YOON Homemade Food

YOON  Homemade Food Homemade Food

ကုန်ဈေးနှုန်း‌တွေအားလုံးတက်နေတဲ့အချိန်မှာ တခြားအရာကိုချွေတာလို့ရပေမဲ့ ရှင်သန်နေထိုင်ဖို့လိုအပ်တဲ့ အစားသောက်ကိုတော့ ကောင်...
04/04/2023

ကုန်ဈေးနှုန်း‌တွေအားလုံးတက်နေတဲ့အချိန်မှာ တခြားအရာကိုချွေတာလို့ရပေမဲ့ ရှင်သန်နေထိုင်ဖို့လိုအပ်တဲ့ အစားသောက်ကိုတော့ ကောင်းကောင်းလေးစားချင်ကြတယ် ဟုတ်😁
အလုပ်ကတဖက် မီးကပျက်နဲ့ တခါတလေ ဟင်းချက်ချင်စိတ်မရှိတဲ့အချိန်ဆို အိမ်ကပို့မဲ့ အကြော်လှော်တွေကိုမျှော်နေကြတဲ့အချိန် အိမ်ချက်အမေ့လက်ရာလိုမျိုး အရသာလဲမှန်ဈေးလဲတန်တဲ့
❣️YOON Homemade Food ❣️က အကြော်လှော်လေးတွေကို သတိရလိုက်နော် ပဲဆီအစစ်ကိုသာအသုံးပြုပြီး
သန့်သန့်ရှင်းရှင်းကြော်လှော်ထားတာဖြစ်လို့ ရက်ကြာကြာထားမိသွားလဲ မူလအရသာအတိုင်းဘာမှမပြောင်းလဲသွား‌ဘူးနော်💕
မှာယူမှသာကြော်ပေးတာဖြစ်တာကြောင့်မလတ်ဆတ်မှာစိတ်မပူရဘူးနော်🥰 မင်တို့ဆီကနေရရှိနိုင်တဲ့အကြော်လှော်တွေကတော့
အာဗြဲခြောက်ကြော် အချို / အစပ်
ဘူးအသေး - 2000
ဘူးအကြီး - 4000
ငါးနီတူခြောက်ကြော် အချို / အစပ်
ဘူးအသေး - 2000
ဘူးအကြီး - 4000
ပုစွန်ခြောက်ငံပြာရည်ကြော်
ဘူးအသေး - 2500
ဘူးအကြီး - 5000
ငါးဖယ်ဆီပြန်ဟင်း - 6500
မှာယူလိုပါကpage cb (သို့မဟုတ်) Ph - 09 777040719 သို့ ( 2 )ရက်ကြိုတင်၍မှာယူနိုင်ပါပြီရှင်❣️KBZ pay /Wave pay တို့ဖြင့်လဲ ငွေပေးချေလို့ရနိုင်ပါတယ် နောက်ထပ်လဲ ရာသီစာအကြော်လှော်တွေရောင်းချပေးမှာဖြစ်လို့ မင်မင်တို့ရဲ့ Pageကို like & share လုပ်ပေးထားကြပါနော်🥰❣️

နွေနေပူလာပြီဆိုတော့....☀တစ်နေ့တစ်မျိုးမရိုးရအောင်....အချဉ်ပါတဲ့ဟင်းလေးတွေ.....စဉ်းစားပြီးချက်ရတာ.....အိမ်ရှင်မတွေအလုပ်ပါ...
26/02/2023

နွေနေပူလာပြီဆိုတော့....☀
တစ်နေ့တစ်မျိုးမရိုးရအောင်....
အချဉ်ပါတဲ့ဟင်းလေးတွေ.....
စဉ်းစားပြီးချက်ရတာ.....အိမ်ရှင်မတွေအလုပ်ပါ.....
📅ဒီနေ့တော့.....အချဉ်လေးလဲပါ..ချဉ်ငံစပ်ခံတွင်းမြိန်စေမယ့်
🍲ငါးဖယ်လုံးကင်ပွန်းချဉ်ငပိချက်လေး....ချက်စားကြမယ်နော်
✏ ငါးဖယ်တစ်ဆယ်သားကို ဆား အရသာမှုန့် ဆနွင်းထည့်ပြီး
စေးနေအောင်ထောင်းပြီး လက်မလုံးလောက်အလုံးလေးတွေလုံး
ထားပါမယ်။
✏ ကင်ပွန်းချဉ် ငါးစည်းကိုအရွက်ခြွေရေဆေးပြီးစစ်ထား
✏ ငရုတ်သီးစိမ်း ၂၀၀ ဖိုး ကိုရေဆေးပြီးညှပ်ထား
✏ ကြက်သွန်ဖြူ ၂လုံး၊အနီ ၃လုံး ၊ဂျင်းလက်တစ်ဆစ်
ထောင်းထားပြီးဆီသတ်ပါမယ်။
✏ ကြက်သွန်ဆီသတ်တာမွှေးလာပြီဆိုရင်
ငရုတ်သီးခွဲခမ်း ဟင်းစားဇွန်း ၂ဇွန်းမောက်မောက်ထည့်ပြီး
ငရုတ်သီးစိမ်းလှီးထားတာတွေပါထည့်ပါ။
✏ မျှင်ငပိဟင်းစားဇွန်းတစ်ဇွန်းထည့်ပြီးမွှေ
✏ ငါးဖယ်လုံးတွေထည့်
✏ နောက်ဆုံးမှကင်ပွန်းချဉ်ရွက်တွေအုပ်လိုက်ပါ။
✏ အရသာလေးကတော့လိုသလို ဆား ငံပြာရည် အရသာမှုန့်
လေးတွေထပ်ထည့်လိုက်နော်.......
:-) ချဉ်ငံစပ် ဟင်းလေးတစ်ပွဲဖစ်တဲ့အပြင်
အရွက်ရောငါးအသားပါပါတဲ့အတွက်
🍴🍚🍲တစ်ပွဲထဲနဲ့စားလို့မြိန်တဲ့ဟင်းလေးပါပဲရှင်.....
👩ဝါသနာတူအိမ်ရှင်မတွေအတွက်.......Mar Lay

Credit Mar Lay

Morning ပါရှင့် မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေနော်🥰🌄
23/02/2023

Morning ပါရှင့် မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေနော်🥰🌄

Wifiလိုင်းပျက်နေလို့ အခုရက်တွေနည်းနည်းပျောက်သွားတယ်ညဘက်ဘာမှမရှိတဲ့အချိန် ဗိုက်ကလဲ ဆာ ဆာ နဲ့ မင်မင်အကျွမ်းဆုံးဖြစ်တဲ့ ထမင...
21/02/2023

Wifiလိုင်းပျက်နေလို့ အခုရက်တွေနည်းနည်းပျောက်သွားတယ်
ညဘက်ဘာမှမရှိတဲ့အချိန် ဗိုက်ကလဲ ဆာ ဆာ နဲ့ မင်မင်အကျွမ်းဆုံးဖြစ်တဲ့ ထမင်းကြော်ရယ် ကြက်ဥကို ခရမ်းချဉ်သီးနဲ့ငရုတ်သီးစိမ်းကို
ပါးပါးလေးလှီးပြီး ကြော်ထားတာနဲ့ တအားလိုက်ဖက်သောဘဲ 😋🤤

မင်မင်တို့pageကနေလတ်တလောမှာယူနိုင်တာတွေကပုစွန်ခြောက်ငံပြာရည်ကြော်အာဗြဲခြောက် အချိုကြော်အာဗြဲခြောက် အစပ်ကြော်ငါးနီတူ အချိ...
16/02/2023

မင်မင်တို့pageကနေလတ်တလောမှာယူနိုင်တာတွေက
ပုစွန်ခြောက်ငံပြာရည်ကြော်
အာဗြဲခြောက် အချိုကြော်
အာဗြဲခြောက် အစပ်ကြော်
ငါးနီတူ အချိုကြော်
ငါးနီတူ အစပ်ကြော်
ငါးဖယ်ဆီပြန်ဟင်း တို့ဘဲဖြစ်ပါတယ်
မှာယူလိုပါက ❣️ YOON Homemade Food ❣️ page cbနဲ့ ph- 09 777040719 တို့ကနေ ( 2 )ရက်ကြိုတင်၍မှာယူနိုင်ပါတယ် KBZ pay / Wave payတို့နဲ့လဲငွေပေးချေလို့ရပါပြီနော် လူသိများအောင် like & share လေးလုပ်ပေးပါအုန်းနော်🥰

အားလုံးဘဲ မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ပါစေ🌻🌅
16/02/2023

အားလုံးဘဲ မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ပါစေ🌻🌅

အိမ်ရှင်မတွေအဖို့ မနက်ခင်း မျက်စိနှစ်လုံးဖွင့်ပြီး အိပ်ရာထတာနဲ့ အိမ်ထောင်ဦးစီးနဲ့သားသမီး‌တွေမနှိုးခင် ရုံးချိန်‌ ,ကျောင်...
16/02/2023

အိမ်ရှင်မတွေအဖို့ မနက်ခင်း မျက်စိနှစ်လုံးဖွင့်ပြီး အိပ်ရာထတာနဲ့ အိမ်ထောင်ဦးစီးနဲ့သားသမီး‌တွေမနှိုးခင် ရုံးချိန်‌ ,ကျောင်းချိန်အမှီနဲ့ မီးမပျက်ခင်လေး စောစောထချက်ပြုတ် စားချင်တာမှန်သမျှ မညည်းညူဘဲ ပြင်ဆင်လုပ်ကျွေး‌တယ်။ ထမင်းဟင်းကျက်လို့များနားရမယ်မထင်နဲ့လျှော်ဖွပ်စရာတွေအကုန်လျှော်ဖွပ်အိမ်သန့်ရှင်းရေးလုပ်အပြီးမီးပျက်လို့မနားရ‌သေးဘူး ဈေးကိုခပ်သွက်သွက်သွား နောက်နေ့ဟင်းစားသွားဝယ်ရသေး ဆန် ဆီ ဆား ငရုတ် ကြက်သွန် အခြေခံကုန်ဈေးနှုန်းကတင် တနေ့တမျိုးမရိုးအောင် ဈေးတက်တော့ အဓိက အစားများတဲ့ ကြက် ဝက် အမဲ ဆိတ် ပုဇွန် ငါး အကုန်ဈေးတက်နေရော အဲ့ဒါအသာထား ကြက်ဥ ဘဲဥတောင် တလုံး 300 ,350လောက်မှခပ်ကြီးကြီးရတာကိုး။ ခပ်ကြီးကြီးဝယ်ရမှာလဲမပြောနဲ့ အိမ်ဦးနတ်နဲ့ ကလေးတွေက ကြက်ဥ‌ ဘဲဥဆိုခပ်ကြီးကြီးမှစားတာ ဟင်းသီးဟင်းရွက်တောင် အရင်လိုပေါပေါပဲပဲမရတော့ဘူး။ အိမ်ဦးနတ်က ငွေသုံးတာကြမ်းတယ်ပြောလို့ ချွေတာပြန်မယ်လုပ်ရင်လဲ တရက်လောက်အသားမပါတာတောင်သည်းမခံနိုင်ကြဘူး။ သူတို့သာ ‌ဈေးခြင်းနဲ့ ဈေးကိုတရက်လောက်လွှတ်လိုက်ချင်တယ်။ အဲ့ဒါမှကိုယ်ချင်းစာတတ်မှာ ဈေးကပြန်လာလို့ ခနနားမလားကြံရုံရှိသေး နောက်နေ့မနက်အဆင်သင့်ချက်ပြုတ်လို့ရအောင် အသီးရွက်‌နဲ့အသားတွေဆေးကြောသန့်စင်ရသေးတယ်။ထမင်းအိုး,ဟင်းအိုးသာလှန်ကြတာငရုတ်ဆုံတောင်တချက်လာကူမထောင်းပေးဘူး။ မီးလာတော့ လျှော်ဖွပ်ထားတာလေး ခြောက်သွားရင် အမိအရ မီးပူ‌တိုက်ရ‌တယ်လေ မီးဆိုတာ အစိုးမရဘူး ပြန်ပျက်ချင်ပျက်နိုင်တယ်။ မီးပူတိုက်ပြီး ညနေအတွက်ထမင်းချက်ရပြန်ရော အိမ်ဦးနတ်နဲ့ ကလေးတွေ ချွတ်တဲ့အဝတ်လေး တွေကို အပြေးလျှော် ညစာစားဖို့ခူးခပ်ပြင်ဆင်ပေး စားပြီးပန်းကန်ဆေးကြောပေးနဲ့ ဒါပြီးမနားရသေးဘူး။ ကလေးတွေနဲ့တူတူဆော့ပြီး ဖွထားတာတွေပြန်သိမ်းဆည်းရနဲ့ အိပ်တော့မယ်ဆိုမှ သက်ပြင်းချပြီး ကောင်းကောင်းအနားယူရတော့တယ်။ မိမိတို့ရဲ့ အိမ်က မိခင်,ဇနီးမယား အိမ်ရှင်မတွေရဲ့အခက်ခဲတွေကို သိမြင်ပေးပြီးအလုပ်အားချိန် ဒါမှမဟုတ် မိမိရဲ့အားလပ်ရက်လေးတွေအချိန်ပေးပြီး စကားတွေပြောပေးရင်း အလုပ်တွေကူလုပ်ပေးခြင်းဖြင့် အိမ်ရှင်မတွေကို နွေး‌ထွေးမှုပေးပြီး ပျော်ရွှင်တဲ့မိသားစုလေးဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။တခါတ‌ရံဘာမှမဟုတ်ပါဘူးထင်ထားတဲ့စကားလေးတခွန်းကတောင် ကျွန်မတို့လို့အိမ်ရှင်မ မိခင်တွေအတွက် အားတခုဖြစ်စေပါတယ်။ အခုကစပြီးဝိုင်းလို့ကူကာဖေး‌မပေးကြပါနော်❣️

အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည်လာဘ်ကြီးတပါးတဲ့ ကျန်းမာဖို့အတွက်ဆိုရင်အစာအာဟာရမျှတတာတွေအများကြီးစားဖို့လိုအပ်သေးတယ် အသင့...
13/02/2023

အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည်လာဘ်ကြီးတပါးတဲ့ ကျန်းမာဖို့အတွက်ဆိုရင်အစာအာဟာရမျှတတာတွေအများကြီးစားဖို့လိုအပ်သေးတယ် အသင့်စား အစားစာတွေ ပြန်ကြော်ဆီကိုအသုံးပြုပြီးကြော်ထားတဲ့အစားစာတွေ သကြားဓာတ်များစွာပါတဲ့ အအေးတွေ အချိုဓာတ်လွန်ကဲလွန်းတဲ့သ‌ရေစာမုန့်တွေ တာရှည်ခံဆေးအသုံးပြုထားတဲ့ အစားစာတွေရယ် အဲ့အစားစာတွေက နေ့စဉ်စားသောက်မှုထဲပါဝင်နေရင် ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာကြီးက အစဉ်အမြဲကျန်းမာဖို့ မလွယ်ကူတော့ဘူးလေ ဒါကြောင့် သကြားဓာတ်လွန်ကဲတဲ့သရေစာမုန့်တွေအစား လတ်ဆတ်တဲ့အသီးနှံတွေ အသီးဖျော်ရည်တွေကို အစားထိုးပြီး ပုံမှန်လေးသောက်သုံးပေးစေချင်တယ် အစားစာကိုလဲ အသားငါး ဟင်းသီးဟင်းရွက် ဂျုံ ပဲ ပြောင်း အာလူး နို့နဲ့နို့ထွက်ပစ္စည်းစတဲ့ အဓိကအစာအာဟာရအုပ်စုကြီး ( 3 ) စုပါဝင်အောင် စားသောက်ပေးတာက မိမိတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရုံသာမက အသားရည်လဲ ကြည်လင်ပြီး သဘာဝအတိုင်းအလှပိုစေတာတွေရော အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုမဖြစ်အောင်ရောစသဖြင့် အများကြီး အထောက်ကူပြုတယ် ရေများများသောက်ပေးဖို့ကလဲ လိုအပ်သေးတယ် အစားသောက်အနေထိုင်အစစအရာရာဂရုစိုက်ပြီး ကိုယ်ချစ်ရတဲ့မိသားစု လက်တွဲဖော် သူ‌ငယ်ချင်းတွေနဲ့ အချိန်အကြာကြီးနေထိုင်သွားဖို့ကလဲ ကျွန်မတို့ရဲ့ အလိုချင်ဆုံး စိတ်ဆန္ဒတခုမလား အခုချိန်ကစပြီး ကိုယ့်ဘေးနားက မိဘ မောင်နှမ လက်တွဲဖော် သူငယ်ချင်း ကိုယ့်ချစ်ရတဲ့လူ‌‌တွေ အားလုံးအတွက် အစားစာရဲ့ အရေးပါတဲ့ကဏ္ဍတွေကို အမြဲမျှဝေပေး‌သွားပါနော် တပတ်တခါ အစားသောက်နဲ့ ကျန်းမာရေးအကြောင်းလေးတွေကိုအမြဲမျှဝေပေးသွားမှာဖြစ်လို့ တခြားသူတွေလဲသိသွားအောင် like & share လေးလုပ်ပေးပါဦးနော်

ဒီနေ့မှာတော့မင်တို့က ဟင်းလျာတိုင်းကို အိမ်ကချက်သလိုကောင်းကောင်းလေးနဲ့ မိသားစုတစုစာ ည မနက် ဝဝလင်လင်စားလို့ရမဲ့ ငါးဖယ်ကိုခ...
12/02/2023

ဒီနေ့မှာတော့မင်တို့က ဟင်းလျာတိုင်းကို အိမ်ကချက်သလိုကောင်းကောင်းလေးနဲ့ မိသားစုတစုစာ ည မနက် ဝဝလင်လင်စားလို့ရမဲ့ ငါးဖယ်ကိုခရမ်းချဉ်သီးနိုင်နိုင်လေးနဲ့ ဆီပြန်ချက်ထားတဲ့ ငါးဖယ်ဆီပြန်ဟင်း လေးကို စတင်ရောင်းပေးမှာဖြစ်ပါတယ် ‌
ငါးဖယ်ဆီပြန်ဟင်း - 6500
မင်တို့လို ဈေးသွားတိုင်း ကုန်ဈေးနှုန်း တစ်ဆထက်တစ်ဆတက်လာတာတွေကြောင့် အမြဲခေါင်းကိုက်နေရတဲ့အိမ်ရှင်မ‌တွေအတွက် ဈေးတန်တန်လေးနဲ့ ဟင်းတခွက်ကိုရောင်းချပေးချင်တဲ့ စိတ်လေးသာရှိပါတယ် ဈေးနှုန်းတန်လို့ စားမကောင်းဘူး မထင်နဲ့နော် မင်ရဲ့အိမ်ကချက်သလိုဘဲ ကောင်းကောင်းလေးချက်ပြုတ်ပေးမှာနော် မှာယူလိုပါက page cb နဲ့ ph 09777040719သို့
( 2 )ရက်ကြိုတင်၍မှာယူနိုင်ပါပြီနော် KBZ pay , Wave payeနဲ့လဲငွေပေးချေလို့ရပါပြီရှင့် မင်တို့pageလေးကို လူသိများအောင် like & share လေးလုပ်ပြီးအနီးနားကမိတ်‌‌ဆွေတွေကိုမျှဝေပေးပါဦးနော်🥰❣️

မနက်စာကို ရှင်ဘုရင်လိုစားပါတဲ့ အခုခေတ်မှာ အခြေခံကုန်ဈေးနှုန်းတွေကြီးမြင့်မှုကြောင့် ရှင်ဘုရင်လိုမစားနိုင်ပေါင်  ဟင်းတခွက...
11/02/2023

မနက်စာကို ရှင်ဘုရင်လိုစားပါတဲ့ အခုခေတ်မှာ အခြေခံကုန်ဈေးနှုန်းတွေကြီးမြင့်မှုကြောင့် ရှင်ဘုရင်လိုမစားနိုင်ပေါင် ဟင်းတခွက် , အသုပ်တပွဲဆိုရင်ဆိုသလောက် သက်သာရင်နည်းလားဆိုပြီး ချွေတာရပြန်ရော အခြေခံ ဆန် ဆီ ဆား ငရုတ် ကြက်သွန် ဗာဟီရတွေနဲ့ ဟင်းတခွက်မှာတင် အသုံးစရိတ်လွန်ကုန်ရော အသုံးစရိတ်လဲချွေတာပြီးသားဖြစ်အောင်ရယ် မင့်ရဲ့သဲလေး‌တွေ ဈေးသွားတဲ့အခါတိုင်း ကုန်ဈေးနှုန်းကြောင့်ခေါင်းမကိုက်စေဖို့ရယ် မင်တို့က ဟင်းလျာတွေကို ဈေးသက်သက်သာသာနဲ့ရောင်းပေးအုန်းမှာနော် မင်တို့ရဲ့pageကိုလဲ
လူသိများအောင် like & share လေးလုပ်ပေးကြပါဦးနော်❣️

မင်မင်တို့ဆီက ဘယ်အကြော်လှော်မဆို မှာယူမှသာ လတ်လတ်ဆတ်ဆတ်ကြော်လှော်ပေးတာဖြစ်တာမို့ အထားမခံမှာတော့မပူနဲ့နော် အမြတ်ရပြီးရောဆ...
09/02/2023

မင်မင်တို့ဆီက ဘယ်အကြော်လှော်မဆို မှာယူမှသာ လတ်လတ်ဆတ်ဆတ်ကြော်လှော်ပေးတာဖြစ်တာမို့ အထားမခံမှာတော့မပူနဲ့နော် အမြတ်ရပြီးရောဆိုပြီး မျက်နှာလွဲ ဂဲပစ်လဲမကြော်ပေးဘူး မင်တို့စားသလို လက်ရာကောင်းကောင်းလေးဘဲ ကြော်ပေးမှာ
နောက်ပြီး မရမ်းသီးနဲ့ပတ်သက်တဲ့အကြော်လှော်လဲ ရောင်းပေးဦးမယ်နော် ရာသီစာတွေနဲ့ပတ်သက်တာတွေလဲရောင်းပေးဦးမှာနော်
မင်တို့ရဲ့ ❣️ YOON Homemade Food ❣️ Pageလေးကိုလဲ လူသိများအောင် like & share လေးလုပ်ပေးပါဦးနော်
မှာယူလိုပါက page cb နဲ့ ph 09 777040719 သို့
(2)ရက်ကြိုတင်၍ မှာယူအားပေးနိုင်ပါပြီနော်
Kbz pay / Wave payတို့နဲ့လဲငွေပေးချေလို့ရပါပြီနော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when YOON Homemade Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share