Floors & Doors by Tekku

Floors & Doors by Tekku Premium wood parquet manufacturer and flooring specialists headquartered in the heart of Yangon.

15/10/2024

🌳✨ ကျွန်းရဲ့ သဘာဝအလှများနဲ့ သင့် Space လေးကို Elevate လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ Floors & Doors by Tekku ရှိတယ်နော်။

Floors & Doors by Tekku ဟာဆိုရင် ကျွန်းပါကေး ၊ပျဉ်းကတိုး ပါကေး ဆိုဒ်စုံ ( Teak and Pyinkado Parquet) ၊ ကြမ်းခင်းဝန်ဆောင်မှု (Flooring Service) ၊ စကာတင် (Skirting Installation) နဲ့ T&G - ကျွန်းလျှာထိုးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချီပြီး ရန်ကုန် ၊ မန္တလေး ၊ နေပြီတော် နဲ့ မော်လမြိုင် တစ်ခွင် ရောင်းချပေးလျက်ရှိပါတယ်။

မှာယူလိုပါက ဖုန်း 09880261613 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။ လက်ကားဝယ်ယူလိုသူများအတွက် လက်ကား စျေးလည်းရှိပါတယ်ရှင့်။

Premium wood parquet manufacturer and flooring specialists headquartered in the heart of Yangon.

ပထမဆုံးအနေနဲ့ Sanding အကြောင်းကို ပြောရမယ်ဆိုရင် ပါကေးရဲ့ မျက်နှာပြင်ကို ချောမွေ့အောင် Sandpaper နဲ့ တိုက်တာမို့လို့ San...
18/05/2024

ပထမဆုံးအနေနဲ့ Sanding အကြောင်းကို ပြောရမယ်ဆိုရင်
ပါကေးရဲ့ မျက်နှာပြင်ကို ချောမွေ့အောင် Sandpaper နဲ့ တိုက်တာမို့လို့ Sanding လို့ ခေါ်တာပါ။ 💡

Sanding လုပ်ပေးလိုက်ရင် ကြမ်းပြင်၊ မျက်နှာကြက်၊ နံရံတွေပဲဖြစ်ဖြစ် ပရိဘောဂတွေပဲ ဖြစ်ဖြစ် မျက်နှာပြင်က ချောမွေ့သွားပြီးတော့ ဖုထုစ်တာ၊ သစ်သားစ ထွက်နေတာတွေ မရှိတော့ဘူးပေါ့နော်။ မြန်မာလိုဆိုရင်တော့ ကော်ပတ်တိုက်တယ်၊ ကော်ပတ်စားတယ် ခေါ်ကြပါတယ်။ 💁

ဆိုတော့ ပါကေးခင်းရင်းရော ကော်ပတ်စားဖို့ ဘာလို့လိုတာလဲ? 🤔

ခုနပြောခဲ့သလိုပါပဲ။
ကြမ်းခင်းမှာ ဖုနေတာ၊ မသပ်မရပ်ဖြစ်နေတဲ့ နေရာတွေ မှန်သမျှကို ကော်ပတ်စားပြီး ဖျောက်ပစ်ရမှာပါ။ 💁

Sanding လုပ်တဲ့အခါမှာ စက်နဲ့ရော၊ လက်နဲ့ပါ လုပ်လေ့ရှိကြပါတယ်။ ပါကေး အမျိုးအစားနဲ့ ဒီဇိုင်းဖော်ထားတဲ့ အကွက်အပေါ်မူတည်ပြီး ပြုလုပ်ပုံအဆင့်ဆင့်က ကွာခြားသွားတတ်တယ်။ များသောအားဖြင့်တော့ Direction မျိုးစုံသွားလို့ရဲ့ Orbital sander ကို သုံးကြပါတယ်။ 🪵

ပါကေးတစ်ခုလုံးကို ကော်ပတ်တိုက်ပြီးတာနဲ့ မျက်နှာပြင်ပေါ်မှာ ကျန်နေတဲ့ ဖုန်နဲ့ အမှုန်အစတွေကို သေချာ ဖယ်ရပါမယ်။ ဒီနေရာမှာတော့ တံမြက်စည်းနဲ့ လှည်းတာဖြစ်ဖြစ်၊ ဖုန်စုပ်စက်နဲ့ ဖယ်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပြီးတော့ နောက်တစ်ဆင့်ကျရင် ရေစိုအဝတ်လေးသုံးပြီး ကျန်နေတဲ့ ဖုန်တွေကို ဖယ်ပေးရပါမယ်။ 💁

ပါကေးတုံး တစ်ခုနဲ့ တစ်ခုကြားမှာ ဟ, နေတာတွေ ရှိရင် ဒီအဆင့်မှာ ကပ်ပေးတာ၊ ဖြည့်ပေးတာတွေ တစ်ခါတည်း လုပ်ရမှာဖြစ်ပါတယ်။ ဖြည့်လိုက်တဲ့ Filler တွေက ပိုနေရင် ကြမ်းခင်းမျက်နှာပြင် မို့မောက်နေမှာဖြစ်လို့ ပိုနေတဲ့ နေရာတွေကိုလည်း ကော်ပတ်နဲ့ လိုက်ညှိပေးရပါဦးမယ်။ 🙋

ပြီးသွားတာနဲ့ အပေါ်ကနေ Coating ဆေးလိုက်ပြီးတာနဲ့ သင့်ကြမ်းခင်းက Ready to be walked on ဖြစ်သွားပါပြီ။ Coating က ပြောင်လက်နေလေလေ၊ ကြမ်းခင်းကလည်း ပိုလှလေလေ ဖြစ်တဲ့အတွက် Floors & Doors by Tekku flooring service team ကတော့ Sanding Procedure ပြီးတာနဲ့ TOA T-4000 နဲ့ BHI Products တွေကိုပဲ သုံးပါတယ်လို့ ကြော်ငြာလိုက်ပါတယ်နော်။ 😎

Coating တွေအတွက်ဆိုရင်တော့ Service မှာ Polish/ Coating 2 ကြိမ်ပါဝင်ပြီး အကယ်၍ Customer ဘက်က ထပ်တိုး coating ပြုလုပ်ချင်တယ်ဆိုရင်တော့ Floors & Doors by Tekku ဘက်ကနေ ဝန်ဆောင်ခ ထပ်မံကောက်ခံပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 🙋

ဒါကြောင့် Parquet Quality ကောင်းပြီး Flooring Service စိတ်ချရတဲ့ ပါကေးဆိုင်ကောင်းကောင်းကို ရှာနေတယ်ဆိုရင်တော့ Floors & Doors by Tekku မှာ ကျွန်းပါကေးတွေကို EXPORT Quality, Grade A+ Quality, Grade A Quality စသည်ဖြင့် အရည်အသွေး အမျိုးအစား ၃ ခုအထိ ရွေးချယ်ပြီး ဝယ်ယူလို့ ရပါတယ်။
လူကိုယ်တိုင် လာရောက်ကြည့်ရှုချင်ရင်လည်း Floors & Doors by Tekku ရဲ့ Showroom ကို လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ 🙇

လိပ်စာ - E32, May Kha Housing, Lay Daunt Kan Road, Thingangyun Township, Yangon, MM
ဖုန်းနံပါတ်: 09 880 261 613
Opening Hours: မနက် (၈:၃၀) နာရီ မှ ညနေ (၅) နာရီ။
Opening Days: Mon - Sat
#ကျွန်းပါကေး

🪵 ဈေးကြီးတဲ့ ပါကေးအမျိုးအစားကို ခင်းထားပေမဲ့ အိမ့်အလှ ငုပ်လျှိုးနေတာမျိုး မဖြစ်စေဖို့.. 🟤 🟡 🟣 🟢ပါကေးရွေးချယ်မှု မှန်ကန်ပ...
13/05/2024

🪵 ဈေးကြီးတဲ့ ပါကေးအမျိုးအစားကို ခင်းထားပေမဲ့ အိမ့်အလှ ငုပ်လျှိုးနေတာမျိုး မဖြစ်စေဖို့.. 🟤 🟡 🟣 🟢

ပါကေးရွေးချယ်မှု မှန်ကန်ပေမဲ့လည်း အိမ်လေးကို ပိုပြီး ထည်ဝါ ရုပ်လုံးကြွစေဖို့ဆိုရင် အရောင်ရွေးချယ်မှုကလည်း အထိုက်အလျောက် အရေးပါတယ်ဆိုတာ လက်ခံပါသလားခင်ဗျာ? 🤔

လက်ခံတယ်ဆိုရင်တော့ ဒီစာကနေ သင့်အိမ်ကလေးအတွက် သဘာဝ ကျွန်းပါကေးအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်လေးတွေကို အခုလို တွဲစပ်ပြပေးပါရစေ။ 💁

🪵 Warm undertone တွေဖြစ်တဲ့ အနီ၊ အဝါနဲ့ လိမ္မော်ရောင်သမ်းတဲ့ ကြမ်းခင်းတွေ အတွက်ဆိုရင်တော့
👉 အပြာ၊ အစိမ်းရောင်၊ မီးခိုးရောင်တို့လို cool tone အရောင်တွေနဲ့ တွဲစပ်ပေးသင့်ပါတယ်။
✨ ဒါမှ ကြမ်းခင်း Warm undertone နဲ့ နံရံ Cool undertone ကြားက color balance ရှိနေမှာဖြစ်ပြီး လင်းချင်းတဲ့ အသွင်ကို ဆောင်မှာပါ။ 🪟

🪵 Neutral undertone ဖြစ်တဲ့ Beige အရောင်လို ကြမ်းခင်းတွေကတော့
👉 အဝါ၊ အနီ၊ အပြာ၊ အစိမ်း ဘယ်လို အရောင်လေးနဲ့မဆို သဘာဝကျကျနဲ့ ထည်ဝါတဲ့ ခံစားချက်ကို ပေးနိုင်မှာဖြစ်ပါတယ်။ 🛋️

💭 ဒီလို အရောင်အတွဲအစပ်လေးတွေကို အခန်းဆေးသုတ်ရာမှာဖြစ်ဖြစ်၊ ပရိဘောဂနဲ့ အလှဆင်ပစ္စည်း ရွေးချယ်ရာမှာဖြစ်ဖြစ် ထည့်သွင်းအသုံးပြုပြီး စိတ်ကူးပုံဖော်ကြည့်ရအောင်ပါ။ 💭

ဒါ့အပြင် သင့်စိတ်ကူးထဲက အိမ်အခန်းပုံစံဒီဇိုင်းလေးရှိရင်လည်း ကျွန်တော်တို့ Tekku team ကို ပြခဲ့ပါဦးနော်။ 🙇

သဘာဝဆန်တဲ့ အရောင်အသွေးနဲ့ အရည်အသွေးကောင်းတဲ့ မြန်မာ့ သဘာဝ ကျွန်းပါကေးတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Floors & Doors by Tekku နဲ့ မိတ်ဆက်ပေးပါရစေ။ 💁

Floors & Doors by Tekku ရဲ့ ပါကေးတွေအားလုံးက စက်ပေါင်းပါကေးဖြစ်တဲ့အတွက် ပါကေးစံချိန် ပြည့်မီပြီးသားဖြစ်ပါတယ်။

Floors & Doors by Tekku က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

မှာယူလိုပါက Showroom သို့ လာရောက်ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်သလို Page Messenger (သို့မဟုတ်) 09 880 261 613 ကနေတစ်ဆင့်လည်း စုံစမ်းဝယ်ယူနိုင်ပါတယ်။

🏠 လိပ်စာ - E32, May Kha Housing, Lay Daunt Kan Road, Thingangyun Township, Yangon, MM
📞 ဖုန်းနံပါတ်: 09 880 261 613
🕜 Opening Hours: မနက် (၈:၃၀) နာရီ မှ ညနေ (၅) နာရီ။
🗓️ Opening Days: Mon - Sat

#ကျွန်းပါကေး

Floors & Doors by Tekku ကို အမြဲ အားပေးလာကြတဲ့ မိတ်ဆွေများအနေနဲ့ ‘မြန်မာ့ရိုးရာ သင်္ကြန်အခါ’ မှာ 💦 💐စိတ်၊ ကိုယ်၊ စီးပွား...
13/04/2024

Floors & Doors by Tekku ကို အမြဲ အားပေးလာကြတဲ့ မိတ်ဆွေများအနေနဲ့ ‘မြန်မာ့ရိုးရာ သင်္ကြန်အခါ’ မှာ 💦 💐

စိတ်၊ ကိုယ်၊ စီးပွား ကဏ္ဍ ၃ ခု စလုံးမှာ အစစ အရာရာ အောင်မြင် အဆင်ပြေကြပြီး အန္တရာယ်ကင်းကြစေဖို့အတွက်

🙇 ‘Floors & Doors by Tekku’ team က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙇

ဒါ့အပြင် တစ်ခါတည်းမှာပဲ ‘Floors & Doors by Tekku’ team အနေနဲ့လည်း မြန်မာ့နှစ်သစ်ကူးအချိန်အခါကို မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရသူတွေနဲ့ ကုန်ဆုံးလိုတဲ့အတွက်..

🗓️ 13.4.2024 မှ 21.4.2024 ခုနှစ်အထိ ခွင့်လေး ယူဖို့ ခွင့်တောင်းပါတယ်နော်။ ✨

📍 22.4.2024 မှာတော့ ကျွန်တော်တို့ရဲ့ ‘ပါကေးပြခန်း’ လေးကိုရော၊ ‘အွန်လိုင်းအရောင်းဆိုင်’ ကိုပါ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ 💁 💡

အားလုံးအတွက် ပျော်စရာသင်္ကြန်ဖြစ်ပါစေ။ 💦 🌼

🏠 လိပ်စာ - E32, May Kha Housing, Lay Daunt Kan Road, Thingangyun Township, Yangon, MM
📞 ဖုန်းနံပါတ်: 09 880 261 613
🕜 Opening Hours: မနက် (၈:၃၀) နာရီ မှ ညနေ (၅) နာရီ။
🗓️ Opening Days: Mon - Sat

#ကျွန်းပါကေး

Floors & Doors by Tekku ကို အစဉ်မပြတ် အားပေးနေကြတဲ့ Customer များအနေနဲ့နှစ်သစ်ကူးပြောင်းချိန်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်း...
31/12/2023

Floors & Doors by Tekku ကို အစဉ်မပြတ် အားပေးနေကြတဲ့ Customer များအနေနဲ့
နှစ်သစ်ကူးပြောင်းချိန်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒတွေအားလုံး ပြည့်စုံစေကြောင်း
Tekku Team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ✨

ကျွန်းပါကေးဆိုတာနဲ့ Floors & Doors by Tekku ကို အမြဲ သတိတရ ရှိပေးကြတဲ့အတွက်လည်း Tekku Team တစ်ခုလုံးက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🥰

လိပ်စာ: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ်: 09 880 261 613

Opening hours: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

💭 သင့်ရဲ့ ဆောက်လက်စ အိမ်ကလေးကို ထည်ဝါအောင် လုပ်ဖို့ နည်းလမ်းရှာနေပါသလား ❔🏡 ဆောက်လက်စအိမ်ကလေးကိုပဲ ဖြစ်ဖြစ်၊ လက်ရှိနေနေတဲ...
12/12/2023

💭 သင့်ရဲ့ ဆောက်လက်စ အိမ်ကလေးကို ထည်ဝါအောင် လုပ်ဖို့ နည်းလမ်းရှာနေပါသလား ❔

🏡 ဆောက်လက်စအိမ်ကလေးကိုပဲ ဖြစ်ဖြစ်၊ လက်ရှိနေနေတဲ့ အိမ်ကလေးကိုပဲ ဖြစ်ဖြစ်
သင့်ရဲ့ စိတ်ကူးထဲက အိမ်ကလေးလို ပုံဖော်ပေးဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာကတော့ စိုတောက်ပြီး သန့်ရှင်းတဲ့ သစ်သားကြမ်းခင်းတွေပဲဖြစ်ပါတယ်။ 🙋

💡 ဒါကြောင့် သင့်အိမ်ကို ပြင်ဆင်မွမ်းမံတဲ့အခါမှာ ဘယ်လို ကြမ်းခင်းကို ရွေးချယ်အသုံးပြုရမလဲဆိုတာ ခေါင်းစားနေတယ်ဆိုရင်တော့ Floors & Doors by Tekku က

အရည်အသွေး ကောင်းပြီး Investment တစ်ခုလို့တောင် တင်စားလို့ ရတဲ့ မြန်မာ့ ကျွန်းပါကေးကို ရွေးချယ်ဖို့ အကြံပေးပါရစေနော်။ 💁

ထည်ဝါပြီး ကြံ့ခိုင်မှုအားကောင်းတဲ့ မြန်မာ့ ကျွန်းသစ်ကနေ ထုတ်လုပ်ထားတဲ့ ကျွန်းပါကေးတွေက
🤩 ထိန်းသိမ်းရတာ လွယ်ကူတယ်။
🤩 စိုထိုင်းစကြောင့် မှိုတက်တာကနေ အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိတယ်။
🤩 ချောမွေ့တဲ့ မျက်နှာပြင်ရှိတယ်။
🤩 အချိန်ကြာလေ ပိုလှလေလေဆိုတဲ့ ဂုဏ်သတ္တိရှိတယ်။
🤩 ထည်ဝါတဲ့ အသွင်အပြင်နဲ့ ခမ်းနားတယ်။
စတဲ့ အချက်တွေကိုပါ အပိုထပ်ပေါင်းအနေနဲ့ ရရှိမှာပါ။

အကယ်၍ သင့်ရဲ့ စိတ်ကူးထဲက အိမ်ကလေးနဲ့ ထပ်တူကျတဲ့ အိမ်လှလှလေးကို ဖန်တီးချင်ရင်တော့ ကျွန်မတို့ Floors & Doors by Tekku က သင်လိုအပ်တဲ့ ပါကေးအကူအညီကို အချိန်မရွေး ပေးနိုင်တာကြောင့်…

Floors & Doors by Tekku Page Messenger ကတစ်ဆင့် (ဒါမှမဟုတ်) 09 880 261 613 ကနေတစ်ဆင့် စုံစမ်းဝယ်ယူနိုင်ပါတယ်။.လူကိုယ်တိုင် လာရောက်လေ့လာချင်တယ်ဆိုရင်တော့ ရန်ကင်း၊ အောင်ဇေယျလမ်းမှာရှိတဲ့ Floors & Doors by Tekku Showroom မှာ လာရောက် လေ့လာနိုင်ပါတယ်ရှင်။

Floors & Doors by Tekku ရဲ့ ပါကေးတွေအားလုံးက စက်ပေါင်းပါကေးဖြစ်တဲ့အတွက် ပါကေးစံချိန် ပြည့်မီပြီးသားဖြစ်ပါတယ်။ 😎

Floors & Doors by Tekku က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

လိပ်စာ: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 880 261 613
Opening hours: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

#ပါကေး

Floors & Doors by Tekku ရဲ့ Flooring Service team က အတွေ့အကြုံများပြီး သေချာလေ့ကျင့်ပေးထားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တ...
16/11/2023

Floors & Doors by Tekku ရဲ့ Flooring Service team က အတွေ့အကြုံများပြီး သေချာလေ့ကျင့်ပေးထားတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အသုံးပြုတဲ့ ပစ္စည်းတွေအထိ ပစ္စည်းကောင်းကောင်းကိုပဲ သုံးဖို့ ကြေး(ဂျီး) များကြပါတယ်။ 😬

ဒါကြောင့် Floors & Doors by Tekku က Flooring Service အတွက်ဆိုရင်
team ရဲ့ Approval ရပြီးတဲ့ ဒီပစ္စည်းတွေကိုပဲ အသုံးပြုပါတယ်ဆိုတဲ့အကြောင်း Customer တွေလည်း ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်။ 💁

✨ ပါကေးမျက်နှာပြင်ကို စိုစိုတောက်တောက်လေးဖြစ်အောင် Gloss တင်ဖို့ဆိုရင်တော့ Floors & Doors by Tekku က TOA T-4000 ကို သုံးပါတယ်။ 💁
TOA Polyurethane T-4000 က synthetic resin သဘောဖြစ်လို့ လေထုထဲက အစိုဓာတ်နဲ့ တွေ့ရင် ပါကေးရဲ့ အပေါ်ယံတစ်လွှာအနေနဲ့ အရောင် စိုစိုလေး ကျန်ခဲ့နေမှာပါ။ 🤩
ဒါ့အပြင် ထိခိုက်မှုတွေ၊ ခြစ်ရာ၊ အစင်းရာတွေ၊ acid-base ဒါမှမဟုတ် အခြား chemicals တွေ မှောက်ကျတာတွေနဲ့ နေရောင်ခြည် ကျရောက်လို့ ပါကေးအရောင် မှိန်လာတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ 🥳

ဒါတင်မကသေးဘဲ TOA T-4000 က အချိန် ၁နှစ် ဝန်းကျင်အထိ ကြံ့ခံနိုင်တဲ့အပြင် အသုံးပြုရလွယ်ကူပြီး အခြောက်လည်း မြန်တဲ့ Premium Wood Coating တစ်ခု ဖြစ်ပါတယ်။ 🤔
6 Celsius အထိ ရှိတဲ့ အပူချိန်ဒဏ်နဲ့ အခြား ဓာတုပစ္စည်းတွေ မှောက်ကျ၊ ဖိတ်ကျတဲ့ ဒဏ်ကိုလည်း ကောင်းကောင်း ခံနိုင်ရည်ရှိတဲ့အတွက် သင့်ပါကေးကြမ်းခင်း အလှပျက်မှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ 😎

✨ ပါကေးတုံးတွေကို စိပ်စိပ်လှလှလေး ဖြစ်အောင် ကပ်ဖို့အတွက်ကိုကတော့ ATM A9000 ကော်ကို အသုံးပြုပါတယ်။ 💁
ATM A9000 က ဘယ်လို materials တွေအတွက်မဆို အဆင်ပြေတဲ့ အရည်အသွေးမြင့် ပစ္စည်းတစ်ခု ဖြစ်လို့ ဈေးကွက်ထဲမှာလည်း နာမည်ကြီးပြီးသားပါ။
ATM A9000 ကော်က Anti-fungus ဖြစ်တဲ့အပြင် Environmentally friendly လည်း ဖြစ်တာကြောင့် ဒီလို Quality ကောင်းတဲ့ Adhesive item တစ်ခုက Floors & Doors by Tekku Flooring Service team ရဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နေတာ အခုအချိန်အထိပါပဲ။ 😎

✨ Sealer အတွက်ကိုတော့ Floors & Doors by Tekku မှာ BHI products တွေကို အသုံးပြုပါတယ်။ 💁
Sealer ဆိုတာကတော့ အောက်ခံသစ်သားနဲ့ အပေါ်ဆေးသားအလွှာကို စွဲမြဲအောင် တွယ်ကပ်ပေးမဲ့ ကြားခံဆေးတစ်မျိုးပါ။ Sealer ကောင်းကောင်း သုံးထားတဲ့ ပါကေးကြမ်းခင်းဆိုရင် ဆေးသား ဝ နေတဲ့ သစ်သားမျက်နှာပြင်ပုံသဏ္ဌာန်လေးကို တွေ့ရမှာဖြစ်ပါတယ်။ 😍

Floors & Doors by Tekku ရဲ့ Flooring Service မှာ အပေါ်မှာ ပြောပြပေးခဲ့တဲ့ အရည်အသွေးမြင့် ပစ္စည်းတွေကိုပဲ အသုံးပြုတာဖြစ်ပြီး Coating တွေအတွက်ဆိုရင်တော့ Service မှာ Polish/ Coating 2 ကြိမ်ပါဝင်ပြီး အကယ်၍ Customer ဘက်က ထပ်တိုး coating ပြုလုပ်ချင်တယ်ဆိုရင်တော့ Floors & Doors by Tekku ဘက်ကနေ ဝန်ဆောင်ခ ထပ်မံကောက်ခံပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ 🙋

ဒါကြောင့် Parquet Quality ကောင်းပြီး Flooring Service စိတ်ချရတဲ့ ပါကေးဆိုင်ကောင်းကောင်းကို ရှာနေတယ်ဆိုရင်တော့ Floors & Doors by Tekku မှာ ကျွန်းပါကေးတွေကို EXPORT Quality, Grade A+ Quality, Grade A Quality စသည်ဖြင့် အရည်အသွေး အမျိုးအစား ၃ ခုအထိ ရွေးချယ်ပြီး ဝယ်ယူလို့ ရပါတယ်။
လူကိုယ်တိုင် လာရောက်ကြည့်ရှုချင်ရင်လည်း Floors & Doors by Tekku ရဲ့ Showroom ကို လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ 🙇

🏢 Address: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
📳 Phone Number: 09 880 261 613
⌚ Opening hours - မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

🛎️ သင့်အိမ်က ပါကေးကြမ်းခင်းမှာ မှိုတက်နေပြီလား ⁉️ 😬သင့်အိမ်မှာ ခင်းထားတဲ့ ပါကေးကြမ်းခင်းမှာ မှိုတက်နေပြီဆိုရင် ပါကေးအခင်...
10/11/2023

🛎️ သင့်အိမ်က ပါကေးကြမ်းခင်းမှာ မှိုတက်နေပြီလား ⁉️ 😬

သင့်အိမ်မှာ ခင်းထားတဲ့ ပါကေးကြမ်းခင်းမှာ မှိုတက်နေပြီဆိုရင် ပါကေးအခင်းတစ်ခုလုံးကို အကုန်ပြန်ခွာဖို့ လိုပါတယ်။ 😬
ဒီလိုဆိုရင်တော့ အလုပ်ရှုပ်ပြီး စရိတ်လည်း ကြီးသလို မှိုတက်နေတဲ့ စိုစိစိ ကြမ်းခင်းကို မြင်နေရတာကလည်း သင့်စိတ်ကိုလည်း ညစ်ညူးစေမှာပါ။ 🤦

ဒါကြောင့် ပါကေးမှိုတက်တဲ့ ပြဿနာကို ဒီနေ့ Floors & Doors by Tekku နဲ့အတူတူ စိစစ်ကြည့်ရအောင်နော်။ 💁

1️⃣ ကြမ်းခင်းပတ်ဝန်းကျင်မှာ ရေစိမ့်တာ ဒါမှမဟုတ် စိုထိုင်းစ များတာ
2️⃣ ပါကေးတုံးရဲ့ Moisture Level က မြင့်နေတာ မျိုးဆိုရင်
သစ်သားသဘာဝရှိတဲ့ ပါကေးက စိုထိုင်းစကို စုပ်ယူနိုင်တဲ့ သတ္တိရှိတဲ့အတွက် မှိုတက်နိုင်ချေလည်း မြင့်ပါတယ်။ 🤔

မှိုစတက်တဲ့ အချိန်မှာကတည်းက အချိန်မီ သတိထားမိပြီး ပြုပြင်မှုတွေ လုပ်ခဲ့မယ်ဆိုရင်တော့ မှိုအန္တရာယ်ကို ကာကွယ်နိုင်ပေမဲ့ အချိန်ကြာလာတဲ့အထိ မပြုပြင်ဘဲ ထားမယ်ဆိုရင် ပါကေးတုံးရဲ့ အောက်ဘက်နဲ့ Subfloor ရဲ့ အပေါ်ဘက် ကြားထဲက နေရာကနေ စတင်ပြီး မှိုလိုက်စားလာမှာပါ။ 🤦

မှိုတက်ခါစ အချိန်မှာ သိပြီး ပြုပြင်ဖို့ဆိုရင်တော့ Parquet bleach ဒါမှမဟုတ် White Vinegar တို့ကို အသုံးပြုပြီး DIY နည်းလမ်းတွေနဲ့တင် သန့်ရှင်းဖယ်ရှားပေးလို့ ရသလို
အကယ်၍ မှိုပမာဏက များတယ်ဆိုရင်တော့ sanding လုပ်ပေးဖို့ လိုပါလိမ့်မယ်။ 💁
📌 ဒီနည်းလမ်း ၂ခုစလုံးနဲ့ အလုပ်မဖြစ်ရင်တော့ ကြမ်းခင်းတစ်ခုလုံးကို ခွာပြီး အသစ်ပြန်လဲရမှာပါ။ 😣

ကြမ်းခင်းမှိုတက်တာနဲ့ ပတ်သက်ပြီး ဖြေရှင်းရ အခက်ခဲဆုံးအပိုင်းကတော့ ပါကေးတုံးရဲ့ အောက်ဘက်မှာ မှိုစွဲတဲ့ ပြဿနာပါ။ 🤔
ပါကေးတုံးအောက်ဘက်မှာ မှိုတက်နေတာဖြစ်တဲ့အတွက် ကြမ်းခင်း မျက်နှာပြင် ပုံပျက်လာတာ၊ အောက်သိုးသိုး မှိုနံ့တွေ ထွက်လာတာ စတဲ့ လက္ခဏာတွေ မပေါ်လာမချင်း သင့်အနေနဲ့ “ကြမ်းခင်း မှိုတက်နေပြီ” ဆိုတာကို သိနိုင်ဖို့ မလွယ်ပါဘူး။ 🙅

နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့..
ပါကေးကြမ်းခင်းရဲ့ moisture content levels က Standard 10% ဝန်းကျင်ကို ကျော်လွန်ပြီး 18% နဲ့ အထက်အထိ ရောက်လာပြီဆိုရင် သင့်ရဲ့ ကြမ်းခင်းက မှိုစတက်နေပြီဆိုတဲ့ သဘောပါပဲ။ ‼️
ဒါဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ Flooring Service team နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို စတင်လုပ်ဆောင်သင့်ပါပြီ။ 📢

ပါကေးမှိုတက်တာကို ကာကွယ်ဖို့ဆိုရင် မှိုကို အားပေးတဲ့ Factors တွေဖြစ်တဲ့
💧 စိုထိုင်းစများတာ
💧 အလင်းရောင် ကောင်းကောင်းမရဘဲ မှောင်ပိတ်နေတာ
💧 လေလှည့်ပတ်မှု အားနည်းတာ
💧 ကြမ်းပြင်ပေါ်ကို ရေ၊ အစားအစာတွေ ဖိတ်စင်ကျထားတာကို သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားတာ တို့ မဖြစ်လာအောင် ဂရုစိုက်သင့်ပါတယ်။

💡 Floors & Doors by Tekku မှာ ရောင်းချပေးနေတဲ့ ကျွန်းပါကေးတွေအားလုံးက
✔️ Moisture Content ကို 9% to 12% အတွင်းထိန်းထားနိုင်အောင် အချိန်ယူပြီး ပြုပြင်ထားတဲ့ စက်ပေါင်းသားတွေဖြစ်တဲ့အပြင်

Flooring Service team ကလည်း
✔️ သင့်ကြမ်းခင်းကို မှိုတက်တဲ့ အန္တရာယ်ကနေ ဒိုင်းကာတစ်ခုလို ကာကွယ်ပေးထားနိုင်တဲ့ Anti-fungus Adhesive တွေကိုပဲ အသုံးပြုတဲ့အတွက်
သင်ကသာ Floors & Doors by Tekku ရဲ့ Customer တစ်ယောက်လည်းဖြစ်တယ်၊ ကြမ်းခင်းကိုလည်း ဂရုစိုက်ပေးတယ်ဆိုရင်တော့ မှိုပြဿနာအတွက် စိတ်မပူလည်း ရပါတယ်လို့ ပြောပါရစေနော်။ 😎 🛡️

Floors & Doors by Tekku က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

မှာယူလိုပါက Showroom သို့ လာရောက်ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်သလို Page Messenger (သို့မဟုတ်) 09 880 261 613 ကနေတစ်ဆင့်လည်း စုံစမ်းဝယ်ယူနိုင်ပါတယ်။.

လိပ်စာ: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 880 261 613
Opening hours: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

📢 ပါကေးကောင်းတစ်ခုရဲ့ အင်္ဂါနဲ့ ပြည့်စုံစေဖို့ဆိုရင် ဒီအဆင့်ကို ရှောင်လို့ မရပါဘူး။ ❌Floors & Doors by Tekku ကနေ ပါကေးတွ...
06/11/2023

📢 ပါကေးကောင်းတစ်ခုရဲ့ အင်္ဂါနဲ့ ပြည့်စုံစေဖို့ဆိုရင် ဒီအဆင့်ကို ရှောင်လို့ မရပါဘူး။ ❌

Floors & Doors by Tekku ကနေ ပါကေးတွေမှာ ပါဝင်တဲ့ Moisture Level နဲ့ ဒီ Moisture Level ရဲ့ အရေးပါပုံတွေကို မျှဝေခဲ့ပြီးပါပြီ။ အကယ်၍ မဖတ်ရသေးရင်တော့ ဒီကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ 💁
https://www.facebook.com/photo?fbid=291199440340316&set=a.157985923661669

ဒီနေ့မှာတော့ သစ်ပင်ရဲ့ အပိုင်းအစတစ်ခုသာသာကနေ အရည်အသွေးမြင့်ပြီး ထည်ဝါတဲ့ ပါကေးကောင်းတစ်တုံးဖြစ်လာအောင် Moisture Level ကို ဘယ်လို ထိန်းညှိရလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဒါမှ သင့်အနေနဲ့လည်း ပါကေးဝယ်ယူတဲ့အခါကျရင် ချက်ကျလက်ကျ နားလည်ထားတဲ့အတွက် ရွေးချယ်မှု မမှားတော့ဘူးပေါ့နော်။ 🙋

Moisture Level ကို ထိန်းညှိဖို့ဆိုရင် သစ်သားထဲက စိုထိုင်းစကို အခြောက်ခံဖို့အတွက် သစ်ကို ပြင်ဆင်ရတာပါ။ 💁

✔️ ပထမဆုံး နည်းလမ်းကတော့ Air Drying Method ပါ။ 🪵
ဒီနည်းလမ်းကတော့ စက်ပစ္စည်းအကူအညီတွေ မပါဝင်ဘဲနဲ့ သဘာဝအတိုင်း အခြောက်ခံတဲ့ နည်းလမ်းဖြစ်ပါတယ်။ အချိန်က နှစ်နဲ့ချီကြာတတ်တဲ့အပြင် Moisture Level ကိုလည်း သိသိသာသာလျော့သွားစေတဲ့ နည်းလမ်းမျိုး မဟုတ်ပါဘူး။

✔️ ဒုတိယ နည်းလမ်းကတော့ Dehumidifier နဲ့ ပေါင်းတဲ့ နည်းလမ်းပါ။ 🪵
အခန်းအလွတ် ဒါမှမဟုတ်၊ လေးဖက်လေးတန် ပိတ်နေတဲ့ နေရာတစ်ခုခုမှာ သစ်သား၊ Dehumidifier နဲ့ လေကို Ventilate လုပ်ပေးနိုင်တဲ့ ကိရိယာလေးပဲ ပါဝင်မှာပါ။ Ventilation Tool လေးက အခန်းထဲကလေတွေကို လှည့်ပတ်နိုင်အောင် လုပ်ပေးနေမဲ့ အချိန်မှာ Dehumidifier ကတော့ သစ်သားထဲက စိုထိုင်းမှုတွေကို စုပ်ယူသွားမှာဖြစ်ပါတယ်။ ကြာချိန်ကတော့ အခြောက်ခံချင်တဲ့ သစ်ရဲ့ အရွယ်အစားနဲ့ အမျိုးအစားပေါ်ကို မူတည်ပြီး လအလိုက် ကြာမြင့်တတ်ပါတယ်။
ဒီနည်းလမ်းကတော့ Air Drying နဲ့ ယှဉ်ရင် အချိန်ကုန် သက်သာပြီး Humidity နဲ့ Temperature ကိုလည်း Remotely track လုပ်နေနိုင်တဲ့အတွက် အသုံးများတဲ့ နည်းလမ်းတစ်ခုပါပဲနော်။

✔️ တတိယနည်းလမ်းကတော့ Kiln ထဲ ထည့်ပေါင်းတဲ့ နည်းလမ်းပါ။ လွယ်လွယ်ပြောရင်တော့ စက်ပေါင်းသား လို့ ခေါ်လို့ ရပါတယ်။ 🪵
Kiln ဆိုတာကတော့ သစ်သားကို မာကျောကျစ်လစ်အောင်လုပ်တာ၊ အခြောက်ခံတာ စတဲ့ လုပ်ငန်းစဉ်တွေအတွက် လုံလောက်တဲ့ အပူချိန်ကို ထုတ်ပေးနိုင်ဖို့ စီမံထားတဲ့ Oven လို အမျိုးအစားတစ်ခုပါ။ Kiln Drying Method ကလည်း သစ်အမျိုးအစားနဲ့ အထူအပေါ်ကို မူတည်ပြီးတော့ ကြာချိန်ကွဲပြားနိုင်ပါတယ်။ ဒီနည်းလမ်းက ကြာချိန်အနည်းဆုံးနဲ့ သစ်ကို အကောင်းဆုံးအနေအထားတစ်ခုကို ရောက်စေတာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

📌 Floors & Doors by Tekku ရဲ့ ပါကေးတွေကိုတော့ Kiln Drying Method နဲ့ အခြောက်ခံတာဖြစ်ပြီး Grade A+ အတွက်ဆိုရင် ၃ပတ် နဲ့ Export Grade အတွက်ဆိုရင် ၃လ အထိ ပေါင်းပေးပါတယ်။ 🏅

ဒါကြောင့် Floors & Doors by Tekku ရဲ့ ပါကေးတွေကို အရည်အသွေးပိုင်းအရ အပြည့်အဝ စိတ်ချလိုက်လို့ ရပါတယ်နော်။ 😎

Floors & Doors by Tekku က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

မှာယူလိုပါက Showroom သို့ လာရောက်ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်သလို Page Messenger (သို့မဟုတ်) 09 880 261 613 ကနေတစ်ဆင့်လည်း စုံစမ်းဝယ်ယူနိုင်ပါတယ်။.

လိပ်စာ: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 880 261 613
Opening hours: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

🏡 သင့်အိမ်ကလေးက ပါကေးကြမ်းခင်းတွေက သင်မသိအောင်  သင့်ကို ဒီလိုနည်းလမ်းတွေနဲ့ အကျိုးပြုနေပါတယ်။ 🤔🪵 Luxury ဆန်ပြီး ထည်ဝါတဲ့...
26/10/2023

🏡 သင့်အိမ်ကလေးက ပါကေးကြမ်းခင်းတွေက သင်မသိအောင် သင့်ကို ဒီလိုနည်းလမ်းတွေနဲ့ အကျိုးပြုနေပါတယ်။ 🤔

🪵 Luxury ဆန်ပြီး ထည်ဝါတဲ့ အသွင်အပြင်
🪵 ကြံ့ခိုင်မှုရှိခြင်းနဲ့ ကြာရှည်ခံခြင်း
🪵 ထိန်းသိမ်းရ လွယ်ကူခြင်း
🪵 ပြုပြင်စရိတ် နည်းပါးခြင်း
🪵 ပြန်ရောင်းတဲ့အခါမှာ မျက်နှာပန်းလှပြီး ဈေးကောင်းကောင်း ရစေခြင်း
🪵 အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးတက်လာနိုင်ခြင်း
🪵 သင့်အိမ်ရဲ့ လေထုကို သန့်စင်စေခြင်း

ပါကေးကြမ်းခင်းတွေက သင့်အိမ်ရဲ့ ဂုဏ်ရှိန်ကို တင့်တယ်စေတဲ့အပြင် သင့်ရဲ့ ကျန်းမာရေးနဲ့ စိတ်ကြည်လင်မှုအတွက်ပါ ဂရုစိုက်ပေးနေတဲ့ အဖော်မွန်လေးတွေ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ ဆောက်လက်စ အိမ်ကလေးအတွက်ပဲဖြစ်ဖြစ်၊ လက်ရှိအိမ်ကလေးကို ပြန်လည်မွမ်းမံဖို့ စဉ်းစားနေတာပဲဖြစ်ဖြစ်

သစ်သားကို အခြေပြုတဲ့ ကြမ်းခင်းလေးတွေ ရွေးချယ်ဖို့ စိတ်ကူးမလွဲသင့်ပါဘူးနော်။ 🙅

Floors & Doors by Tekku မှာကတော့ စက်ပေါင်းသားဖြစ်ပြီး အရည်အသွေးပိုင်းအရ အပြည့်အဝ စိတ်ချရတဲ့ ကျွန်း/ ပျဉ်းကတိုး ပါကေးတွေကို အဓိကထား ရောင်းချပေးတာဖြစ်ပါတယ်။ 💁

ရွေးချယ်စရာအနေနဲ့ဆိုရင် Export Grade, Grade A+, Grade A ရယ်လို့ Quality ၃ ခု ရှိပါတယ်။

Floors & Doors by Tekku က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

မှာယူလိုပါက Showroom သို့ လာရောက်ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်သလို Page Messenger (သို့မဟုတ်) 09 880 261 613 ကနေတစ်ဆင့်လည်း စုံစမ်းဝယ်ယူနိုင်ပါတယ်။.

လိပ်စာ: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 880 261 613
Opening hours: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။

#ကျွန်းပါကေး #ပျဉ်းကတိုး

💧 ပါကေးနဲ့ Moisture Level 🌳ပါကေးဆိုင်တွေမှာ လာဝယ်ကြတဲ့ Customer တွေက ပါကေးရဲ့ Moisture Level ကို အမြဲ မေးတတ်ကြပါတယ်။ ဒီတ...
06/10/2023

💧 ပါကေးနဲ့ Moisture Level 🌳

ပါကေးဆိုင်တွေမှာ လာဝယ်ကြတဲ့ Customer တွေက ပါကေးရဲ့ Moisture Level ကို အမြဲ မေးတတ်ကြပါတယ်။ ဒီတော့
💭 Moisture Level က ဘာလဲ?
💭 ဘာကြောင့် အရေးကြီးတာလဲ?
ဆိုတာတွေကို Floors & Doors customers တွေလည်း ဗဟုသုတရအောင် မျှဝေပေးပါဦးမယ်။ 🙋

ပထမဆုံးအနေနဲ့ ပါကေးရယ်လို့ မဖြစ်လာခင် အချိန်ကနေ စလိုက်ရအောင်။ 🧍

🌳 ပါကေးတုံးတွေအဖြစ် ပုံစံပြောင်းမသွားခင်က ပါကေးဆိုတာ သစ်ပင်တစ်ပင်ဖြစ်ခဲ့တာမို့ သစ်သားထုံးစံသဘာဝအတိုင်း hygroscopic ဖြစ်ပါတယ်။ သဘောကတော့ လေထုထဲမှာ ရှိတဲ့ စိုထိုင်းစကို စုပ်ယူနိုင်တယ်လို့ ခေါ်ရမှာပေါ့နော်။ 💧

ဒါကြောင့် ပတ်ဝန်းကျင် လေထုရဲ့ စိုထိုင်းစအပေါ်မူတည်ပြီး သစ်သားက ပွလာတာ၊ ကျုံ့လာတာတွေ ဖြစ်တတ်ပါတယ်။
မြင်သာတဲ့ သဘောတစ်ခုကို ပြောရမယ်ဆိုရင် ပူတဲ့အခါ ကျုံ့သွားပြီး ရာသီဥတု အေးတဲ့အခါမှာ ပိတ်ရ၊ ဖွင့်ရခက်တဲ့ သစ်သားတံခါးပါ။ ဒီလိုတံခါးတွေကို မြင်ဖူးတယ်ဆိုရင် ပါကေးရဲ့ သဘောကိုလည်း ခန့်မှန်းလို့ ရလောက်ပြီထင်ပါတယ်။ 😎

တံခါးကတော့ ပြဿနာသိပ်မရှိပေမဲ့ ပါကေးကတော့ ရာသီဥတုအပေါ်မှီခိုပြီး ကျုံ့လိုက်၊ ပွလိုက်ဖြစ်မယ်ဆိုရင်…
🪵 ကြမ်းခင်းတွေက ရုပ်ဆိုးသွားတာ
🪵 မျက်နှာပြင်မညီညာတော့တာ
🪵 တစ်ခုနဲ့တစ်ခုကြား သိသိသာသာ ဟ, လာတာ တွေအပြင်
🪵 မှိုလိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ 😬

ဒီလိုတွေ မဖြစ်ရအောင်ဆိုရင် ပါကေးရဲ့ Standard Moisture Level က သစ်သားအလိုက် ကွာခြားနိုင်ပြီး အကောင်းဆုံးအဖြစ် ယေဘုယျ သတ်မှတ်ထားတာကတော့ 9% to 13% အထိ ဖြစ်ပါတယ်။ 💁

ဒီလောက်ဆိုရင်တော့ Moisture Level က ဘာကြောင့် ပါကေးတွေမှာ အရေးကြီးရလဲဆိုတာကို သိသွားလောက်ပြီလို့ ထင်ပါတယ်။

ကျွန်မတို့ Floors & Doors by Tekku ကနေ ထုတ်လုပ်ရောင်းချပေးနေတဲ့ ပါကေးတွေကတော့ Export Grade, Grade A+, Grade A ရယ်လို့ ရွေးချယ်စရာ ၃ မျိုး ရှိတဲ့အတွက် သင်ကြိုက်နှစ်သက်တဲ့ Moisture Level အပေါ်ကို မူတည်ပြီး ဝယ်ယူနိုင်ပါတယ်။

Floors & Doors by Tekku က မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၅) နှစ်ကြာ သက်တမ်းရှိတဲ့ မိသားစုလုပ်ငန်းဖြစ်ပြီး မြန်မာ့ပျဉ်းကတိုး၊ ပါကေးများနဲ့ တံခါးများကို ဂုဏ်ယူစွာ ထုတ်လုပ်ဖြန့်ချိရောင်းချပေးလျက်ရှိပါတယ်။ 💁

မှာယူလိုပါက Showroom သို့ လာရောက်ဝယ်ယူလိုပါက အောက်ပါလိပ်စာအတိုင်း လာရောက်ကြည့်ရှုဝယ်ယူနိုင်သလို Page Messenger (သို့မဟုတ်) 09 880 261 613 ကနေတစ်ဆင့်လည်း စုံစမ်းဝယ်ယူနိုင်ပါတယ်။

ဒီလိုမျိုး ပါကေးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ဖတ်ချင်သေးတယ်ဆိုရင်လည်း Page ကို Like & Follow လုပ်ထားပေးပါဦးနော်။ 🙋

လိပ်စာ: Floors & Doors by Tekku အမှတ် (၃/ခ)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 09 880 261 613
Opening hours: မနက် (၉:၃၀) နာရီ မှ ညနေ (၅) နာရီ။


#ကျွန်းပါကေး

Address

E32, May Kha Housing, Lay Daunt Kan Road, Thingangyun Township
Yangon
11081

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959880261613

Alerts

Be the first to know and let us send you an email when Floors & Doors by Tekku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share