Paungde Art

Paungde Art Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Paungde Art, Arts & Crafts Store, Paungde.

Hello guys
07/04/2022

Hello guys

I have to try again. I haven't painted for a Fri time
05/06/2021

I have to try again. I haven't painted for a Fri time

29/12/2020

ပန်းချီခုမှစဆွဲတဲ့သူသိသင့်တဲ့အချက်လေးတွေပြောပြပေးသွားပါမယ် ------------------

No:1 ----စကေးချမဆွဲပါနဲ့ အရမ်းရှုပ်နေရင်တော့ချဆွဲပေါ့ အရမ်းလွယ်တဲ့ပုံတွေလဲစကေးချဆွဲမယ် ခက်တဲ့ပုံတွေလဲစကေးချဆွဲမယ်ဆိုရင် မင်းသူများတေနဲ့အချိန်တိုအတွင်းမှာယှဥ်ပြိုင်မယ်ဆိုရင် ဒုက္ခရောက်မှာသေချာပါတယ် စကေးချဆွဲနေကျဆိုရင် မင်းစကေးချဆွဲရင်တော့ လွယ်ကူနေပါလိမ့်မယ် အလွတ်ဆွဲပီလဲဆိုတော့ ဒုက္ခရောက်ပီ အလွတ်များများဆွဲပါ လေ့ကျင့်ပါ အလွတ်ဆိုတာ စကေးချမဆွဲနဲ့လို့ပြောချင်တာပါ ဘာလို့ချမဆွဲခိုင်းတာလဲဆိုတော့ ကြာရင်မင်းပုံတူဆွဲချင်စိတ်ပျောက်လာမယ် ကြောက်လာမယ်ပေါ့ -----------

No:2 ----ပန်းချီဆွဲနေရင် စိတ်ဝင်စားပါ အထဲမှာပဲစိတ်နှစ်ထားပေါ့ တချို့လူတွေက ဆွဲတော့ဆွဲနေပါတယ် စိတ်ကမျောက်လိုပဲ ဟိုရောက်သွားဒီရောက်သွားနဲ့ တချို့ရှိသေးတယ် ဆွဲနေရင်းဟိုဟာလေးလုပ်ချင်ရတာနဲ့ ဒီဟာလေးလုပ်ချင်ရတာနဲ့ အလိုမလုပ်ပါနဲ့ ဒီတခုဆိုဒီတခုပဲလုပ်ပါ ပီးတော့ကိုယ်အပိုင် နိုင်ဆုံးအပိုင်းက စဆွဲပါ နှုတ်ခမ်းကစချင်စပေါ့ မျက်လုံးကစချင်စပေါ့ အတာကအကြမ်းချမဆွဲတဲ့သူတေအတွက်ပေါ့ စဆွဲပီဆိုရင်လဲ မျက်လုံးဒါမှမဟုတ် နခမ်းကစဆွဲပါ အတာကအဆင်ပြေပါလိမ့်မယ်

No:3 ------အကြမ်းအရင်ချဆွဲပါ အကြမ်းအရင်ချပါ အကြမ်းချလို့တူနေပီဆိုမှ ဆွဲပါ အကြမ်းအရင်မချရင် ဆွဲနေရင်း ရွဲ့သွားတာတို့ စောင်းသွားတာတို့ဖြစ်တက်ပါတယ်

No:4 ------ခဲခြစ်တဲ့အပိုင်းကို ပိုင်နိုင်အောင်လုပ်ပါ မျက်နှာပုံတေမှာ ခဲအကြောင်းကအရေးကြီးပါတယ် ခဲမှုန်နဲ့တော့မဆိုင်ဘူးပေါ့ ခဲခြစ်တဲ့နေရာတေမှာ အမြဲတမ်းတသက်မတ်ထဲမသွားပါဘူး ပါးနေရာတို့ဘာတို့ ဆိုရင်ခဲခြစ်တေက ဝိုင်းသင့်ရင်ဝိုင်းပါ ဝိုက်သင့်ရင်ဝိုက်ပါ အဓိက​ပြောချင်တာတော့ ခဲအကြောင်းလေးတေကိုနားလည်သဘောပေါက်အောင်လုပ်ပါ အမြဲတမ်းမျဥ်းဖြောင့်အတိုင်းမသွားပါဘူး အတာကြောင့် လေ့လာပါ လေ့ကျင့်ပါ ---

No:5 -----လေ့ကျင့်ပါ လေ့လာနေရုံနဲ့မရပါဘူးလေ့ကျင့်ပါ အမြဲလေ့လာနေတယ် မလေ့ကျင့်နေဘူးဆိုရင် ဘယ်လိုဆွဲရမလဲသိနေပီးတော့ လက်ကမပါဘူးဖြစ်နေမယ် လေ့ကျင့်မှုမရှိဘူးဆိုရင် စိတ်သွားတိုင်းကိုယ်မပါတာမျိုးဖြစ်နေမယ် သတိထားပါ လေ့ကျင့်တာနဲ့ လေ့လာတာကို ညီမျှအောင်လုပ်ပါ

No:6 -----သူများတွေဆွဲတာတေကို နားလည်အောင်လုပ်ပါ ပြောချင်တာက သူတို့ဘယ်လိုဆွဲလဲဘယ်နေရာမှာဘယ်လို လုပ်လဲပေ့ါ ပီးတော့ကို့ရဲ့မူရင်းပုံစံကိုမပစ်ပယ်လိုက်ပါနဲ့ ဘယ်လိုလဲဆိုတော့ ကိုယ်ကခဲတံကိုပုံစံအမျိုးမျိုးမကိုင်တက်ဘူး
ဒီတိုင်းပဲဆွဲနေကျဖြစ်နေတယ် အတာကို မပြောင်းလိုက်ပါနဲ့ ကိုယ့်ရဲ့လက်ကိုပဲအားကိုးပါ ခဲတံကို သိပ်ပီးအားမကိုးပါနဲ့ ပြောင်းချင်ရင်တော့ လေ့ကျင့်ပါ တာပေမယ့်လဲ ကို့ပုံစံကပဲကို့အတွက်ကောင်းပါတယ် မပြောင်းနဲ့လို့ပြောချင်တာမဟုတ်ပါဘူး ဆွဲရတာ အဆင်မပြေဖြစ်နေမှာ စိုးလို့ပြောတာပါ ဘယ်လိုပဲဆွဲဆွဲ မင်းရဲ့ကားချပ်ကိုပဲကြည့်ကြမှာပါ မင်းဘယ်လိုဆွဲလဲကြည့်မှာမဟုတ်ပါဘူး

No:7 -----စိတ်ရှည်ပါ အမြန်မပီးချင်ပါနဲ့ အလိုပြောတာကပျင်းဖို့ပြောတာမဟုတ်ဘူးနော် မင်းစိတ်ရဲ့စိတ်မရှည်မှုကို ဖျောက်ဖျက်ဖြစ်ဖို့ပြောတာပါ

မသိတာရှိရင်လဲ cmမှာမန့်မှာမန့်ခဲကြပါ

မှားတာပါရင်ခွင့်လွှတ်ပါ

ခဲပန်းချီ  တချပ်ကိုစျေးသပ်မှတ်မယ်ဗျာ  ဘယ်လောက်တန်ပါ့မလဲ   အဓိကပြောချင်တာတော့စျေးမစစ်ပါနဲ့   စျေးတေကတော့  11" 15"တချပ်ကို...
27/12/2020

ခဲပန်းချီ တချပ်ကိုစျေးသပ်မှတ်မယ်ဗျာ ဘယ်လောက်တန်ပါ့မလဲ

အဓိကပြောချင်တာတော့စျေးမစစ်ပါနဲ့ စျေးတေကတော့ 11" 15"တချပ်ကိုmmk50000ကျပ်အထက်ကြီးရင်တော့စျေးပိုမယ်ပေါ့ဗျာ

ပီးတော့လက်ရာကိုကြည့်ပါ
လက်ရာကလဲ ပန်းချီတချပ်ရဲ့တန်စျေးပါပဲ

ကားချပ်ကြီးလေ စျေးကြီးလေပါပဲ
တချို့ကားတေဆို သိန်းကျော်ပါတယ်

အတာကို၃/၄သောင်း ၅သောင်းလေးပေးရတာ စိတ်ညစ်မနေပါနဲ့ ပန်းချီဆရာတေလဲသူတို့ကားချပ်ရောင်းမထွက်ရင် စိတ်ညစ်ရပါတယ်
စျေးရောင်းတဲ့သူဗျာ မရောင်းရရင်ပျော်ပါ့မလား
အလိုပြောလို့ စျောင်းနေကြတာ အနုပညာကိုရောင်းစားတယ်ထင်နေကြအူးမယ်
ကျတော်ပြောချင်တာက အဆိုတော်တယောက် အားပေးသူမရှိရင်အောင်မြင်ပါ့မလား အတာပြောချင်တာပါ
------------

အပ်တဲ့သူတနည်းအားဖြင့် ဝယ်သူပေါ့ တချို့ဝယ်သူတေကစျေးနှိမ်ချင်ကြတယ်
သူတို့ဘက်က ကြည့်ရင်လဲမမှားသလိုပါပဲ 😅😅 တာပေမယ့်ဆွဲရတဲ့သူရဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တော်တော်စိတ်ပျက်စရာပါပဲ ပန်းချီဆွဲရတာအချိန်တော်တော်ပေးရပါတယ် ကားကောင်းတချပ်ဖြစ်ဖို့ ဆိုရင်ပေါ့ ဆွဲရတဲ့အချိန်ကိုမကြည့်ဘူးဆိုတောင် သူလေ့လာခဲ့ရတဲ့အချိန် ရင်းနှီးခဲ့ရတဲ့ငွေကြေး သုံးထားတဲ့ပစ္စည်း ပန်းချီဆွဲရတာခဲတံတချောင်း ခဲဖျက်တခု နဲ့မရပါဘူး ရတော့ရတာပေါ့ ခဲတံနံပါတ်အစုံသုံးတာလောက်တော့ဘယ်ကောင်းမလဲ ပြောချင်တာကတော့ စျေးမစစ်ပါနဲ့ စစ်ချင်ရင်ကိုယ်တိုင်ပန်းချီ တချပ်လောက်ပီးအောင်ဆွဲကြည့်ပါ တချပ်ပဲဆွဲကြည့် ကြပါ ပီးတော့တူအောင်ဆွဲကြည့်ပါ သိပါလိမ့်မယ် ပြောချင်တာတော့ပီးပီဗျာ သိချင်တာလေးတေရှိလဲမန့်ခဲ့ကြအူး
ကျတော့pageကတော့ လူသိနည်းတယ် စိတ်ဝင်စားသူနည်းတယ် အတာကြောင့် အကူအညီတောင်းစရာရှိပါတယ် ကျတော့pageကိုshareပေးကြပါအူး
သိချင်တာရှိလဲ မန့်ခဲ့ကြပါ အားမနာပါနဲ့

ပြန်မျှဝေပေး ပါမယ်-------------------------------

ခဲဖြန့်တံ-----------------------တစ်ရှုးနဲ့ပါ   -----  ------------လိုအပ်တဲ့ပစ္စည်းတေကတော့ -----  တစ်ရှုး၂ရွတ်/ကော်တဘူး/ဓ...
26/12/2020

ခဲဖြန့်တံ-----------------------

တစ်ရှုးနဲ့ပါ ----- ------------
လိုအပ်တဲ့ပစ္စည်းတေကတော့ -----
တစ်ရှုး၂ရွတ်/ကော်တဘူး/ဓား/ကော်ပတ်စား/a4တရွတ် ဒေါင်လိုက် ၃ပုံ၁ပုံခြမ်းပါ/

စိတ်တော့ရှည်ရပါမယ် ကော်ကိုလည်းသတိထားသုံးပါ တစ်ရှးကပျော့လွန်းအားကြီးပါတယ် ကော်သုံးတာများရင် အဆင်မပြေပါဘူး ကော်သုံးရင်ထိရုံလောက်ပဲထိပါ စာရွတ်မှာသုံးတဲ့အတိုင်းမသုံးပါနဲ့ အဆင်မပြေပါဘူး

ကော်ပတ်စားတဲ့အခါမှာလဲစိတ်ရှည်ပါ 😅

ခဲဖြန့်တံ (Blender)ကို  တစ်ရှုးနဲ့လုပ်ကြမယ်    စိတ်ဝင်စားရင်  မန့်ခဲ့ကြ   ခဲမှုန်အတိုင်းပဲ   ခဲညှိရတာပိုအဆင်ပြေလာလိမ့် မ...
22/12/2020

ခဲဖြန့်တံ (Blender)ကို တစ်ရှုးနဲ့လုပ်ကြမယ် စိတ်ဝင်စားရင် မန့်ခဲ့ကြ ခဲမှုန်အတိုင်းပဲ ခဲညှိရတာပိုအဆင်ပြေလာလိမ့် မယ် အင်္ကျီအတွန့်နေရာတေ အလင်းအမှောင်နေရာတေ ပိုသုံးလို့ကောင်းလာမယ် စိတ်ဝင်စားရင် မန့်ခဲ့ကြ တခုတော့ရှိတယ် အမှောင်များတဲ့နေတော့မသုံးကြနဲ့

15/12/2020

ခဲပန်းချီဆွဲတက်ချင်တာလား--------------------------------ပါရမီလိုလားဆိုတော့လည်းအရမ်းကြီးမလိုပါဘူး ပြိုင်ပွဲတခုမှာဗျာ ပါရမီပါပီး မလေ့ကျင့်တဲ့သူနဲ့ အမြဲတမ်းလေ့ကျင့်နေတဲ့သူနဲ့ ဘယ်သူနိုင်မယ်ထင်လဲ လေ့ကျင့်နေတဲ့သူကပဲနိုင်တာပါ အတာကြောင့်ပါရမီဆိုတာအရမ်းကြီးမလိုအပ်ပါဘူး ခင်များတို့ပြောနေကြတဲ့ ပါရမီပါတဲ့လူလို့ပြောနေကြတဲ့သူတေကလည်း ငယ်ငယ်လေးတည်းကဆွဲချင်ကြတာ ငယ်ငယ်လေးတည်းကဟိုခြစ်ဒီခြစ်လုပ်နေကြတာ အတော့သူတို့ကပိုသာတာပေါ့ အလိုလူတေကိုခုမှထဆွဲတဲ့သူတေကယှဥ်လို့ရမလား ကျွန်တော်နှိုင်းယှဥ်ပီးပြောတာမဟုတ်ပါဘူး ပန်းချီဆွဲတက်ချင်ရင်ကြိုးစားပါ လေ့လာပါ သူများတေဘယ်လိုဆွဲလဲ ဘယ်လိုနေရာတေမှာ ဘယ်လိုတွေသုံးလဲ မှတ်ထားပါ မဆွဲဘဲနဲ့တော့တက်မှာမဟုတ်တဲ့အတွက် ဆွဲကြည့်ပါလေ့ကျင့်ပါ လိုက်ဆွဲကြည့်ပါ လေ့လာနေလို့လည်းမရဘူးလေ လေ့ကျင့်မှရအုံးမှာ fbတို့ you tubeတေမှာလေ့စရာတေများပါတယ် ရှာကြည့်ကြပါပန်းချီနဲ့ပတ်သတ်တာတေ မပင်ပန်းပါဘူး သူ့ကိုလိုချင်ရင်တော့ သူ့အတွက်အချိန်ပေးလိုက်ပါ ကိုယ့်ချစ်သူကိုတောင် အချိန်ပေးပီးစောင့်ခဲ့ကြ သေးတယ်မဟုတ်လား ခုပန်းချီကချစ်သူထက် တန်ဖိုးအများကြီးရှိပါတယ် ချစ်သူကမှကိုယ့်ကိုငြိုငြင်ရင်ငြိုငြင်နေအုံးမှာ ပန်းချီကတော့ခင်များတို့အသုံးကျကျမကျကျ ဘာမှပြောမှာမဟုတ်ပါဘူး တာပေမယ့်ပန်းချီကတော့ ဆွဲပါများလာရင် တိုးတက်ပါတယ် ချစ်သူကတော့ ငြိုငြင်ပါများလားရင် ပစ်သွားတက်ကြတယ်နော် သတိထားကြ😁😁 တချို့လူတေက သူ့ချစ်သူက ဝါသနာနဲ့ ကျမနဲ့ဘယ်သူ့ကိုရွေးမလဲဆိုရင်ချစ်သူကိုရွေးတက်ကြပါတယ် ရွေးပီးတော့လည်း ဆွဲနေကြတာပါပဲ ချစ်သူကိုတောင်မေ့ရင်မေ့နေကြတာ ကိုယ့်ကိုနားလည်ပေးမယ့်ချစ်သူဆိုရင်တော့ကောင်းတာပေါ့ ဝါသနာတူချင်းဆိုကောင်းတာပေါ့လေ အဆုံးသတ်တော့မယ်မျာ----------- ပန်းချီဆွဲတက်ချင်ရင်လေ့လာကြပါ လေ့ကျင့်ကြပါ အားတဲ့အချိန်တိုင်းပေါ့ အားကစားတောင် ပါရမီပါတာတောင် အချိန်တိုင်းလေ့ကျင့်နေမှနော် အတာကြောင့်လေ့ကျင့်ကြပါလို့ပဲပြောချင်ပါတယ် လေ့ကျင့်မှုကပဲ မင်းကိုသင်ပေးသွားပါလိမ့်မယ် ကံကောင်းကြပါစေ ---------------

ပိုက်ဆံကုန်သက်သာစေချင်လို့ပါ-------------------------------------------ခဲတံချွန်တဲ့အခါထွက်လာတဲ့အမှုန်တေ/ကျိုးသွားတဲ့ခဲတံ...
14/12/2020

ပိုက်ဆံကုန်သက်သာစေချင်လို့ပါ-------------------------------------------
ခဲတံချွန်တဲ့အခါထွက်လာတဲ့အမှုန်တေ/ကျိုးသွားတဲ့ခဲတံအစတေ/---- စတာတေကို လွှင့်မပစ်လိုက်ပါနဲ့ဘူးတဘူးနဲ့သေချာသိမ်းထားပါ ကျိုးသွားတဲ့အစတေကိုအမှုန့်ဖြစ်အောင်ပြုလုပ်ပါ ပီးရင်ဘူးနဲ့သိမ်းထားပါ ပြန်အသုံးပြုလို့ရပါတယ် ဘယ်လိုအသုံးပြုရမလဲဆိုတော့ စုပ်တံတချောင်းလိုပါမယ် စုပ်တံကတော့ကိုယ်အဆင်ပြေတဲ့ဟာနဲ့ရွေးပီးအသုံးပြုပေါ့ ဘယ်နေရာတေမှာအသုံးပြုရမလဲဆိုတော့ ဆံပင်ဆွဲတဲ့နေရာတေ/အရိပ် အမှောင် ခဲသားညှိတဲ့နေရာတေ စတာတေမှာသုံးပါတယ် ဘယ်လိုလုပ်ရမလဲဆိုတော့ စုပ်တံနဲ့ ခဲအမှုန့်တေကို စုပ်တံနဲ့ယူပါ(တို့ပါ)ပီးရင်ကိုသုံးချင်တဲ့နေရာမှာ ပွတ်ပေးပါ ခဲအမှုန့်ကိုနည်းနည်းစီပဲထည့်ပါ့ များသွားရင်ကြည့်ရဆိုးသွားပါလိမ့်မယ် ကိစ္စတော့မရှိပါဘူး သူကခဲဖျက်နဲ့ဖျက် ရတာလွယ်ပါတယ် ပီးတော့ သူ့ကိုဆံပင်အဖြူတေရေးရင်လဲသုံးပါ လွယ်လွန်းပါတယ် မှားတာပါရင်လဲထောက်ကြပါ သိချင်တာရှိသေးရင်လဲ cmမှာမန့်ခဲကြပါ တင်ပေးပါ့မယ်-------------------

One day for one picture
14/12/2020

One day for one picture

ဒီpostကတော့ပန်းချီဆွဲတဲ့သူတွေအတွက်ပါ              တခါတလေမှာကိုယ့်အတွက်အသုံးမဝင်တဲ့စာရွတ်တေရှိမယ်ရှိနေမယ်ပေါ့ဗျာ        (...
12/12/2020

ဒီpostကတော့ပန်းချီဆွဲတဲ့သူတွေအတွက်ပါ

တခါတလေမှာကိုယ့်အတွက်အသုံးမဝင်တဲ့စာရွတ်တေရှိမယ်ရှိနေမယ်ပေါ့ဗျာ (ဥပမာ)ကိုခဲစမ်းထားတဲ့ စာရွတ်တေရှိမယ်
ကိုယ်မကြိုက်တဲ့ပုံတေပေါ့ ကိုယ်မုန်းတဲ့လူရဲ့ပုံတေပေါ့ ဆွဲမိထားတယ်ဆိုရင်ပြောတာပါ ပီးတော့ကိုယ်သိပ်သဘောမကျတဲ့ပုံတေရှိနေမယ်ဆိုရင် ခဲဖြန့်တံတချောင်းလောက်လုပ်ကြည့်ပါ အဲဒီအသုံးမဝင်တဲ့ ပုံတေစာရွတ်တွေ ထက်ပိုအဖိုးတန်ပါတယ် လုပ်ရတာလဲဘာမှမခက်ခဲပါဘူး လိုအပ်တာလေးတေကတော့ စာရွတ်ကပ်တဲ့ကော် (တဘူးလုံးတော့မကုန်ပါဘူး နည်းနည်းဆိုရပါတယ်)စာရွတ်၄/၅ရွက်လောက် /ဓားတချောင်း ခဲချွန်ဓားလောက်ဆိုရပါတယ်

ပျင်းလို့ဆိုပီးမဆွဲပဲထားလိုက်တာကြာသွားတယ်
11/12/2020

ပျင်းလို့ဆိုပီးမဆွဲပဲထားလိုက်တာကြာသွားတယ်

ညကပုံလေးပါ😁
22/11/2020

ညကပုံလေးပါ😁

Address

Paungde

Website

Alerts

Be the first to know and let us send you an email when Paungde Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share