26/04/2023
စစ်ဘေးရှောင်တွေ ဘာလိုလဲ
ဘာကူရမလဲဆိုသူတွေအတွက်ပါ။
- #စားနပ်ရိက္ခာ စစ်ဘေးရှောင်အများစုက အလုပ်အကိုင်အခွင့်အလမ်း လုံးဝ ရှိမနေတာကြောင့် ဝင်ငွေမရှိကြပါဘူး။ နေ့စဉ် ရှင်သန် ရုန်းကန်နိုင်ရန်အတွက် စားနပ်ရိက္ခာများလိုအပ်နေပါတယ်။ အိမ်ထောင်စု တစ်စုလျှင် (၂) သောင်းကျပ်နှုန်းဖြင့် ကူညီနိုင်ပါတယ်။
- #သောက်သုံးရေ တောင်ပေါ်ဒေသဖြစ်ပြီး ရေရှားပါးမှုကြောင့် သောက်သုံးရေအခက်အခဲက နှစ်စဉ်ရင်ဆိုင်နေရပါတယ်။သောက်သုံးရေအတွက် ကားကြီးတစ်စီးတစ်ခေါက်စာလျှင် (၃) သောင်းကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။
- #အမိုးအကာ အိုးအိမ်များကိုစွန့်ခွာပြီး စစ်ဘေးလွတ်ရာနေရာမှာ ဖြစ်သလိုနေကြရပါတယ်။ တဲအိမ်များတည်ဆောက်နိုင်ရန်နှင့် ရေကန်၊ အိမ်သာများအတွက် အမိုးအကာပြုလုပ်ရန် မိုးကာစများ လိုပါတယ်။ မိုးကာတစ်စလျှင် (၃) သောင်းကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။
- #ဆေးဝါး စစ်ဖြစ်ပွားရာဒေသဖြစ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ဖို့က ပုံမှန်အခြေအနေထက် များစွာခက်ခဲနေတာပါ။ လမ်းပန်းဆက်သွယ်ရေးအနေအထားကြောင့် ဆေးရုံဆေးခန်းများကို သွားရောက်ပြသဖို့အတွက် ခက်ခဲလှတာကြောင့် ရွေ့လျားကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းများကို အားကိုးနေကြရပါတယ်။ ဆေးဝါးစားရိတ်အတွက် နည်းများမဆို ပါဝင်ပေးလို့ရပါတယ်။
#သင်ထောက်ကူပစ္စည်း ကြားကလကိုယ်ထူကိုယ်ထပညာရေးကျောင်းများကို စေတနာ့ဝန်ထမ်းအင်အားများဖြင့် စစ်ရှောင်စခန်းအများစုမှာ ဖွင့်လှစ်ထားရှိပါတယ်။ တက်ရောက်ပညာသင်ကြားနေသော စစ်ဘေးရှောင် ကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများအား တစ်ဦးလျှင် (၁) သောင်းကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။
#အာဟာရဒါန အာဟာရပြည့်ပြည့်ဝဝစားသုံးဖို့ဆိုတာ ရှင်သန်နေသူတိုင်းအတွက် လိုအပ်ချက်တစ်ခုပါ။ ကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင်စခန်းများရှိ သွေးချင်းများအား ထမင်းတစ်နပ်ကို အရသာရှိရှိ အာဟာရရှိရှိ စားသုံးနိုင်စေရန် အာဟာရဒါနအဖြစ် တစ်ဦးလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ပါဝင်နိုင်ပါတယ်။
စစ်ရှောင်ဒေသ တစ်ခုဖြစ်တဲ့ ကရင်နီပြည်မှာ Clean Yangon မှ စစ်ဘေးရှောင်သွေးချင်းများရဲ့ လိုအပ်ချက်များကို လျော့နည်းအောင် ပြည်တွင်း/ပြည်က စေတနာရှင်များရဲ့ ပံ့ပိုးမှု၊ ဒေသခံအဖွဲ့အစည်းများရဲ့ ကူညီမှု၊ စေတနာ့ဝန်ထမ်းများရဲ့ အားထုတ်မှုတို့ဖြင့် အချိန်နှင့်တပြေးညီ ကြိုးစားကာ ဆောင်ရွက်လျှက်ရှိပါတယ်။
ပါဝင်ကူညီလိုပါက မက်ဆေ့မှတစ်ဆင့်မေးမြန်းစုံစမ်းနိုင်ပါတယ်။
#စစ်ဘေးရှောင်
#မျှဝေခြင်းသည်မေတ္တာ