𝐄𝐕𝐄𝐑 𝐆𝐎𝐎𝐃 - အုတ်စက်

𝐄𝐕𝐄𝐑 𝐆𝐎𝐎𝐃 - အုတ်စက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐄𝐕𝐄𝐑 𝐆𝐎𝐎𝐃 - အုတ်စက်, Home decor, Zi, Natogyi.

31/08/2026

မကြာခင်မှာ ပြန်စပါတော့မယ်

04/08/2026

ဒီစနစ်လေးနဲ့ဆို ရှယ်ပေါ့

04/08/2026

"အချောင်မခိုပါနဲ့ "

တစ်ချို့လူတွေက "ကိုယ်သက်သာရင်ပြီးရော" ဆိုတဲ့စိတ်နဲ့ နေတတ်ကြတယ်။ ဒါပေမဲ့ ကိုယ် ၅ မိနစ်သက်သာသွားတိုင်း ကိုယ့်လုပ်ဖော်ကိုင်ဖက်က ၁၀ မိနစ် ပိုပင်ပန်းသွားရတယ်ဆိုတာ သိထားပါ။

နည်းနည်းလေး ပင်ပန်းမယ့်အလုပ်ပေါ်လာပြီဆို၊ ပစ္စည်းအလေးကြီး မ ရွှေ့ရတော့မယ်ဆို ခေါင်းငုံ့ပြီး မသိချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင်တတ်ကြတယ်။ မတ်တပ်ရပ်ပြီး လုပ်ရမယ့်အလုပ်ဆို ဘေးထွက်သွားပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အလုပ်ရှုပ်ပြနေတတ်ကြတယ်။

လုပ်ပေးနေရတဲ့လူက ပါးစပ်က ဘာမှမပြောပေမယ့် ရင်ထဲမှာ ဘယ်ကျေနပ်ပါ့မလဲ။ "ပြောလိုက်ရင် စိတ်ဆိုးမှာစိုးလို့" ဆိုပြီး မျိုသိပ်ထားတာပဲ။

အဲဒီတိတ်ဆိတ်မှုကို အချောင်ခိုတဲ့လူက အခွင့်ကောင်းယူတယ်။ "သူမပြောဘူးဆိုတော့ ရတယ်" လို့ ထင်ပြီး နောက်တစ်ခါလည်း ထပ်ရှောင်တယ်။
ဒါပေမဲ့ လူတိုင်းက အသွေးအသားနဲ့တည်ဆောက်ထားတာချင်းအတူတူပဲ။ အတ္တ၊ မာန၊ ဒေါသဆိုတာ လူတိုင်းမှာ အနည်းနဲ့အများ ကိုယ်စီရှိကြတယ်။ အတိုင်းအတာတစ်ခုထက်ကျော်သွားရင် ဘယ်သူမှ ဆက်ပြီး သည်းခံပေးနေတော့မှာ မဟုတ်ဘူးဆိုတာ သတိထားပါ။

တကယ်တော့ မင်းမကူတဲ့အလုပ် ပျောက်မသွားဘူး။ မင်းရှောင်လိုက်တဲ့ဝန်က တခြားတစ်ယောက်ရဲ့ ခါးပေါ်တက်သွားတာပဲ။ မင်းထိုင်နေတဲ့ ၅ မိနစ်အတွက် သူက မတ်တပ်ရပ် ၁၀ မိနစ် အပိုခံရတယ်။

မင်းရှောင်သလို သူလည်း ပြန်ရှောင်လို့ရတာပဲ။ ဒါပေမဲ့ အဲဒီအခါ အလုပ်က ပြီးပါ့ဦးမလား။ အလုပ်မပြီးလို့ အဆူခံရ၊ အပြစ်တင်ခံရရင် နှစ်ယောက်လုံး နာရမှာပဲ။

တချို့ကျတော့ သူများခိုင်းမှ၊ လှမ်းခေါ်မှ လုပ်တတ်တယ်။ အဲဒါ ခိုင်းမှ လုပ်တဲ့ ကျွန်စိတ်ပဲ။ ကိုယ့်တာဝန်ကို သူများက လာပြီး ချိုချိုသာသာ ခိုင်းနေဖို့ မျှော်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

ပုရွက်ဆိတ်တွေမှာ ခေါင်းဆောင်မရှိဘူး၊ ဆရာမရှိဘူး။ ဒါပေမဲ့ တစ်ကောင်မှ အလုပ်မရှောင်ဘူး။ ဘာလို့လဲဆိုတော့ အတူရှင်မှ အသက်ရှင်မယ်ဆိုတာ သူတို့သိလို့ပဲ။

ငါတို့လည်း အတူတူပဲ။ အလုပ်ထဲမှာဖြစ်ဖြစ်၊ အခန်းထဲမှာဖြစ်ဖြစ် တစ်ယောက်အချောင်ခိုတိုင်း ကျန်တဲ့လူက နှစ်ဆပိုပင်ပန်းတယ်။

ဝင်ကူလိုက်ပါ။ လက်တစ်ဖက်ကူလိုက်ရုံနဲ့ မင်းဘေးကလူရဲ့ ပင်ပန်းမှုကို ထက်ဝက်လျှော့ပေးပြီးသား ဖြစ်သွားပြီ။

အချောင်မခိုပါနဲ့။ မင်းရဲ့ သက်သာမှုဟာ တခြားတစ်ယောက်ရဲ့ ဒုက္ခ ဖြစ်နေလို့ပဲ။

21/07/2026

ဒီဘဝမှာ အခုကြုံတွေ့နေရတဲ့
ဒီလို အခက်ခဲမျိုး ကို ဘယ်တော့မှ မေ့လို့ရမှာမဟုတ်ဘူး 2025-2026

13/07/2026

ဟိုးး အဝေးကြီးကို လှမ်းကြည့်ပြီး
ကိုယ့်စိတ်တွေ ဒွိဟ ဖြစ်ခဲ့ဖူးတယ်။
ဘဝ ရဲ့ အခက်ခဲတွေက အကောင်းဆုံးသင်ခန်းစာတွေ ပေးနေမှန်း သိလိုက်ရတဲ့အချိန် အခုလျှောက်နေတဲ့ လမ်းက အထီးကျန်လိုက်တာ အမေ ။

28/06/2026

😂

လူတွေ လက်ခံဖို့အတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲနေဖို့ မလိုဘူး။ကိုယ့်ရဲ့ အစစ်အမှန်ပုံစံနဲ့ တောက်ပဖို့ပဲ လိုတယ်။
25/06/2026

လူတွေ လက်ခံဖို့အတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲနေဖို့ မလိုဘူး။
ကိုယ့်ရဲ့ အစစ်အမှန်ပုံစံနဲ့ တောက်ပဖို့ပဲ လိုတယ်။

အဝေးကနေပဲ အမြဲကြည့်နေမိတယ်
24/06/2026

အဝေးကနေပဲ အမြဲကြည့်နေမိတယ်

Address

Zi
Natogyi

Website

Alerts

Be the first to know and let us send you an email when 𝐄𝐕𝐄𝐑 𝐆𝐎𝐎𝐃 - အုတ်စက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category