပြုသင့်သည်။
ခြစ်ရာ၊ ရှရာများ အလွယ်တကူ ထင်တတ်သဖြင့် ပြပွဲများတွင် မသုံးသင့်ချေ။
အထက်၌ ဖော်ပြပြီးဖြစ်သည့်အတိုင်း ဘွန်ဇိုင်းနှင့် လိုက်ဖက်သည့် အိုးကို ရွေးချယ်ရာ၌ အိုး၏
ဏ္ဌာန်၊ အရောင်နှင့် အရွယ်အစားပေါ်မူတည်၍ အောက်ပါအတိုင်း ရွေးချယ်သုံးစွဲလေ့ရှိပါသည်။
(၁) အိုး၏ ပုံသဏ္ဌာန် - အပင်မျိုးရင်းပေါ်မူတည်၍ အိုး ပုံသဏ္ဌာန်ရွေးချယ်ရာ၌ ထင်းရှူးပင်မျိုးရင်းအပင်များအား ပင်စည်ဖြောင့်မတ်ပါက စတုရန်းပုံ (သို့မဟုတ်) ဘဲဥပုံ အိုးအတိမ်ကို အသုံးပြုသည်။ရွက်ကြွေပင်ကြီးမျိုးများအား ထောင့်မှန်စတုဂံပုံ (သို့မဟုတ်) ဘဲဥပုံ အိုးတိမ်၊ အိုးပြားကို အသုံးပြုသည်။ ဘွန်ဇိုင်းစတိုင်ပေါ်မူတည်၍ အိုးပုံသဏ္ဌာန်ရွေးချယ်မှု၌ ပင်စည်စောင်းစတိုင်အတွက် မတိမ်လွန်း မနက်လွန်း အနေတော်စောက်ရှိသည့် ဘဲဥပုံအိုး(သို့)အိုး အဝိုင်းပုံကိုလည်းကောင်း၊ ရေတံခွန်စတိုင် ဘွန်ဇိုင်းအား စောက်နက်သည့် အိုးအဝိုင်း (သို့) စတုရန်းပုံလည်းကောင်း၊ သစ်တောအုပ်စတိုင် ဘွန်ဇိုင်းအား ထောင့်မှန်စတုဂံပုံ (သို့) ဘဲဥပုံ အိုးတိမ်တိုင်းလည်းကောင်း၊ ရေတံခွန်တစ်ပိုင်းစတိုင် ဘွန်ဇိုင်းအား စောက်နက်သည့်စတုရန်းပုံ အိုးတွင်လည်းကောင်းအများဆုံး ထည့်သွင်းစိုက်ပျိုးလေ့ ရှိကြပါသည်။ပင်စည်ပင်လုံးသေးသွယ်ရှည်လျားပြီး ရွက်အုပ်မများလှသည့် ဘွန်ဇိုင်းအား စောက် နက်အိုးကြီးများအတွင်း ထည့်သွင်းမစိုက်သင့်ပေ။
(ခ) အိုး၏အရောင် - ထင်းရှူးပင်မျိုးရင်း ဘွန်ဇိုင်းများ အတွက် ငြိမ်သက်သည့်အရောင်များဖြစ်အညိုရောင်၊ ခရမ်းရောင်နှင့် အုတ်နီခဲရောင် အိုးများ ရွေးချယ်လေ့ရှိပြီး ရွက်ကြွေပင်မျိုးရင်းများ၊ပြောင်လက်သည့် အစိမ်းရောင်နှင့် အပြာရောင်ပေါ်တွင် အဖြူစက်ငယ်များ ဖောက်ထား
အရောင်ရှိ အိုးကို ရွေးချယ်အသုံးပြုလေ့ရှိသည်။ အသီးသီးပြီး အပွင့် ပွင့်သည့် ဘွန်ဇိုင်းပင်အတွက် အိုးအရောင်ရွေးချယ်ရာတွင်မူ အသီးအရောင်နှင့် အပွင့်အရောင်ကို ကြွထလားစေမည့် အရောင်ကွာခြားမှုရှိသည့် အိုးကို ရွေးချယ်ရမည်။ အနီရောင်ပန်းပွင့်သည့် ဘွန်ဇိုင်းပင်အာ အနီရောင်အိုးမှာ မသင့်လျော်ချေ။
(ဂ) အိုး၏အရွယ်အစား - အုပ်စုလိုက် စိုက်ပျိုးသော ဘွန်ဇိုင်းစတိုင်မှလွဲ၍ ကျန်ဘွန်ဇိုင်းစတိုင်များအား ယေဘုယျခြုံငုံသုံးသော နည်းတစ်နည်းရှိပါသည်။ ၎င်းနည်းမှာ ဘွန်ဇိုင်းအိုး၏ အလျားသည် အပင်အမြင့်၏ ၂/၃ ရှိရန် (သို့မဟုတ်) အနိမ့်ဆုံးအကိုင်း နှစ်ဖက်ထိပ် အကျယ်ဆုံးနေရာ၏ ၂/၃ ဖြစ်သည်။ ဥပမာ- ၂၅ လက်မ အမြင့်ရှိ ဘွန်ဇိုင်းပင်တစ်ပင်၏ အနိမ့်ဆုံးကိုင်း နှစ်ကိုင်း၏ ဘယ်၊ညာစွန်နှစ်ဖက် အကျယ်ဆုံးနေရာသည် ၂၄ လက်မနှင့် ရှေ့နောက် ၂၅ လက်မ စီရှိ ကြလျှင် အလျားသည် ၁၆ လက်မ ဖြစ်ပေမည်။
Crd; ဆရာရင်မောင်(မြတ်စုရင်)

ဒီနေ့ညမှာ အသဲတို့ရဲ့ မင်မင်က နောက်ထပ် Bonsai Pots အသစ်လေးနဲ့ ထပ်မံ မိတ်ဆက်ပေးပါရစေနော်  မင်မင် မျက်နှာကျလိုဘဲ potလေးကလည်...
19/06/2022

ဒီနေ့ညမှာ အသဲတို့ရဲ့ မင်မင်က နောက်ထပ် Bonsai Pots အသစ်လေးနဲ့ ထပ်မံ မိတ်ဆက်ပေးပါရစေနော် မင်မင် မျက်နှာကျလိုဘဲ potလေးကလည်း ဝိုင်းဝိုင်းစက်စက်လေးပါဘဲနော် အမြင့်လေးကတော့ 9cm ပါနော် ဈေးနှုန်းကတော့ ခပ်ချိုချိုလေးပေါ့ကွယ် 5000Ksပါရှင့်

မင်္ဂလာပါ အသဲတို့ရေ ဒီနေ့ မင်မင်တို့ အသစ်ဖန်တီးထားတဲ့ Bonsai pot အ‌‌‌‌ကြောင်းလေး မိတ်ဆက်ပေးပါရစေရှင်။အချင်း 30cm အဝိုင်း...
15/06/2022

မင်္ဂလာပါ အသဲတို့ရေ ဒီနေ့ မင်မင်တို့ အသစ်ဖန်တီးထားတဲ့ Bonsai pot အ‌‌‌‌ကြောင်းလေး မိတ်ဆက်ပေးပါရစေရှင်။အချင်း 30cm အဝိုင်းပုံလေးကို အမြင့် 17cm လေးဖြစ်ပါတယ်ရှင့်။ အကြီးပုံစံလေးဖြစ်ပေမယ့် အမြင်မရိုးပါဘူးနော်။ကြီးပေမယ့်လည်း ချစ်ဖို့ကောင်းနေဆဲပါနော်။ အိုးကြီး‌လို့ ဈေးများတယ်လို့ ထင်ရင် အတွေးမှားသွားပြီနော် အသဲတို့ ဈေးနှုန်းလေးကတော့ 12000 ks ဘဲ ရှိပါတယ်ရှင့်

မင်္ဂလာပါ အသဲတို့ရေ မင်မင်တို့ မေမြို့ကတော့ ဒီနေ့မိုးမရွာပေမယ့် အုံ့ပြီး အေးနေတုန်းဘဲ ဒါနဲ့ စကားမစပ် ဒီနေ့ရောင်းဖြစ်တာလေး ...
12/06/2022

မင်္ဂလာပါ အသဲတို့ရေ မင်မင်တို့ မေမြို့ကတော့ ဒီနေ့မိုးမရွာပေမယ့် အုံ့ပြီး အေးနေတုန်းဘဲ ဒါနဲ့ စကားမစပ် ဒီနေ့ရောင်းဖြစ်တာလေး တင်မယ်နော် ကြွားတယ်တော့ မထင်ပါနဲ့ အသဲတို့ရယ် မင်မင်အရောင်းတင်ထားတွေ အပြင် အသဲတို့ စိတ်ကြိုက် ပုံစံများကိုလည်း မှာယူနိုင်ပါတယ်နော်

Oval shape21×17 cm, Height 12.5 cm8000 MMK
10/06/2022

Oval shape
21×17 cm, Height 12.5 cm
8000 MMK

w 19×15.5 cm, Height 7 cm7000 MMKCb မှတဆင့် ဝယ်ယူလို့ရပါတယ်နော် 😊လိုချင်တဲ့ design နှင့် size ပြောပြီးလည်းorder မှာယူလို...
10/06/2022

w 19×15.5 cm, Height 7 cm
7000 MMK
Cb မှတဆင့် ဝယ်ယူလို့ရပါတယ်နော် 😊
လိုချင်တဲ့ design နှင့် size ပြောပြီးလည်း
order မှာယူလို့ရပါပြီနော်🥳🥳

ဘွန်ဇိုင်းဆိုသည်မှာအင်္ဂလိပ်ဘာသာဖြင့် BON SAI ဟု ရေးသားပြီး ဖတ်သည့်အခါ BONE SIGH ဘုံဆိုင်းဟု ဖတ်ရမည် ဆိုပါသည်။ မြန်မာနို...
09/06/2022

ဘွန်ဇိုင်းဆိုသည်မှာ
အင်္ဂလိပ်ဘာသာဖြင့် BON SAI ဟု ရေးသားပြီး ဖတ်သည့်အခါ BONE SIGH ဘုံဆိုင်းဟု ဖတ်ရမည် ဆိုပါသည်။ မြန်မာနိုင်ငံ၌မူ
ဘွန်ဇိုင်းဟု အများခေါ်ဝေါ်သုံးစွဲကြပြီး တိုက်ရိုက် အဓိပ္ပာယ်ပြန်ဆိုလျှင် အိုးအတွင်းမှသစ်ပင်ဟု အဓိပ္ပာယ်ရပေသည်။ သမားရိုးကျ အပင်စိုက်ပျိုးခြင်းနှင့် ကွာခြားချက်မှာ ဘွန်ဇိုင်း စိုက်ပျိုးသည့်အခါ စိုက်ပျိုးသူ၏ စိတ်ကူးဉာဏ်ဖြင့် အပင်အား ပုံဖော်ဆောင်မှု အနုပညာဖြစ်သည်။ ပုံဖော်ဆောင်သည်ဟုဆိုရာ၌ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိ သဘာဝအတိုင်း ဖြစ်ထွန်းပေါက် ရောက်နေသည့် သစ်ပင်ကြီးများ၏ ပုံသဏ္ဌာန်အမျိုးမျိုးကို ကြည့်ရှုခံစား၍ သဏ္ဌာန်တူ သစ်ပင်ငယ်တစ်ပင်အဖြစ် ပုံဖော် စိုက်ပျိုးခြင်းကို ဆိုလိုသည်။ စိတ်ကူးရှိတိုင်း ဟိုကွေ့ သည်ကောက်နှင့် သဘာဝ၌ လုံးဝမရှိနိုင်၊ မဖြစ်နိုင်သော ပုံသဏ္ဌာန်မျိုး ဖန်တီးရန် မဟုတ်ချေ။ ထို့ပြင် အိုးအတွင်းမှသစ်ပင် ဟု အမည်လာရှိသည်နှင့်အညီ သဏ္ဌာန်တူအပင်ငယ်အား ယင်းနှင့်စပ်ဟပ်လိုက်ဖက်သည့်အိုးအတွင်း ထည့်သွင်း စိုက်ပျိုးလိုက်သည့်အခါမှသာ ယင်းသည် ဘွန်ဇိုင်းပင် အရာမြောက်သည်ဟုလည်းဆိုရိုးရှိပါသည်။ ဘွန်ဇိုင်းသည် ကျုံ့ဝင်နေသော အပင်ကလေး မဟုတ်သကဲ့သို့ ပုဝင်နေသော သစ်ပင်ပုကလေး လည်း မဟုတ်ဟု ဆိုချင်ပါသည်။ ဤစာကို ဆက်ဖတ်လျှင် ဘွန်ဇိုင်းသည် အစဉ်ရှင်သန်ကြီးထွားနေရ ကြောင်းနှင့် ယင်းသို့ ကြီးထွားရန်လိုအပ်သော အစာ၊ ရေ၊ လေ၊ နေနှင့် ဖြည့်စွက်အစာတို့ကို အစဉ်အမြဲ ပေးကျွေးနေရကြောင်း လက်ခံလာရမည် ဖြစ်ပါသည်။
Crd; ဆရာရင်မောင် (မြတ်စုရင်)

Address

Circular Road
Maymyo
05081

Telephone

+959672176411

Website

Alerts

Be the first to know and let us send you an email when Cement Bonsai Pots posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cement Bonsai Pots:

Share