Learning For Kids

Learning For Kids Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learning For Kids, Arts & Crafts Store, Myingyan.

25/05/2022

😍😍😍

Kindergarten Nursery Poems & Songs▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️၁🌻မြန်မာ အက္ခရာ (က-အ)စနစ်သစ်ကဗျာhttps://youtu.be/ZOCY1...
22/05/2022

Kindergarten Nursery Poems & Songs
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
၁🌻မြန်မာ အက္ခရာ (က-အ)စနစ်သစ်ကဗျာ
https://youtu.be/ZOCY1VOyKSU

၂🌻မြန်မာ အက္ခရာ(က-အ)စနစ်ဟောင်းကဗျာ
https://youtu.be/q2-UleZ8gxE

၃🌻လူရှည်ကြီး ကဗျာ
https://youtu.be/MH3_DSszmi0

၄🌻မျက်စိလေးကမြင်တယ်
https://youtu.be/rwW4tHJVEFk

၅🌻ခေါင်း၊ပုခုံးနဲ့ ဒူး ခြေဖျား
https://youtu.be/mw3FbsRvq2w

၆🌻တို့လည်းလုပ်နိုင်တယ်
https://youtu.be/I7iFDqd2jgc

၇🌻ဘူးသီးကလေးဝတုတ်တုတ်
https://youtu.be/3ib-A5W7AjQ

၈🌻တောထဲကမိသားစု
https://youtu.be/EDoxqjcK02w

၉🌻တစ်လှမ်းတိုးပါ
https://youtu.be/2juzcwRgUwg

၁၀🌻တို့ကျောင်း
https://youtu.be/PPhrj7SdE4M

၁၁🌻သူငယ်ချင်း
https://youtu.be/ykzGL3L16ZQ

၁၂🌻ဖိနပ်ကလေး
https://youtu.be/WB3JyD1LGG4

၁၃🌻သင့်ကျောင်းထဲမှာပျော်ရွှင်ရင်
https://youtu.be/PK25ShOT5Mw

၁၄🌻ကြက်ဖတိန်ညင်
https://youtu.be/AwJw7VuiYMk

၁၅🌻ဈေးထဲသွားကြမယ်
https://youtu.be/KW32btFAOfc

၁၆🌻သစ်ပင်စိုက်ကြစို့
https://youtu.be/L0lkZ5BBrk0

၁၇🌻ဗေတိုးတပ်
https://youtu.be/TFd5My2p5m0

၁၈🌻လှလှပပထားကြမယ်
https://youtu.be/_t6IAdHquuQ

၁၉🌻လေငြိမ်ငြိမ်
https://youtu.be/XoFrDHG7TuQ

၂၀🌻နွေ၊မိုး၊ဆောင်း
https://youtu.be/p9gk0oyJNgM

၂၁🌻မိုးခြိမ်းသံကြား
https://youtu.be/9tAOqXwOgxA

၂၂🌻ကိုကိုတစ်ကလေး
https://youtu.be/Hdyp_ElAGpM

၂၃🌻ဖားငယ်ကလေး
https://youtu.be/GYCV8QD7vVo

၂၄🌻မီးရထားကြီး
https://youtu.be/9LZN0f42pIw

၂၅🌻မီးပွိုင့်ကလေး
https://youtu.be/BDbf2OxQ1To

၂၆🌻ခရီးသွားကြမယ်
https://youtu.be/g0zav9sTGKQ

၂၇🌻ပန်းကလေး ၁၀ပွင့်
https://youtu.be/0XnPo-3geH4

၂၈🌻တစ်၊နှစ်၊သုံး၊လေး
https://youtu.be/0w1kY1OE3gk

၂၉🌻တစ် နှစ် စာကိုချစ်
https://youtu.be/nvWedgDuXOk

၃၀🌻ကောက်ညှင်းပေါင်း
https://youtu.be/aCG7IQ4hdXw

၃၁🌻ရေ
https://youtu.be/1TMHq0fbjsY

၃၂🌻ငါးကလေးတွေ
https://youtu.be/CjgQ6fq0hQs

၃၃🌻ပုရွက်ဆိတ်
https://youtu.be/QK_XOJOQcUE

၃၄🌻မနှင်းတို့အိမ်
https://youtu.be/5COwFI8JwV8

၃၅🌻ကိုယင်ကောင်
https://youtu.be/G6xrYoQQhf4

၃၆🌻လိပ်ပြာလေးတွေ
https://youtu.be/lVbUUvoY8Xw

၃၇🌻လမင်းထဲက ယုန်ကလေး
https://youtu.be/84MMivaOWkE

၃၈🌻လယ်စောင့်တဲ
https://youtu.be/9ozjtSX0Bj0

၃၉🌻တို့တာဝန္
https://youtu.be/b34Ijh5rwxs

၄၀🌻ငှက်ကလေးနီနီ
https://youtu.be/Hol46hXMOTs

၄၁🌻ဘဲကလေးရုပ်ဆိုး
https://youtu.be/2CkjQHxuedk

၄၂🌻ဖြူဖွေးလှတဲ့ယုန်
https://youtu.be/yf-JZKmevHw

၄၃🌻ပဲပဲ သိုးမည်း
https://youtu.be/TfCd1xNpVWY

၄၄🌻မြင်းကြီးစီးမယ်
https://youtu.be/_UCePQsxVXI

၄၅🌻နှုတ်ဆက်ပါတယ် ကျောင်းသွားတော့မယ်
https://youtu.be/Quhntc9G8wk

၄၆🌻သူဝတယ်
https://youtu.be/L7UeqbXexA0

၄၇🌻အားလုံးဆွေသဟာ ပျော်စရာ
https://youtu.be/94Vnhw-yF0E

၄၈🌻ဗုံကြီးတစ်လုံး
https://youtu.be/W144uczoBac

၄၉🌻ဖေဖေနဲ့မေမေရယ်
https://youtu.be/pxfKa2elFJw

၅၀🌻တောက်တဲ့
https://youtu.be/OJxQrY2aweE

၅၁🌻သင့်နားရွက်ရှည်သလား
https://youtu.be/E1bFWfmSteg

၅၂🌻ဘယ်လက်ကိုရှေ့ပစ်လိုက်
https://youtu.be/8FV_irowbRA

၅၃🌻ကြွက်
https://youtu.be/Q9RhaPBZHIM

၅၄🌻လမ်းလျှောက်မယ်
https://youtu.be/O7yfGlP8r_I

၅၅🌻ရေနွေးအိုးကလေး
https://youtu.be/B30DlCfFWw8

၅၆🌻၁၂၃ မောင်မောင်တူတူပုန်း
https://youtu.be/x3nfwe7j76c

၅၇🌻လက်ဆေးကြရမယ်
https://youtu.be/p0SoR2NRQQA

၅၈🌻လက်ဆေးပါ
https://youtu.be/sA5VNnuM96A

၅၉🌻ဒူးပေါင်ဘေးဗုတ်ချပ်
https://youtu.be/ijs-1UG_nPA

၆၀🌻ဟဟာဟား
https://youtu.be/NlmChQT-3lc

၆၁🌻စားပါမယ် အသားငါးသီးရွက်ဝယ်
https://youtu.be/lZ7lHPM1k7Y

၆၂🌻တောင်ပေါ်တက်ကြမယ်
https://youtu.be/Ogfd5OUm6ao

၆၃🌻ညီညီကလေးကြားအောင်ကွယ်
https://youtu.be/8sg38IVEZBk

၆၄🌻ခေါင်းလက်ခါးဒူးခြေထောက်
https://youtu.be/YJMCXbizFi0

၆၅🌻ကော်ဖီသောက်မယ့်မမရယ်
https://youtu.be/vawJ2uy2S-4

၆၆🌻ကလင်ကလောင် စက်ဘီးစီးရအောင်
https://youtu.be/e0iEFplJbJs

၆၇🌻အော်မည်သံများ
https://youtu.be/0phGNwYc_g4

၆၈🌻ရွှေနဲ့လဲလို့မရတဲ့လက်၊ငွေနဲ့လဲလို့မရတဲ့လက်
https://youtu.be/zGUeQJt8jhY

၆၉🌻အငြိမ့်သမလေးဒေါင်းအိုးဝေ
https://youtu.be/rDcjx49YmlI

၇၀🌻ရွှေခဲကြက်တူရွေး
https://youtu.be/ehwP0AKBcwI

၇၁🌻ရောင်စုံဘောလုံး
https://youtu.be/mF6xpcU7cKc

၇၂🌻သူတို့ဘဝနဲ့သူတို့တွေ
https://youtu.be/KsMV2ZGzibc

၇၃🌻ကြောင်ကလေးတစ်ကောင်
https://youtu.be/mLb5UtjsQ-Q

၇၄🌻မျက်စိကလေး
https://youtu.be/mTlvZSSA8js

၇၅🌻ရောင်စုံမီးပုံး
https://youtu.be/MjMx9u8DXxM

၇၆🌻မောင်မောင်တူတူပုန်း
https://youtu.be/5EcX-uVEIx0

၇၇🌻လိမ်လိမ်မာမာနေမယ်
https://youtu.be/deUSbSSV7Qo

၇၈🌻ဟောဒီလို
https://youtu.be/8oGLGr5WoOk

၇၉🌻၁၂၃၄တေးကဗျာ
https://youtu.be/5Q6Zap-RTM8

၈၀🌻ပင့်ကူသေးသေးလေး
https://youtu.be/r63nXu8AyRw

၈၁🌻သပြေသီးကောက်
https://youtu.be/Zf83sFyq6yA

၈၂🌻ငါးမန်းသားလေး
https://youtu.be/EOpo_lOOAv8

၈၃🌻အိပ်နေတုန်းလား
https://youtu.be/s36IZYXiICE

၈၄🌻မမဝဝထထက
https://youtu.be/I8D3Bfm_sXA

၈၅🌻ဟိုမှာဘဲကလေး၅ကောင်
https://youtu.be/dAElwXPHlOY

၈၆🌻မိသားစု၅ယောက်
https://youtu.be/Zi7gD-6fdsA

၈၇🌻ဘဲကလေး၅ကောင်
https://youtu.be/T5m3Z4tgI-k

၈၈🌻သိုးမည်း
https://youtu.be/jQu5a-G6pMs

၈၉🌻မွေးနေ့လက်ဆောင်
https://youtu.be/bK_pKZUrcug

၉၀🌻ငါးပါးသီလဓမ္မတေး ကလေးကဗျာ
https://youtu.be/bbxxdmdrdgs

၉၁🌻ဟိုလူမကောင်းဘူးမဆိုနဲ့ကွယ်
https://youtu.be/-7Ukbi7fLtk

၉၂🌻သရက်သီး
https://youtu.be/7BUSfmEqLRg

၉၃🌻"ဝ"ဆိုတာ
https://youtu.be/kKXv_3ZQuP0

၉၄🌻သာယာသောကောင်းကင်ယံမှာ
https://youtu.be/AHDZEigVCkQ

၉၅🌻ဘဲဖြူလေးတွေ ဂတ်ဂတ်ဂတ်
https://youtu.be/1kvht10WyDg

၉၆🌻https://youtu.be/HXjiKMgDeX8
လိမ်တာညာတယ်ဆိုတာရယ်

၉၇🌻မနှင်းဆီ
https://youtu.be/8BOM4RC9GjA

၉၈🌻ဝါဆိုပန်း
https://youtu.be/F_thaEREkfw

၉၉🌻အနှုတ်သင်္ချာ
https://youtu.be/DajmWBGzcrk

၁၀၀🌻မနက်စောစောထပါမယ်
https://youtu.be/f2AKQQqlqQc




စွန့်ပစ်ပစ္စည်းToilet Paper Roll နဲ့ ကလေးပန်းချီ ကို ပြုလုပ်လို့ ရပါတယ်ရှင်STAMP အဖြစ်ကနေ ပုံနိုပ်ခြင်းကနေ တီထွင်ဖန်တီးမ...
22/05/2022

စွန့်ပစ်ပစ္စည်းToilet Paper Roll နဲ့
ကလေးပန်းချီ ကို ပြုလုပ်လို့ ရပါတယ်ရှင်
STAMP အဖြစ်ကနေ ပုံနိုပ်ခြင်းကနေ တီထွင်ဖန်တီးမှု ဥာဏ်ရည်ကို ဖြစ်စေတဲ့ Art အချိန်လေး အဖြစ် ကလေးတွေ အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ Art Time လေး ဖန်တီး ပေးကြရအောင်ရှင်

Crd

ကလေးများအတွက် အိုရီဂါမီ ----------------------------( အသက် ၃နှစ်မှ ၅နှစ် အတွင်း )အိုရီဂါမီ စက္ကူခေါက်ချိုးနည်းပညာဟာ ခက်ခ...
21/05/2022

ကလေးများအတွက် အိုရီဂါမီ
----------------------------
( အသက် ၃နှစ်မှ ၅နှစ် အတွင်း )

အိုရီဂါမီ စက္ကူခေါက်ချိုးနည်းပညာဟာ ခက်ခဲနက်နဲတဲ့ ပညာရပ်တစ်ခုပါ။ အခု KG ( သူငယ်တန်း ) အတွက်ဆိုရင် ကလေးတွေနဲ့ လိုက်ဖက်မယ့် အဆင့်လေးတွေနဲ့ အကောင်လေးတွေလောက်သာ သင်ကြားပြသပေးသင့်ပါတယ်။ သူတို့အသက်အရွယ်နဲ့ လိုက်ဖက်လောက်မယ့် အနေအထားထိသာ သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းတွေထိ ခက်ခဲတဲ့အရုပ်တွေ သင်ကြားမိသွားရင် ဒါမှမဟုတ် သင်ပေးဖို့ကျိုးစားမိရင် ကလေးက ဒီဘာသာရပ်ကို ကြောက်လန့်သွားပါလိမ့်မယ်။ အထူးဂရုထားဖို့လိုအပ်တာက ဘာလို့ ဒီနည်းစနစ်တွေကို ပေးနေတာလဲဆိုတဲ့ ရည်ရွယ်ချက်ကို သင်ကြားပို့ချပေးသူတွေအနေနဲ့ အသေးစိတ်ကို သိထားဖို့ လိုအပ်လှပါတယ်။ လေ့လာထားဖို့လည်း သင့်လှပါတယ်။

" ပေါ့စေလိုလို့ ကြောင်ဆေးထိုး ဆေးအတွက်နဲ့လေး " ဆိုတာမျိုး မဖြစ်ရစေဖို့ တက်နိုင်တဲ့ဘက်ကနေ ကလေးအရွယ်နဲ့ လိုက်ဖက်မယ့် အိုရီဂါမီ ( စက္ကူခေါက်ချိုး နည်းပညာကို ) အခန်းလိုက် တင်ပေးသွားပါမယ်။

တစ်ခါတစ်လေ ဖွိ့ဖြိုးပြီးနိုင်ငံတွေကနေ ယူပြီး ပြန်ဝေမျရတာမျိုးဖြစ်တဲ့အတွက် မလိုက်ဖက်တဲ့စနစ်တွေ အကြောင်းအရာတွေများ ပါခဲ့ရင် သင်ကြားပို့ချသူများအနေနဲ့ မိမိတို့နေရာဒေသ ကလေးတွေရဲ့ လက်ခံနိုက်မှုစွမ်းအားပေါ်လိုက်ပြီး ပြောင်းလဲသင်ကြားပေးနိုင်ဖို့ မျော်လင့်ပါတယ်။

( ကိုမင်းမင်း )
BA ( Painting )
National University of Art and Culture

credit : photo org uploader

English စာကို Level အလိုက်​လေ့လာနိုင်​စေရန် BBC မှ Free  Courses ​တွေဖြစ်ပါတယ်။Lower Intermediate  🌱https://www.bbc.co.u...
21/05/2022

English စာကို Level အလိုက်​လေ့လာနိုင်​စေရန် BBC မှ Free Courses ​တွေဖြစ်ပါတယ်။

Lower Intermediate 🌱
https://www.bbc.co.uk/learningenglish/english/course/lower-intermediate/unit-1/session-1

Intermediate 🌱
https://www.bbc.co.uk/learningenglish/english/course/intermediate

Upper Intermediate 🌱
https://www.bbc.co.uk/learningenglish/english/course/upper-intermediate

Towards-Advance 🌱
https://www.bbc.co.uk/learningenglish/english/course/towards-advanced

English You Need 🌱
https://www.bbc.co.uk/learningenglish/english/course/english-you-need

သားသား၊မီးမီးတို့အတွက်လွယ်ကူတဲ့ပုံဆွဲနည်းလေးတွေ😍😍
21/05/2022

သားသား၊မီးမီးတို့အတွက်
လွယ်ကူတဲ့ပုံဆွဲနည်းလေးတွေ😍😍

လွယ်လွယ်ကူကူ ပုံဆွဲသင်ကြမယ်😍
22/03/2022

လွယ်လွယ်ကူကူ ပုံဆွဲသင်ကြမယ်😍

ကလေးများ အင်္ဂလိပ်စာ Vocabulary ကြွယ်ဝစေရန်
22/03/2022

ကလေးများ အင်္ဂလိပ်စာ Vocabulary ကြွယ်ဝစေရန်

Household Devices and appliances
26/01/2022

Household Devices and appliances

ပိုးကောင်လေးတွေဖန်တီးချင်သူများအတွက်
22/01/2022

ပိုးကောင်လေးတွေဖန်တီးချင်သူများအတွက်

Autism အ‌ေ ကြာင်း ပါမောက္ခ ဦးကျော်လင်း ရဲ့ မေးဖြေ လေးတွေပါAutism (အော်တစ်ဇင်) ဆိုတာကို ရှင်းပြပေးပါဆရာ။အော်တစ်ဇင်ဆိုတာ အ...
19/01/2022

Autism အ‌ေ ကြာင်း ပါမောက္ခ ဦးကျော်လင်း ရဲ့ မေးဖြေ လေးတွေပါ

Autism (အော်တစ်ဇင်) ဆိုတာကို ရှင်းပြပေးပါဆရာ။
အော်တစ်ဇင်ဆိုတာ အင်္ဂလိပ်လိုတော့ Neurodevelopmental Disorder တစ်ခုဖြစ်ပါတယ်။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းမှာ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေး၊ ပြောဆိုဆက်သွယ်ရေး စတဲ့အပြန်အလှန်ဆက်သွယ်တဲ့ အပိုင်းတွေဟာ ပုံမှန်ဖွံ့ဖြိုးမှုမရှိတဲ့ အခြေအနေတစ်ခုကို အော်တစ်ဇင်လို့ခေါ်တယ်။ ရောဂါတစ်ခုမဟုတ်သလို ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့တဲ့ရောဂါ အသိဉာဏ်နောက်ကျတဲ့ ရောဂါမျိုးလည်း မဟုတ်ပါဘူး။ Social ပိုင်း၊Communication ပိုင်း၊ လူမှုပတ်ဝန်းကျင်နဲ့ ဆက်သွယ်တဲ့ အပိုင်းတွေမှာ နောက်ကျတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါ။
ဘယ်လို အခြေအနေမျိုးမှာ အော်တစ်ဇင်ဖြစ်နေပြီလို့ သတ်မှတ်နိုင်ပါသလဲဆရာ။
အော်တစ်ဇင်လက္ခဏာ ရှိတဲ့ကလေးတွေမှာ အဓိကကတော့ ပြောဆိုဆက်သွယ်မှု နောက်ကျပါတယ်။ လူအချင်းချင်း ပြောဆိုဆက်သွယ်တဲ့နေရာဟာ စကားပြောပြီး ဆက်သွယ်တာရှိတယ်။ စကားမပြောဘဲနဲ့ ကိုယ်အမူအရာ (Body Language) နဲ့ ဆက်သွယ်တာရှိတယ်။ သူတို့တစ်တွေမှာ ဆက်သွယ်မှုအပိုင်းနှစ်ခုစလုံးမှာ နောက်ကျပါတယ်။ အော်တစ်ဇင်ရဲ့ အဓိကလက္ခဏာက စကားပြောတာနဲ့ကော၊ ကိုယ်လက်အမူအရာနဲ့ကော ဆက်သွယ်မှုနောက်ကျတဲ့အပိုင်းက နံပါတ်တစ်ပါ။
နံပါတ်နှစ်ကတော့ သူတို့တစ်တွေမှာ ရွယ်တူကလေးတွေနဲ့ မတူတဲ့ အပြုအမူထူးထူးခြားခြားလေးတွေ၊ အာရုံခံစားမှုထူးခြားတာတွေ၊ အမူအကျင့်ထူးခြားတာတွေရှိပါတယ်။ အဲဒီနှစ်ခုရှိနေရင် အော်တစ်ဇင်လက္ခဏာရှိတယ်လို့ သံသယရှိပြီးတော့ အဲဒီကလေးကို လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေ လုပ်ရပါတယ်။
ဘယ်အသက်အရွယ်မှာ အော်တစ်ဇင် ဖြစ်နေမှန်း သိသာပါသလဲဆရာ။
အော်တစ်ဇင်ဟာ တစ်နှစ်၊ နှစ်နှစ်ကြားမှာ အများကြီး သိသာပါတယ်။ တချို့ကတော့ပြောတယ်။ တစ်နှစ်မတိုင်ခင်မှာ လက္ခဏာပေါ်တယ်ဆိုပေမယ့် တစ်နှစ်မတိုင်ခင် အော်တစ်ဇင်ဖြစ်နေပါတယ်ဆိုပြီး အပြတ်ပြောလို့မရပါဘူး။ မှားယွင်းတဲ့အခြေအနေတွေရှိပါတယ်။ တစ်နှစ်နဲ့ နှစ်နှစ်ကြားလောက်မှာ သိသာလာပါတယ်။ နှစ်နှစ်နဲ့ သုံးနှစ်ကြားဆိုရင်တော့ ပိုပြီးသိသာလာတဲ့ အနေအထားမျိုးရှိပါတယ်။ သုံးနှစ်မတိုင်ခင် အော်တစ်ဇင်လက္ခဏာရှိတယ်ဆိုတာကို သိနိုင်သလို သိလည်းသိသင့်ပါတယ်။ သိမှ စောစောစီးစီး လေ့ကျင့်ကုသမှုပေးရင် သူ့အဖို့ အများကြီးတိုးတက်တယ်။
အော်တစ်ဇင်ဘာကြောင့် ဖြစ်ရတာပါလဲဆရာ။
ခုချိန်ထိ အော်တစ်ဇင်ဘာလို့ ဖြစ်သလဲ သိပ္ပံပညာအရ ဘယ်သူမှမသိဘူး။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု ကလေးရဲ့ မျိုးရိုးဗီဇ စသဖြင့် ဒါတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ပြောနေကြတာတွေရှိပေမယ့် သိပ္ပံနည်းကျအော်တစ်ဇင်ဖြစ်နိုင်တဲ့ အကြောင်းအရင်းကို အခုအချိန်ထိ တိတိကျကျမသိပါဘူး။ အော်တစ်ဇင်က မိန်းကလေးထက်စာရင် ယောက်ျားလေးမှာ ပိုဖြစ်တတ်တယ်။ မိသားစုထဲမှာ အော်တစ်ဇင်တစ်ယောက်ဖြစ်ရင် နောက်ထပ်တစ်ယောက်ဖြစ်နိုင်ခြေ နည်းနည်းလေးများတယ်။ မသိမသာလေးပါပဲ ဒီလောက်ပဲပြောလို့ရတယ်။ တချို့အော်တစ်ဇင်နဲ့ ဆက်စပ်တဲ့ Genes လို့ခေါ်တဲ့ မျိုးရိုးဗီဇတွေ ရှာလို့တွေ့ခဲ့တာတော့ရှိတယ်။ ဒါပေမယ့်ကလေးအားလုံးအတွက် မဟုတ်ပါဘူး။ ဒီမေးခွန်းကို ခြုံပြောရရင် ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိပါဘူး။
အော်တစ်ဇင်ကလေးတွေရဲ့ အခြေအနေတိုးတက်လာအောင် ဘယ်လိုမျိုးတွေ လုပ်ပေးလို့ရပါသလဲဆရာ။
အော်တစ်ဇင်ဟာ ပြောခဲ့သလိုပဲ ရောဂါတစ်ခုဆိုတာထက် အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အော်တစ်ဇင်ကို သွေးစစ်တာ ဓာတ်မှန်ရိုက်တာတွေနဲ့ စစ်ဆေးလို့မရသလို ဆေးနဲ့ပျောက်အောင် ကုလို့မရပါဘူး။ အော်တစ်ဇင်ကို လေ့ကျင့်သင်ကြားပေးခြင်းနဲ့သာ အခြေအနေကို တိုးတက်အောင် လုပ်လို့ရတယ်။ လေ့ကျင့်သင်ကြားတဲ့နေရာမှာ သူ့ရဲ့ဆက်သွယ်မှုပိုင်းဆိုင်ရာ ပြောဆိုဆက်ဆံတာSpeech therapy လို့ခေါ်တယ်။ စကားပြောဆိုတဲ့အပိုင်းတွေ သင်လို့ရတယ်။ နောက်တစ်ခုPlay therapy လို့ခေါ်တဲ့ ကစားတဲ့နည်းနဲ့ ပြန်ပြီးလေ့ကျင့်တဲ့အပိုင်းတွေ လုပ်လို့ရတယ်။ Occupation therapy နေ့စဉ် စားသောက်နေထိုင်တာမျိုးတွေကို ပုံမှန်ဖြစ်အောင်လေ့ကျင့်တာတို့၊Occupation therapy ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ခံစားမှုပုံမှန်မဟုတ်တာတွေကို ပုံမှန်ဖြစ်အောင် လေ့ကျင့်တဲ့အပိုင်းတွေ လုပ်ပေးတယ်။ လိုအပ်ရင်Special education လို့ခေါ်တဲ့ သူတို့အတွက် သီးသန့်ပညာရေးလေ့ကျင့်မှုတွေနဲ့ အော်တစ်ဇင်ကို ပြန်ပြီးလေ့ကျင့်ကုသပေးလို့ရတယ်။ သာမန်အားဖြင့် အော်တစ်ဇင်တွေမှာ ဆေးဆိုတာမရှိဘူး။ ပျောက်အောင်လည်း ဆေးနဲ့ကုလို့မရဘူး။ ဒါပေမယ့် အော်တစ်ဇင်ရဲ့ တချို့အခြေအနေတွေမှာ ဆေးပေးဖို့လိုအပ်ပါတယ်။
နံပါတ်တစ်က တစ်ခါတစ်လေသူတို့က ညပေါင်းများစွာ မအိပ်ဘဲနဲ့ နေတတ်တယ်၊ သူ့အတွက်ကော မိသားစုအတွက်ကော ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုအခြေအနေမျိုးဆိုရင် ဒိုင်ယာစီဘင်လို မဟုတ်ပေမယ့် သူ့သဘာဝအတိုင်းအိပ်တဲ့ ဆေးတွေကို ပေးပြီးတော့ ကုသတယ်။ နံပါတ်နှစ်က အော်တစ်ဇင်လေးတွေဟာ နေ့ဘက်တွေမှာလည်း တော်တော်မငြိမ်တဲ့ စိတ်ကြီး၊ ဒေါသကြီးအလိုမကျ၊ အရမ်းသောင်းကျန်းတတ်တဲ့ အနေအထားမျိုးတွေရှိတတ်တယ်။ အဲဒီလို အခြေအနေမျိုးဆိုရင် သူတို့ကို အတိုင်းအတာတစ်ခုအထိ ငြိမ်အောင်၊ သူတို့အတွက် သင်ကြားပေးရတဲ့ အပိုင်းတွေလွယ်အောင် ဆေးပေးရတာတွေရှိတတ်တယ်။ နောက်ဆုံးတစ်ခုကတော့ အော်တစ်ဇင်ကလေးတွေမှာ အတက်ရောဂါရနိုင်ခြေရာခိုင်နှုန်းက သာမန်ကလေးတွေထက် နည်းနည်းမြင့်ပါတယ်။ အဲဒါကြောင့် တက်တာမျိုးဖြစ်လာရင်လည်း အတက်ရောဂါအတွက် ဆေးပေးရတာရှိတယ်။ အဲဒီသုံးခုကလွဲပြီးတော့ အားဆေးစသဖြင့် အဲဒီလိုဆေးတွေက အော်တစ်ဇင်မှမဟုတ်ဘူး တခြားရောဂါတွေအတွက်လည်း အသုံးမဝင်ပါဘူး။
မိဘတွေအနေနဲ့ အနီးကပ်ဘယ်လိုအထောက်အပံ့မျိုးတွေလုပ်ပေးလို့ရပါသလဲဆရာ။
မိဘတွေဘက်ကပြန်ကြည့်ရင် နှစ်ပိုင်းခွဲပြီး ပြောချင်တယ်။ တစ်ပိုင်းကတော့ ခုနကပြောတဲ့ လက္ခဏာအခြေအနေဟာ စောစောစီးစီးသိရင် အကောင်းဆုံးပဲ။ ဒါကြောင့် မိမိရဲ့ကလေးဟာ အထူးသဖြင့် ဘာသာစကားပိုင်း စကားပြောဆိုတဲ့အပိုင်းမှာ သာမန်ကလေးထက်နောက်ကျနေတယ်လို့ယူဆရင် သက်ဆိုင်ရာကျွမ်းကျင်သူ ဆရာဝန်များနဲ့ တိုင်ပင်သင့်ပါတယ်။ သာမန်အားဖြင့် ကလေးတစ်ယောက်ဟာ တစ်နှစ်၊ နှစ်နှစ်ခွဲကြားလောက်မှာ စကားတွေ စပြီးပြောလာသင့်ပါတယ်။ ဒီအချိန်မှမပြောဘူးဆိုရင် သတိထားသင့်ပြီ။ တစ်နှစ်နဲ့ တစ်နှစ်ခွဲကြားအရွယ်မှာ ကလေးနဲ့ ပတ်ဝန်းကျင်အကြားမှာ စကားမပြောသည့်တိုင်အောင် အမူအရာနဲ့ ပြောဆိုဆက်သွယ်တဲ့ အကျင့်မျိုးလည်း ရှိလာသင့်တယ်။ ဥပမာ သူ့ရဲ့နာမည်ကို ခေါ်လိုက်တယ်။ မတုံ့ပြန်ဘူး။ လှည့်မကြည့်ဘူးဆိုရင် သတိထားသင့်ပါတယ်။ ပိုပြီးအရေးကြီးတဲ့အချက်က အရင်ရှိပြီးသား ပြောပြီးသားစကားတွေ ပြန်ပျောက်သွားတယ်။ မပြောတော့ဘူး ဒါမျိုးဆိုရင်လည်း သတိထားသင့်တယ်။ သတိထားလို့ ပြဿနာရှိတယ်လို့ သံသယရှိရင် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ စစ်ဆေး၊ ကုသဖို့အတွက် တိုင်ပင်သင့်ပါတယ်။ တတိယအဆင့်ကတော့ ဆေးဝါးတွေကို အားမကိုးဘဲနဲ့ လေ့ကျင့်သင်ကြားမှုလုပ်ပေးနိုင်တဲ့ သီးသန့်ကျောင်းတွေ ရန်ကုန်မှာ အများစုရှိပါတယ်။ အခုနောက်ပိုင်း မန္တလေး၊ နေပြည်တော်၊ မေမြို့စသဖြင့် မြို့ကြီးတွေမှာလည်း ရှိလာပါပြီ။ အဲဒီလို ကျောင်းမျိုးတွေမှာ ကလေးတွေကို လေ့ကျင့်ပြုစုသင့်ပါတယ်။ အော်တစ်ဇင်ဆိုတာ စိတ်ရောဂါမဟုတ်ပါဘူး။ ရောဂါလို့တောင် သတ်မှတ်တာမဟုတ်တဲ့အတွက် လေ့ကျင့်ရင် ကျင့်သလို၊ စောစောစီးစီးသိရင်သိသလို တိုးတက်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
ပုံမှန်အနေအထားအထိ ဖြစ်နိုင်ပါသလားဆရာ။
အော်တစ်ဇင်ကလေးတစ်ယောက်ရဲ့ စကားပြောဆိုတဲ့အပိုင်းမှာ ဘယ်လောက်တိုးတက်နေသလဲ။ ဖြစ်တာဘယ်လောက်ကြာလဲဆိုတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက်တိုးတက်မှုဟာ ကွာနိုင်ပါတယ်။ အကြမ်းဖျင်းပြောရင်တော့ ဒီလက္ခဏာရဲ့တချို့ကတော့ ကျန်နေဦးမှာပဲ။ ဒါပေမယ့် ဘေးကအကူအညီမပါဘဲနဲ့ သူတို့ဘာသာ သူတို့ ရပ်တည်နိုင်အောင် အများကြီး လေ့ကျင့်ပေးနိုင်ပါတယ်။ တချို့ဆိုရင် နှုတ်ကထုတ်ပြောမှပဲ “အော် တစ်ချိန်ကသူ အော်တစ်ဇင်လက္ခဏာရှိခဲ့တယ်” လို့ သိရလောက်တဲ့ အခြေအနေမျိုးတွေတောင်ရှိတယ်။ သာမန်ကြည့်လိုက်ရင် မသိသာဘူးပေါ့။ ကြည့်လိုက်ရင် သာမန်လူတစ်ယောက်လိုပဲ၊ ဒီလိုအခြေအနေတွေလည်း တွေ့ရပါတယ်။
စောစီးစွာကုသမှုမခံယူခဲ့ရင် ဘာတွေဖြစ်နိုင်ပါသလဲဆရာ။
အချိန်နှောင်းသွားရင် လေ့ကျင့်ရတာခက်သွားမယ်။ ပုံမှန်ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဟာ စကားပြောသင်ပေးနိုင်ဖို့က သုံး၊ လေး၊ ငါးနှစ်မတိုင်ခင် အချိန်က အကောင်းဆုံးဘဲ။ နောက်ပိုင်းကြာမှ ဆိုရင် သူ့ရဲ့ဦးနှောက်ကို သင်ကြားလို့ မရနိုင်တော့ဘူး။ ပြောခဲ့သလိုပဲ ဆေးကုသလို့ရတဲ့ရောဂါမဟုတ်ဘူး။ သင်ကြားလေ့ကျင့်ပေးရတာဆိုတော့ အချိန်ကြာတာနဲ့အမျှ သင်ရတာခက်သွားပြီ။ နောက်တစ်ခုက သူနဲ့တွဲလာတတ်တဲ့ မအိပ်တဲ့လက္ခဏာတွေ၊ မငြိမ်တဲ့လက္ခဏာတွေလည်း ပိုပိုဆိုးလာတယ်။ ကလေးကစကားမပြော၊ သင်လို့ကမရ တစ်ဘက်ကလည်း ဂနာမငြိမ်တာမျိုးတွေ ရှိနေတဲ့အတွက် စောစောစီးစီးလေ့ကျင့် သင်ကြားတာတော့ အကောင်းဆုံးဖြစ်ပါတယ်။
ပြည်သူအတွက် အသိပညာပေးစကားလေးပြောပေးပါ ဆရာ။
အရေးကြီးတဲ့အချက်ကတော့ ပုံမှန်ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုဟာ အရေးကြီးတယ်။ ရုပ်ပိုင်းဆိုင်ရာတင်မကဘူး၊ စိတ်ပိုင်းဆိုင်ရာစကားပြောတာ၊ အသိဉာဏ်၊ ဒါတွေဟာ ကလေးတွေမှာ ပုံမှန်ငယ်ငယ်ကလေးတည်းက စပြီးဖွံ့ဖြိုးဖို့လိုတယ်။ ဖွံ့ဖြိုးမှုအတိုင်းအတာကိုလည်း မိဘတွေအနေနဲ့ ကိုယ့်ကလေးက ဘယ်အရွယ်မှာ ဖွံ့ဖြိုးမှုရှိရမယ်ဆိုတာကို သိရမယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုဆိုတာကို သံသယရှိရင် စောစောစီးစီးပြသပြီးတော့ ကုသမှုခံယူဖို့ အရမ်းအရေးကြီးတယ်။ နောက်ကျတိုင်းတော့ ရောဂါမဟုတ်ဘူး။ တော်တော်ကြီးကြာမှ ကုတာထက်စာရင် စောစောသိ၊ စောစောလေ့ကျင့်၊ စောစောကုသရင် တိုးတက်နိုင်တဲ့ အခြေအနေရနိုင်တဲ့အတွက် မိဘတွေဘက်က သတိပြုဖို့ပါပဲ။

Credit : ပါမောက္ခ ဦးကျော်လင်း
Photo credit Autism အလင်းတန်း

Kids learning activities
16/01/2022

Kids learning activities

Address

Myingyan

Website

Alerts

Be the first to know and let us send you an email when Learning For Kids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share