Mercy Home Real Estate & Home Deco.

Mercy Home Real Estate & Home Deco. Lets Make Our Dream Homes Come True ......

ငွေကျပ် 375 သိန်းထဲနဲ့ Fully Furnished , Luxury Apartment လေးမှာနေကြမယ် ❤️.................................................
23/01/2022

ငွေကျပ် 375 သိန်းထဲနဲ့ Fully Furnished ,
Luxury Apartment လေးမှာနေကြမယ် ❤️..................................................................

အားလုံးပဲမင်္ဂလာရှင် ...

ရန်ကုန်မြို့လယ်နဲ့ အလွန်နီးပြီးတော့
သက်တောင့်သက်သာနဲ့ နေချင့်စဖွယ် အလှဆင်ထားတယ့် Luxury grade အပြည့်အခန်းလေးတခန်းနဲ့ မိတ်ဆက်ပေးပါရစေရှင့်။

အကျယ်အဝန်းအားဖြင့်600 sqft ရှိတယ့် ဒေါပုံမြို့နယ်
ယမုံနာရပ်ကွက်က ဒီ Studio type အခန်းလေးဟာ မိသားစုနည်းနည်းနဲ့ အေးအေးဆေးဆေးနေချင်သူတွေ ၊ ကြင်စဦး ဇနီးမောင်နှံတွေ ၊ အထက်တန်းကျကျ နေချင်ပြီးမှ အိမ်ခန်းအတွက် ငွေလည်းအများကြီးမသုံးချင်သေးဘူးဆိုတယ့် သူတွေအတွက်တော့ ရွေးချယ်သင့်တယ့်အခန်းလေးပါ။

🏠🏠🏠 နောက်တချက်က အိမ်ဝယ်တယ်ဆိုတာ ပတ်ဝန်းကျင်ကို ဝယ်ရတာပါ။ မိမိတို့ရဲ့အိမ်လေးကို ဘယ်လောက်ပဲ နေချင်စဖွယ်ပြင်ဆင်ထားပါစေ
ပတ်ဝန်းကျင်မကောင်းလို့ကတော့ အမြဲတစေ
စိတ်ဆင်းရဲနေရမှာပါ။အခုအခန်းလေးကတော့
ရှားရှားပါးပါးဆိုသလို အလွန်ဆိတ်ငြိမ်လှတဲ့
ရပ်ကွက်လေးမှာတည်ရှိနေတာပါ။
ပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်း နဲ့ မူလတန်းကျောင်းလေး‌ရှိ‌‌လို့ ကန်ထရိုက်တိုက်တွေ
အလွန်နည်းပါတယ် ။ တတိုက်လုံးမှာ နေကြတဲ့ သူတွေကလဲ လူနေမှုအဆင့်အတန်းမြင့်မားကြလို့
‌အေးအေးဆေးဆေးနေချင်သူတွေအတွက်တော့
စိတ်တိုင်းကျမှာသေချာပါတယ်။

🏥🏥🏥ကျန်းမာရေးအတွက်ဆိုရင်လဲ
မိုးသီးအထူးကုဆေးရုံကို ၃မိနစ်ခန့် လမ်းလျှောက်ရုံနဲ့
ရောက်နိုင်ပါတယ်။

🥩🥦🍅ဒေါပုံမြို့နယ်ရဲ့ အားအထားရဆုံး
ဈေးကြီးကလည်း အိမ်နဲ့အလွန်ပင်နီးတဲ့အတွက်
အိမ်ထောင်ရှင်မများအတွက် အချိန်မကုန် လူမပင်ပန်းတော့ဘူးပေါ့ ....

အခန်း‌လေးရဲ့ မျက်နှာမူထားတဲ့
အရပ်ကြောင့်လည်း
ဗီတာမင်အပြည့်အ၀ပါတဲ့ နံနက်ခင်း ☀️နေရောင်ခြည်လေးကို ရရှိနိုင်မှာဖြစ်ပြီး
ကျန်ရှိတဲ့တနေ့တာလုံးကိုတော့ အိမ်ရဲ့ အနောက်ဘက်က‌‌ လှိုင်မြစ်ကိုဖြတ်သန်းပြီးတိုက်ခတ်လာတဲ့ လေနုအေးလေးတွေကြောင့် အလွန်ပူပြင်းတဲ့ နွေရာသီမှာတောင် ချွေးမထွက်ပဲ သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်မှာပါ ....

🏠🏠🏠 ပိုင်ဆိုင်မှုအတွက်ဆိုရင်လဲ
မြေရှင်ဆီက တိုက်ရိုက်
၀ယ်ယူထားတဲ့ Bccကျထားပြီးသား
အခန်းလေးဖြစ်တဲ့အတွက် စိတ်ချစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ....
မြေရှင်ကိုယ်တိုင် ကြီးကြပ်ပြီး 🏗️🏗️🏗️
bored pile စနစ်နဲ့ ဆောက်ထားတဲ့
တိုက်ဖြစ်တဲ့အတွက် တိုက်အရည်အသွေးရော
ကြံ့ခိုင်မှုအပိုင်းမှာပါ အာမခံနိုင်ပါတယ်ရှင် ...
ဒါ့အပြင် ရေပေးဝေမှု စနစ်ကို အဝီစိ နဲ့ ဂျိုးဖြူ
နှစ်မျိုးစလုံးရနိုင်ရှိအောင် စီမံထားတဲ့အတွက်
ညဘက်အိပ်ရေးပျက်ခံပြီးရေတင်နေစရာ မလိုတော့ပါဘူးရှင် ...

💏👫👨‍👩‍👧👨‍👩‍👦 Holidayမှာ ကိုယ်ပိုင်ကား‌လေးနဲ့
မိသားစု ဈေးဝယ်ထွက်ချင်တယ်
ဆိုရင်လဲ Ocean ကို ၈မိနစ် ၊ သာကေတ capital နဲ့ ရွှေပုဇွန်ကို ၁၂ မိနစ်ခန့်နဲ့ အရောက်သွားနိုင်ပါတယ်။

တိုက်ခန်းလေးရဲ့ တည်နေရာကတော့ map မှာ ပြထားတဲ့အတိုင်း ယမုံနာလမ်းမကြီး ၊
ပေ၈၀ လမ်းမကြီးတို့နဲ့ အပြိုင်လမ်းဖြစ်တဲ့
မြို့မလမ်းပေါ်မှာ တည်ရှိနေတာပါ။ လမ်းကျယ်ဖြစ်တဲ့အတွက် ကားနှစ်စီး ကောင်းကောင်း
ရှောင်နိုင်ပါတယ်။ ဒါ့အပြင် ကားပါကင်အတွက်လဲ စိတ်ပူနေစရာမလိုပါဘူး။

ပတ်ဝန်းကျင်နဲ့တည်နေရာတွေအကြောင်းပြောပြီးပြီဆိုတော့ ဒီတခါ တိုက်ခန်းမှာ ပါဝင်မယ့် facilities တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ကိုယ်ပိုင်မီတာ၊ကိုယ်ပိုင်ရေစက်၊အဲယားကွန်း၊ရေခဲသေတာ၊ အဝတ်လျော်စက်၊ရေပူရေအေး၊water filter ၊ pressure pump ၊ customized furnitures ( including bed, wardrobe , reading table , hallway table and mirror ) စတာတွေ အပြင် လုံခြုံရေးအတွက် သံပန်း၊သံတံခါး တွေပါ တပ်ဆင်ပြီး ဖြစ်ပါတယ်။

Wiring system အတွက် cable တွေအားလုံးကို
ကြိုးပျောက်စနစ်နဲ့ တပ်ဆင်ထားပြီး ၊ လျှပ်စစ်အနရာယ်မှ ကင်းဝေးဖို့ မီးသုံးဆွဲမှုဝန်အားအလိုက်
Circuit Breakerများကိုတပ်ဆင်ထားပါတယ် .
💡💡💡 Lighting အနေနဲ့က
4000K ( Kelvin )
အလင်းရောင်ကို အဓိက အသုံးပြုထားတဲ့အတွက်
အိမ်ထဲကို ဝင်လိုက်တာနဲ့ စိတ်ရဲ့ကြည်လင်လန်းဆန်းမှုကို အပြည့်အဝ ရရှိစေမှာပါ။

Interior decorations တွေအနေနဲ့ ပုံမှာ ပြထားတဲ့အတိုင်း အသေးစိတ်ကအစ ဂရုတစိုက်နဲ့
Luxury mood အပြည့်အဝရနိုင်ဖို့
ဖွဲ့စည်းထားပါတယ်ရှင် ....

Studio type ဖြစ်တဲ့ အတွက် အခန်းမဖွဲ့ထားတော့ပဲ ပိုမိုကျယ်ဝန်းတဲ့အရသာကိုခံစားနိုင်ဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် ငါးလွှာ ( တမိုးအောက် ) အခန်းဖြစ်တဲ့အတွက် အိမ်ရှေ့ရော အိမ်နောက်မှာပါ
တိုက်အပြိုင်မရှိလို့ မိသားစုအတွက် စိတ်လုံခြုမှု နဲ့ လွတ်လပ်မှုတို့ အပြည့်အဝ ရရှိနိုင်မှာပါ။

တိုက်ခန်းလေးရယ့်တန်ဖိုးကိုတော့ အိမ်ရှင်က ၃၇၅သိန်းဆိုပြီး သတ်မှတ်ပေးထားပါတယ်။ အိမ်ခန်းလေးရယ့် ပိုင်ရှင်အဖြစ် တကယ်ထိုက်တန်တယ့်သူဆိုရင်လည်း ထပ်ပြီးညှိနှိုင်းနိုင်ပါသေးတယ်တဲ့ရှင့်။

👏👏👏👏👏👏👏👏

ဒီလို အစစအရာရာ ပြီးပြည့်စုံနေတဲ့ အခန်းလေးကို
စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်တော့
☎️ 095250387 , 09420025901
ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်....
အကျိုးတူ ပူပေါင်းဆောင်ရွက်လိုသူများကိုလည်း
ကြိုဆိုပါတယ်ရှင်...
စာကို အဆုံးတိုင်အောင် ဖတ်ပေးတဲ့
လူကြီးမင်းကိုလဲ အထူးပဲကျေးဇူးတင်ပါတယ်ရှင်.
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

အားလုံးပဲမင်္ဂလာရှင် ...ရန်ကုန်မြို့လယ်နဲ့ အလွန်နီးပြီးတော့ သက်တောင့်သက်သာနဲ့ နေချင့်စဖွယ် အလှဆင်ထားတယ့်  Luxury grade အ...
21/12/2019

19/12/2019

ချမ်း‌အေးလှတဲ့ ခရစ်စမတ်ရာသီမှာ
အိမ်ယာမဲ့တွေကို ပျော်ရွှင်စေချင်တဲ့
အနေနဲ့ လက်ဆောင်လေးတွေလိုက်ပေးတဲ့
Video file လေးကိုကြည့်ရင်း
မိတ်ဆွေများအားလုံးလဲ ယခုလို အေးချမ်းလှတဲ့ ရာသီမှာ နွေးထွေးလုံခြုံတဲ့ အိမ်လေးများပိုင်ဆိုင်နိုင်ကြပါစေလို့ Mercy Home Group မှ
တောင်းဆုပြုလိုက်ပါတယ်နော်....

Credit # video from YouTube..

19/12/2019

မြေရှင်လက်မှတ်မပါလည်းတိုက်ခန်းအရောင်းအဝယ်စာချူပ်ချုပ်လိုရပါတယ်
~~~~~~~~~~~~~~~~~~~~
မိတ်ဆွေတစ်ဦးက တိုက်ခန်းဝယ်ရာမှာ စာချုပ်ချုပ်ဖို့အတွက် ငှားရမ်းပါတယ်။ တိုက်ခန်း နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု့အထောက်အထား တွေကို စစ်ဆေးပြီး ဖြစ်ကြောင်း နှင့် စာချုပ်ချုပ်ဆိုရန်သာ ကျန်တဲ့အကြောင်းအုပ်ချုပ်ရေးမှုး နဲ့ထွေရာလေးပါး စကားပြောဖြစ်တယ်။ အဲဒီနောက်တော့ အုပ်ချုပ်ရေးမှုးက စာချုပ်ချုပ်ဆိုရာမှာ မြေရှင်မပါဘူးလား လို့မေးပါတယ်။ ဝယ်သူက မပါကြောင်း ဖြင့်ဖြေပါတယ်။ အုပ်ချုပ်ရေးမှုးက ဘာဆက်ပြောသလဲဆိုတော့ ...........

" မြေရှင်လက်မှတ်မပါလျင် တိုက်ခန်းအရောင်းအဝယ်က လုံးဝတရားမဝင်ဘူး။ မြေရှင်လက်မှတ်ရအောင်ယူပါ " ပါးစပ်အဟောင်းသားဖြစ်သွားမိပါတယ်။ ဘယ်ဥပဒေအရ တရားမဝင်တာလဲ လို့မေးလိုက်ချင်ပေမယ့် မသိတဲ့သူ ကိုမေးနေလည်း ဘာမှမရနိုင်ဘူးဆိုတာ သိနေတော့ မမေးမိခဲ့လိုက်ပါဘူး။

ဒါနဲ့ မြေရှင်ကို လက်မှတ်ထိုးခိုင်းရင် လက်မှတ်ထိုးခက ဘယ်လောက်ပေးရတာလဲ လို့မေးကြည့်တော့ ၂ % ပေးရတယ် ။ ဒါက ပုံမှန်ဈေးတဲ့ဗျာ။

ဝယ်သူကလည်း ဘေးကပါတဲ့ရှေ့နေဆိုတာကြီးကို မေ့နေပြီ။ အုပ်ချုပ်ရေးမှုး စကားကိုပဲအထင်တကြီးနဲ့။

ဒီလိုနဲ့ရောင်းသူ ရောက်လာတော့ စာချုပ်ချုပ်ဆိုကြပါတယ်။ အားလုံးပြီးတော့ ဝယ်သူကို ခေါ်ပြီး ရှင်းပြလိုက်ပါတယ်။

တိုက်ခန်းအရောင်းအဝယ်စာချုပ်မှာ မြေရှင်လက်မှတ်မပါလျင် တရားမဝင်ဘူးဆိုတာ လုံးဝမဟုတ်ပါ။ မြေရှင်ကို ပေးရမယ်ဆိုလျင် မြေငှားခသာပေးရပါမယ်။ ယနေ့ခေတ်မှာ မြေငှားခ ယူတဲ့မြေရှင်ဆိုတာကလည်း နည်းပါးပါတယ်။ ဆိုပြီး သေချာရှင်းပြလိုက်တော့မှ ဝယ်သူက သဘောပေါက် သွားပါတယ်။ အသိတစ်ခုကြောင့် ၂ % ဆိုတဲ့ငွေပမာဏ သက်သာရပါပီ။

မြေရှင်လက်မှတ် ဘာကြောင့်မဖြစ်မနေ မလိုတာလဲ။ ရှင်းရှင်းလေးပါ။

တိုက်ခန်းတွေဘယ်သူပိုင်တယ်ဆိုတာမြေရှင်သိတယ်လေလိမ်ရောင်းလိုမရအောင်မြေရှင်လက်မှတ်ထိုးပါမှစာချူပ်ပါလို့ထုံစံလုပ်ထားလို့ပါ မြေရှင်လက်မှတ်ပါမှ အရောင်းအဝယ်တရားဝင်ပါသည်ဟု မည်သည့်ဥပဒေကမျှပြဌာန်းထား ခြင်းမရှိပါ။

Credit : Org...( စာချုပ်ရှေ့နေ)

🏢 ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆို ဒါတွေ စစ်ဆေးမိရဲ့လား ?🚀 လူဦးရေ တစ်စထက်တစ်စ များပြားလာနေတဲ့ခေတ်ကြီးထဲမှာ ကြိုပွိုင့်တိုက်...
19/12/2019

🏢 ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆို ဒါတွေ စစ်ဆေးမိရဲ့လား ?

🚀 လူဦးရေ တစ်စထက်တစ်စ များပြားလာနေတဲ့ခေတ်ကြီးထဲမှာ ကြိုပွိုင့်တိုက်ခန်းဝယ်ယူမှုတွေလည်း များပြားလာတဲ့အလျောက် ရံဖန်ရံခါမှာ သတိမေ့လျော့ပြီး မစစ်ဆေးမိတဲ့ အကြောင်းအရာတချို့ကြောင့် မလိုအပ်ပဲ အချိန်ကုန်လူပန်းမဖြစ်ရစေဖို့ ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆိုရင် စစ်ဆေးရမယ့်လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ ။

🏗️ မဆောက်လုပ်ရသေးတဲ့ တိုက်ခန်းကိုဖြစ်စေ ၊ဆောက်လုပ်နေဆဲတိုက်ခန်းကို ဖြစ်စေ ၊ အဆောက် အအုံ မပြီးစီးမီ ကြိုတင်ရောင်းဝယ်မှု ပြုလုပ်လျှင် ကြိုပွိုင့်တိုက်ခန်းအရောင်းအဝယ် ဖြစ်ပါတယ် ။

👉 ကြိုပွိုင့်တိုက်ခန်းအရောင်းအဝယ်မှာ ဝယ်သူအတွက် အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိနေပြန်ပါတယ် ။

👆 အားသာချက်အနေနဲ့ကတော့ ကြိုတင်ဝယ်ယူခြင်းဖြစ်လို့ ငွေတစ်လုံးတစ်ခဲတည်းပေးစရာမလိုပဲ အရစ်ကျပေးချေနိုင်သလို စျေးနှုန်းသက်သာခြင်းပဲ ဖြစ်ပါတယ် ။

👇 အားနည်းချက်ကတော့ ကန်ထရိုက်တာက မိမိဝယ်ယူထားတဲ့ တိုက်ခန်းကို အခြားသူကို ရောင်းချထားနိုင်ခြင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားရပါက နစ်နာနိုင်ခြင်းနဲ့ ဝယ်ယူစဉ်ကတိပြုထားသည့်မှ သွေဖယ်၍ အရည်အသွေးနိမ့်သောပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့် နစ်နာနိုင်ခြင်းပဲ ဖြစ်ပါတယ် ။

✔️ ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆိုရင် အဓိကစစ်ဆေးရမယ့် အချက်တွေကတော့ ..

🔸(၁) မြေရှင်(သို့မဟုတ်)ကန်ထရိုက်စာချုပ်ကို သေချာဖတ်ရူပြီးနောက် မိမိဝယ်ယူမယ့်အခန်းဟာ ရောင်းချသူ အမှန်တကယ် ရရှိပိုင်ဆိုင်သည့်အခန်း ဟုတ်/မဟုတ် ? စစ်ဆေးရပါမယ် ။

🔸(၂) မဆောက်လုပ်ရသေးသည့် အဆောက်အအုံ တိုက်ခန်းကို ဖြစ်မယ်ဆိုရင်တော့ မြေရှင် (သို့မဟုတ်) ကန်ထရိုက်စာချုပ်မှာ ကန်ထရိုက်တာသည် စည်ပင်ရုံးမှ အဆောက်အအုံဆောက်လုပ်ခွင့်ရရှိထားပြီးနောက် မည်သည့် လနှင့်ခုနှစ်အတွင်း အပြီးအစီး ဆောင်ရွက်ပေးမယ့် အကြောင်း သဘောတူချက်များမှာ ပါဝင်/မဝင် စစ်ဆေးရပါမယ် ။ ( အချိန်ကန့်သတ်မှု မထားရှိပါက ၊ မဝယ်ယူသင့်ပါ။ )

🔸(၃) အဆောက်အအုံ ဆောက်လုပ်ခွင့် (Permit) ကျပြီးသား တိုက်ဖြစ်ပါက ဆောက်လုပ်ခွင့်မိတ္တူရယ် .. မြေရှင် (သို့မဟုတ်) ကန်ထရိုက်စာချုပ်ရယ်ကို လက်ဝယ်ရယူထားရပါမယ် ။

🔸(၄) အဆောက်အအုံ ဆောက်လုပ်နေစဉ် ကာလအတွင်းမှာလည်း မြေရှင် (သို့မဟုတ်) ကန်ထရိုက်စာချုပ်ပါ သဘောတူချက်များအတိုင်း ဝယ်ယူထားသောတိုက်ခန်းတွင် အရည်အသွေးပြည့်မီသည့်ပစ္စည်းများ ထည့်သွင်းအသုံးပြုတည်ဆောက်ထားပေးခြင်း ရှိ/မရှိ စစ်ဆေးရပါမယ် ၊

🔸(၅) ထို့နောက် မိမိဝယ်ယူမည့်တိုက်ခန်းနှင့် ပတ်သက်၍ ကြိုပွိုင့်ဝယ်ယူထားသည်ကို ကန့်ကွက်.
ရန်ရှိ/မရှိ သတင်းစာများတွင် ကြေညာရန် လိုအပ်ပါတယ် ၊

🔸(၆) တိုက်ခန်းပြီးစီးမှု အခြေအနေအလိုက် စရံငွေဘယ်လောက်ပေးချေမယ်ဆိုတဲ့အကြောင်း စာချုပ်မှာ သေချာစွာရေးသားချုပ်ဆိုထားရပါမယ် ။

🔸(၇) နောက်ဆုံးအနေနဲ့ကတော့ တိုက်ခန်း လက်ရောက်အပ်နှံမယ့် နေ့ရက်ကို အတိအကျ ရေးသားချုပ်ဆိုထားကြရပါမယ် ။

😃 ကြိုပွိုင့်တိုက်ခန်းဝယ်ယူရာမှာ အခုလို အဓိကကျတဲ့ အခြေခံအချက်အလက်များကို စစ်ဆေးပြီး ဝယ်ယူမယ်ဆိုရင်တော့ နစ်နာဆုံးရှုံးမှုနည်းပြီး စိတ်ချမ်းသာရမှာ အမှန်ပဲ ဖြစ်ပါတယ် ခင်ဗျာ ။ ☺️

🏠 သာယာချမ်းမြေ့သော ဘဝနေအိမ်လေးများကို
လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ။ 🏠

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🏢 ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆို ဒါတွေ စစ်ဆေးမိရဲ့လား ?

🚀 လူဦးရေ တစ်စထက်တစ်စ များပြားလာနေတဲ့ခေတ်ကြီးထဲမှာ ကြိုပွိုင့်တိုက်ခန်းဝယ်ယူမှုတွေလည်း များပြားလာတဲ့အလျောက် ရံဖန်ရံခါမှာ သတိမေ့လျော့ပြီး မစစ်ဆေးမိတဲ့အကြောင်းအရာတချို့ကြောင့် မလိုအပ်ပဲ အချိန်ကုန်လူပန်းမဖြစ်ရစေဖို့ ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆိုရင် စစ်ဆေးရမယ့်လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ ။

🏗️ မဆောက်လုပ်ရသေးတဲ့ တိုက်ခန်းကိုဖြစ်စေ ၊ဆောက်လုပ်နေဆဲတိုက်ခန်းကို ဖြစ်စေ ၊ အဆောက် အအုံ မပြီးစီးမီ ကြိုတင်ရောင်းဝယ်မှု ပြုလုပ်လျှင် ကြိုပွိုင့်တိုက်ခန်းအရောင်းအဝယ် ဖြစ်ပါတယ် ။

👉 ကြိုပွိုင့်တိုက်ခန်းအရောင်းအဝယ်မှာ ဝယ်သူအတွက် အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိနေပြန်ပါတယ် ။

👆 အားသာချက်အနေနဲ့ကတော့ ကြိုတင်ဝယ်ယူခြင်းဖြစ်လို့ ငွေတစ်လုံးတစ်ခဲတည်းပေးစရာမလိုပဲ အရစ်ကျပေးချေနိုင်သလို စျေးနှုန်းသက်သာခြင်းပဲ ဖြစ်ပါတယ် ။

👇 အားနည်းချက်ကတော့ ကန်ထရိုက်တာက မိမိဝယ်ယူထားတဲ့ တိုက်ခန်းကို အခြားသူကို ရောင်းချထားနိုင်ခြင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားရပါက နစ်နာနိုင်ခြင်းနဲ့ ဝယ်ယူစဉ်ကတိပြုထားသည့်မှ သွေဖယ်၍ အရည်အသွေးနိမ့်သောပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့် နစ်နာနိုင်ခြင်းပဲ ဖြစ်ပါတယ် ။

✔️ ကြိုပွိုင့်တိုက်ခန်းဝယ်မယ်ဆိုရင် အဓိကစစ်ဆေးရမယ့် အချက်တွေကတော့ ..

🔸(၁) မြေရှင်(သို့မဟုတ်)ကန်ထရိုက်စာချုပ်ကို သေချာဖတ်ရူပြီးနောက် မိမိဝယ်ယူမယ့်အခန်းဟာ ရောင်းချသူ အမှန်တကယ် ရရှိပိုင်ဆိုင်သည့်အခန်း ဟုတ်/မဟုတ် ? စစ်ဆေးရပါမယ် ။

🔸(၂) မဆောက်လုပ်ရသေးသည့် အဆောက်အအုံ တိုက်ခန်းကို ဖြစ်မယ်ဆိုရင်တော့ မြေရှင် (သို့မဟုတ်) ကန်ထရိုက်စာချုပ်မှာ ကန်ထရိုက်တာသည် စည်ပင်ရုံးမှ အဆောက်အအုံဆောက်လုပ်ခွင့်ရရှိထားပြီးနောက် မည်သည့် လနှင့်ခုနှစ်အတွင်း အပြီးအစီး ဆောင်ရွက်ပေးမယ့် အကြောင်း သဘောတူချက်များမှာ ပါဝင်/မဝင် စစ်ဆေးရပါမယ် ။ ( အချိန်ကန့်သတ်မှု မထားရှိပါက ၊ မဝယ်ယူသင့်ပါ။ )

🔸(၃) အဆောက်အအုံ ဆောက်လုပ်ခွင့် (Permit) ကျပြီးသား တိုက်ဖြစ်ပါက ဆောက်လုပ်ခွင့်မိတ္တူရယ် .. မြေရှင် (သို့မဟုတ်) ကန်ထရိုက်စာချုပ်ရယ်ကို လက်ဝယ်ရယူထားရပါမယ် ။

🔸(၄) အဆောက်အအုံ ဆောက်လုပ်နေစဉ် ကာလအတွင်းမှာလည်း မြေရှင် (သို့မဟုတ်) ကန်ထရိုက်စာချုပ်ပါ သဘောတူချက်များအတိုင်း ဝယ်ယူထားသောတိုက်ခန်းတွင် အရည်အသွေးပြည့်မီသည့်ပစ္စည်းများ ထည့်သွင်းအသုံးပြုတည်ဆောက်ထားပေးခြင်း ရှိ/မရှိ စစ်ဆေးရပါမယ် ၊

🔸(၅) ထို့နောက် မိမိဝယ်ယူမည့်တိုက်ခန်းနှင့် ပတ်သက်၍ ကြိုပွိုင့်ဝယ်ယူထား​သည်ကို ကန့်ကွက်.
ရန်ရှိ/မရှိ သတင်းစာများတွင် ကြေညာရန် လိုအပ်ပါတယ် ၊

🔸(၆) တိုက်ခန်းပြီးစီးမှု အခြေအနေအလိုက် စရံငွေဘယ်လောက်ပေးချေမယ်ဆိုတဲ့အကြောင်း စာချုပ်မှာ သေချာစွာရေးသားချုပ်ဆိုထားရပါမယ် ။

🔸(၇) နောက်ဆုံးအနေနဲ့ကတော့ တိုက်ခန်း လက်ရောက်အပ်နှံမယ့် နေ့ရက်ကို အတိအကျ ရေးသားချုပ်ဆိုထားကြရပါမယ် ။

😃 ကြိုပွိုင့်တိုက်ခန်းဝယ်ယူရာမှာ အခုလို အဓိကကျတဲ့ အခြေခံအချက်အလက်များကို စစ်ဆေးပြီး ဝယ်ယူမယ်ဆိုရင်တော့ နစ်နာဆုံးရှုံးမှုနည်းပြီး စိတ်ချမ်းသာရမှာ အမှန်ပဲ ဖြစ်ပါတယ် ခင်ဗျာ ။ ☺️

Credit # The Solution Power
legal consultant & Investment service

🏘🏘အရစ်ကျစနစ်ဖြင့် အိမ်ဆောက်မယ်ဆိုရင် ဘာတွေလိုအပ်လဲ…🏘🏘၁) အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ချင်တယ်ဆို ဘာတွေလိုအပ်လဲ🏘 မြေပိုင်ဆိုင်...
18/12/2019

🏘🏘အရစ်ကျစနစ်ဖြင့် အိမ်ဆောက်မယ်ဆိုရင် ဘာတွေလိုအပ်လဲ…🏘🏘

၁) အရစ်ကျစနစ်ဖြင့် ဆောက်လုပ်ချင်တယ်ဆို ဘာတွေလိုအပ်လဲ
🏘 မြေပိုင်ဆိုင်မှု့ဖော်ပြခြင်း
🏘 ဝင်ငွေရလမ်းဖော်ပြခြင်း၊
🏘 နိုင်ငံသားမှတ်ပုံတင်
🏘 အိမ်ထောင်စုဇယား

၂) မြေပိုင်မှု့က ဘယ်လိုမြေအမျိုးအစားတွေရတာလဲ
🏘 ဂရံမြေ
🏘 ဘိုးဘွားပိုင်မြေ

၃) ဝင်ငွေရလမ်းကို မည်သို့ဖော်ပြရမည်နည်း
အစိုးရ ( သို့မဟုတ် ) ကုမ္ပဏီဝန်ထမ်းဖြစ်ပါက-
🏘 ဌာနဆိုင်ရာ၏ ထောက်ခံချက် ( ရာထူး၊ လုပ်သက်၊ လစာထောက်ခံချက် )
🏘 လက်ရှိအသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း ( သို့မဟုတ် ) ကုမ္ပဏီမှ လစာချလန် ( ၃ ) လစာ
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက-
🏘 လုပ်ငန်းလိုင်စင်
🏘 အရှုံးအမြတ်စာရင်း
🏘 လက်ကျန်ရှင်းတမ်း
🏘 နိုင်ငံတော်သို့ အခွန်ပေးသွင်းမှု မှတ်တမ်း ( စာအုပ်၊ပြေစာမိတ္ထူ )
ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူဖြစ်ပါက-
🏘 Certification of Incorporation
🏘 Form Vl, XXVl, E
🏘 သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း
🏘 ဒါရိုက်တာစည်းဝေးဆုံးဖြတ်ချက်
🏘 လက်ကျန်ရှင်းတမ်း
🏘 နိုင်ငံတော်သို့ အခွန်ပေးသွင်းမှု မှတ်တမ်း ( စာအုပ်၊ပြေစာမိတ္ထူ )

၄) အရစ်ကျပေးသွင်းရမဲ့ ပုံစံ
🏘 ပထမဦးဆုံး ၃၀ ရာခိုင်နှုန်း
🏘 ကျန်ငွေ ၇၀ ရာခိုင်းနှုန်းကို တစ်လချင်းစီအရစ်ကျပေးသွင်းရမည်

၅) ဘယ်နှစ်နှစ်ထိ အရစ်ကျယူလို့ရသလဲ
🏘 အများဆုံး ( ၅ ) နှစ်ထိ အရစ်ကျယူလို့ရသည်

၆) အရစ်ကျစနစ်ဖြင့်ယူမည်ဆိုပါက အတိုးနှုန်းက ဘယ်လောက်လဲ
🏘 အတိုးနှုန်းမှာ ( ၁ ) နှစ်လျှင် ( ၁၃ ) ရာခိုင်နှုန်းဖြစ်ပြီး Amortization စနစ်ဖြင့် တွက်ချက်ပါသည်

၇) အရစ်ကျစနစ်ဖြင့်ယူမည်ဆိုပါက လျှောက်ထားရန်အချိန်မည်မျှကြာမလဲ
🏘 စာရွက်စာတမ်းပြည့်စုံသည့်နေ့မှ ( ၂ ) ပတ်မှ ( ၄ ) ပတ်အထိကြာမြင့်နိုင်ပါသည်

၈) ဝင်ငွေရလမ်းဖော်ပြရမည်ဆိုတာ တစ်ဦးထဲက ဖော်ပြပေးရမှာလား
🏘 သန်းခေါင်စာရင်းထဲတွင် ပါဝင်သည့် မိသားစုဝင်တိုင်း၏ ဝင်ငွေကိုစုပေါင်းပြီး ဖော်ပြပေးလို့ရပါသည်

၉) အရစ်ကျယူပြီး ဘယ်အချိန်တွင် ပြန်ပေးဆပ်ရမလဲ
🏘 လစဉ်ပြန်လည်ပေးဆပ်မည့်ငွေကို စာချုပ်ချုပ်ဆိုပြီး တစ်လပြည့်သည့်နေ့တွင် စတင်ပေးဆပ်ရပါမည်

၁၀) အရစ်ကျစနစ်ဖြင့်လျှောက်ရန်အတွက် အာမခံပစ္စည်းပေးရန်လိုပါသလား
🏘 လူကြီးမင်းတို့ ဆောက်လုပ်မည့် မြေနေရာပိုင်ဆိုင်မှု့သည် အာမခံပစ္စည်းဖြစ်ပါသည်
🏘 လူကြီးမင်းတို့အနေဖြင့် လက်ရှိဆောက်လုပ်မည့်နေရာကို အာမခံဖြင့်မထားချင်ပါက အခြားနေရာမှ မြေပိုင်ဆိုင်မှု့ကိုလည်း အာမခံထားလို့ရပါသည်

# ...Myanmar Art # #

🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘

(2)

👉👉အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ👈👈

Q - ခွင့်ပြုချက်မဲ့ အဆောက်အဦးများအားတရားစွဲဆိုသည့် အခါ အထပ်နိမ့်နှင့်အထပ်မြင့်တူညီမှုရှိပါသလား။

A - ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အဆောက်အဦးမှဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်းမပြုရပါ။ပြုလုပ်ပါက တရားစွဲအရေးယူပါသည်။

Q - ပိုင်ဆိုင်မှုဂရန်တင်ပြနိုင်ခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့်ခွင့်ပြု မိန့်လျှောက်ထားလာပါက ခွင့်ပြုပါသလား။

A - အရပ်စာချုပ်ဖြင့်ဆောက်လုပ်ခွင့်လျှောက်ထားပါကမြေရာဇဝင်ကို စိစစ်ပါသည်။မြေရာဇဝင် စိစစ်ချက် အရနိုင်ငံသားအမည်ပေါက်မြေဖြစ်ပါက(၃)ထပ်ထိ ဆောက်လုပ်ခွင့်ပြုပါသည်။

Q - ခွင့်ပြုချက်မဲ့အဆောက်အဦးများ ဆောက်လုပ်ပြီးစီးမှသာဘာကြောင့်တရားစွဲပါသလဲ၊ မဆောက်လုပ်မီဘာကြောင့်တရားမစွဲပါသလဲ။

A - ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေ့ရှိပါကFoundation အဆင့်တွင်ပင် တားမြစ်ပါသည်။လိုက်နာခြင်းမရှိပါ ကတရားစွဲဆိုမှုကို စတင်ပြုလုပ်ပါသည်။

Q - အဆောက်အဦး ဆောက်လုပ်သည့်အခါကားပါကင်ကို ဘယ်လိုအထပ်မြင့်တွေမှာ ခွင့်ပြုပါသလဲ၊ကားပါကင် ထည့်သွင်းမှုကို ဘယ်အချိန်ကစတင်ညွှန်ကြားခဲ့ပါသလဲ။

A - မြေကွက်အကျယ် (၅၀' x ၅၀') သို့မဟုတ်၂၅၀၀ စတုရန်းပေနှင့် အထက် ကျယ်သော မြေကွက်များတွင်အဆောက်အဦး ဆောက်လုပ်ပါကကားပါကင် ထည့်သွင်းရန်လိုအပ်ပါသည်။(၁၃.၈.၂၀၁၂) ရက် နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

Q - အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်သည့်အခါခွင့်မပြုသည့်နေရာတွေက မည်သည့်နေရာများဖြစ်ပါသလဲ။

A - ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့်ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်း၊ အင်းယားလမ်း၊တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေဝမ်း လမ်းအစရှိသည့် အလားတူနေရာများဖြစ်ပါသည်။

Q - နိုင်ငံခြားသားအမည်ပေါက်နှင့် အဆောက်အဦးဆောက်မည်ဆိုပါက ခွင့်ပြုမိန့်မည်သို့လျှောက်ရမည်နည်း။

A - လိုင်စင်အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်အဆိုပြုပုံစံ(၃)စုံ၊မြေပိုင်ဆိုင်မှု အထောက်အထား၊သတ်မှတ်ထားသည့် လျှောက်လွှာများနှင့် အတူလျှောက်ထားရပြီးရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြရ ပါသည်။

Q - ခြံစည်ရိုးနယ်နိမိတ်တိုင်းတာ မည်ဆိုပါကအရပ်စာချုပ် နှင့် တင်ပြလျှင် ခွင့်ပြုနိုင်ပါသလား။

A - အရပ်စာချုပ်ဖြင့် ခြံစည်းရိုးနယ်နိမိတ်တိုင်းတာ၍ မရပါ။

Q - အဆောက်အဦးခိုင်ခံ့မှု စစ်ဆေးရေးအားမည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ။

A - အဆောက်အဦး ခိုင်ခံ့မှုနှင့် ပတ်သက်၍လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာမှတွက်ချက်တင်ပြလာသည့် Structure Calculation ကိုဌာနမှ စိစစ်ပေးပါသည်။ခိုင်ခံ့မှုရှိပါက ခွင့်ပြုပေးပါသည်။

ခွင့်ပြု ပေးပြီးပါက မြေပြင်တွင်လည်းတွက်ချက် တင်ပြထားသည့်အတိုင်း ဆောက်လုပ်စေရန်အတွက်စစ်ဆေးကြပ်မတ်ပေးပါသည်။

Credit: ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘🏘

(3)

🏘မြေအရောင်းအဝယ်စာချ ုပ်ချ ုပ်ဆိုပုံအဆင့်ဆင့်🏘

“မြေ”….အဆောက်အအုံ ဆိုတာ အရွယ်အစား အမျိုးမျိုး ရှိကြသည့် အတိုင်း မည်ကဲ့သို့သော အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်စေ အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်တဲ့ မြေကွက်လပ် ရှိမှသာ ဆောက်လုပ်လို့ ရနိုင်မည် မဟုတ်ပါလား၊ ကိုယ်ပိုင် မြေကွက် ရှိပြီးသူများအဖို့ မိမိပိုင်ဆိုင်သော မြေကွက်ပေါ်တွင် အရှုပ်အရှင်း ကင်းစွာဖြင့် မိမိစိတ်တိုင်းကျ ဆောက်လုပ်နေထိုင်ခြင်း၊ လွပ်လပ်စွာ ရောင်းဝယ်ခြင်းများ လုပ်ဆောင်နိုင်သော်လည်း မြေကွက်ဝယ်ယူ၍ ဆောက်လုပ်နေထိုင်မည့်သူ ရင်းနှီးမြှုပ်နှံမည့်သူများကတော့
စိတ်ချယုံကြည်မှု ရှိစေရန်အတွက် ပိုင်ဆိုင်မှု ခိုင်မာရန် လုပ်သက်ရင့် ရှေ့နေများ၊ အကျိုးဆောင်များဖြင့် စနစ်တကျ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြေ အရောင်း အဝယ် များပြုလုပ်ရန်အတွက် စာချုပ် ချုပ်ဆိုပုံ အဆင့်ဆင့်လေးတွေကို ပြန်လည် မျှဝေလိုက်ရပါတယ်..

မိမိဝယ်ယူလိုသော မြေကွက်ကို မ၀ယ်သေး မီ ပထမဆုံးအနေနဲ့ အမည်ပေါက်ဟုတ် / မဟုတ် ကိုလည်းကောင်း၊ အရှုပ် အရှင်း ရှိ/မရှိ နှင့် မြေပုံ ရာဇဝင် စစ် / မစစ် တို့ကိုလည်းကောင်းသေချာစွာစစ်ဆေးရန် လိုအပ်ပါတယ်။

အဆိုပါ အချက်များအားလုံးစစ်ဆေးပြီးသောအခါတွင် အောက်ဖော်ပြပါ အချက်များကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၁။ စရံစာချုပ်ချုပ်ဆိုရန် (စရံစာချုပ်ကို ကတိစာချုပ် ဟုလည်း ခေါ်ပါသည်။)

၂။ ဖော်ပြပါ မြေကွက် အရောင်းအ၀ယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ပါကြောင်း
သတင်းစာကြော်ငြာထည့်ရန်။

၃။ ကြောငြာပါသည့်နေ့မှစ၍ (၁၄) ရက် အထိ စောင့်ကြည့်ရန်။

၄။ ကြော်ငြာပါသည့်ရက်မှ (၁၄) ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက နောက်တစ်ရက်တွင် ငွေ ပေး ချေရန်။ (ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့လျှင် အရောင်းအဝယ်လုပ်ငန်း ဆက်လက်ဆောင်ရွက်လို့
မရနိုင်သောကြောင့် ကန့်ကွက်သူများနှင့် အဆင်ပြေအောင် ညှိနှိုင်းခြင်းကို အိမ်ရှင်ဘက် မှ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည့် အရောင်းအဝယ်လုပ်ငန်းတွင်လည်း ဖော်ပြပါ ကန့်ကွက်ခဲ့သူများပါ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။)

၅။ လျော့ချုပ်တစ်စောင်ချုပ်ရန် (အမည်ပေါက်လုပ်ရန် လျော့ချုပ်တစ်စောင်ချုပ်ရသည်။)

၆။ ပိုင်ရှင်အနေဖြင့် ဝယ်ယူသူဘက်မှ အရောင်းမြေပုံ မေးလာလျှင် ထုတ်ပြနိုင်ရန်။ (အရောင်းမြေပုံ မရှိပါက ပိုင်ရှင်အမည်၊ မြေတိုင်း / မြေကွက် အမှတ်၊ မှတ်ပုံတင်မူရင်း၊ စရံ စာချုပ်မိတ္တူများယူဆောင်၍ အိုးအိမ် / စည်ပင်ရုံးတွင် ပိုင်ရှင်ကိုယ်တိုင် သွားရောက်ထုတ်ပေးရပါမည်။)

၇။ ရောင်းချသည့် အိမ်၏တန်ဖိုး အား ရာဖြတ်အဖွဲ့မှ ဖြတ်ထားသည့် တန်ဖိုး အတိုင်းအခွန်ဆောင်ရန်။ (အဆိုပါ အခွန်အား ရာပြတ်ဌာနကို ပေးဆောင်ရမည်ဖြစ်ပါသည်။)

၈။ ငွေအကျေချေ သည့်အချိန်တွင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်။

၉။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ပစ္စည်းလွှဲပြောင်းယူရန် အတွက် ၀ယ်ယူထားသော အိမ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်၊ (အခွန်ဆောင်ပြီး) အရောင်းအဝယ်စာချုပ်၊ ဂရံ စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မြေပုံများယူဆောင်၍အိုးအိမ် (သို့မဟုတ်) စည်ပင် ရုံး တွင် အမည်ပြောင်းရန်။ (အမည်ပြောင်းသည့်အခါတွင် လက်ရှိ အရောင်းအဝယ်ပြုလုပ်လျှက်ရှိသော အိမ်၊ မြေ ၏ အစ မှ အဆုံး ထိ အရောင်းအဝယ်ပြုလုပ်ထားသူများနှင့် အဆင့်ဆင့် စာချုပ်စာတမ်း အစုံအလင်ဖြင့် သွား၍လုပ်ဆောင်ရမည်ဖြစ်ပါသည်။)

Credit : Myanmar Property News (MPN)

အိမ်လေးတလုံး ဘာကြောင့်လိုအပ်သလဲ🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠 မိသားစုအတွက် ခိုလှုံရာ ................................“ အိမ်" ဆိုပြီး ကြား...
18/12/2019

အိမ်လေးတလုံး ဘာကြောင့်လိုအပ်သလဲ
🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠

🏠 မိသားစုအတွက် ခိုလှုံရာ ................................

“ အိမ်" ဆိုပြီး ကြားလိုက်တာနဲ့ မိသားစုအတွက် မရှိမဖြစ် ခိုလှုံရာအရပ်တခုအဖြစ် ကျွန်တော်တို့အားလုံး လက်ခံထားကြရပါတယ်။
ကျွန်တော်တို့ လူသားတွေတင်မဟုတ်ပဲ
ဟိုးမိုးကောင်းကင်က ငှက်ကလေးတွေတောင်
သူတို့ရဲ့ မိသားစုအတွက် အသိုက်အမြုံ
အိမ်ကလေးတလုံးစီတော့ ရှိကြစမြဲပါ။
တချို့အသိဉာဏ်မြင့်မားတဲ့ ငှက်မျိုးစိတ်တွေမှာ
ငှက်ဖိုရဲ့ အိမ်တလုံးကို တည်ဆောက်နိုင်မှု စွမ်းရည်ဟာ ငှက်မရဲ့ယုံကြည်စိတ်ချမှုနဲ့ အချစ်ကိုရဖို့
များစွာအရေးပါလှပါတယ်။

🏠 မိသားစုကျန်းမာရေး............................

ကျွန်တော်တို့ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့
ပတ်ဝန်းကျင်ဟာ နိုင်ငံရဲ့ ကျန်းမာရေးနဲ့
လူနေမှုအဆင့်အတန်းအရ ကူးစက်ရောဂါပိုးအမျိုးမျိုးနဲ့ ပြည့်လျှံနေတတ်ပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ရဲ့သန့်ရှင်းသပ်ရပ်တဲ့အိမ်‌ဂေဟာ‌လေးဟာ ကျွန်တော်တို့ မိသားစုကျန်းမာရေးအတွက် မရှိမဖြစ်လို့ဆိုရမှာပါ။

🏠 လုံခြုံရာအရပ်
…......................

ကမ္ဘာကြီးရဲ့ ဘယ်အရပ်‌ဒေသမှာ ရောက်နေနေ
ကျွန်တော်တို့တွေဟာ မိမိတို့ရဲ့အိမ်လေးကိုတော့ ပြန်လည်တမ်းတမိတတ်စမြဲပါ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဟာ ကျွန်တော်တို့ရဲ့ စိတ်ကို
လုံခြုံမှုအပေးစွမ်းနိုင်ဆုံး အရပ်တခု
ဖြစ်နေလို့ပါပဲ။

🏠 ဖိစီးမှုများမှ ကင်းဝေးရာ..................................

ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ
လုပ်ငန်းခွင်ထဲမှာရော လူမှုဘဝတွေမှာပါ
ဖိစီးမှုအမျိုးမျိူး မွန်းကျပ်မှု အမျိုးမျိုးနဲ့
နေ့စဉ်ရင်ဆိုင်နေကြရတာပါ။
ဒီအတွက် ‌ငြိမ်းချမ်းတဲ့ အိမ်လေးဟာ
ဖိစီးမှုတွေမှ လွတ်မြောက်ရာဆိုရင်လဲ
မမှားနိုင်ပါဘူး။

🏠 ကိုယ်ပိုင်နယ်မြေ...........................

အိမ်ဆိုတဲ့နေရာဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ အများဆုံး ရရှိနိုင်တဲ့နေရာဆိုရင်လဲ မမှားပါဘူး။ မိမိရဲ့ပတ်ဝန်းကျင်ကို
အနှောက်အယှက်မပေးသ၍
ကျွန်တော်တို့ရဲ့အိမ်လေးမှာ ကျွန်တော်တို့စိတ်တိုင်းကျ လွတ်လပ်စွာနေထိုင်နိုင်ပါတယ်။

🏠 ပြီးပြည့်စုံရာအရပ်............................

နွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့သူများအတွက်တော့ ဘဝမှာ အိမ်ကလေးတလုံးပိုင်ဆိုင်ခြင်းထက်ပိုပြီး ပြီးပြည့်စုံခြင်းဆိုတာ
မရှိနိုင်တော့ပါဘူး။

ဒါကြောင့် ပြီးပြည့်စုံသောဘဝများကိုပိုင်ဆိုင်နိုင်ဖို့
Mercy Home Real Estate &
Home Decorations
မှတောင်းဆုပြုလိုက်ပါတယ်🙏🙏🙏🙏🙏

🏠 လူကြီးမင်းတို့ရဲ့ အိမ်၊ခြံ၊မြေ များကို ရောင်း၊ဝယ်၊ငှားရမ်း လိုပါသလား ???
🏠 အချိန်တိုအတွင်း ထိရောက်မှု အရှိဆုံးနှင့် လုပ်ငန်းအောင်မြင်ရန်
Mercy Home group နှင့်
ဆက်သွယ်လိုက်ပါ👌👌👌👌👌
☎️ 09768459006

Address

No. 160, Myoma Street, Dawbon Township
Yangon
11241

Telephone

+959420025901

Website

Alerts

Be the first to know and let us send you an email when Mercy Home Real Estate & Home Deco. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mercy Home Real Estate & Home Deco.:

Share