သမာဓိရွှေမြင့်မိုရ် ဆုံဆီသန့်

  • Home
  • Myanmar
  • Pakokku
  • သမာဓိရွှေမြင့်မိုရ် ဆုံဆီသန့်

သမာဓိရွှေမြင့်မိုရ် ဆုံဆီသန့် အိမ်ရှင်မတိုင်းချစ်တဲ့ သမာဓိရွှေမြင့်မိုရ်

ဟင်းကောင်းတစ်ခွက်ရဖို့ဆိုရင် ….ဘာလိုအပ်မလဲ?သေချာတာကတော့ မှန်ကန်တဲ့ ဆီကို အကောင်းဆုံး ရွေးချယ်ဖို့က အဓိကကျတဲ့ အချက်ပါပဲ…....
12/02/2024

ဟင်းကောင်းတစ်ခွက်ရဖို့ဆိုရင် ….ဘာလိုအပ်မလဲ?

သေချာတာကတော့ မှန်ကန်တဲ့ ဆီကို အကောင်းဆုံး ရွေးချယ်ဖို့က အဓိကကျတဲ့ အချက်ပါပဲ…..

သင့်မိသားစု ထမင်းဝိုင်းလေး အနံ့အရသာနဲ့ ပြည့်စုံဖို့ဆိုရင် ‘သမာဓိ ရွှေမြင့်မိုရ် ဆုံဆီသန့်’ ကိုသာ ရွေးချယ်လိုက်ပါ

သမာဓိ ရွှေမြင့်မိုရ်က

အရောအနှောကင်းပြီး အရည်အသွေးလဲ စိတ်ချရတယ်….

ကျန်းမာရေးနဲ့ အထူး ညီညွတ်တယ်….

ရေရှည်အတွက် အရမ်းအဆင်ပြေတယ်

အနံ့အရသာနဲ့ ပြည့်စုံတယ်

ဒါ့ကြောင့်ပဲ….. သမာဓိရွှေမြင့်မိုရ်ဆိုရင် အားလုံးက အသဲစွဲဖြစ်နေရတာပေါ့

ကဲ…. စားချင်တာ ချက်စား…. သမာဓိ ရွှေမြင့်မိုရ်တော့ ပါမှနော်

#ရွှေမြင့်မိုရ်ဆုံဆီနှမ်းဆီ
#အနံ့အရသာပြည့်စုံတာသမာဓိရွှေမြင့်မိုရ်ပါ

ဆုံဆီဆိုတာ ဘာလဲ?  ဆုံဆီဆိုတာ မကျည်းသား၊ တမာသား၊ ကုက္ကိုသား၊ ထနောင်းသား၊ စသည်တို့ကိုမှ အသုံးပြုပြီး မြေပဲ၊ နှမ်း စတာတွေကိ...
29/12/2023

ဆုံဆီဆိုတာ ဘာလဲ?

ဆုံဆီဆိုတာ မကျည်းသား၊ တမာသား၊ ကုက္ကိုသား၊ ထနောင်းသား၊ စသည်တို့ကိုမှ အသုံးပြုပြီး မြေပဲ၊ နှမ်း စတာတွေကို ကျိတ်ခွဲပြီး ထုတ်ထားတဲ့ သဘာဝအဆီအနှစ်လို့ ပြောရမှာပါ……

ဆုံဆီက ဘာတွေ ကောင်းကျိုးများစေတာလဲ ??

သဘာဝစစ်စစ်ကို ကိုယ်တိုင်ကျိတ်ပြီး ထုတ်လုပ်တာဖြစ်လို့

ဆုံဆီက အရောအနှောကင်းတယ်

အနံ့အရသာကောင်းတယ်

စစ်မှန်တယ်၊

အဆိပ်အတောက်နဲ့ ဓာတုဓါတ်တွေ ကင်းဝေးတယ်

ကျန်းမာရေးနဲ့လဲ အထူးသင့်တော်ပြီး ရေရှည်အတွက် အဆင်ပြေတယ်

ဆုံဆီဝယ်တဲ့အခါမှာ စစ်မှန်ဖို့ အရေးကြီးသလို…. အရောအနှောကင်းပြီး စိတ်ချရဖို့လဲ လိုပါတယ်…

ဒီ့အတွက်တော့ စိတ်မပူပါနဲ့…. .. သမာဓိရွှေမြင့်မိုရ်ရှိပါတယ်

သမာဓိ ရွှေမြင့်မိုရ်က စစ်မှန်ပြီး စနစ်တကျထုတ်ထားတဲ့ ဆုံဆီဖြစ်လို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်

မိသားစုထမင်းဝိုင်းအတွက်တော့…. သမာဓိရွှေမြင့်မိုရ်က အဓိကပဲနော်

#သမာဓိရွှေမြင့်မိုရ်ဆုံဆီနှမ်းဆီ
#ဆုံဆီဆိုတာ ဘာလဲ?

ကဲ ဒီတစ်ပတ်တော့ ‘သမာဓိရွှေမြင့်မိုရ်နဲ့အတူ လူတိုင်းကြိုက်တဲ့ မြိတ်ကတ်ကြေးကိုက်’ လေး လုပ်စားရအောင်  ပါဝင်ပစ္စည်းများ    သ...
23/11/2023

ကဲ ဒီတစ်ပတ်တော့ ‘သမာဓိရွှေမြင့်မိုရ်နဲ့အတူ လူတိုင်းကြိုက်တဲ့ မြိတ်ကတ်ကြေးကိုက်’ လေး လုပ်စားရအောင်

ပါဝင်ပစ္စည်းများ

သမာဓိရွှေမြင့်မိုရ် မြေပဲဆုံဆီသန့်

ကတ်ကြေးကိုက် မုန့်ဖတ်

ပုဇွန် (သို့) နှစ်သက်ရာ အသားတစ်မျိုးမျိုး

ပဲပင်ပေါက်

ကြက်သွန်မြိတ်

ကြက်သွန်ဖြူ

ဘဲဥ

ပဲပြုတ်

ပဲငံပြာရည်

ဆား

ကြက်သားမှုန့်

ရှာလကာရည်

ပြုလုပ်နည်း

အဆင့် (၁) - အသားကို ဆား၊ အရသာမှုန့်၊ ကြက်သားမုန့်များနဲ့ အရသာဝင်အောင်နယ်ပေးထားပါ။ ဘဲဥကို ကြော်ပြီး ပါးပါးလှီးပါ။

အဆင့် (၂) - အိုးထဲသို့ သမာဓိရွှေမြင့်မိုရ်ဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။ အရောင်နဲ့ အရသာအတွက် ငရုတ်သီးမှုန့်ထည့်ပြီး မွှေပေးပါ။

အဆင့် (၃) - အသားများကို မကျက်တကျက် အနေထားရောက်သည်အထိ အိုးထဲတွင် လှိမ့်ပေးပါ။

အဆင့် (၄) - ကတ်ကြေးကိုက်မုန့်ဖတ်ကို ရှာလကာရည်၊ ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်နဲ့ သမအောင် နယ်ပြီး အိုးထဲထည့်ပါ။ သမအောင် မွှေကြော်ပေးပါ။

အဆင့် (၅) - အရသာ လိုသလို ထည့်ပြီး မြည်းပေးပါ။

အဆင့် (၆) - ပဲပင်ပေါက်၊ ပဲပြုတ်ထည့်ပြီး ကြက်သွန်မြိတ်လေး ဖြူးပေးမယ်ဆိုရင် အရသာရှိတဲ့ မြိတ်ကတ်ကြေးကိုက်လေး ရပါပြီနော် ..

#မြိတ်ကတ်ကြေးကိုက်
#သမာဓိရွှေမြင့်မိုရ်

Address

Pakokku
04201

Telephone

+959752301959

Website

Alerts

Be the first to know and let us send you an email when သမာဓိရွှေမြင့်မိုရ် ဆုံဆီသန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share