17/04/2025
#နှစ်သစ်ဆုတောင်း
မြန်မာ့ နှစ်ဆန်း ၁ ရက် အခါသမယမှစ၍
အားလုံးပဲ စီးပွား လာဘ်လာဘတိုးတတ် အောင်မြင်ပြီး
အေးချမ်းပျော်ရွှင်စွာ
လိုအင်ဆန္ဒဟူသမျှ အလုံးစုံပြည့်ဝကြပါစေ 🙏
ငြိမ်းချမ်းသောအရပ်မှာ နေထိုင်ခွင့်ရ၍
ပိုကောင်းတဲ့အနာဂတ်ကိုသာ ပိုင်ဆိုင်ခွင့်ရကြပါစေ🙏
အပူအပင်ကင်းကင်း အိပ်စက်ပြီး
အေးချမ်းစွာ နိုးထနိုင်ကြပါစေ🙏
ဒုက္ခရောက်နေသူနဲ့ တွေ့တဲ့အခါ
အားပေးနိုင်သူဖြစ်ရပါလို့၏🙏
သူတစ်ပါးတို့သည် မိမိကြောင့် မငိုကြွေးရပါစေနှင့်
သူတစ်ပါးတို့ကြောင့် မိမိသည် မငိုကြွေး၊
မပူလောင်ရပါလို၏🙏
မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအားလုံး၊
ကမ္ဘာသူ၊ကမ္ဘာသား အားလုံးစိတ်ချမ်းသာ၊
ကိုယ်ကျန်းမာစွာဖြင့် ကပ်ကြီး ၃ပါးကင်းဝေး၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း
SKYLIGHT FAMILY မှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🏻🙏🏻