KYAW WINT TEHL Co.,Ltd

KYAW WINT TEHL Co.,Ltd ဆောက်လုပ်ရေး ဝန်ဆောင်မှူများ

19/10/2021

သီတင်းကျွတ်ဆုတောင်း

ဆုတောင်းပါရစေ
လူသားတစ်ယောက်ရဲ့ စိတ်ယန္တရားနဲ့အတူ
သီတင်းကျွတ်ဟာ သာသာယာယာလွတ်လွတ်ကျွတ်ကျွတ်
ကျွတ်ပါစေ😍😍😍😍

မီးပုံးကလေးတွေ
မြေပြင်ကပန်းတွေလို လှလှပပ
ကောင်းကင်ယံမှာ ပြုံးပါစေ
ဖယောင်းတိုင်ကလေးတွေ
လေနီကြမ်းနဲ့ ထိပ်တိုက် မတိုးပါစေနဲ့

လမင်းကြီးလည်း
ပြည့်ပြည့်ဝဝ သာပါစေ
မိုးတိမ်မဲမဲများလည်း ကင်းပါစေ
ညငှက်ကလေးများ ကျန်းမာပါစေ
နေ့ရထားများ လိုရာ ခရီးသို့ ထွက်ခွာနိုင်ပါစေ😇😇😇

သီတင်းကျွတ်ဟာ သတင်းကအစ
ပျော်ရွှင်စရာများနဲ့ကျွတ်ပါစေ
ချစ်သူခင်သူများလည်း အမြန်ဆုံး ပေါင်းဖက်နိုင်ကြပါစေ😍😍😍😍😘😘😘😘 လို့
ကျွန်တော်တို့ ကျော်ဝင့်ထည် ကုမ္မဏီ မိသားစုမှဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏

KYAW WINT TEHL Co.,Ltd
23/01/2021

KYAW WINT TEHL Co.,Ltd

သမဝါယမ ဦးစီးဋ္ဌာန ဝန်ထမ်းအိမ်ယာ ၁၀၀ % ပြီးစီး ၍စစ်ဆေးခြင်း
22/01/2021

သမဝါယမ ဦးစီးဋ္ဌာန ဝန်ထမ်းအိမ်ယာ
၁၀၀ % ပြီးစီး ၍စစ်ဆေးခြင်း

သမဝါယမ လိုင်းခန်းအဆောက်အဦးအား ဆောက်လုပ်ရန်အတွက် ပန္တတ် ရိုက် အခမ်းအနား အား (၃.၁၂.၂၀၂၀)နေ့တွင်ကျော်ဝင့်ထည် ကုမဏ္ဏီ မှ ဒါ...
19/12/2020

သမဝါယမ လိုင်းခန်းအဆောက်အဦးအား ဆောက်လုပ်ရန်အတွက် ပန္တတ် ရိုက် အခမ်းအနား အား (၃.၁၂.၂၀၂၀)နေ့တွင်
ကျော်ဝင့်ထည် ကုမဏ္ဏီ မှ ဒါရိုက်တာ နှင့် သမဝါယမ ဦးစီး အရာရှိတို့မှ တက်ရောက် ပန္တတ် ရိုက်ပေးခဲ့ပါသည်

တန်ဆောင်တိုင် လပြည့်နေ့ (29.11.2020)မင်္ဂလာရှိသောတန်ဆောင်တိုင် လပြည့်နေ့ အချိန်သမယလေးမှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်...
29/11/2020

တန်ဆောင်တိုင် လပြည့်နေ့ (29.11.2020)

မင်္ဂလာရှိသောတန်ဆောင်တိုင် လပြည့်နေ့ အချိန်သမယလေးမှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း ၍ရောဂါများလည်းအမြန်ဆုံးသက်သာ စေပြီး စီးပွားရေးများဒီရေ အလားတိုးတက်ကြပါစေကြောင်း
ကျော်ဝင့်ထည် ဆောက်လုပ်ရေး မိသားစု မှ မိတ်ဟောင်းမိတ်သစ်များ အားလုံးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ🙏🙏

သီတင်းကျွတ်လပြည့်နေ့ (31.10.2020)မင်္ဂလာရှိသော ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ အချိန်သမယလေးမှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့...
31/10/2020

သီတင်းကျွတ်လပြည့်နေ့ (31.10.2020)

မင်္ဂလာရှိသော ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ အချိန်သမယလေးမှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း ၍ရောဂါများလည်းအမြန်ဆုံးသက်သာ စေပြီး စီးပွားရေးများဒီရေ အလားတိုးတက်ကြပါစေကြောင်း ကျော်ဝင့်ထည် ဆောက်လုပ်ရေး မိသားစု မှ မိတ်ဟောင်းမိတ်သစ်များ အားလုံးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ🙏🙏

Tool box meeting...8888 SQUARE Architecture and  DESIGN BY U NYUNT WIN..CONSTRUCTED BY KYAW WINT TEHL Company Limited .
14/08/2020

Tool box meeting...

8888 SQUARE
Architecture and DESIGN BY U NYUNT WIN..
CONSTRUCTED BY KYAW WINT TEHL Company Limited .

Monthly MeetingPhotographer by
30/07/2020

Monthly Meeting

Photographer by

မနေ့က ပြင်သစ် Construction Material ကုမ္ပဏီငါးခုက သူတို့ရဲ့ထုတ်ကုန်အသစ်ကို စမိတ်ဆက်လာတယ်။ မိတ်ဆက်တဲ့ productကမဆန်းပေမယ့်...
26/07/2020

မနေ့က ပြင်သစ် Construction Material ကုမ္ပဏီငါးခုက သူတို့ရဲ့ထုတ်ကုန်အသစ်ကို စမိတ်ဆက်လာတယ်။ မိတ်ဆက်တဲ့ productကမဆန်းပေမယ့် နောက်ဆက်တွဲ ရွေ့လာမယ့်အကွက်တွေက ဆန်းတယ်။ တန်းကြားတာနဲ့ ရယ်မိကြမယ့် အချက်တစ်ခုကိုပြောရရင် သူတို့မိတ်ဆက်လာတဲ့ နည်းပညာနဲ့ လာမယ့်ဆယ်နှစ်အတွင်း ပြင်သစ်ရဲ့ Airconအသုံးပြုမှုကို သုံးပုံတစ်ပုံ လျှော့ချမယ်တဲ့။ ဒါက Aircon Companyတွေဖက်ကလည်း ရယ်စရာပေါ့။ ဒါပေမဲ့ Presentation အရ အတိအကျပဲ ဖြစ်လာနိုင်ချေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ COVID ကာလမှာ ပြင်သစ်က သူတို့နိုင်ငံရဲ့ Environmental Lawတချို့ကို ထပ်တိုးလိုက်တာ အားလုံးအသိပေါ့။ ကားမဝင်ရလမ်းတွေ ထပ်တိုးလိုက်သလို၊ စက်ဘီးစီးသွားကြမယ့် ရုံးဝန်ထမ်းတွေအတွက်လည်း အရင်ကထက် ပိုသေသပ်တဲ့စနစ်တွေ ထပ်လုပ်ပေးနေတယ်။ Environmental Lawနဲ့ပတ်သက်ရင် အရင်က စပိန်ကို အမှီလိုက်နေရတဲ့ပြင်သစ်က COVID ကာလမှာ နိုင်ငံအတွက် သေသေချာချာ ပြင်ဆင်ခဲ့ပုံပဲ။ ထားပါတော့။ အခုချပြလာတဲ့ နည်းပညာက အသစ်အဆန်းတော့ မဟုတ်ဘူး။ အရင်တည်းက စသုံးနေကြတဲ့ Rooftop Garden၊ Green Roof စသဖြင့်ခေါ်တဲ့ အစိမ်းရောင် ခေါင်မိုးနည်းပညာ။

ပြင်သစ်ရဲ့ Green Roof ဥပဒေကို မနှစ်က နိုဝင်ဘာလအစမှာ စချမှတ်ခဲ့တယ်။ ရှိပြီးသား မြို့ပြသဘာဝဥပဒေတွေထဲ ထပ်တိုးလိုက်တယ်ပေါ့။ ဒီဥပဒေထဲ မဖြစ်မနေထားပေးရမယ့် လုပ်ငန်း၊ နေအိမ်နဲ့ အဆောက်အအုံတွေကို သတ်မှတ်ပေးခဲ့တယ်။ ဥပမာ- Supermarket၊ Storeနဲ့ Showroom အမျိုးအစားတချို့က ဒီဥပဒေကို မဖြစ်မနေလိုက်နာရတယ်။ ဘာတုန်း အစိမ်းရောင်ခေါင်မိုးဥပဒေ.? အလွယ်ပြောရရင် အိမ်ခေါင်မိုးမှာ အပင်စိုက်ရတဲ့ ဥပဒေပေါ့။ ဒီနည်းစနစ်က ဘာတွေအကျိုးပြုလဲဆိုတော့ လုပ်ထားတဲ့အဆောက်အအုံရဲ့ အနီးကလမ်းကို အေးမြစေတယ်၊ Aircon အလုံးရေများများ အသုံးပြုမှုကို လျှော့ချပေးတယ်၊ ရေနဲ့လေ Pollution ကိုလျှော့ချပေးတယ်၊ Organic အသီးအနှံ့တွေရတယ်၊ မြို့ပြမှာကျက်စားတဲ့ ငှက်နဲ့ တခြားဇီဝမျိုးစိတ်တွေကို ပိုတိုးပွားစေတယ် ( သုတေသနတွေအရ Rooftop Garden နည်းပညာက မြို့ပြက ဇီဝမျိုးစိတ် နှစ်ရာနီးပါးကို အကျိုးပြုတယ်။ ) ဒါက အကြမ်းဖျင်းပေါ့။ ဒီထက်အကျိုးပြုတာတစ်ခုက ပြုပြင်လျှော့ချဖို့ခက်လာတဲ့ Concrete Building ယဥ်ကျေးမှုကြီးကို သက်သာစေဖို့ သဘာဝနည်းနဲ့ ပြန်ထောက်ဖို့အတွက် တွေးခဲ့ကြတဲ့ နည်းပညာဆိုပါတော့။

ဥပမာ- မြန်မာမှာ ဦးသိန်းစိန်အစိုးရတုန်းက ရပ်ကွက်လမ်းတွေကို ကွန်ကရစ်တွေခင်းတယ်၊ စည်ပင်ရဲ့ ခွင့်ပြုလာမှုကြောင့် ရပ်ကွက်တိုင်းမှာ မြေကွက်ပြည့် သုံးထပ်ကန်ထရိုက်တိုက်တွေ၊ အဆောင်တွေ များလာတယ်။ မြို့ထဲက အထပ်မြင့်တိုက်ခန်းတွေလိုပဲ သာမန်လူနေရပ်ကွက်လေးတွေမှာပါ သုံးထပ်ကန်ထရိုက်တိုက်တွေ အစီအရီပေးဆောက်လာကြတယ်။ ခြောက်ခန်းရရင် မြေပိုင်ရှင်ကသုံးခန်း ကန်ထရိုက်က သုံးခန်း ( နှစ်သုံးဆယ်နေရင် မြေပိုင်ရှင်က တစ်လုံးလုံးပိုင်မယ်။ ) သဘောတူဆောက်လာကြတယ်။ ဒီတော့ မြေရှိပြီး စီးပွားရေးအဆင်မပြေသူတွေက ဒီလုပ်ကွက်ကြီးထဲ ဂျင်းထည့်ခံကြရတယ်။ ( ကိုယ့်မြေကွက်ကို ကန်ထရိုက်ပေးသူတိုင်းကို ဂျင်းမိတယ် တုံးတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။ ဒါပေမဲ့ 50-50 စနစ်က ကန်ထရိုက်ယူသူဖက်က ဘယ်လောက်ထိမြတ်လဲ Engr တိုင်းအသိပဲ။ ကိုယ်တွေ့ပေါ့။ ) ထားပါတော့။ ဒီတော့ ရပ်ကွက်မြောင်းနဲ့ ရေသွားရေလာစနစ် စပျက်တယ်။ မြေသားထဲ ရေစိမ့်ဝင်မှု အားနည်းလာတယ်။ နောက်တစ်ခုက ကွန်ကရစ်ယဥ်ကျေးမှုကြီးဟာ Water Pollution ကို ပိုဖိအားပေးတယ်။ ဒါက မြေအောက်ရေစနစ်ကိုပါ ထိခိုက်မှန်း အစိုးရနဲ့ စည်ပင်ကမသိခဲ့ပုံပဲ။ သိရင်လည်းသိမှာပေါ့။ ဆိုတော့ ဒီလို Environmental Designပိုင်း လုံးဝမပါဘဲ ခွင့်ပြုပေးခဲ့မှုက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု သိပ်ကိုများတယ်။ ဒါကလည်း ပြည်တွင်း TU ကျောင်းဆင်း Civilတွေတောင် မသိဘဲ BE တွေရလာကြတော့ မဆန်းဘူး။ Civil မှာ EEကိုသင်ရတယ်။ ဒါပေမဲ့ လက်တွေ့ Construction နယ်ပယ်မှာ Environmental Engineering ဆိုတာ ဘယ်လောက်အရေးပါလဲ? ဘယ်လိုအသုံးပြုနေကြလဲ မသိခဲ့ကြသူတွေက ပိုများတယ်။ ကျွန်တော်အပါအဝင်ပေါ့။ ဒါပေမဲ့ စည်ပင်ကိုယ်တိုင်ကလည်း အပင်မြင်ရင် ပုထွေးနဲ့ မယားပါသားလို မုန်းတီးတတ်ကြတော့ ဓာတ်တိုင်စိုက်တာကအစ အပင်လေးခုတ်လိုက်ရမှ။ ဒီတော့ ပြည်သူရော အစိုးရပါ အလေးမထားခဲ့မှုကနေ ရန်ကုန်ရဲ့ ရပ်ကွက်စနစ်တွေက ပရမ်းပတာတွေနဲ့ လက်ရှိဖြစ်နေတယ်။ ပြောချင်တာက မြန်မာမှာ ဘာကိုမှမစဥ်းစားမဆင်ခြင်ဘဲ လုပ်ပစ်ထားခဲ့တာတွေက အများကြီးပါပဲ။

ပြင်သစ်က ဒီလိုကိစ္စတွေရဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကို ကြိုသိခဲ့တယ်။ ဒါကြောင့်လည်း ၂၀၁၅ ခုနှစ်လောက်တည်းက Environmental Law တွေ သိသိသာသာပြင်လာခဲ့တယ်။ အခုအစိမ်းရောင်ခေါင်မိုး နည်းပညာမှာလည်း Category တွေက အများကြီးပဲ။ တချို့ဆိုရင် ပျားတွေအတွက် သီးသန့် Roofing တွေပါပါတယ်။ Rooftop Farm လို့ခေါ်တဲ့ အကြီးစား Design တွေလည်းပါတယ်။ အကြမ်းဖျင်း ခြုံပြောရရင်
..1: ဧရိယာပြင်ပလေ

ခေါင်မိုးလုပ်ထားတဲ့ အဆောက်အအုံပတ်လည်ကလေကို သန့်စင်စေတယ်၊ အပူစုတ်ပေးတယ်၊ အငွေ့ပျံခြင်းသံသရာကို ထောက်ပံ့တယ်။ နောက်တစ်ခုက Urban Heat Island Effectလို့ ခေါ်ရတဲ့အထိ အသေးစား မြို့ပြ Construction နယ်ပယ်မှာ အသုံးဝင်တယ်။ အမေရိကန်လိုနိုင်ငံမှာ ဒီနည်းပညာကို မဖြစ်မနေအသုံးပြုရတော့မယ့်ကာလကလည်း မကြာတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်က ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံအဖြစ် ဘယ်လိုပဲရပ်တည်နေပါစေ Environmental Lawပိုင်းမှာ ဥရောပနိုင်ငံတွေထက် အကြီးအကျယ်အားနည်းလာခဲ့တာ ဆယ်စုနှစ်နှစ်စုစာ ရှိနေပြီ။ ဒီနည်းပညာက ကာဗွန်စုပ်ယူနိုင်စွမ်းကို အသိသာဆုံးနည်းပညာဖြစ်လို့ Constructionနယ်ပယ်အတွက် အရေးပါနေတယ်။
..2: Air Conditioning System

အဆောက်အအုံရဲ့ အပူအအေးစနစ်ကို ထိန်းညှိပေးတယ်။ Aircon အသုံးပြုမှုကို လျှော့ချပေးတယ်။ အဆောက်အအုံထဲ သဘာဝလေအေးကို ၂၄နာရီ လည်ပတ်စေတယ်။ သာမန်ကိစ္စလေးပါလို့ ထင်ရင်တော့မှားလိမ့်မယ်။ ဥရောပနိုင်ငံတချို့မှာ ဒီနည်းပညာကြောင့် Aircon ဝယ်လိုအား သိသိသာသာလျော့ကျလာနေတယ်။ Air Pollution အတွက် အကောင်းဆုံး ဆောက်လုပ်ရေးနည်းပညာလို့လည်း အသိအမှတ်စပြုလာတယ်။
..3: Reduces Water Pollution

မြို့ပြရေထုညစ်ညမ်းမှုကို လျှော့ချပေးတယ်။ လက်ရှိမြို့ပြဆောက်လုပ်ရေးစနစ်ရဲ့ ရေလည်ပတ်မှုပုံစံ ထိခိုက်မှုက ပြဿနာကြီးတစ်ခုပါ။ ရေဆိုးနဲ့ မြောင်းစနစ်တွေကနေ ထွက်လာသမျှ Water Pollution ဟာ ချောင်း၊ ရေကန်၊ မြစ်နဲ့ ပင်လယ်ထဲပဲသွားတာပါ။ အစိမ်းရောင်ခေါင်မိုးက ဒီပြဿနာကို သိသိသာသာ ပြောင်းလဲပေးနိုင်တယ်။ 70-90% Absorbing Rate ဆိုတော့ တော်တော်ထိရောက်တဲ့ နည်းပညာပဲ။ နောက်တစ်ခုက ပြောင်းလဲလုပ်ကိုင်လာနေကြတဲ့ ဆောက်လုပ်ရေးနယ်ပယ်မှာ Low Impact Development (LID) လို့ခေါ်တဲ့ ထည့်စဥ်းစားရမှုနယ်ပယ်မှာလည်း Green Roofက အရေးပါလာတယ်။ နောက်တစ်ခုက တချို့ Green Roof Design တွေဟာ ရေသန့်ပြန်ထုတ်နည်းပညာတွေတောင် ပါဝင်နေတယ်။ ပိုထူးခြားတာက ဒီနည်းပညာကို အဆောက်အအုံကြီးတွေအတွက်ပါ အသုံးပြုလာနိုင်အောင် သုတေသနလုပ်နေကြတယ်။
..4: အစားအစာ

ဒါကတော့ ရှင်းတယ်။ သီးပင်စားပင်စိုက်သူက လတ်လတ်ဆတ်ဆတ်အသီးအနှံရမယ်၊ ပန်းစိုက်သူက ပန်းရမယ်။ ဒါက လူတိုင်းမြင်ရသိကြတဲ့ အကျိုးကျေးဇူးဆိုတော့ မပြောတော့ဘူး။ ဒါပေမဲ့ ကျန်းမာရေးဖက်က ထူးခြားတာတစ်ခုတော့ရှိတယ်။ အဆုတ်နဲ့ ပန်းနာရင်ကျပ်ရောဂါသည်တွေအတွက် သိသိသာသာ အကျိုးထူးစေတယ်။
..5: Biodiversity

ငှက်၊ ပျား၊ လိပ်ပြာနဲ့ တခြား၀တ်မှုန်ကူးမျိုးစိတ်တွေအတွက် သိသိသာသာ အကျိုးဖြစ်စေလို့ လက်ရှိလျော့ကျနေတဲ့ မြို့ပြဇီဝမျိုးစိတ်တွေကို ပြန်ရှင်သန်လာစေလိမ့်မယ်။ နောက်တစ်ခုက ဒီမျိုးစိတ်တွေမရှိရင် လူတွေနေထိုင်မှုမှာ ပြဿနာတွေဖြစ်လာနိုင်တာကိုလည်း သိစေချင်တယ်။

ဒီနည်းပညာက Urban Construction တိုးတက်လာချိန်တည်းက Civil Engr တွေက ထောက်ပြခဲ့ကြပေမယ့် အလေးမထားခဲ့ကြဘူး။ အခုနောက်ပိုင်းမှ Construction Material ကုမ္ပဏီတွေက ပြန်ထောက်ပြလာကြတယ်။ သြဇီနဲ့ ကနေဒါမှာ တော်တော်အသုံးပြုလာကြတယ်။ အာရှက တချို့နိုင်ငံတွေမှာလည်း အသုံးပြုလာကြပြီ။ Environmentalist စာရေးဆရာ Nigel Dunnett ရဲ့ သုတေသနာစာအုပ်ထဲဆိုရင် ဒီနည်းပညာက အဆောက်အဦးပြုပြင်ထိန်းသိမ်းရေးလိုအပ်ချက်တွေကို လျှော့ချဖို့နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် အထောက်အကူပြုဖို့အထိ အရေးပါလာလိမ့်မယ်လို့ ဆိုထားတယ်။ လက်ရှိလည်း တကယ်အရေးပါလာတယ်။ သြဇီနဲ့ကနေဒါက မြန်မာတွေ သိကြမှာပါ။ အခုနောက်ပိုင်း သူတို့ဆီက Supermarket တွေမှာ ဒီအမိုးတွေကို အများကြီးအသုံးပြုနေကြပြီ။ ပုံမှန်နည်းပညာအနေနဲ့ မြန်မာမှာလုပ်မယ်ဆိုလည်း သိပ်တော့မခက်ဘူး။ မလုပ်ရင်လည်း ခေါင်မိုးတွေက အားနေမယ့်အတူတူပေါ့။ စိုက်မယ့်အပင်၊ မြေဆီလွှာအခင်း၊ ရေနုတ်မြောင်းအလွှာ၊ Roofing Layerနဲ့ ရေဆင်းပိုက်ထားပေးရုံနဲ့ ပုံမှန်Designကရတယ်။ Budget လည်း သိပ်မကုန်တယ်။ ဝင်ကြည့်မိသလောက် နယူးဇီလန်က Decoration Companyတွေဆို 30 sq-m Rooftop Garden တစ်ခုကို $13500 အနည်းဆုံးဆိုပဲ။ Design အလိုက်လည်း စျေးကများတယ်။ ဒါပေမဲ့ ဒါက ဘောစိတွေအတွက်ဖြစ်နိုင်တယ်။ သုတေသနပြုချက်တွေထဲမှာ $200 ကနေ စလုပ်လို့ရတယ်။ သုံးသိန်းဝန်းကျင်ပေါ့။ ကျွန်တော့်အမြင်အရတော့ မြန်မာစျေးနဲ့ဆို သူတို့ထက်သက်သာတယ်။ ကိုယ်တတ်နိုင်တဲ့ Designနဲ့ လုပ်လို့ရတယ်။ သူကပြန်ပေးတဲ့ အမြတ်နဲ့ယှဥ်ရင် မပြောပလောက်ဘူး။ သူကဘာတွေပြန်ပေးလဲ?.. သဘာဝအကျိုးကျေးဇူးတွေကို ခဏဖယ်ထား။ Roofing ရဲ့သက်တမ်းကို နှစ်ဆတိုးစေတယ်။ သဘောက ငါးနှစ်နဲ့ ပြန်ပြင်ရမယ့်အမိုးကို ဆယ်နှစ်ခံစေတယ်။ အပူချိန်ကို 26% အနည်းဆုံး လျှော့ချပေးလို့ Aircon ဖိုးသက်သာတယ်။ Aircon တစ်လုံးရဲ့ ဆိုးကျိုးကိုမတွက်ဘဲ Costနဲ့ ပြန်ရပုံကိုတွက်ရင်တောင် ဒီနည်းပညာက သက်သာတယ်။ အဆတစ်ရာမကသာတယ်။ မြန်မာက Decoration Company တွေထဲ EE Engrတွေသာခန့်ထားရင် ဒီနည်းက Promotion သိပ်လုပ်လို့ကောင်းတယ်။

နောက်တစ်ခုက ပြင်သစ်ရဲ့ အခုLawအသစ်က အာဏာသုံးလုပ်တာမဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ကြသူတွေအဖို့လည်း အရှုံးမရှိဘူး။ အကြောင်းက နိုင်ငံတကာ Green Roofing Lawအရ Green Roof လုပ်ထားတဲ့အိမ်ဟာ အခွန်လျော့တယ်၊ ထောက်ပံ့ကြေးရတယ်၊ တချို့နိုင်ငံမှာဆိုရင် အခမဲ့အိမ်ပြုပြင်ပေးတဲ့ အခွင့်အရေးတွေပါရတယ်။ ဒါပေမဲ့ Designပိုင်းမသိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့လုပ်ရင်၊ မသိနားမလည်တဲ့ ဂျင်းကုမ္ပဏီတွေနဲ့ လုပ်ရင်တော့ ဆိုးကျိုးတွေရှိတယ်။ ဘာတွေလဲဆိုတော့ Green Roof နည်းပညာက "အမိုးပေါ် အပင်စိုက်ရတာပဲ။ လွယ်လွယ်လေးဟ"လို့ ထင်ရင်မှားမယ်။ ဒီနည်းပညာက Environmentalistတွေ ဖန်တီးခဲ့တာမဟုတ်ဘူး။ Civil Engrတွေ ဖန်တီးခဲ့တာပါ။ Environmental ကျောင်းဆင်းတွေတောင် နားမလည်နိုင်တဲ့ Designမျိုးတွေလည်း အများကြီးပါပဲ။ ဒါက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ ဘာကြောင့်လဲဆိုတော့ Civil Engineeringပိုင်းမှာ Environmentalကို Structure နဲ့ ရောဖန်တီးကြတဲ့ နည်းပညာတွေမှ အများကြီးပါ။ အခု Green Roofမှာ အသုံးပြုမယ့် အောက်ခြံအလွှာဆိုတာ သာမန်Slabမဟုတ်ပါဘူး။ အမြစ်ပွားနှုန်းကို ချိန်ဆပေးမှု၊ ယိုစိမ့်မှု ထိန်းညှိခြင်း၊ ပိုးမွှာဆိုင်ရာ ဖြေရှင်းမှုနဲ့ Building ရဲ့ Structureပိုင်းအလိုက် Design ချရမှုတွေ ပါနေတယ်။ တရုတ်က ဂျင်းကုမ္ပဏီတွေကြောင့် အဆောက်အအုံပါပြိုကျခဲ့တဲ့ ကိစ္စတွေလည်းရှိသလို၊ Design မပါဘဲ လုပ်တတ်ကြသူတွေကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြရတာတွေလည်းရှိတယ်။ သဘောက ဒါဟာ နည်းပညာပါ။ သေချာတတ်ကျွမ်းတဲ့ Engrတွေကပဲ လုပ်ပေးလို့ရမယ်။ Decoration Company တွေက ဂျင်းထည့်တိုင်းမခံရအောင် သေချာသိထားသင့်တယ်။ လေ့လာမိသလောက် အဆောက်အအုံရဲ့ Structure နဲ့ ထားမယ့် Green Roofကို အချိုးချတယ်။ စိုက်မယ့်အပင်နဲ့ Roofing lbကို horizontal weight တွက်တယ်။ ရလာတဲ့ resultကိုမှ သင့်တော်မယ့်အမျိုးအစားတွေထဲက နှစ်သက်ရာနဲ့ လုပ်ကြတယ်။ နောက်တစ်ခုက လူနေအိမ်နဲ့ Supermarket အတွက် Design ချင်းအတူသလို စက်ရုံတွေအတွက်လည်း မတူဘူး။ Google မှာသွားခေါက်ရင်တောင် အကြမ်းဖျင်းသိနိုင်ပါတယ်။

မျက်လုံးထဲမြင်အောင် အကြမ်းဖျင်းပြောပြရရင် အဆောက်အအုံခေါင်မိုးရဲ့ Bearing Loadကို စတွက်မယ်။ ရလာတဲ့ rationမှာ သင်တော်မယ့် Moisture Slab ထပ်အုပ်မယ်။ Waterproof Roofing တပ်မယ်။ Drainage Layerနဲ့ ထားမယ့် Green Roof Design အလိုက် Medium Layerကို ပေါင်းတပ်မယ်။ ပြီးရင် အပင်စိုက်မယ်။ ဒါကနားလည်လွယ်အောင် အကြမ်းဖျင်းပေါ့။ ကွဲပြားသွားတာက Design အလိုက် ကုန်ကျစရိတ်နဲ့ Layerပိုင်းပေါ့။ ပုံမှန်ကတော့ ရှစ်ဆင့်လောက်ပဲ ရှိတယ်။ စက်ရုံကြီးတွေအတွက်ကတော့ Carbonfiber Layerပါ ပါတယ်။ ခန့်မှန်းခြေအရ တွက်ပြရရင် ပုံမှန်အလှအမိုးက တစ်သိန်းကုန်မယ်ဆို Green Roofက နှစ်သိန်းကုန်တယ်။ နှစ်ဆပိုကုန်တယ်ပေါ့။ ဒါပေမဲ့ ဘယ်အလှအမိုးမှ Green Roofလို တခြားအကျိုးကျေးဇူးတွေ မပေးနိုင်သလို ရေရှည်စိတ်ချမ်းသာမှု၊ ပြုပြင်စရိတ်သက်သာမှု၊ ကျန်းမာရေးဆိုင်ရာအကျိုးတွေကို မပေးနိုင်ဘူး။ နောက်တစ်ခုက ကနေဒါက အိမ်ခြံမြေစျေးကွက်မှာ Green Roofပါတဲ့အိမ်စျေးက တခြားအိမ်ထက် ပိုစျေးရပါတယ်။ သဘောက လာမယ့်အနာဂတ်မှာ ဒီနည်းပညာဟာ ကြီးမားတဲ့အကျိုးကျေးဇူးနဲ့ လူနေထိုင်မှုပုံစံကို သိသိသာသာ ထောက်ပံ့ပေးနိုင်တယ်။ မြန်မာမှာ ဒီနည်းပညာကို မျက်စိကျတဲ့ သူဌေးအိမ်တွေ မမြင်မိသေးဘူး။ Company တွေလည်း မရှိသေးဘူး။ ကိုရီးယားက ဂျင်းလာထည့်နေတဲ့ Roofing Design တွေကို ဘဝကြီးမှတ်နေကြတုန်းပေါ့။ ဒီအကြောင်းကို ဘာကြောင့်ရေးမိတာလဲဆိုတော့ လက်ရှိ Construction Material Company တွေရဲ့ ရွေ့လာတဲ့အကွက်တွေကို စိတ်ဝင်စားမိလို့ပါ။ ကုမ္ပဏီကြီးတွေက သူ့ထက်ငါအပြိုင် Design အလန်းစား Productတွေ၊ နည်းပညာမြင့် Product တွေကို စျေးကွက်ချဲ့နေကြပေမယ့် ဥရောပက တချို့ကုမ္ပဏီတွေက သဘာဝအရေးကိုပဲ စီးပွားရေးနဲ့ ပေါင်းကြံလာကြတယ်။ ဒါက စီးပွားရေးနယ်ပယ်က ရှိရင်းစွဲလုပ်နေကျအကွက်တွေကို ကျော်ချလာနေတာပါ။ Construction နယ်ပယ်က ပြောင်းလဲရမှာတွေကို ကြိုမြင်လာကြသူတွေက ကြိုပြောင်းလဲလာကြတယ်။ မြန်မာမှာ အခုနောက်ပိုင်း I Beam, T Beam တွေနဲ့ အိမ်ဆောက်တာက ခေတ်မှီတယ်လို့ ထင်လာကြတယ်။ ရက်ကွက်ထဲက သူဌေးတွေအပါအဝင်ပေါ့။ ဒါပေမဲ့ တခြားနိုင်ငံမှာ Green Cement လိုနည်းပညာ၊ Green Roofလိုနည်းပညာတွေဖက် လှည့်နေကြပြီ။ အမှန်က မြန်မာမှာ အရင်းရှတေတွေ ဂျင်းထည့်တာခံနေရတဲ့ ခေတ်နောက်ကျအမြင်တွေမှ အများကြီးပါ။ ထားပါတော့။ အမှန်တော့ အခုနည်းပညာက လူသားတွေ မဆင်မခြင်လုပ်လာကြမှုရဲ့ ဆိုးကျိုးတွေကနေ ပြန်ထွက်လာရတဲ့ နည်းပညာပါ။ အစိုးရတွေကိုယ်တိုင်က ကိုယ့်နိုင်ငံရဲ့ Nature Resourcesကို တန်ဖိုးထားခဲ့ကြရင်၊ ပြည်သူတိုင်းက သဘာဝတရားကို ချစ်တတ်ခဲ့ကြရင်၊ အမှိုက်နဲ့ ပလက်စတစ်တွေအရေးကို ဆင်ခြင်ခဲ့ကြရင် အခုလိုအတုလုပ် နည်းပညာတွေ လိုမှာတောင်မဟုတ်ဘူး။ အဆုံးသတ်ပြောရရင် မိမိကိုယ်တိုင်က သဘာဝတရားကို ချစ်တတ်တာက မိမိမျိုးဆက်အတွက် ကြီးမားတဲ့အမွေတစ်ခု ချန်ထားခဲ့ပေးခြင်းပါပဲ။

# crd

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ဇူလိုင်၂၅ရက်၊သောကြာနေ့ ညပိုင်းအချိန်အသံလွင့်ရုံမှ ထုတ်လွင့်ခဲ့သော ဒေါ်ခင်ကြည်၏ "တိုင်းပြည်...
18/07/2020

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ဇူလိုင်၂၅ရက်၊သောကြာနေ့ ညပိုင်းအချိန်
အသံလွင့်ရုံမှ ထုတ်လွင့်ခဲ့သော ဒေါ်ခင်ကြည်၏ "တိုင်းပြည်သို့ မှာကြားချက်"

- ကျွန်မ၏ ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်မှာပဲ အခုတော့ ကျဆုံးသွားရှာပါပြီ။ ဒီတော့ကာ ကျဆုံးသွားရတဲ့ လူတွေလည်း ကျဆုံးသွားကြပြီ ဖြစ်တဲ့အတွက် ချဲ့ထွင်လို့လည်း မပြောလိုတော့ပါဘူး။

ကျဆုံးတဲ့ပုဂ္ဂိုလ်များကို ချစ်ကြည်လေးစားကြရင်ဖြင့် သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်အဝင်ရောက်အောင် ချမှတ်တဲ့ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ကြပါလို့ ပြောပါရစေတော့။

ကျွန်မမှာတော့ ကြီးလေးတဲ့ တာဝန်တွေကို ရှေ့ဆောင်ရှေ့ရွက်အဖြစ်နဲ့ မလုပ်နိုင်သေးလို့ နောက်ကနေပြီးတော့ပဲ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်များကို တနည်းတဖုံ ပြုစုအားပေးပြီး သူ့ရဲ့ရင်နှစ်ဖြစ်တဲ့ ကလေးများကို သူတို့ရဲ့ ဖခင်သွေးပီပီ ဖခင်လို ဖြစ်ထွန်းလာစေဖို့ ပြုစုပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။

ကျွန်မနည်းတူ ကျွန်မနှင့် ကံတူအကျိုးပေး ဖြစ်ကြရတဲ့ ကျဆုံးသွားကြတဲ့ ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များမှာလည်း ဝမ်းနည်းပက်လက် ဖြစ်ကြပေလိမ့်မယ်လို့သိပါရဲ့။
ဒါပေမယ့် ကျွန်မ ပြောလိုတာကတော့ သူတို့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် သူတို့ချမှတ်ထားခဲ့တဲ့ လမ်းစဉ်ကို လိုက်ကြစေလိုပါတယ်။
ဒါမှပဲ သူတို့ကို ချစ်ရာခင်ရာ ရောက်ပါလိမ့်မယ်။

ဒီတော့ ကျွန်မတို့က အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းပြီး အားပေးကြဖို့ လိုပါတယ်။ ကျွန်မတို့ တိုင်းသူပြည်သားများကလည်း ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးများကို လေးစားတဲ့အနေနဲ့ ဒေါသရှေ့ထားပြီး စိတ်လိုက်မာန်ပါ မပြုလုပ်ကြဘဲ၊ ကွယ်လွန်တဲ့ ပုဂ္ဂိုလ်များရဲ့ ချမှတ်ထားခဲ့တဲ့ လမ်းစဉ်အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

ဖဆပလ အဖွဲ့ကြီးနဲ့၊ ဖဆပလ အစိုးရအဖွဲ့ကို အားလုံးထောက်ခံကြပြီး ကွယ်လွန်ရှာကြတဲ့ ခေါင်းဆောင်များရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လုံးဝလွတ်လပ်ရေး မရမနေ ကြိုးစားအားထုတ် ကြပါလို့"သာ တိုင်းပြည်အား အပြီးတိုင်မှာကြားခဲ့ပါတယ်ဟူ၍ ပြောကြားသွားခဲ့လေသည်။
Credit to Original Post Uploader
Copyလောကနတ်

Work is luck
16/07/2020

Work is luck

Address

Pathein

Telephone

+959977483980

Website

Alerts

Be the first to know and let us send you an email when KYAW WINT TEHL Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KYAW WINT TEHL Co.,Ltd:

Share