08/09/2022
#လူရွတ်ကြီး ရှင်ဥတ္တမကျော် (သို့မဟုတ်)
လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ ၊ လဆန်း၊ လထစ်၊ လမွေး နှင့် အဆုံးသတ်သော တောလားများ…
👀👀👀👀👀👀👀👀👀👀👀👀👀👀👀
အထက်ကစာမှာ "လ"တွေချည်း ပြွတ်သိပ်နေတာ
ဖတ်လိုက်ရလို့ ရိုင်းလိုက်တာလို့ မထင်လိုက်ပါနဲ့…
ရိုင်းလိုက်တာလို့ထင်ပြီး မဖတ်ဘဲကျော်သွားမယ်ဆိုရင် အင်းဝခေတ်ရဲ့ ထင်ရှားတဲ့ စာပေသမိုင်းကြောင်းတရပ်ကို
မလေ့လာရဘဲ ဖြစ်သွားပါလိမ့်မယ်…
အကြောင်းအရင်းမသိတဲ့သူအဖို့ ရိုင်းတယ်ထင်ရစေမယ့် "လ"အက္ခရာတွေပါတဲ့ စာတွေကို ရေးသားခဲ့သူကတော့ အင်းဝခေတ် ပေလေးပင် ရှင်လေးပါးထဲမှာ ပါဝင်တဲ့
စာဆိုကျော် ရှင်ဥတ္တမကျော်ပါပဲ…
ဒီလို "လ"အက္ခရာတွေ ပါတဲ့စာတွေကို ရှင်ဥတ္တမကျော်ဟာ ဘာကြောင့်ရေးသားခဲ့သလဲ ဆိုရင်
အရွဲ့တိုက်ချင်လို့ ၊ ရွတ်ချင်လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်…
မှန်ပါတယ်…
အင်းဝရဲ့ ရဟန်းစာဆိုအကျော်အမော် ရှင်ဥတ္တမကျော်ဟာ
တကယ့်ကို သြချရလောက်တဲ့ အရွဲ့တိုက်သမားကြီးတဦး
ဖြစ်ပါတယ်…
သူ့ရဲ့စိတ်မှာ မှန်တယ်ထင်တဲ့ အရာဆိုရင်
သူသဘောမကျတဲ့အရာဆိုရင်
ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ
ပြောင်ပြောင်ကြီးအရွဲ့တိုက်လေ့ရှိပါတယ်…
အင်းဝမှာ အင်မတန်ထင်ရှားတဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်၊စကားပြောဆိုတဲ့အမှူမှာ ဘယ်သူမှ ပြိုင်မပြောနိုင်တဲ့
ခုံတော်မောင်မောင်(မောင်ကျဘမ်း)ကို ပညာပေးခဲ့တဲ့သူဟာ ရှင်ဥတ္တမကျော်ပါ…
အင်းဝနေပြည်တော်မှာ ခုံတော်မောင်မောင်ဆိုသူဟာ
စာတတ်လွန်း/စကားတတ်လွန်းလို့ အားလုံးက
လက်လျှော့ထားရချိန်၊ ခုံတော်မောင်ကျဘမ်း အနေနဲ့လည်း သူ့ကိုဘယ်သူမှ စကားအရာမှာ ယှဉ်ပြိုင်နိုင်ခြင်းမရှိလို့
မာန်တတ်နေတဲ့အချိန်ပေါ့…
ခုံတော်မောင်ကျဘမ်းဟာ ဘယ်လောက်အထိ
ရမ်းကားလာသလဲဆိုရင် သူ့ရဲ့ပညာတတ်မှုအပေါ်
အသုံးချပြီး သာသနာပိုင်ပုဂ္ဂိုလ်ရဟန်းတော်တွေကိုတောင် လူပုံအလယ် တပါး နှစ်ပါး လို့မရေတွက်ဘဲ…
တယောက် နှစ်ယောက်လို့ ရေတွက်တဲ့အထိ
ရမ်းကားလာခဲ့ပါတယ်…
အပြစ်တင်ရင်လည်း စာပေကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ပြန်လည်ချေပနိုင်တဲ့အတွက် သူ့ကိုဘယ်သူမှအပြစ်ပေးလို့
မရပါဘူး…
ဒီသတင်းကို ရှင်ဥတ္တမကျော်ကြားတဲ့အခါ
မောင်ကျဘမ်းကိုမာန်ချိုးဖို့ဆုံးဖြတ်ပြီး
အင်းဝနေပြည်တော်ဆီ ကြွလှမ်းလာပါတော့တယ်…
နေပြည်တော်ရောက်တဲ့အခါ မောင်ကျဘမ်းရှိရာ
တည့်တည့်သွားပြီး
"…ဆွမ်းတနပ်လောက်ဘယ်မှာအလှူခံရနိုင်မလဲ "မေးပါတယ်…
ရှင်ဥတ္တမကျော်ကိုမသိတဲ့ ငမိုက်သားမောင်ကျဘမ်းဟာ
ရပ်ဝေးလာတဲ့ တောဘုန်းကြီးတပါးထင်ပြီး "
"အရှင်ဘုရားနှယ်…ဆွမ်းတနပ်စာများအခက်လုပ်လို့…
ဆွမ်းတနပ်လောက်များ အင်းဝလို ရွှေမြို့တော်မှာ
ဘယ်အိမ်ဖြစ်ဖြစ် ပါးရိုက်ပြီး ချက်ခိုင်းလို့ရတယ်"ဆိုပြီး
ရင့်သီးစွာ ပြန်ပြောပါတယ်…
သူက သာသနာပိုင်တွေ…ရှင်မဟာရဋ္ဌသာရတို့၊
ရှင်မဟာသီလဝံသတို့လိုပုဂ္ဂိုလ်တွေတောင်
လက်လျော့ထားရသူမို့လား…
တောရဟန်းတပါး(သူ့စိတ်ထင်)လောက်ကတော့
သူဂရုကိုမစိုက်ဘူးဆိုတဲ့ ပုံစံပေါ့…
မောင်ကျဘမ်းရဲ့အဖြေကို ရပြီးတာနဲ့ ရှင်ဥတ္တမကျော်ဟာ စကားမတုံ့ပြန်တော့ဘဲ မောင်ကျဘမ်းရဲ့ အိမ်တော်ရှိရာကိုသွားပါတယ်…
အိမ်တော်မှာ မောင်ကျဘမ်းဇနီးကို တွေ့တော့
မပြောမဆိုနဲ့ ပါးပိတ်ရိုက်လိုက်ပြီး
ငါ့အတွက် ဆွမ်းတနပ်စာချက်လှူစမ်းလို့
မိန့်ကြားလိုက်ပါတော့တယ်…
ဘယ်သူမှမစော်ကားရဲတဲ့ ခုံတော်မောင်မောင်ရဲ့ ဇနီးဟာ ဘုန်းကြီးတပါးရဲ့ ပါးရိုက်တာခံရတော့
သူ့လင်ရှိရာကို အပြေးတိုင်ပါတယ်…
မောင်ကျဘမ်းဟာ အူယားဖားယားနဲ့ ဒေါသတကြီး
လိုက်လာတဲ့အခါ အစောက သူနဲ့စကားပြောခဲ့တဲ့
ဘုန်းကြီးမှန်းသိသွားပြီး သူ့စကားနဲ့သူ ပြန်ခံရပြီဆိုတာ
ရိပ်မိသွားပါတယ်…
ဒါနဲ့ မောင်ကျဘမ်းဟာ ရှင်ဥတ္တမကျော်ကို
ဘာစကားမှမပြောတော့ဘဲ သူ့မယားဘက်လှည့်ပြီး
" နင့်လင် နင်ဘာသာချက်ကျွေးလိုက်လို့" ရင့်သီးတဲ့စကားကို ဒုတိယအကြိမ် ဆိုပြန်ပါတယ်…
ရှင်ဥတ္တမကျော်ဟာ မောင်ကျဘမ်းရဲ့ စကားကို
ကြားကြားချင်း မောင်ကျဘမ်းဇနီးကို လက်ဆွဲပြီး
အိမ်အတွင်း ခန်းဆွဲသွင်းဖို့ ပြင်ပါတော့တယ်… 😁
ဒီအပြုအမူကြောင့် မောင်ကျဘမ်းဟာ ဒေါသတကြီးနဲ့ "ဘုန်းကြီး ဒါဘာလုပ်တာလဲ"မေးတော့ "
"မင်းပဲ ဒါငါ့မယားလို့ ပြောတယ်မဟုတ်လား…
ငါ့မယား ဆိုရင် ဒီအမျိုးသမီး ငါပိုင်ပြီ ငါဘာလုပ်လုပ်ရတယ် မဟုတ်လားလို့" ပြန်ပြောလိုက်ပါတော့တယ်…
ဒီလိုရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရှင်ဥတ္တမကျော်ဟာ
တရားခုံရုံးမှာ အမှုရင်ဆိုင်ရပေမယ့် ရှင်ဥတ္တမကျော်
တရားနိုင်ပြီး မောင်ကျဘမ်းရဲ့မာန်ကို
ချိုးလိုက်နိုင်ခဲ့ပါတယ်…
ဒီလိုအဖြစ်အပျက်ကြောင့် တောင်တလုံးမှာ
သူ့ထက်ပိုမြင့်တဲ့ အခြားတောင်တလုံးရှိသေးတယ်ဆိုတာကို နားလည်သွားတဲ့အတွက် မောင်ကျဘမ်းလည်း
သံဝေဂတရား ရရှိခဲ့ပါတော့တယ်…
ဒါဟာ ရဟန်းအကျော်အမော် ရှင်ဥတ္တမရဲ့
ထင်ရှားတဲ့ အရွဲ့တိုက်မှုတခုပါ…
အရှင်ဟာ ကိုရင်ဘဝ ရှင်ဥတ္တမအဖြစ်ကတည်းက
အရွဲ့တိုက်တတ်တဲ့ ဉာဉ်က စတင်ထင်ရှားနေခဲ့ပါပြီ…
ကိုရင်ဘဝက ဘုရားရှိခိုးပါဠိ စကားတခွန်းကို
အရွဲ့တိုက်တာကတော့ အနည်းငယ်ကြမ်းတမ်းတဲ့အတွက်
ရေးမပြတော့ပါဘူး
ဒီစာကိုဖတ်တဲ့သူတွေထဲမှာ သံဃာတွေ
အမျိုးသမီးငယ်တွေ ပါနေလို့ပါ…
"ဣိထ္ထိဗီဇ အဟံ၀န္ဒာမိ"ဆိုတဲ့ ဘုရားရှိခိုးစကားကို
အရွဲ့တိုက်တာဆိုရင် သံဃာတော်တွေ သိလောက်ပါတယ်…ကျွန်တော်ရေးမပြတော့ပါဘူး…
အဟဲ…ရှင် ဥတ္တမကျော်ရဲ့ အရွဲ့တိုက်တဲ့ဋီကာချဲ့နေတာနဲ့
မူလ "လ"အက္ခရာအကြောင်းက လွဲတော့မယ်…
ဒီလိုတောလားတွေမှာ လအက္ခရာ တွေထည့်ပြီး လပြွတ်၊
လဖြဲ၊ လဥ၊ လထစ် စတဲ့ အသုံးအနှုန်းတွေ
ထည့်ရေးတာဟာလည်း သူ အရွဲ့တိုက်တာပါပဲ…
အကြောင်းရင်းကဒီလိုပါ…
အရှင်ဥတ္တမကျော်ဟာ ရွတ်တဲ့ဥာဉ်ကလေးကြောင့်
ဘုရင်က မင်းနေပြည်တော်မှာ မင်းဆရာအဖြစ်
ကိုးကွယ်ဖို့ပြောတာကိုတောင် လက်ခံခဲ့တာမဟုတ်ပါဘူး…အင်းဝနဲ့ ဝေးတဲ့ နေရာမှာ မထင်မရှားဘဲ
သီတင်းသုံးတော်မူနေခဲ့သူ ဖြစ်ပါတယ်…
ဒီလိုနဲ့ ရှင်ဥတ္တမကျော်ဟာ ခေတ္တခဏ နေပြည်တော်ကို
ကြွတဲ့အခါ မင်းကိုးကွယ် ရဟန်းတွေဖြစ်တဲ့
ရှင်မဟာရဋ္ဌသာရ တို့ ရှင်မဟာသီလဝံသတို့
ရေးသားတဲ့ စာတွေကို ဖတ်မိပါတယ်…
အဲ့ဒီလိုဖတ်မိတော့ အင်းဝနေပြည်တော်မှာ
"လ" အက္ခရာတွေ တအားပဲ ရေပန်းစားနေတာကို
ရှင်ဥတ္တမကျော်ဟာသတိထားမိပါတယ်…
ဒီလို "လ" ကိုသုံးနှုန်းခဲ့သူတွေကလည်း
မင်းဆရာကဗျာအကျော်အမော် ရှင်မဟာသီလဝံသနဲ့
အရှင်မဟာရဌသာရတို့ပဲ ဖြစ်နေပါတယ်…
အရှင်မဟာသီလဝံသရဲ့ သျှိသျှားကန်မော်ကွန်းမှာ
ရန်မျိုးကြက်နှယ် လငြင့်တည်း၊
ပြစ်မှား ကြိုးနှယ် လ ခွေတည်း၊
တရားဆီမီး လ ညှိတည်း ဆိုပြီး အစရှိသဖြင့်
သုံးထားခဲ့သလို.....
အရှင်မဟာရဌသာရကလည်း ကိုးခန်းပျို့မှာ......
မင်းမြတ်တောင်းပန် လထွာတည်း၊
ဂါထာနှစ်ခု လရွတ်တည်း၊
လူတွင်ဆူးသို့ လပို့တည်း
ဆိုပြီးတော့လည်း လအက္ခရာတွေကို ဘုံးဘောလအော
သုံးစွဲထားပါတယ်…
ရှင်ဥတ္တမကျော်က အဲဒီ လအက္ခရာကို လုံး၀လုံး၀မကြိုက်ပါဘူး…အဲဒီမှာပဲ သူ့ရဲ့အရွတ်တိုက်ချင်တဲ့ ညာဉ်က
ပြလာပါတော့တယ်။
"ရေးသူက ရေးတယ်ထားဦး…မင်းနေပြည်တော်မှာ
ဒီလောက်တောင် အသိဥာဏ်ခေါင်းပါးကြသလား…
ဒါကို အားပေးကြသလား…
ဒီလောက်တောင် "လ" ကို ကြိုက်လှတာ
နေနှင့်ကြဦးပေါ့ကွာ၊
"လ" အကြောင်း ကောင်းကောင်းကြီး ပြလိုက်ရသေးတာပေါ့"လို့ တေးထားပြီးတော့ သီတင်းသုံးရာတောင်တွင်းကို ပြန်လာခဲ့ပါတယ်…
တောင်တွင်းရောက်တယ်ဆိုရင်ပဲ အရှင်ကာဠုဒါယီက နေပြည်တော်သို့ ကြွရောက်ရန်ဘုရားရှင်အား ပင့်လျှောက်စခန်း ဂါထာ ၆၀ ကို မှီးပြီးတော့ "လ"ကိုးလုံးကို
တခမ်းတနားတန်ဆာဆင်ပြီး တောလားကိုးပုဒ်ကို
အင်း၀စာဆိုတွေကို အရွဲ့တိုက် ရေးသားစီရင်တော်မူခဲ့ပါတယ်။
ဒါဟာလည်း ရှင်ဥတ္တမကျော်ရဲ့ သမိုင်းမှာထင်ရှားတဲ့ အရွဲ့တိုက်မှုဖြစ်ရုံမက အင်းဝစာပေသမိုင်းမှာပါ
ထင်ရှားတဲ့ အရွဲ့တိုက်မှုကြီးဖြစ်ပါတော့တယ်…
တကယ်တော့ ရှင်ဥတ္တမကျော်ရေးခဲ့တဲ့
"လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ လဆန်း၊
လထစ်၊ လမွေး ဆိုတဲ့ စာတွေဟာတပုဒ်တည်းမှာ
တဆက်တည်းရေးခဲ့တာမဟုတ်သလို
အဓိပ္ပာယ်မဲ့ရေးခဲ့တာလည်း မဟုတ်ပါဘူး…
"လ" တွေပါတဲ့စာတွေကို သူ့ရဲ့တောလားကိုးပုဒ်ရဲ့
အဆုံးသတ်တွေမှာ ထည့်သွင်းရေးစပ်ခဲ့တာ ဖြစ်ပါတယ်…
သီးမျိုးခိုင်ညှာ လပြွတ်တည်း
ဘီလူးသွားကို လဖြဲတည်း
တောကြက်တောင်ပံ လဖြုန်းတည်း
မုဆိုးချုံက လချောင်းတည်း
မိုးမှာ ရွှေကြယ် လဥတည်း
ရွှေဖောင်မြစ်ညှာ လဆန်တည်း
တရားဓါးသို့ လထစ်တည်း
ပြုစုပျိုးထောင် လမွေးတည်း
မြဲစွာဖြစ်လိမ့် လမှန်းတည်း…
ဒါတွေဟာ ရှင်ဥတ္တမကျော်ရဲ့ လအက္ခရာနဲ့ အဆုံးသတ်ထားတဲ့ တောလားကိုးပုဒ်ရဲ့ နောက်ဆုံးစာလုံးတွေပါ…
ဆရာတော် ရှင်ဥတ္တမကျော်ဟာ ဒီ လ အက္ခရာကို
အရွဲ့တိုက်ချင်စိတ်နဲ့ ရေးခဲ့တယ်ဆိုပေမယ့်
အဓိပ္ပာယ်မဲ့ ရွဲ့ရရုံသက်သက်ရေးခဲ့တာ မဟုတ်ပါဘူး…
ဆရာတော်ရေးသားခဲ့တဲ့ စာကြောင်းတွေကို
အဓိပ္ပာယ်ဖြောင့်ကြည့်ရင် ဒီလိုတွေ့နိုင်ပါတယ်…
သီးမျိုး ခိုင်ညှာ ပြွတ်လတည်း
ဘီလူးသွားကို ဖြဲလတည်း
တောကြက်တောင်ပံ ဖြုန်းလတည်း
မုဆိုးချုံက ချောင်းလတည်း
မိုးမှာ ရွှေကြယ် ဥလတည်း
ရွှေဖောင်မြစ်ညှာ ဆန်လတည်း
တရားဓါးသို့ ထစ်လတည်း
ပြုစုပျိုးထောင် မွေးလတည်း
မြဲစွာဖြစ်လိမ့် မှန်းလတည်း
နောက်တချက်က မြန်မာသဒ္ဒါမှာ (လ/သ/က)အက္ခရာတွေဟာ မိတ်ဖက် စကားလုံးတွေလို့ ညွှန်းဆိုထားပါတယ်…
ဒါ့ကြောင့် ပညာရှိ ရှင်ဥတ္တမကျော်ဟာ "သ" အက္ခရာအစား "လ" အက္ခရာကို စာလည်းဖြစ်အောင်…အရွဲ့တိုက်ရာမှာလည်း အကျုံးဝင်အောင် ဖလှယ်သုံးခဲ့တယ်လို့ မှတ်ယူလို့ရပါတယ်…
ဒါဆို "လ"တွေ အစား သအက္ခရာတွေ ပြောင်းကြည့်ရအောင်ဗျာ…
သီးမျိုး ခိုင်ညှာ ပြွတ်သတည်း
ဘီလူးသွားကို ဖြဲသတည်း
တောကြက်တောင်ပံ ဖြုန်းသတည်း
မုဆိုးချုံက ချောင်းသတည်း
မိုးမှာ ရွှေကြယ် ဥသတည်း
ရွှေဖောင်မြစ်ညှာ ဆန်သတည်း
တရားဓါးသို့ ထစ်သတည်း
ပြုစုပျိုးထောင် မွေးသတည်း
မြဲစွာဖြစ်လိမ့် မှန်းသတည်း…[ဒီလိုတွေ့ရပါပြီ]
ကဲဗျာ…ဘယ်လောက်လှတဲ့ ရေးဖွဲ့မှုလဲ…
ပညာရှိတွေဆိုတော့ ဆေးစပ်ကျရာ အရုပ်ထင်တာပေါ့ …မဟုတ်ဘူးလား ခင်ဗျာ…
အရွဲ့တိုက်တတ်တဲ့ ရှင်ဥတ္တမကျော် အကြောင်းကတော့
ဒီလောက်ပါပဲ…
ဘယ်လိုပင်ဖြစ်စေ…အင်းဝရဲ့ ရှင်လေးပါးထဲက
တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ဟာ သူ့ရဲ့ တောလား ကိုးပုဒ်ကို
ဒီနေ့ခေတ်အထိ အသက်ဝင်နေအောင် အထက်ပါ လအက္ခရာတွေနဲ့ အသက်သွင်းထားခဲ့တယ်လို့ပဲ ဆိုချင်ပါတော့တယ် ခင်ဗျား…
စာပေဗဟုသုတကြွယ်ဝကြပါစေ…
~ ကိုးကားစာများ ~
ရှင်ဥတ္တမကျော်/ရှင်မဟာရဋ္ဌသာရ တို့၏ တောလား ရေလားများနှင့် အခြားတောလား ရေလားများ
စတုဓမ္မသာရပျို့
ရှင်မဟာသီလဝံသ၏ ပျို့/လင်္ကာ/မော်ကွန်းကဗျာများ
သဒ္ဒါအမြင် စာအမြင်(ဒဂုံဦးစန်းငွေ)
Credit to (Hlwan Moe Aung) 28.8.18
**Zawgyi Font**
#လူရွတ်ကြီး ရှင်ဥတ္တမကျော် (သို့မဟုတ်)
လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ ၊ လဆန်း၊ လထစ်၊ လမွေး နှင့်
အဆုံးသတ်သော တောလားများ…
အထက်ကစာမှာ "လ"တွေချည်းပြွတ်သိပ်နေတာ ဖတ်လိုက်ရလို့ ရိုင်းလိုက်တာလို့ မထင်လိုက်ပါနဲ့…ရိုင်းလိုက်တာလို့ထင်ပြီး မဖတ်ဘဲကျော်သွားမယ်ဆိုရင် အင်းဝခေတ်ရဲ့ ထင်ရှားတဲ့စာပေသမိုင်းကြောင်းတရပ်ကို မလေ့လာရဘဲဖြစ်သွားပါလိမ့်မယ်…
အကြောင်းအရင်းမသိတဲ့သူအဖို့ ရိုင်းတယ်ထင်ရစေမယ့် "လ"အက္ခရာတွေပါတဲ့ စာတွေကို ရေးသားခဲ့သူကတော့ အင်းဝခေတ် ပေလေးပင် ရှင်လေးပါးထဲမှာ ပါဝင်တဲ့ စာဆိုကျော် ရှင်ဥတ္တမကျော်ပါပဲ…
ဒီလို "လ"အက္ခရာတွေ ပါတဲ့စာတွေကို ရှင်ဥတ္တမကျော်ဟာ ဘာကြောင့်ရေးသားခဲ့သလဲ ဆိုရင် အရွဲ့တိုက်ချင်လို့ /ရွတ် ချင်လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်…
မှန်ပါတယ်…အင်းဝရဲ့ ရဟန်းစာဆိုအကျော်အမော် ရှင်ဥတ္တမကျော်ဟာ တကယ့်ကိုသြချရလောက်တဲ့ အရွဲ့တိုက်သမားကြီးတဦးဖြစ်ပါတယ်…
သူ့ရဲ့စိတ်မှာ မှန်တယ်ထင်တဲ့ အရာဆိုရင် သူသဘောမကျတဲ့အရာဆိုရင် ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ ပြောင်ပြောင်ကြီးအရွဲ့တိုက်လေ့ရှိပါတယ်…
အင်းဝမှာ အင်မတန်ထင်ရှားတဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်/စကားပြောဆိုတဲ့အမှုမှာ ဘယ်သူမှ ပြိုင်မပြောနိုင်တဲ့ ခုံတော်မောင်မောင်(မောင်ကျဘမ်း)ကို ပညာပေးခဲ့တဲ့သူဟာ ရှင်ဥတ္တမကျော်ပါ…
အင်းဝနေပြည်တော်မှာ ခုံတော်မောင်မောင်ဆိုသူဟာ စာတတ်လွန်း/စကားတတ်လွန်းလို့ အားလုံးက လက်လျှော့ထားရချိန်/ခုံတော်မောင်ကျဘမ်း အနေနဲ့လည်း သူ့ကိုဘယ်သူမှ စကားအရာမှာယှဉ်ပြိုင်နိုင်ခြင်းမရှိလို့ အစွယ်တငေါငေါနဲ့ မာန်တတ်နေတဲ့အချိန်ပေါ့…
ခုံတော်မောင်ကျဘမ်းဟာ ဘယ်လောက်အထိ ရမ်းကားလာသလဲဆိုရင် သူ့ရဲ့ပညာတတ်မှုအပေါ် အသုံးချပြီး သာသနာပိုင်ပုဂ္ဂိုလ်ရဟန်းတ်ာတွေကိုတောင် လူပုံအလယ် တပါး နှစ်ပါး လို့မရေတွက်ဘဲ…တယောက် နှစ်ယောက်လို့ ရေတွက်တဲ့အထိရမ်းကားလာခဲ့ပါတယ်…
အပြစ်တင်ရင်လည်း စာပေကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ပြန်လည်ချေပနိုင်တဲ့အတွက် သူ့ကိုဘယ်သူမှအပြစ်ပေးလို့မရပါဘူး…
ဒီသတင်းကို ရှင်ဥတ္တမကျော်ကြားတဲ့အခါ မောင်ကျဘမ်းကိုအစွယ်ချိုးဖို့ဆုံးဖြတ်ပြီး အင်းဝနေပြည်တော်ဆီ ကြွလှမ်းလာပါတော့တယ်…
နေပြည်တော်ရောက်တဲ့အခါ မောင်ကျဘမ်းရှိရာတည့်တည့်သွားပြီး "…ဆွမ်းတနပ်လောက်ဘယ်မှာအလှူခံရနိုင်မလဲ "မေးပါတယ်…
ရှင်ဥတ္တမကျော်ကိုမသိတဲ့ ငမိုက်သားမောင်ကျဘမ်းဟာ ရပ်ဝေးလာတဲ့ တောဘုန်းကြီးတပါးထင်ပြီး "
"အရှင်ဘုရားနှယ်…ဆွမ်းတနပ်စာများအခက်လုပ်လို့…ဆွမ်းတနပ်လောက်များ အင်းဝလိုရွှေမြို့တော်မှာ ဘယ်အိမ်ဖြစ်ဖြစ် ပါးရိုက်ပြီး ချက်ခိုင်းလို့ရတယ်"ဆိုပြီး ရင့်သီးစွာပြန်ပြောပါတယ်…
သူက သာသနာပိုင်တွေ…ရှင်မဟာရဋ္ဌသာရတို့/ရှင်မဟာသီလဝံသတို့လိုပုဂ္ဂိုလ်တွေတောင် လက်လျော့ထားရသူမို့လား…
တောရဟန်းတပါး(သူ့စိတ်ထင်)လောက်ကတော့ သူဂရုကိုမစိုက်ဘူးဆိုတဲ့ ပုံစံပေါ့…
မောင်ကျဘမ်းရဲ့အဖြေကို ရပြီးတာနဲ့ ရှင်ဥတ္တမကျော်ဟာ စကားမတုံ့ပြန်တော့ဘဲ မောင်ကျဘမ်းရဲ့ အိမ်တော်ရှိရာကိုသွားပါတယ်…
အိမ်တော်မှာ မောင်ကျဘမ်းဇနီးကိုတွေ့တော့ မပြောမဆိုနဲ့ ပါးပိတ်ရိုက်လိုက်ပြီး ငါ့အတွက် ဆွမ်းတနပ်စာချက်လှူစမ်းလို့ မိန့်ကြားလိုက်ပါတော့တယ်…
ဘယ်သူမှမစော်ကားရဲတဲ့ ခုံတော်မောင်မောင်ရဲ့ ဇနီးဟာ ဘုန်းကြီးတပါးရဲ့ ပါးရိုက်တာခံရတော့ သူ့လင်ရှိရာကို အပြေးတိုင်ပါတယ်…
မောင်ကျဘမ်းဟာ အူယားဖားယားနဲ့ ဒေါသတကြီး လိုက်လာတဲ့အခါ အစောက သူနဲ့စကားပြောခဲ့တဲ့ ဘုန်းကြီးမှန်းသိသွားပြီး သူ့စကားနဲ့သူပြန်ခံရပြီဆိုတာ ရိပ်မိသွားပါတယ်…
ဒါနဲ့ မောင်ကျဘမ်းဟာ ရှင်ဥတ္တမကျော်ကို ဘာစကားမှမပြောတော့ဘဲ သူ့မယားဘက်လှည့်ပြီး" နင့်လင်နင်ဘာသာချက်ကြွေးလိုက်လို့" ရင့်သီးတဲ့စကားကို ဒုတိယအကြိမ်ဆိုပြန်ပါတယ်…
ရှင်ဥတ္တမကျော်ဟာ မောင်ကျဘမ်းရဲ့ စကားကိုကြားကြားချင်း မောင်ကျဘမ်းဇနီးကို လက်ဆွဲပြီး အိမ်အတွင်းခန်းဆွဲသွင်းဖို့ ပြင်ပါတော့တယ်…
ဒီအပြုအမူကြောင့် မောင်ကျဘမ်းဟာ ဒေါသတကြီးနဲ့ "ဘုန်းကြီး ဒါဘာလုပ်တာလဲ"မေးတော့ "
"မင်းပဲ ဒါငါ့မယားလို့ပြောတယ်မဟုတ်လား…
ငါ့မယား ဆိုရင် ဒီအမျိုးသမီး ငါပိုင်ပြီ ငါဘာလုပ်လုပ်ရတယ် မဟုတ်လားလို့" ပြန်ပြောလိုက်ပါတော့တယ်…
ဒီလိုရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရှင်ဥတ္တမကျော်ဟာ တရားခုံရုံးမှာ အမှုရင်ဆိုင်ရပေမယ့် ရှင်ဥတ္တမကျော် တရားနိုင်ပြီး မောင်ကျဘမ်းရဲ့ အစွယ်ကို ချိုးလိုက်နိုင်ခဲ့ပါတယ်…
ဒီလိုအဖြစ်အပျက်ကြောင့် တောင်တလုံးမှာ သူ့ထက်ပိုမြင့်တဲ့အခြားတောင်တလုံးရှိသေးတယ်ဆိုတာကို နားလည်သွားတဲ့အတွက် မောင်ကျဘမ်း လည်း သံဝေဂတရားရရှိခဲ့ပါတော့တယ်…
ဒါဟာ ရဟန်းအကျော်အမော် ရှင်ဥတ္တမရဲ့ ထင်ရှားတဲ့ အရွဲ့တိုက်မှုတခုပါ…
အရှင်ဟာ ကိုရင်ဘဝ ရှင်ဥတ္တမအဖြစ်ကတည်းက အရွဲ့တိုက်တတ်တဲ့ ဥာဉ်က စတင်ထင်ရှားနေခဲ့ပါပြီ…
ကိုရင်ဘဝက ဘုရားရှိခိုးပါဠိ စကားတခွန်းကို အရွဲ့တိုက်တာကတော့ အနည်းငယ်ကြမ်းတမ်းတဲ့အတွက်ရေးမပြတော့ပါဘူး
ဒီစာကိုဖတ်တဲ့သူတွေထဲမှာ သံဃာတွေ အမျိုးသမီးငယ်တွေ ပါနေလို့ပါ…
"ဣိထ္ထိဗီဇ အဟံ၀န္ဒာမိ"ဆိုတဲ့ ဘုရားရှိခိုးစကားကိုအရွဲ့တိုက်တာဆိုရင် သံဃာတော်တွေသိလောက်ပါတယ်…ကျွန်တော်ရေးမပြတော့ပါဘူး…
အဟဲ…ရှင် ဥတ္တမကျော်ရဲ့ အရွဲ့တိုက်တဲ့ဋီကာချဲ့နေတာနဲ့ မူလ "လ"အက္ခရာအကြောင်းက လွဲတော့မယ်…
ဒီလိုတောလားတွေမှာ လအက္ခရာ တွေထည့်ပြီး လပြွတ်/လဖြဲ/လဥ/လထစ် စတဲ့ အသုံးအနှုန်းတွေထည့်ရေးတာဟာလည်း သူအရွဲ့တိုက်တာပါပဲ…
အကြောင်းရင်းကဒီလိုပါ…
အရှင်ဥတ္တမကျော်ဟာ ရွတ်တဲ့ဥာဉ်ကလေးကြောင့် ဘုရင်က မင်းနေပြည်တော်မှာ မင်းဆရာအဖြစ် ကိုးကွယ်ဖို့ပြောတာကိုတောင် လက်ခံခဲ့တာမဟုတ်ပါဘူး…အင်းဝနဲ့ ဝေးတဲ့ နေရာမှာ မထင်မရှားဘဲ သီတင်းသုံးတော်မူနေခဲ့သူဖြစ်ပါတယ်…
ဒီလိုနဲ့ ရှင်ဥတ္တမကျော်ဟာ ခေတ္တခဏ နေပြည်တော်ကိုကြွတဲ့အခါ မင်းကိုးကွယ် ရဟန်းတွေဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရ တို့ ရှင်မဟာသီလဝံသတို့ ရေးသားတဲ့ စာတွေကို ဖတ်မိပါတယ်…
အဲ့ဒီလိုဖတ်မိတော့ အင်းဝနေပြည်တော်မှာ "လ" အက္ခရာတွေ
တအားပဲ ရေပန်းစားနေတာကို ရှင်ဥတ္တမကျော်ဟာသတိထားမိပါတယ်…
ဒီလို "လ" ကိုသုံးနှုန်းခဲ့သူတွေကလည်း မင်းဆရာကဗျာအကျော်အမော် ရှင်မဟာသီလဝံသနဲ့ အရှင်မဟာရဌသာရတို့ပဲဖြစ်နေပါတယ်…
အရှင်မဟာသီလဝံသရဲ့ သျှိသျှားကန်မော်ကွန်းမှာ
ရန်မျိုးကြက်နှယ် လငြင့်တည်း၊
ပြစ်မှား ကြိုးနှယ် လ ခွေတည်း၊
တရားဆီမီး လ ညှိတည်း ဆိုပြီး အစရှိသဖြင့် သုံးထားခဲ့သလို.....
အရှင်မဟာရဌသာရကလည်း ကိုးခန်းပျို့မှာ......
မင်းမြတ်တောင်းပန် လထွာတည်း၊
ဂါထာနှစ်ခု လရွတ်တည်း၊
လူတွင်ဆူးသို့ လပို့တည်း
ဆိုပြီးတော့လည်း လအက္ခရာတွေကို ဘုံးဘောလအော သုံးစွဲထားပါတယ်…
ရှင်ဥတ္တမကျော်က အဲဒီ လအက္ခရာကို လုံး၀လုံး၀မကြိုက်ပါဘူး…အဲဒီမှာပဲ သူ့ရဲ့အရွတ်တိုက်ချင်တဲ့ ညာဉ်ကပြလာပါတော့တယ်။
"ရေးသူက ရေးတယ်ထားဦး…မင်းနေပြည်တော်မှာ ဒီလောက်တောင်အသိဥာဏ်ခေါင်းပါးကြသလား…
ဒါကို အားပေးကြသလား… ဒီလောက်တောင် "လ" ကို ကြိုက်လှတာ
နေနှင့်ကြဦးပေါ့ကွာ၊
"လ" အကြောင်း ကောင်းကောင်းကြီး ပြလိုက်ရသေးတာပေါ့"လို့
တေးထားပြီးတော့ သီတင်းသုံးရာတောင်တွင်းကို ပြန်လာခဲ့ပါတယ်…
တောင်တွင်းရောက်တယ်ဆိုရင်ပဲ အရှင်ကာဠုဒါယီက နေပြည်တော်သို့ ကြွရောက်ရန်ဘုရားရှင်အား ပင့်လျှောက်စခန်း ဂါထာ ၆၀ ကို မှီးပြီးတော့ "လ"ကိုးလုံးကို တခမ်းတနားတန်ဆာဆင်ပြီး တောလားကိုးပုဒ်ကို အင်း၀စာဆိုတွေကို အရွဲ့တိုက် ရေးသားစီရင်တော်မူခဲ့ပါတယ်။
ဒါဟာလည်း ရှင်ဥတ္တမကျော်ရဲ့ သမိုင်းမှာထင်ရှားတဲ့ အရွဲ့တိုက်မှုဖြစ်ရုံမက အင်းဝစာပေသမိုင်းမှာပါ ထင်ရှားတဲ့ အရွဲ့တိုက်မှုကြီးဖြစ်ပါတော့တယ်…
တကယ်တော့ ရှင်ဥတ္တမကျော်ရေးခဲ့တဲ့ "လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ လဆန်း၊ လထစ်၊ လမွေး ဆိုတဲ့ စာတွေဟာတပုဒ်တည်းမှာတဆက်တည်းရေးခဲ့တာမဟုတ်သလို အဓိပ္ပာယ်မဲ့ရေးခဲ့တာလည်းမဟုတ်ပါဘူး…
"လ" တွေပါတဲ့စာတွေကို သူ့ရဲ့တောလားကိုးပုဒ်ရဲ့ အဆုံးသတ်တွေမှာ ထည့်သွင်းရေးစပ်ခဲ့တာဖြစ်ပါတယ်…
သီးမျိုးခိုင်ညှာ လပြွတ်တည်း
ဘီလူးသွားကို လဖြဲတည်း
တောကြက်တောင်ပံ လဖြုန်းတည်း
မုဆိုးချုံက လချောင်းတည်း
မိုးမှာ ရွှေကြယ် လဥတည်း
ရွှေဖောင်မြစ်ညှာ လဆန်တည်း
တရားဓါးသို့ လထစ်တည်း
ပြုစုပျိုးထောင် လမွေးတည်း
မြဲစွာဖြစ်လိမ့် လမှန်းတည်း…
ဒါတွေဟာ ရှင်ဥတ္တမကျော်ရဲ့ လအက္ခရာနဲ့ အဆုံးသတ်ထားတဲ့ တောလားကိုးပုဒ်ရဲ့ နောက်ဆုံးစာလုံးတွေပါ…
ဆရာတော် ရှင်ဥတ္တမကျော်ဟာ ဒီ လ အက္ခရာကိုအရွဲ့တိုက်ချင်စိတ်နဲ့ ရေးခဲ့တယ်ဆိုပေမယ့် အဓိပ္ပာယ်မဲ့ ရွဲ့ရရုံသက်သက်ရေးခဲ့တာ မဟုတ်ပါဘူး…
ဆရာတော်ရေးသားခဲ့တဲ့ စာကြောင်းတွေကို အဓိပ္ပာယ်ဖြောင့်ကြည့်ရင် ဒီလိုတွေ့နိုင်ပါတယ်…
သီးမျိုး ခိုင်ညှာ ပြွတ်လတည်း
ဘီလူးသွားကို ဖြဲလတည်း
တောကြက်တောင်ပံ ဖြုန်းလတည်း
မုဆိုးချုံက ချောင်းလတည်း
မိုးမှာ ရွှေကြယ် ဥလတည်း
ရွှေဖောင်မြစ်ညှာ ဆန်လတည်း
တရားဓါးသို့ ထစ်လတည်း
ပြုစုပျိုးထောင် မွေးလတည်း
မြဲစွာဖြစ်လိမ့် မှန်းလတည်း
နောက်တချက်က မြန်မာသဒ္ဒါမှာ (လ/သ/က)အက္ခရာတွေဟာ မိတ်ဖက် စကားလုံးတွေလို့ ညွှန်းဆိုထားပါတယ်…
ဒါ့ကြောင့် ပညာရှိ ရှင်ဥတ္တမကျော်ဟာ "သ" အက္ခရာအစား "လ" အက္ခရာကို စာလည်းဖြစ်အောင်…အရွဲ့တိုက်ရာမှာလည်း အကျုံးဝင်အောင် ဖလှယ်သုံးခဲ့တယ်လို့ မှတ်ယူလို့ရပါတယ်…
ဒါဆို "လ"တွေ အစား သအက္ခရာတွေ ပြောင်းကြည့်ရအောင်ဗျာ…
သီးမျိုး ခိုင်ညှာ ပြွတ်သတည်း
ဘီလူးသွားကို ဖြဲသတည်း
တောကြက်တောင်ပံ ဖြုန်းသတည်း
မုဆိုးချုံက ချောင်းသတည်း
မိုးမှာ ရွှေကြယ် ဥသတည်း
ရွှေဖောင်မြစ်ညှာ ဆန်သတည်း
တရားဓါးသို့ ထစ်သတည်း
ပြုစုပျိုးထောင် မွေးသတည်း
မြဲစွာဖြစ်လိမ့် မှန်းသတည်း…[ဒီလိုတွေ့ရပါပြီ]
ကဲဗျာ…ဘယ်လောက်လှတဲ့ ရေးဖွဲ့မှုလဲ…ပညာရှိတွေဆိုတော့ ဆေးစပ်ကျရာ အရုပ်ထင်တာပေါ့ …မဟုတ်ဘူးလား ခင်ဗျာ…
အရွဲ့တိုက်တတ်တဲ့ ရှင်ဥတ္တမကျော် အကြောင်းကတော့ ဒီလောက်ပါပဲ…
ဘယ်လိုပင်ဖြစ်စေ…အင်းဝရဲ့ ရှင်လေးပါးထဲက တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ဟာ သူ့ရဲ့ တောလား ကိုးပုဒ်ကို ဒီနေ့ခေတ်အထိ အသက်ဝင်နေအောင် အထက်ပါ လအက္ခရာတွေနဲ့ အသက်သွင်းထားခဲ့တယ်လို့ပဲ ဆိုချင်ပါတော့တယ် ခင်ဗျား…
စာပေဗဟုသုတကြွယ်ဝကြပါစေ…
~ ကိုးကားစာများ ~
ရှင်ဥတ္တမကျော်/ရှင်မဟာရဋ္ဌသာရ တို့၏ တောလား
ရေလားများနှင့် အခြားတောလား ရေလားများ
စတုဓမ္မသာရပျို့
ရှင်မဟာသီလဝံသ၏ ပျို့/လင်္ကာ/မော်ကွန်းကဗျာများ
သဒ္ဒါအမြင် စာအမြင်(ဒဂုံဦးစန်းငွေ)
မြန်မာ့သမိုင်းအကြောင်းအရာနှင့် မှတ်သားစရာများ
https://m.facebook.com/story.php?story_fbid=391375246504678&id=100068966187084