26/11/2023
Design ဆိုတာ Applied Art လို့ ခေါ်ရတဲ့ အသုံးချ အနုပညာတစ်ခုပါ။ဒါကြောင့် ကြိုတင် စဉ်းစားတွက်ချက်ခြင်း ပုံဖော်ခြင်းမပြုပဲ စိတ်ကူးသက်သက်နဲ့ ဆောင်ရွက်ကြတဲ့အခါ ၊ ဒါမှမဟုတ် Website တွေ Social Media ပေါ်မှာ တွေ့ရတဲ့ ပုံတွေကို ကန်ထရိုက်ကိုပြပြီး လုပ်ကြဆောက်ကြတဲ့အခါ တဝက်တပျက် ရောက်ခါမှ အဆင်မပြေတာတွေဖြစ်ရ၊ ရှိသင့်တဲ့ Actual Dimension (အတိုင်းအတာ) တွေနဲ့မဟုတ်၊ သုံးရမယ့် Material တွေကမှား လုပ်ပြီးသွားမှ လှလည်းမလှ အချိုးလည်းမကျ သုံးလည်းမရ ဖြစ်ရတာ တွေအများကြီး ဖြစ် တတ်ကြပါတယ်။ ငွေလည်းကုန်ရ အချိန်လည်းကုန်ရနဲ့ နောက်ဆုံး စိတ်မချမ်းမသာမှုကြီးကိုပဲ စိတ်ထဲ တနုံ့နုံ့နဲ့ ဖြစ်ကျန်နေကြရမှာပါ။
ဒါ့ကြောင့် Decoration ပဲဖြစ်ဖြစ် အဆောက်အဦးဆောက်တာပဲဖြစ်ဖြစ် နောက်ဆုံး Furniture လေးတွေလုပ်တာပဲဖြစ်ဖြစ် Professional Designer တွေဆီမှာ ထိုက်သင့်တဲ့ ပညာ ကြေးနဲ့အပ်နှံပြီး ဆောင်ရွက်တာအကောင်းဆုံးပါ။ အဲ့ဒီအခါမှသာလည်း တကယ်ကို ထိုက်သင့်တဲ့ အလှအပ ခံစားချက် စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့ အရာကို စင်စစ်ခံစားနိုင်ကြမှာပါ။ ဒါပေမယ့် တနိုင်တပိုင် ဆိုင် လေးဖွင့်ဖို့ အိမ်ကလေးဆောက်ဖို့ ကြိုးစားရတဲ့သူတွေအဖို့ ကုန်ကျစရိတ်ရဲ့ 5% to 10% ဆိုတဲ့ Design ပညာကြေးမတတ်နိုင်ကြတဲ့အခါပဲဖြစ်ဖြစ် အဲ့လိုလုပ်ဖို့အလှမ်းဝေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံတရာကြောင့်ပဲ ဖြစ်ဖြစ် အဆင်ပြေသလို လုပ်နေကြတာကို ကြုံရပါတယ်။ အဲ့ဒီအတွက် ကျွန်တော့်ဆီမှာ Decoration လုပ်ဖို့အပ်တဲ့အခါ ပြောတဲ့အခါ အိမ်သုံးဆိုင်သုံး Furniture လေးတွေ လုပ်ခိုင်းတဲ့အခါ ကျွန်တော်က အလုပ်ရှင်နဲ့ တိုင်ပင် ဆွေးနွေးပြီး ကိုယ်တတ်စွမ်းသလောက် drawing လေး တွေဆွဲပေး 3D Preview လေးတွေလုပ်ပေးဖြစ်ပါတယ်။တခါတလေ ဦးစားပေးရတာတွေကြုံရပါတယ်။ အလုပ်ရှင်ရဲ့ တယူသန် စိတ်ကူးရှိနေတာမျိုးပေါ့။ အဲဒီအခါ အလုပ်ရှင်ရဲ့ စိတ်ကူးကို အရင် ပုံဖော်ပေးပြီး မှ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းအတိုင်းအတာတွေ သုံးသင့်တဲ့ Material တွေကို ဆွေးနွေး ရှင်းပြပေါင်းစပ်လိုက်တဲ့အခါမှသာ နှစ်ဦး နှစ်ဖက် အကျိုးရှိပြီး စိတ်ချမ်းသာစရာ Design တစ်ခုရရှိလာပါတယ်။
တစ်ခုတလေ လုပ်တဲ့ အိမ်သုံး Furniture အတွက်က ပြဿနာမဟုတ်ပေမယ့် ဆိုင်သုံး အများသုံးရတဲ့ Furniture လို စားပွဲတွေ ခုံတွေဆိုရင် Design လုပ်သင့်ပါတယ်။ ကိုယ်ရောင်းချမယ့်ပစ္စည်း ပေးမယ့်ဝန်ဆောင်မှု လုပ်ထားတဲ့ Decoration Theme နဲ့ ကိုက်ညီ လိုက်ဖက်မယ့် Furniture Design မျိုးကသာ သင့်ဆိုင်ကို ပိုမိုလှပလာစေပြီး စားသုံးသူတွေကို ဆွဲဆောင်နိုင်မယ့်အပြင် စားသုံးသူတွေ အတွက်လည်းသက်တောင့်သက်သာ ရှိစေမှာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်ခုံလေးပါ စားပွဲလေးပါ ဘီဒိုလေးပါ ဆိုပြီးသေးသေးဖွဲဖွဲမို့ Design ကို မစဉ်းစားပဲမနေပါနဲ့။မိတ်ဆွေအတွက် အဲဒီသေးသေးဖွဲဖွဲလေးတွေကအစ Design လုပ်ပေးမယ့် ဆွေးနွေးတိုင်ပင်ပေးမယ့် Furniture ရှိနေပါပြီ။
#အိမ်အလှဆင်
#ဆိုင်ခန်း အလှဆင်
#ဘီဒို #ကုတင်