Buddha Statue

Buddha Statue မဂ်လာပါ
ဓမ္မ မိတ်ဆွေများ ခင်ဗျာ

 #လူရွတ်ကြီး ရှင်ဥတ္တမကျော် (သို့မဟုတ်)လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ ၊ လဆန်း၊ လထစ်၊ လမွေး နှင့် အဆုံးသတ်သော တောလား...
08/09/2022

#လူရွတ်ကြီး ရှင်ဥတ္တမကျော် (သို့မဟုတ်)
လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ ၊ လဆန်း၊ လထစ်၊ လမွေး နှင့် အဆုံးသတ်သော တောလားများ…
👀👀👀👀👀👀👀👀👀👀👀👀👀👀👀

အထက်ကစာမှာ "လ"တွေချည်း ပြွတ်သိပ်နေတာ
ဖတ်လိုက်ရလို့ ရိုင်းလိုက်တာလို့ မထင်လိုက်ပါနဲ့…
ရိုင်းလိုက်တာလို့ထင်ပြီး မဖတ်ဘဲကျော်သွားမယ်ဆိုရင် အင်းဝခေတ်ရဲ့ ထင်ရှားတဲ့ စာပေသမိုင်းကြောင်းတရပ်ကို
မလေ့လာရဘဲ ဖြစ်သွားပါလိမ့်မယ်…

အကြောင်းအရင်းမသိတဲ့သူအဖို့ ရိုင်းတယ်ထင်ရစေမယ့် "လ"အက္ခရာတွေပါတဲ့ စာတွေကို ရေးသားခဲ့သူကတော့ အင်းဝခေတ် ပေလေးပင် ရှင်လေးပါးထဲမှာ ပါဝင်တဲ့
စာဆိုကျော် ရှင်ဥတ္တမကျော်ပါပဲ…

ဒီလို "လ"အက္ခရာတွေ ပါတဲ့စာတွေကို ရှင်ဥတ္တမကျော်ဟာ ဘာကြောင့်ရေးသားခဲ့သလဲ ဆိုရင်
အရွဲ့တိုက်ချင်လို့ ၊ ရွတ်ချင်လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်…

မှန်ပါတယ်…
အင်းဝရဲ့ ရဟန်းစာဆိုအကျော်အမော် ရှင်ဥတ္တမကျော်ဟာ
တကယ့်ကို သြချရလောက်တဲ့ အရွဲ့တိုက်သမားကြီးတဦး
ဖြစ်ပါတယ်…

သူ့ရဲ့စိတ်မှာ မှန်တယ်ထင်တဲ့ အရာဆိုရင်
သူသဘောမကျတဲ့အရာဆိုရင်
ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ
ပြောင်ပြောင်ကြီးအရွဲ့တိုက်လေ့ရှိပါတယ်…

အင်းဝမှာ အင်မတန်ထင်ရှားတဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်၊စကားပြောဆိုတဲ့အမှူမှာ ဘယ်သူမှ ပြိုင်မပြောနိုင်တဲ့
ခုံတော်မောင်မောင်(မောင်ကျဘမ်း)ကို ပညာပေးခဲ့တဲ့သူဟာ ရှင်ဥတ္တမကျော်ပါ…

အင်းဝနေပြည်တော်မှာ ခုံတော်မောင်မောင်ဆိုသူဟာ
စာတတ်လွန်း/စကားတတ်လွန်းလို့ အားလုံးက
လက်လျှော့ထားရချိန်၊ ခုံတော်မောင်ကျဘမ်း အနေနဲ့လည်း သူ့ကိုဘယ်သူမှ စကားအရာမှာ ယှဉ်ပြိုင်နိုင်ခြင်းမရှိလို့
မာန်တတ်နေတဲ့အချိန်ပေါ့…

ခုံတော်မောင်ကျဘမ်းဟာ ဘယ်လောက်အထိ
ရမ်းကားလာသလဲဆိုရင် သူ့ရဲ့ပညာတတ်မှုအပေါ်
အသုံးချပြီး သာသနာပိုင်ပုဂ္ဂိုလ်ရဟန်းတော်တွေကိုတောင် လူပုံအလယ် တပါး နှစ်ပါး လို့မရေတွက်ဘဲ…
တယောက် နှစ်ယောက်လို့ ရေတွက်တဲ့အထိ
ရမ်းကားလာခဲ့ပါတယ်…

အပြစ်တင်ရင်လည်း စာပေကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ပြန်လည်ချေပနိုင်တဲ့အတွက် သူ့ကိုဘယ်သူမှအပြစ်ပေးလို့
မရပါဘူး…

ဒီသတင်းကို ရှင်ဥတ္တမကျော်ကြားတဲ့အခါ
မောင်ကျဘမ်းကိုမာန်ချိုးဖို့ဆုံးဖြတ်ပြီး
အင်းဝနေပြည်တော်ဆီ ကြွလှမ်းလာပါတော့တယ်…

နေပြည်တော်ရောက်တဲ့အခါ မောင်ကျဘမ်းရှိရာ
တည့်တည့်သွားပြီး
"…ဆွမ်းတနပ်လောက်ဘယ်မှာအလှူခံရနိုင်မလဲ "မေးပါတယ်…

ရှင်ဥတ္တမကျော်ကိုမသိတဲ့ ငမိုက်သားမောင်ကျဘမ်းဟာ
ရပ်ဝေးလာတဲ့ တောဘုန်းကြီးတပါးထင်ပြီး "

"အရှင်ဘုရားနှယ်…ဆွမ်းတနပ်စာများအခက်လုပ်လို့…
ဆွမ်းတနပ်လောက်များ အင်းဝလို ရွှေမြို့တော်မှာ
ဘယ်အိမ်ဖြစ်ဖြစ် ပါးရိုက်ပြီး ချက်ခိုင်းလို့ရတယ်"ဆိုပြီး
ရင့်သီးစွာ ပြန်ပြောပါတယ်…

သူက သာသနာပိုင်တွေ…ရှင်မဟာရဋ္ဌသာရတို့၊
ရှင်မဟာသီလဝံသတို့လိုပုဂ္ဂိုလ်တွေတောင်
လက်လျော့ထားရသူမို့လား…
တောရဟန်းတပါး(သူ့စိတ်ထင်)လောက်ကတော့
သူဂရုကိုမစိုက်ဘူးဆိုတဲ့ ပုံစံပေါ့…

မောင်ကျဘမ်းရဲ့အဖြေကို ရပြီးတာနဲ့ ရှင်ဥတ္တမကျော်ဟာ စကားမတုံ့ပြန်တော့ဘဲ မောင်ကျဘမ်းရဲ့ အိမ်တော်ရှိရာကိုသွားပါတယ်…

အိမ်တော်မှာ မောင်ကျဘမ်းဇနီးကို တွေ့တော့
မပြောမဆိုနဲ့ ပါးပိတ်ရိုက်လိုက်ပြီး
ငါ့အတွက် ဆွမ်းတနပ်စာချက်လှူစမ်းလို့
မိန့်ကြားလိုက်ပါတော့တယ်…

ဘယ်သူမှမစော်ကားရဲတဲ့ ခုံတော်မောင်မောင်ရဲ့ ဇနီးဟာ ဘုန်းကြီးတပါးရဲ့ ပါးရိုက်တာခံရတော့
သူ့လင်ရှိရာကို အပြေးတိုင်ပါတယ်…

မောင်ကျဘမ်းဟာ အူယားဖားယားနဲ့ ဒေါသတကြီး
လိုက်လာတဲ့အခါ အစောက သူနဲ့စကားပြောခဲ့တဲ့
ဘုန်းကြီးမှန်းသိသွားပြီး သူ့စကားနဲ့သူ ပြန်ခံရပြီဆိုတာ
ရိပ်မိသွားပါတယ်…

ဒါနဲ့ မောင်ကျဘမ်းဟာ ရှင်ဥတ္တမကျော်ကို
ဘာစကားမှမပြောတော့ဘဲ သူ့မယားဘက်လှည့်ပြီး
" နင့်လင် နင်ဘာသာချက်​ကျွေးလိုက်လို့" ရင့်သီးတဲ့စကားကို ဒုတိယအကြိမ် ဆိုပြန်ပါတယ်…

ရှင်ဥတ္တမကျော်ဟာ မောင်ကျဘမ်းရဲ့ စကားကို
ကြားကြားချင်း မောင်ကျဘမ်းဇနီးကို လက်ဆွဲပြီး
အိမ်အတွင်း ခန်းဆွဲသွင်းဖို့ ပြင်ပါတော့တယ်… 😁

ဒီအပြုအမူကြောင့် မောင်ကျဘမ်းဟာ ဒေါသတကြီးနဲ့ "ဘုန်းကြီး ဒါဘာလုပ်တာလဲ"မေးတော့ "

"မင်းပဲ ဒါငါ့မယားလို့ ပြောတယ်မဟုတ်လား…
ငါ့မယား ဆိုရင် ဒီအမျိုးသမီး ငါပိုင်ပြီ ငါဘာလုပ်လုပ်ရတယ် မဟုတ်လားလို့" ပြန်ပြောလိုက်ပါတော့တယ်…

ဒီလိုရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရှင်ဥတ္တမကျော်ဟာ
တရားခုံရုံးမှာ အမှုရင်ဆိုင်ရပေမယ့် ရှင်ဥတ္တမကျော်
တရားနိုင်ပြီး မောင်ကျဘမ်းရဲ့မာန်ကို
ချိုးလိုက်နိုင်ခဲ့ပါတယ်…

ဒီလိုအဖြစ်အပျက်ကြောင့် တောင်တလုံးမှာ
သူ့ထက်ပိုမြင့်တဲ့ အခြားတောင်တလုံးရှိသေးတယ်ဆိုတာကို နားလည်သွားတဲ့အတွက် မောင်ကျဘမ်းလည်း
သံဝေဂတရား ရရှိခဲ့ပါတော့တယ်…

ဒါဟာ ရဟန်းအကျော်အမော် ရှင်ဥတ္တမရဲ့
ထင်ရှားတဲ့ အရွဲ့တိုက်မှုတခုပါ…

အရှင်ဟာ ကိုရင်ဘဝ ရှင်ဥတ္တမအဖြစ်ကတည်းက
အရွဲ့တိုက်တတ်တဲ့ ဉာဉ်က စတင်ထင်ရှားနေခဲ့ပါပြီ…

ကိုရင်ဘဝက ဘုရားရှိခိုးပါဠိ စကားတခွန်းကို
အရွဲ့တိုက်တာကတော့ အနည်းငယ်ကြမ်းတမ်းတဲ့အတွက်
ရေးမပြတော့ပါဘူး

ဒီစာကိုဖတ်တဲ့သူတွေထဲမှာ သံဃာတွေ
အမျိုးသမီးငယ်တွေ ပါနေလို့ပါ…

"ဣိထ္ထိဗီဇ အဟံ၀န္ဒာမိ"ဆိုတဲ့ ဘုရားရှိခိုးစကားကို
အရွဲ့တိုက်တာဆိုရင် သံဃာတော်တွေ သိလောက်ပါတယ်…ကျွန်တော်ရေးမပြတော့ပါဘူး…

အဟဲ…ရှင် ဥတ္တမကျော်ရဲ့ အရွဲ့တိုက်တဲ့ဋီကာချဲ့နေတာနဲ့
မူလ "လ"အက္ခရာအကြောင်းက လွဲတော့မယ်…

ဒီလိုတောလားတွေမှာ လအက္ခရာ တွေထည့်ပြီး လပြွတ်၊
လဖြဲ၊ လဥ၊ လထစ် စတဲ့ အသုံးအနှုန်းတွေ
ထည့်ရေးတာဟာလည်း သူ အရွဲ့တိုက်တာပါပဲ…

အကြောင်းရင်းကဒီလိုပါ…

အရှင်ဥတ္တမကျော်ဟာ ရွတ်တဲ့ဥာဉ်ကလေးကြောင့်
ဘုရင်က မင်းနေပြည်တော်မှာ မင်းဆရာအဖြစ်
ကိုးကွယ်ဖို့ပြောတာကိုတောင် လက်ခံခဲ့တာမဟုတ်ပါဘူး…အင်းဝနဲ့ ဝေးတဲ့ နေရာမှာ မထင်မရှားဘဲ
သီတင်းသုံးတော်မူနေခဲ့သူ ဖြစ်ပါတယ်…

ဒီလိုနဲ့ ရှင်ဥတ္တမကျော်ဟာ ခေတ္တခဏ နေပြည်တော်ကို
ကြွတဲ့အခါ မင်းကိုးကွယ် ရဟန်းတွေဖြစ်တဲ့
ရှင်မဟာရဋ္ဌသာရ တို့ ရှင်မဟာသီလဝံသတို့
ရေးသားတဲ့ စာတွေကို ဖတ်မိပါတယ်…

အဲ့ဒီလိုဖတ်မိတော့ အင်းဝနေပြည်တော်မှာ
"လ" အက္ခရာတွေ တအားပဲ ရေပန်းစားနေတာကို
ရှင်ဥတ္တမကျော်ဟာသတိထားမိပါတယ်…

ဒီလို "လ" ကိုသုံးနှုန်းခဲ့သူတွေကလည်း
မင်းဆရာကဗျာအကျော်အမော် ရှင်မဟာသီလဝံသနဲ့
အရှင်မဟာရဌသာရတို့ပဲ ဖြစ်နေပါတယ်…

အရှင်မဟာသီလဝံသရဲ့ သျှိသျှားကန်မော်ကွန်းမှာ

ရန်မျိုးကြက်နှယ် လငြင့်တည်း၊
ပြစ်မှား ကြိုးနှယ် လ ခွေတည်း၊
တရားဆီမီး လ ညှိတည်း ဆိုပြီး အစရှိသဖြင့်
သုံးထားခဲ့သလို.....

အရှင်မဟာရဌသာရကလည်း ကိုးခန်းပျို့မှာ......

မင်းမြတ်တောင်းပန် လထွာတည်း၊
ဂါထာနှစ်ခု လရွတ်တည်း၊
လူတွင်ဆူးသို့ လပို့တည်း

ဆိုပြီးတော့လည်း လအက္ခရာတွေကို ဘုံးဘောလအော
သုံးစွဲထားပါတယ်…

ရှင်ဥတ္တမကျော်က အဲဒီ လအက္ခရာကို လုံး၀လုံး၀မကြိုက်ပါဘူး…အဲဒီမှာပဲ သူ့ရဲ့အရွတ်တိုက်ချင်တဲ့ ညာဉ်က
ပြလာပါတော့တယ်။

"ရေးသူက ရေးတယ်ထားဦး…မင်းနေပြည်တော်မှာ
ဒီလောက်တောင် အသိဥာဏ်ခေါင်းပါးကြသလား…
ဒါကို အားပေးကြသလား…
ဒီလောက်တောင် "လ" ကို ကြိုက်လှတာ
နေနှင့်ကြဦးပေါ့ကွာ၊

"လ" အကြောင်း ကောင်းကောင်းကြီး ပြလိုက်ရသေးတာပေါ့"လို့ တေးထားပြီးတော့ သီတင်းသုံးရာတောင်တွင်းကို ပြန်လာခဲ့ပါတယ်…

တောင်တွင်းရောက်တယ်ဆိုရင်ပဲ အရှင်ကာဠုဒါယီက နေပြည်တော်သို့ ကြွရောက်ရန်ဘုရားရှင်အား ပင့်လျှောက်စခန်း ဂါထာ ၆၀ ကို မှီးပြီးတော့ "လ"ကိုးလုံးကို
တခမ်းတနားတန်ဆာဆင်ပြီး တောလားကိုးပုဒ်ကို
အင်း၀စာဆိုတွေကို အရွဲ့တိုက် ရေးသားစီရင်တော်မူခဲ့ပါတယ်။

ဒါဟာလည်း ရှင်ဥတ္တမကျော်ရဲ့ သမိုင်းမှာထင်ရှားတဲ့ အရွဲ့တိုက်မှုဖြစ်ရုံမက အင်းဝစာပေသမိုင်းမှာပါ
ထင်ရှားတဲ့ အရွဲ့တိုက်မှုကြီးဖြစ်ပါတော့တယ်…

တကယ်တော့ ရှင်ဥတ္တမကျော်ရေးခဲ့တဲ့
"လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ လဆန်း၊
လထစ်၊ လမွေး ဆိုတဲ့ စာတွေဟာတပုဒ်တည်းမှာ
တဆက်တည်းရေးခဲ့တာမဟုတ်သလို
အဓိပ္ပာယ်မဲ့ရေးခဲ့တာလည်း မဟုတ်ပါဘူး…

"လ" တွေပါတဲ့စာတွေကို သူ့ရဲ့တောလားကိုးပုဒ်ရဲ့
အဆုံးသတ်တွေမှာ ထည့်သွင်းရေးစပ်ခဲ့တာ ဖြစ်ပါတယ်…

သီးမျိုးခိုင်ညှာ လပြွတ်တည်း

ဘီလူးသွားကို လဖြဲတည်း

တောကြက်တောင်ပံ လဖြုန်းတည်း

မုဆိုးချုံက လချောင်းတည်း

မိုးမှာ ရွှေကြယ် လဥတည်း

ရွှေဖောင်မြစ်ညှာ လဆန်တည်း

တရားဓါးသို့ လထစ်တည်း

ပြုစုပျိုးထောင် လမွေးတည်း

မြဲစွာဖြစ်လိမ့် လမှန်းတည်း…

ဒါတွေဟာ ရှင်ဥတ္တမကျော်ရဲ့ လအက္ခရာနဲ့ အဆုံးသတ်ထားတဲ့ တောလားကိုးပုဒ်ရဲ့ နောက်ဆုံးစာလုံးတွေပါ…

ဆရာတော် ရှင်ဥတ္တမကျော်ဟာ ဒီ လ အက္ခရာကို
အရွဲ့တိုက်ချင်စိတ်နဲ့ ရေးခဲ့တယ်ဆိုပေမယ့်
အဓိပ္ပာယ်မဲ့ ရွဲ့ရရုံသက်သက်ရေးခဲ့တာ မဟုတ်ပါဘူး…

ဆရာတော်ရေးသားခဲ့တဲ့ စာကြောင်းတွေကို
အဓိပ္ပာယ်ဖြောင့်ကြည့်ရင် ဒီလိုတွေ့နိုင်ပါတယ်…

သီးမျိုး ခိုင်ညှာ ပြွတ်လတည်း
ဘီလူးသွားကို ဖြဲလတည်း
တောကြက်တောင်ပံ ဖြုန်းလတည်း
မုဆိုးချုံက ချောင်းလတည်း
မိုးမှာ ရွှေကြယ် ဥလတည်း
ရွှေဖောင်မြစ်ညှာ ဆန်လတည်း
တရားဓါးသို့ ထစ်လတည်း
ပြုစုပျိုးထောင် မွေးလတည်း
မြဲစွာဖြစ်လိမ့် မှန်းလတည်း

နောက်တချက်က မြန်မာသဒ္ဒါမှာ (လ/သ/က)အက္ခရာတွေဟာ မိတ်ဖက် စကားလုံးတွေလို့ ညွှန်းဆိုထားပါတယ်…

ဒါ့ကြောင့် ပညာရှိ ရှင်ဥတ္တမကျော်ဟာ "သ" အက္ခရာအစား "လ" အက္ခရာကို စာလည်းဖြစ်အောင်…အရွဲ့တိုက်ရာမှာလည်း အကျုံးဝင်အောင် ဖလှယ်သုံးခဲ့တယ်လို့ မှတ်ယူလို့ရပါတယ်…

ဒါဆို "လ"တွေ အစား သအက္ခရာတွေ ပြောင်းကြည့်ရအောင်ဗျာ…

သီးမျိုး ခိုင်ညှာ ပြွတ်သတည်း
ဘီလူးသွားကို ဖြဲသတည်း
တောကြက်တောင်ပံ ဖြုန်းသတည်း
မုဆိုးချုံက ချောင်းသတည်း
မိုးမှာ ရွှေကြယ် ဥသတည်း
ရွှေဖောင်မြစ်ညှာ ဆန်သတည်း
တရားဓါးသို့ ထစ်သတည်း
ပြုစုပျိုးထောင် မွေးသတည်း
မြဲစွာဖြစ်လိမ့် မှန်းသတည်း…[ဒီလိုတွေ့ရပါပြီ]

ကဲဗျာ…ဘယ်လောက်လှတဲ့ ရေးဖွဲ့မှုလဲ…
ပညာရှိတွေဆိုတော့ ဆေးစပ်ကျရာ အရုပ်ထင်တာပေါ့ …မဟုတ်ဘူးလား ခင်ဗျာ…

အရွဲ့တိုက်တတ်တဲ့ ရှင်ဥတ္တမကျော် အကြောင်းကတော့
ဒီလောက်ပါပဲ…

ဘယ်လိုပင်ဖြစ်စေ…အင်းဝရဲ့ ရှင်လေးပါးထဲက
တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ဟာ သူ့ရဲ့ တောလား ကိုးပုဒ်ကို
ဒီနေ့ခေတ်အထိ အသက်ဝင်နေအောင် အထက်ပါ လအက္ခရာတွေနဲ့ အသက်သွင်းထားခဲ့တယ်လို့ပဲ ဆိုချင်ပါတော့တယ် ခင်ဗျား…

စာပေဗဟုသုတကြွယ်ဝကြပါစေ…

~ ကိုးကားစာများ ~

ရှင်ဥတ္တမကျော်/ရှင်မဟာရဋ္ဌသာရ တို့၏ တောလား ရေလားများနှင့် အခြားတောလား ရေလားများ
စတုဓမ္မသာရပျို့
ရှင်မဟာသီလဝံသ၏ ပျို့/လင်္ကာ/မော်ကွန်းကဗျာများ
သဒ္ဒါအမြင် စာအမြင်(ဒဂုံဦးစန်းငွေ)
Credit to (Hlwan Moe Aung) 28.8.18

**Zawgyi Font**
#လူရွတ်ကြီး ရှင်ဥတ္တမကျော် (သို့မဟုတ်)
လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ ၊ လဆန်း၊ လထစ်၊ လမွေး နှင့်
အဆုံးသတ်သော တောလားများ…

အထက်ကစာမှာ "လ"တွေချည်းပြွတ်သိပ်နေတာ ဖတ်လိုက်ရလို့ ရိုင်းလိုက်တာလို့ မထင်လိုက်ပါနဲ့…ရိုင်းလိုက်တာလို့ထင်ပြီး မဖတ်ဘဲကျော်သွားမယ်ဆိုရင် အင်းဝခေတ်ရဲ့ ထင်ရှားတဲ့စာပေသမိုင်းကြောင်းတရပ်ကို မလေ့လာရဘဲဖြစ်သွားပါလိမ့်မယ်…

အကြောင်းအရင်းမသိတဲ့သူအဖို့ ရိုင်းတယ်ထင်ရစေမယ့် "လ"အက္ခရာတွေပါတဲ့ စာတွေကို ရေးသားခဲ့သူကတော့ အင်းဝခေတ် ပေလေးပင် ရှင်လေးပါးထဲမှာ ပါဝင်တဲ့ စာဆိုကျော် ရှင်ဥတ္တမကျော်ပါပဲ…

ဒီလို "လ"အက္ခရာတွေ ပါတဲ့စာတွေကို ရှင်ဥတ္တမကျော်ဟာ ဘာကြောင့်ရေးသားခဲ့သလဲ ဆိုရင် အရွဲ့တိုက်ချင်လို့ /ရွတ် ချင်လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်…

မှန်ပါတယ်…အင်းဝရဲ့ ရဟန်းစာဆိုအကျော်အမော် ရှင်ဥတ္တမကျော်ဟာ တကယ့်ကိုသြချရလောက်တဲ့ အရွဲ့တိုက်သမားကြီးတဦးဖြစ်ပါတယ်…

သူ့ရဲ့စိတ်မှာ မှန်တယ်ထင်တဲ့ အရာဆိုရင် သူသဘောမကျတဲ့အရာဆိုရင် ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ ပြောင်ပြောင်ကြီးအရွဲ့တိုက်လေ့ရှိပါတယ်…

အင်းဝမှာ အင်မတန်ထင်ရှားတဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်/စကားပြောဆိုတဲ့အမှုမှာ ဘယ်သူမှ ပြိုင်မပြောနိုင်တဲ့ ခုံတော်မောင်မောင်(မောင်ကျဘမ်း)ကို ပညာပေးခဲ့တဲ့သူဟာ ရှင်ဥတ္တမကျော်ပါ…

အင်းဝနေပြည်တော်မှာ ခုံတော်မောင်မောင်ဆိုသူဟာ စာတတ်လွန်း/စကားတတ်လွန်းလို့ အားလုံးက လက်လျှော့ထားရချိန်/ခုံတော်မောင်ကျဘမ်း အနေနဲ့လည်း သူ့ကိုဘယ်သူမှ စကားအရာမှာယှဉ်ပြိုင်နိုင်ခြင်းမရှိလို့ အစွယ်တငေါငေါနဲ့ မာန်တတ်နေတဲ့အချိန်ပေါ့…

ခုံတော်မောင်ကျဘမ်းဟာ ဘယ်လောက်အထိ ရမ်းကားလာသလဲဆိုရင် သူ့ရဲ့ပညာတတ်မှုအပေါ် အသုံးချပြီး သာသနာပိုင်ပုဂ္ဂိုလ်ရဟန်းတ်ာတွေကိုတောင် လူပုံအလယ် တပါး နှစ်ပါး လို့မရေတွက်ဘဲ…တယောက် နှစ်ယောက်လို့ ရေတွက်တဲ့အထိရမ်းကားလာခဲ့ပါတယ်…

အပြစ်တင်ရင်လည်း စာပေကျမ်းဂန်အကိုးအကားခိုင်မာစွာနဲ့ ပြန်လည်ချေပနိုင်တဲ့အတွက် သူ့ကိုဘယ်သူမှအပြစ်ပေးလို့မရပါဘူး…

ဒီသတင်းကို ရှင်ဥတ္တမကျော်ကြားတဲ့အခါ မောင်ကျဘမ်းကိုအစွယ်ချိုးဖို့ဆုံးဖြတ်ပြီး အင်းဝနေပြည်တော်ဆီ ကြွလှမ်းလာပါတော့တယ်…

နေပြည်တော်ရောက်တဲ့အခါ မောင်ကျဘမ်းရှိရာတည့်တည့်သွားပြီး "…ဆွမ်းတနပ်လောက်ဘယ်မှာအလှူခံရနိုင်မလဲ "မေးပါတယ်…

ရှင်ဥတ္တမကျော်ကိုမသိတဲ့ ငမိုက်သားမောင်ကျဘမ်းဟာ ရပ်ဝေးလာတဲ့ တောဘုန်းကြီးတပါးထင်ပြီး "

"အရှင်ဘုရားနှယ်…ဆွမ်းတနပ်စာများအခက်လုပ်လို့…ဆွမ်းတနပ်လောက်များ အင်းဝလိုရွှေမြို့တော်မှာ ဘယ်အိမ်ဖြစ်ဖြစ် ပါးရိုက်ပြီး ချက်ခိုင်းလို့ရတယ်"ဆိုပြီး ရင့်သီးစွာပြန်ပြောပါတယ်…

သူက သာသနာပိုင်တွေ…ရှင်မဟာရဋ္ဌသာရတို့/ရှင်မဟာသီလဝံသတို့လိုပုဂ္ဂိုလ်တွေတောင် လက်လျော့ထားရသူမို့လား…
တောရဟန်းတပါး(သူ့စိတ်ထင်)လောက်ကတော့ သူဂရုကိုမစိုက်ဘူးဆိုတဲ့ ပုံစံပေါ့…

မောင်ကျဘမ်းရဲ့အဖြေကို ရပြီးတာနဲ့ ရှင်ဥတ္တမကျော်ဟာ စကားမတုံ့ပြန်တော့ဘဲ မောင်ကျဘမ်းရဲ့ အိမ်တော်ရှိရာကိုသွားပါတယ်…

အိမ်တော်မှာ မောင်ကျဘမ်းဇနီးကိုတွေ့တော့ မပြောမဆိုနဲ့ ပါးပိတ်ရိုက်လိုက်ပြီး ငါ့အတွက် ဆွမ်းတနပ်စာချက်လှူစမ်းလို့ မိန့်ကြားလိုက်ပါတော့တယ်…

ဘယ်သူမှမစော်ကားရဲတဲ့ ခုံတော်မောင်မောင်ရဲ့ ဇနီးဟာ ဘုန်းကြီးတပါးရဲ့ ပါးရိုက်တာခံရတော့ သူ့လင်ရှိရာကို အပြေးတိုင်ပါတယ်…

မောင်ကျဘမ်းဟာ အူယားဖားယားနဲ့ ဒေါသတကြီး လိုက်လာတဲ့အခါ အစောက သူနဲ့စကားပြောခဲ့တဲ့ ဘုန်းကြီးမှန်းသိသွားပြီး သူ့စကားနဲ့သူပြန်ခံရပြီဆိုတာ ရိပ်မိသွားပါတယ်…

ဒါနဲ့ မောင်ကျဘမ်းဟာ ရှင်ဥတ္တမကျော်ကို ဘာစကားမှမပြောတော့ဘဲ သူ့မယားဘက်လှည့်ပြီး" နင့်လင်နင်ဘာသာချက်ကြွေးလိုက်လို့" ရင့်သီးတဲ့စကားကို ဒုတိယအကြိမ်ဆိုပြန်ပါတယ်…

ရှင်ဥတ္တမကျော်ဟာ မောင်ကျဘမ်းရဲ့ စကားကိုကြားကြားချင်း မောင်ကျဘမ်းဇနီးကို လက်ဆွဲပြီး အိမ်အတွင်းခန်းဆွဲသွင်းဖို့ ပြင်ပါတော့တယ်…

ဒီအပြုအမူကြောင့် မောင်ကျဘမ်းဟာ ဒေါသတကြီးနဲ့ "ဘုန်းကြီး ဒါဘာလုပ်တာလဲ"မေးတော့ "

"မင်းပဲ ဒါငါ့မယားလို့ပြောတယ်မဟုတ်လား…
ငါ့မယား ဆိုရင် ဒီအမျိုးသမီး ငါပိုင်ပြီ ငါဘာလုပ်လုပ်ရတယ် မဟုတ်လားလို့" ပြန်ပြောလိုက်ပါတော့တယ်…

ဒီလိုရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရှင်ဥတ္တမကျော်ဟာ တရားခုံရုံးမှာ အမှုရင်ဆိုင်ရပေမယ့် ရှင်ဥတ္တမကျော် တရားနိုင်ပြီး မောင်ကျဘမ်းရဲ့ အစွယ်ကို ချိုးလိုက်နိုင်ခဲ့ပါတယ်…

ဒီလိုအဖြစ်အပျက်ကြောင့် တောင်တလုံးမှာ သူ့ထက်ပိုမြင့်တဲ့အခြားတောင်တလုံးရှိသေးတယ်ဆိုတာကို နားလည်သွားတဲ့အတွက် မောင်ကျဘမ်း လည်း သံဝေဂတရားရရှိခဲ့ပါတော့တယ်…

ဒါဟာ ရဟန်းအကျော်အမော် ရှင်ဥတ္တမရဲ့ ထင်ရှားတဲ့ အရွဲ့တိုက်မှုတခုပါ…

အရှင်ဟာ ကိုရင်ဘဝ ရှင်ဥတ္တမအဖြစ်ကတည်းက အရွဲ့တိုက်တတ်တဲ့ ဥာဉ်က စတင်ထင်ရှားနေခဲ့ပါပြီ…

ကိုရင်ဘဝက ဘုရားရှိခိုးပါဠိ စကားတခွန်းကို အရွဲ့တိုက်တာကတော့ အနည်းငယ်ကြမ်းတမ်းတဲ့အတွက်ရေးမပြတော့ပါဘူး

ဒီစာကိုဖတ်တဲ့သူတွေထဲမှာ သံဃာတွေ အမျိုးသမီးငယ်တွေ ပါနေလို့ပါ…

"ဣိထ္ထိဗီဇ အဟံ၀န္ဒာမိ"ဆိုတဲ့ ဘုရားရှိခိုးစကားကိုအရွဲ့တိုက်တာဆိုရင် သံဃာတော်တွေသိလောက်ပါတယ်…ကျွန်တော်ရေးမပြတော့ပါဘူး…

အဟဲ…ရှင် ဥတ္တမကျော်ရဲ့ အရွဲ့တိုက်တဲ့ဋီကာချဲ့နေတာနဲ့ မူလ "လ"အက္ခရာအကြောင်းက လွဲတော့မယ်…

ဒီလိုတောလားတွေမှာ လအက္ခရာ တွေထည့်ပြီး လပြွတ်/လဖြဲ/လဥ/လထစ် စတဲ့ အသုံးအနှုန်းတွေထည့်ရေးတာဟာလည်း သူအရွဲ့တိုက်တာပါပဲ…

အကြောင်းရင်းကဒီလိုပါ…

အရှင်ဥတ္တမကျော်ဟာ ရွတ်တဲ့ဥာဉ်ကလေးကြောင့် ဘုရင်က မင်းနေပြည်တော်မှာ မင်းဆရာအဖြစ် ကိုးကွယ်ဖို့ပြောတာကိုတောင် လက်ခံခဲ့တာမဟုတ်ပါဘူး…အင်းဝနဲ့ ဝေးတဲ့ နေရာမှာ မထင်မရှားဘဲ သီတင်းသုံးတော်မူနေခဲ့သူဖြစ်ပါတယ်…

ဒီလိုနဲ့ ရှင်ဥတ္တမကျော်ဟာ ခေတ္တခဏ နေပြည်တော်ကိုကြွတဲ့အခါ မင်းကိုးကွယ် ရဟန်းတွေဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရ တို့ ရှင်မဟာသီလဝံသတို့ ရေးသားတဲ့ စာတွေကို ဖတ်မိပါတယ်…

အဲ့ဒီလိုဖတ်မိတော့ အင်းဝနေပြည်တော်မှာ "လ" အက္ခရာတွေ
တအားပဲ ရေပန်းစားနေတာကို ရှင်ဥတ္တမကျော်ဟာသတိထားမိပါတယ်…

ဒီလို "လ" ကိုသုံးနှုန်းခဲ့သူတွေကလည်း မင်းဆရာကဗျာအကျော်အမော် ရှင်မဟာသီလဝံသနဲ့ အရှင်မဟာရဌသာရတို့ပဲဖြစ်နေပါတယ်…

အရှင်မဟာသီလဝံသရဲ့ သျှိသျှားကန်မော်ကွန်းမှာ

ရန်မျိုးကြက်နှယ် လငြင့်တည်း၊
ပြစ်မှား ကြိုးနှယ် လ ခွေတည်း၊
တရားဆီမီး လ ညှိတည်း ဆိုပြီး အစရှိသဖြင့် သုံးထားခဲ့သလို.....

အရှင်မဟာရဌသာရကလည်း ကိုးခန်းပျို့မှာ......

မင်းမြတ်တောင်းပန် လထွာတည်း၊
ဂါထာနှစ်ခု လရွတ်တည်း၊
လူတွင်ဆူးသို့ လပို့တည်း

ဆိုပြီးတော့လည်း လအက္ခရာတွေကို ဘုံးဘောလအော သုံးစွဲထားပါတယ်…

ရှင်ဥတ္တမကျော်က အဲဒီ လအက္ခရာကို လုံး၀လုံး၀မကြိုက်ပါဘူး…အဲဒီမှာပဲ သူ့ရဲ့အရွတ်တိုက်ချင်တဲ့ ညာဉ်ကပြလာပါတော့တယ်။

"ရေးသူက ရေးတယ်ထားဦး…မင်းနေပြည်တော်မှာ ဒီလောက်တောင်အသိဥာဏ်ခေါင်းပါးကြသလား…
ဒါကို အားပေးကြသလား… ဒီလောက်တောင် "လ" ကို ကြိုက်လှတာ
နေနှင့်ကြဦးပေါ့ကွာ၊

"လ" အကြောင်း ကောင်းကောင်းကြီး ပြလိုက်ရသေးတာပေါ့"လို့
တေးထားပြီးတော့ သီတင်းသုံးရာတောင်တွင်းကို ပြန်လာခဲ့ပါတယ်…

တောင်တွင်းရောက်တယ်ဆိုရင်ပဲ အရှင်ကာဠုဒါယီက နေပြည်တော်သို့ ကြွရောက်ရန်ဘုရားရှင်အား ပင့်လျှောက်စခန်း ဂါထာ ၆၀ ကို မှီးပြီးတော့ "လ"ကိုးလုံးကို တခမ်းတနားတန်ဆာဆင်ပြီး တောလားကိုးပုဒ်ကို အင်း၀စာဆိုတွေကို အရွဲ့တိုက် ရေးသားစီရင်တော်မူခဲ့ပါတယ်။

ဒါဟာလည်း ရှင်ဥတ္တမကျော်ရဲ့ သမိုင်းမှာထင်ရှားတဲ့ အရွဲ့တိုက်မှုဖြစ်ရုံမက အင်းဝစာပေသမိုင်းမှာပါ ထင်ရှားတဲ့ အရွဲ့တိုက်မှုကြီးဖြစ်ပါတော့တယ်…

တကယ်တော့ ရှင်ဥတ္တမကျော်ရေးခဲ့တဲ့ "လပြွတ်၊ လဖြဲ၊ လဖြုန်း၊ လချောင်း၊ လဥ လဆန်း၊ လထစ်၊ လမွေး ဆိုတဲ့ စာတွေဟာတပုဒ်တည်းမှာတဆက်တည်းရေးခဲ့တာမဟုတ်သလို အဓိပ္ပာယ်မဲ့ရေးခဲ့တာလည်းမဟုတ်ပါဘူး…

"လ" တွေပါတဲ့စာတွေကို သူ့ရဲ့တောလားကိုးပုဒ်ရဲ့ အဆုံးသတ်တွေမှာ ထည့်သွင်းရေးစပ်ခဲ့တာဖြစ်ပါတယ်…

သီးမျိုးခိုင်ညှာ လပြွတ်တည်း

ဘီလူးသွားကို လဖြဲတည်း

တောကြက်တောင်ပံ လဖြုန်းတည်း

မုဆိုးချုံက လချောင်းတည်း

မိုးမှာ ရွှေကြယ် လဥတည်း

ရွှေဖောင်မြစ်ညှာ လဆန်တည်း

တရားဓါးသို့ လထစ်တည်း

ပြုစုပျိုးထောင် လမွေးတည်း

မြဲစွာဖြစ်လိမ့် လမှန်းတည်း…

ဒါတွေဟာ ရှင်ဥတ္တမကျော်ရဲ့ လအက္ခရာနဲ့ အဆုံးသတ်ထားတဲ့ တောလားကိုးပုဒ်ရဲ့ နောက်ဆုံးစာလုံးတွေပါ…

ဆရာတော် ရှင်ဥတ္တမကျော်ဟာ ဒီ လ အက္ခရာကိုအရွဲ့တိုက်ချင်စိတ်နဲ့ ရေးခဲ့တယ်ဆိုပေမယ့် အဓိပ္ပာယ်မဲ့ ရွဲ့ရရုံသက်သက်ရေးခဲ့တာ မဟုတ်ပါဘူး…

ဆရာတော်ရေးသားခဲ့တဲ့ စာကြောင်းတွေကို အဓိပ္ပာယ်ဖြောင့်ကြည့်ရင် ဒီလိုတွေ့နိုင်ပါတယ်…

သီးမျိုး ခိုင်ညှာ ပြွတ်လတည်း
ဘီလူးသွားကို ဖြဲလတည်း
တောကြက်တောင်ပံ ဖြုန်းလတည်း
မုဆိုးချုံက ချောင်းလတည်း
မိုးမှာ ရွှေကြယ် ဥလတည်း
ရွှေဖောင်မြစ်ညှာ ဆန်လတည်း
တရားဓါးသို့ ထစ်လတည်း
ပြုစုပျိုးထောင် မွေးလတည်း
မြဲစွာဖြစ်လိမ့် မှန်းလတည်း

နောက်တချက်က မြန်မာသဒ္ဒါမှာ (လ/သ/က)အက္ခရာတွေဟာ မိတ်ဖက် စကားလုံးတွေလို့ ညွှန်းဆိုထားပါတယ်…

ဒါ့ကြောင့် ပညာရှိ ရှင်ဥတ္တမကျော်ဟာ "သ" အက္ခရာအစား "လ" အက္ခရာကို စာလည်းဖြစ်အောင်…အရွဲ့တိုက်ရာမှာလည်း အကျုံးဝင်အောင် ဖလှယ်သုံးခဲ့တယ်လို့ မှတ်ယူလို့ရပါတယ်…

ဒါဆို "လ"တွေ အစား သအက္ခရာတွေ ပြောင်းကြည့်ရအောင်ဗျာ…

သီးမျိုး ခိုင်ညှာ ပြွတ်သတည်း
ဘီလူးသွားကို ဖြဲသတည်း
တောကြက်တောင်ပံ ဖြုန်းသတည်း
မုဆိုးချုံက ချောင်းသတည်း
မိုးမှာ ရွှေကြယ် ဥသတည်း
ရွှေဖောင်မြစ်ညှာ ဆန်သတည်း
တရားဓါးသို့ ထစ်သတည်း
ပြုစုပျိုးထောင် မွေးသတည်း
မြဲစွာဖြစ်လိမ့် မှန်းသတည်း…[ဒီလိုတွေ့ရပါပြီ]

ကဲဗျာ…ဘယ်လောက်လှတဲ့ ရေးဖွဲ့မှုလဲ…ပညာရှိတွေဆိုတော့ ဆေးစပ်ကျရာ အရုပ်ထင်တာပေါ့ …မဟုတ်ဘူးလား ခင်ဗျာ…

အရွဲ့တိုက်တတ်တဲ့ ရှင်ဥတ္တမကျော် အကြောင်းကတော့ ဒီလောက်ပါပဲ…

ဘယ်လိုပင်ဖြစ်စေ…အင်းဝရဲ့ ရှင်လေးပါးထဲက တပါးဖြစ်တဲ့ ရှင်ဥတ္တမကျော်ဟာ သူ့ရဲ့ တောလား ကိုးပုဒ်ကို ဒီနေ့ခေတ်အထိ အသက်ဝင်နေအောင် အထက်ပါ လအက္ခရာတွေနဲ့ အသက်သွင်းထားခဲ့တယ်လို့ပဲ ဆိုချင်ပါတော့တယ် ခင်ဗျား…

စာပေဗဟုသုတကြွယ်ဝကြပါစေ…

~ ကိုးကားစာများ ~

ရှင်ဥတ္တမကျော်/ရှင်မဟာရဋ္ဌသာရ တို့၏ တောလား
ရေလားများနှင့် အခြားတောလား ရေလားများ
စတုဓမ္မသာရပျို့
ရှင်မဟာသီလဝံသ၏ ပျို့/လင်္ကာ/မော်ကွန်းကဗျာများ
သဒ္ဒါအမြင် စာအမြင်(ဒဂုံဦးစန်းငွေ)

မြန်မာ့သမိုင်းအကြောင်းအရာနှင့် မှတ်သားစရာများ

https://m.facebook.com/story.php?story_fbid=391375246504678&id=100068966187084

 #ဗုဒ္ဓသာသနာဝင်များကိုသီတင်းစကားပါးလိုက်တဲ့ဗက်ခမ်းဥရောပနွယ်ဖွားဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ကမ္ဘာကျော်ဘောလုံးသမားနှင့်မော်လ်ဒ...
23/08/2022

#ဗုဒ္ဓသာသနာဝင်များကိုသီတင်းစကားပါးလိုက်တဲ့ဗက်ခမ်း

ဥရောပနွယ်ဖွားဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့
ကမ္ဘာကျော်ဘောလုံးသမားနှင့်မော်လ်ဒလ်တစ်ဦးဖြစ်သူ
ဒေးဗစ်ဘက်ခမ်းဟာအောင်မြင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားပါသည်။
ထိုကမ္ဘာကျော်ထိပ်တန်းစူပါဘော့လုံးသမားဂိုးသွင်းဘုရင်ဟာ
ဗုဒ္ဓဘာသာအလွန်ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပြီး
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံ၌သူ၏ကောင်းမှုတော်
ဘုရားကျောင်းကန်များဆောက်လုပ်လှူဒါန်းထားခြင်းများရှိပါသည်။
ခန့်ညားတင့်တယ်လှသောရုပ်ရည်ရူပကာယကိုပိုင်ဆိုင်ထားသည့်
ထိုအမျိုးကောင်းသားသည်လှပ၍ဉာဏ်ပညာထက်မြတ်သော
ချစ်စဖွယ်သားသမီးများစွာကိုလည်းရရှိပိုင်ဆိုင်ထားပါသည်။
သူ၏ချစ်ဇနီးဗစ်တိုးရီးယားဗက်ခမ်းဟာလည်း
ကမ္ဘာကျော်ပေါ့ဂီတအဖွဲ့တစ်ခု၏အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး
ကျော်ကြားတဲ့ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်းဖြစ်ပါသည်။
၎င်းတို့၏မိသားစုအကြောင်းနှင့်ဗက်ခမ်း၏အင်တာဗျူးများကို..
ထိန်းချုပ်ထားခြင်းများရှိပါသည်။
ဗာတီကန်၏စနက်မကင်းချေ။
အောင်မြင်ကျော်ကြားသူတို့၏အတုကိုယူလေ့ရှိသည့်
လူ့စိတ်သဘာဝကိုကောင်းကောင်းနားလည်ထားသောတာဝန်ရှိသူများက ဗက်ခမ်း၏အင်တာဗျူးများမှတဆင့်
ဗုဒ္ဓဘာသာသို့အနောက်တိုင်းသားလူငယ်များကူးပြောင်းလာမှာကို
စိုးရိမ်ကြ၍ဖြစ်သည်။
ဒီကိစ္စကိုတွေးကြည့်ရင်ဒီမိုကရေစီလို့ကြွေးကျော်ထားသည့်
အနောက်တိုင်းနိုင်ငံကြီးတစ်ခု၏
ဟာသဆန်တဲ့လုပ်ရပ်လို့မြင်နိုင်ပါသည်။
ပြီးခဲ့သောလများအတွင်းက..
အီတလီနိုင်ငံဗင်းနစ်မြို့၌ပြုလုပ်သောပွဲးသဘင်တစ်ခုသို့
ဗက်ခမ်းမိသားစုတက်ရောက်လာခဲ့ကြပါသည်။
သမီးအငယ်ဆုံးလေး # #ဟာပါဆဲဗင်းနှင့်အတူလက်ချင်းချိတ်၍ပွဲးတက်ခဲ့ပုံလေးကကမ္ဘာ့မီဒီယာများအကြားမှာပြန့်နှံ့သွားခဲ့ပါသည်။
ထိုပွဲးအပြီး၌ဗက်ခမ်းကိုအင်တာဗျူးရာတွင်..
ဉာဏ်ကောင်းသွက်လက်၍ချစ်စရာကောင်းလှသော
သားငယ်သမီးငယ်လေးများကိုမည်သို့ပြုစုပျိုးထောင်ခဲ့ပါသနည်းဟု
သီတင်းမီဒီယာတစ်ခုမှမေးမြန်းရာတွင်..
ဗက်ခမ်းမှ ခလေးများကိုနေ့စဉ်တရားထိုင်သည့်အလေ့အကျင့်ရရှိအောင်သင်ကြားပေးခဲ့ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။
ဘက်ခမ်း၏သားသမီးများအားပေးသည့်အဆုံးအမသည်...
#ပထမအရွယ်မှာပညာရှာတရားကိုလည်းရှာဒုတိယအရွယ်မှာစီးပွားရှာတရားကိုလည်းရှာတတိယအရွယ်မှာတရားနဲ့သာပျော်နေပါ ဟူသည့်
မြန်မာပြည်မှရဟန်းပညာရှိတို့၏အဆုံးအမနှင့်ထပ်တူပင်ဖြစ်ပေသည်။
မှန်ပေသည်။ကပ်သုံးပါးဆိုက်နေသည့်ကမ္ဘာကြီး၌
လူတို့သက်တမ်းအလွန်တိုတောင်းလှသည်ဖြစ်၍
အချိန်မရွေးပျက်စီးသွားနိုင်သည့်ဤမြေအိုးသဖွယ်
ကွဲးကျပျက်စီးလွယ်လှသည့်ခန္ဓာကိုယ်ကိုရရှိထားကြသည်ဖြစ်ရာ
ဘဝသံသရာသို့အရိပ်သဖွယ်အစဉ်လိုက်ပါနိုင်သည့်
#ပုညဟူသည့်ကုသိုလ်ဘုန်းကံကိုသာအပူတပြင်းရယူ
ဆည်းပူးထားကြမှတော်ကာကျပေတော့မည်။
သတ္တဝါတို့အတွက်အားကိုးရာအစစ်အမှန်ဖြစ်ပေတော့သည်။
#ထီးနှင့်ဖိနပ်မပါလျှင်နွေအခါမှာသိပေမည်။
#ဒါနသီလဘာဝနာသုံးချက်မပါလျှင်သေသည့်အခါမှာတမလွန်ဘုံ၌
မည်မျှဆင်းရဲးနိမ့်ကျမည်ကိုသိကြရမည်ဖြစ်ပါ၍...
အရွယ်သုံးပါးလုံးလူသားတိုင်းသည်မေတ္တာဘာဝနာပွားများခြင်း
စိတ်ဓာတ်ကိုဖြူစင်သန့်ရှင်းအညစ်အကြေးကင်းစေရန်
သမထဝိပဿနာပွားများခြင်းများကြိုတင်ပြုထားကြပါဟု...
မေတ္တာအားဖြင့်နှိုးဆော်လိုက်ရပါတော့သည်။
crd

23.8.2022

မြတ်စွာဘုရားရဲ့ နဂါးရုံဘုရားလုပ်တဲ့အခါကျတော့ဗမာပြည်က ပန်းချီဆရာ ပန်းပုဆရာတွေကနဂါးပေါ် မြွေခေါင်းပေါ်မှာ အမှောက်တပ်လိုက်တ...
20/08/2022

မြတ်စွာဘုရားရဲ့ နဂါးရုံဘုရားလုပ်တဲ့အခါကျတော့
ဗမာပြည်က ပန်းချီဆရာ ပန်းပုဆရာတွေက
နဂါးပေါ် မြွေခေါင်းပေါ်မှာ
အမှောက်တပ်လိုက်တဲ့အခါကတော့
နဂါးနဲ့ မြွေနဲ့က တစ်ခြားစီလိုဖြစ်နေတယ်။

အေး … အိန္ဒိယကလူတွေတို့
သီဟိုဠ်ကလူတွေတို့ဟာ
နဂါးရုံဘုရားကြည့်လိုက်ရင်လည်း
မြွေဟောက်ကြီးတွေက မြတ်စွာဘုရားကို
မိုးထားတဲ့ပုံပဲလုပ်တယ်။အချွန်အတက်မပါဘူး။
အဲဒါသတိထားစရာပေါနော်။အချွန်အတက်မပါဘူး။

မုစလိန္ဒအိုင်ထဲမှာ
နဂါးရုံဘုရားဆိုပြီးတော့လုပ်တယ်
တကယ်ကတော့ နဂါးက အဲ့ဒီအိုင်ထဲမှာနေတာ
ဘုရားက အိုင်အလယ်ကောင်မှာမဟုတ်ဘူး
ကျည်းပင်အောက်က မြတ်စွာဘုရားက သီတင်းသုံးတာ
အိုင်ထဲက( ရေကန်ထဲက )နဂါးက တက်လာပြီးသော
မြတ်စွာဘုရားကို နေမပူအောင် မိုးလုံအောင်
ဆိုပြီးတော ခန္ဓာကိုယ်ကို ပတ်ရံပြီး
အပေါ်ကဘတ်ပြင်းအုပ်ပေးထားတာ အဲဒါကို
ရေလယ်ခေါင်သွားပြီးတော
နဂါးရုံဘုရားလုပ်တယ် သဘာဝမကျဘူး။

မြတ်စွာဘုရားက
ဘယ်လိုလုပ်ကူးသွားလဲ ရေထဲကို။
တကယ်ကတော့ ကုန်းပေါ်မှာလုပ်ရမှာဖြစ်တယ်ပေါ့။
အခု ဗုဒ္ဓဂယာမှာလည်းပဲ ထို့အတူပဲ။
ဗမာပြည်ကသွားလုပ်ထားတဲ့ မုစလိန္ဒအိုင်ထဲမှာ
နဂါးရုံဘုရား အိုင်လယ်ကောင်တည့်တည့်မှာ
သွားလုပ်ထားတာ။တကယ်ကတော့ စာထဲမှာပါတာ
အဲလိုမဟုတ်ဘူး။အိုင်ထဲက နဂါးကထွက်လာတယ်။
ထွက်လာပြီးတော ဘုရားက ကျည်းပင်အောက်မှာ
ထိုင်နေတယ်။အဲဒီ ကျည်းပင်အောက်ထိုင်နေတဲ့ ဘုရား
မိုးတွေဆွေးနေလို့ မိုးကခုနှစ်ရက်ဆွေတာ။
အဲ့ဒီမိုးရေတွေ မထိအောင်လို့ဆိုပြီးတော့
မြတ်စွာဘုရားအပေါ်ကနေ လာပြီးသော နဂါးကြီးက
အုပ်မိုးပြီးတော့နေတာဖြစ်တယ်။

ပြီးတော့ နဂါးရုံဘုရားတွေလုပ်တဲ့အခါ
နဂါးအခွေပေါ်မှာ ဘုရားထိုင်နေတာလည်း
သဘာဝမကျဘူးနော်။နဂါးကလှုပ်လိုက်ရင်
ပြုတ်မကျနေဘူးလား။နဂါးဆိုတာ လှုပ်မှာပဲလေ။
သူ့ခွေကြီး အဲတော့ အဲဒီလိုလည်းမဟုတ်ဘူး။

မြတ်စွာဘုရားကို
နဂါးက သူ့ရဲ့ကိုယ်နဲ့ထိတာ မဟုတ်ဘူး။
ဘေးကနေ ပတ်ပြီးသော ဒီတိုက်ခန်းသဘောမျိုး။
အကာအကွယ်ဖြစ်အောင် လုပ်ပြီးတော့
လေမတိုက်အောင် မိုးမထိအောင် နေမပူအောင်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ နဂါးက ဖန်ဆင်းပြီးတော့
အပေါ်က သူ့ဘတ်ပြင်းကြီးအုပ်ထားတော့
မိုးလုံလေလုံဖြစ်နေတယ်။
အဲ့ဒီလိုပုံမျိုးလုပ်ရမှာ အမှန်ပေါနော်။

နဂါးရုံဘုရား နဂါးရုံဘုရားနဲ့
တစ်ချို့လည်း နဂါးကတစ်ကောင်ထဲ အားမရတော့
နဂါးခြောက်ကောင်တို့ သုံးကောင်တို့ ကိုးကောင်တို့
ကိုယ့်စိတ်ကူးရှိရာ ကိုယ်လုပ်ကြတာပေါနော်။

တကယ်အစစ်အမှန်ကတော့
မုစလိန္ဒအိုင်ထဲမှာ နဂါးတစ်ကောင်ထဲပါပဲ။
နဂါးဆိုသည်မှာ မြွေဟောက်ကြီးတွေကိုခေါ်တာပါပဲ။
ဘတ်ပြင်းကြီးနဲ့ အုပ်နေတဲ့မြွေဟောက်
ခေါင်းပေါ်မှာလည်း အချွန်အတက်မရှိပါဘူး။
နို့မို့ဆိုရင် အချွန်တက်နဲ့ တောင်ထိုးမြှောက်ထိုး
ထိုးကုန်မှာပေါ့။နဂါးက အချွန်အတက်မရှိဘူး။

{ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး }

....သူဆိုတာ ငါမဟုတ်ဘူး...             ----------------  စိတ်ဓာတ် ကောင်းတဲ့သူနဲ့ပဲ...  ပေါင်းပါ...  စိတ်ကောင်းလေးတွေ..  က...
20/08/2022

....သူဆိုတာ ငါမဟုတ်ဘူး...
----------------

စိတ်ဓာတ် ကောင်းတဲ့သူနဲ့ပဲ...
ပေါင်းပါ...
စိတ်ကောင်းလေးတွေ..
ကူးစက်လာပါလိမ့်မယ်....

ခွင့်လွှတ်တတ်အောင်...သင်ယူပါ
ဘဝဟာ ...လွတ်လပ်လာလိမ့်မယ်...

သံယောဇဉ်တွေ..
နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ
အေးချမ်းမူတွေ ရလာပါလိမ့်မယ်....

စိတ်အလိုကို မလိုက်ဘဲ..
ထိန်းချုပ်နိုင်အောင် ကြိုးစားပါ
ရင့်ကျက်တဲ့သူ ဖြစ်လာပါလိမ့်မယ်....

ဘယ်သူ့ကိုမှ.....မမုန်းမိအောင် ကြိုးစားပါ
ဘဝဟာ ပေါ့ပါးလာလိမ့်မယ်...

အကောင်းမြင်စိတ်...
များများထားနိုင်အောင် ကြိုးစားပါ
ဘဝမွာ နေပျော်လာလိမ့်မယ်....

ဒါကြောင့် ကိုယ်တွေ့ရသည့်သူက
ကိုယ့်လို မဟုတ်ခဲ့သည်ရှိသော်.....

ငါကောင်းသလို သူမကောင်းဘူးလို့
ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

ငါစေတနာထားသလောက်
သူရက်စက်တယ်လို့
ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

ငါ ဒီလောက်အထိ
လိုက်လျော ပေးနေတာတောင်
သူလုပ်ရက်တယ်လို့
ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

အဲဒါမျိုးတွေ
မလုပ်သင့် မပြောသင့်ပါဘူးကွာလို့
ဘယ်သူ့ကိုမှ မထင်လိုက်ပါနဲ့။
သူဆိုတာ ငါမှ မဟုတ်တာ။

အရာအားလုံးကို
နာလည်ပေးနိူင်အောင်
ကိုယ့်စိတ်ကို ကြိုးစားကျင့်သုံးခြင်းကသာ
ချမ်းသာစွာ နေထိုင်နည်းပါပဲ။

ဘယ်သူ့ကိုမှ
အချစ်မဝင်တော့သလို
အပြစ်တွေလည်း မတင်ဖြစ်တော့ဘူးလေ။

သူဆိုတာ ငါမဟုတ်တဲ့အတွက်
အရာအားလုံးကို အလိုက်သင့်ရုံပဲ
ရွေ့လျားတတ်ပြီး ပေါ့ပေါ့ပါးပါး
နေထိုင်တတ်ကြပါစေ။

ကြိုးစားမူနဲ့ရှင်သန်ကြပါ.....ဘဝဟာ
ပိုပြီး..... အဓိပ္ပာယ်ရှိလာကြပါလိမ့်မယ်....

__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်

12/08/2022
အဆင့်တန်းရှိတဲ့သူဆိုတာသူများကို စိတ်ဒုက္ခမပေးဘူး ။🍀အလိုက်သိတဲ့သူဆိုတာမပြောချင်တဲ့သူကိုအတင်းနှုတ်မဆက်တတ်ဘူး ။🍀ဒေါသမကြီးတဲ...
01/08/2022

အဆင့်တန်းရှိတဲ့သူဆိုတာ
သူများကို စိတ်ဒုက္ခမပေးဘူး ။🍀

အလိုက်သိတဲ့သူဆိုတာ
မပြောချင်တဲ့သူကို
အတင်းနှုတ်မဆက်တတ်ဘူး ။🍀

ဒေါသမကြီးတဲ့သူဆိုတာ
အရာရာတိုင်းမှာ
တစ်ဇွတ်ထိုးမဆန်တတ်ဘူး ။🍀

ပညာတကယ်တတ်တဲ့သူဟာ
ဘယ်နေရာရောက်ရောက်
မာန မကြီးတတ်ဘူး ။🍀

လူကြီးဆန်တဲ့သူဟာ
ဘာကိုပဲလုပ်လုပ်
မမျှတအောင်မလုပ်တတ်ဘူး ။🍀

သူတော်ကောင်းစိတ်ရှိသူဟာ
အမြဲတမ်းလိုလို
သည်းခံခွင့်လွှတ်တတ်တယ် ။🍀

တည်ငြိမ်ရင့်ကျက်တဲ့သူဆိုတာ
ဘာကိုပဲ တွေးတွေး
တရားသဘောနဲ့တွေးတယ် ။🍀

တိတ်ဆိတ်ငြိမ်သက်မှုကို
အလိုရှိကြတဲ့သူတွေဟာ
ဂုဏ်အရှိန်ဝါတွေကို
မမက်မောတတ်ကြတော့ပါဘူး ။🍀💝

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ                    မိုးကုတ်ဆရာတော်ဘုရားကြီး                                ဟောကြားဆုံးမတ...
28/06/2022

🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော 🙏

🌹 " ဒိဋ္ဌိ ဝိစိကိစ္ဆာပယ်ပုံ "🌹

အလုပ်ပေးတရားတော်

( ၁၄ . ၁၁ . ၆၀ )
အပိုင်း ( ၇ )


🙏 ကောင်းပြီ - သို့သော်လည်း ရှင်သာရိပုတ္တရာက ရှင်မဟာ ကောဋ္ဌိကကို ဟောလိုက်တယ် ၊ ရုပ်ရှုရင် နာမ်ပါတယ် ။ နာမ်ရှုရင် ရုပ်ပါတယ်ကွ ဟောလိုက်တယ် ။ ဒါလည်း ကြား ဖူးမှာပေါ့နော် . . ရုပ်ရှုရင် . . .👏( နာမ်ပါတယ် ) . . .

🙏 နာမ်ပါတယ်၊ နာမ်ရှုရင်ကော . . . 👏( ရုပ်ပါတယ် ) . . .

🙏 ရုပ်ပါတယ် .. ယခု . 👏( တပည့်တော်တို့ မကြားဖူးသေး .. ပါဘုရား ) . . .

🙏 မကြားဖူးရင် အခုမှ ရှင်းပြလိုက်မယ် ..👏( မှန်ပါ့ဘုရား )

🙏 ရုပ်ရှုရင် နာမ်ပါတယ် ၊ နာမ်ရှုရင် ရုပ်ပါတယ်ဆိုတော့ ဒါ ဝိညာဏ်ထားလိုက် . . .👏( တင်ပါ့ ) . . .

🙏 ဒါက နာမ်ရုပ် ။ ဒါက နာမ် ၊ ဒါကရုပ် ၊ ဒါက နာမက္ခန္ဓာ သုံးပါးက နာမ်ပေါ့ဗျ ၊ ဒီကရုပ် ။ ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် ရွတ်ကြည့်ပါလား ၊ ဝိညာဏ ပစ္စယာ နာမရူပံ . . . 👏( တင်ပါ့ ) . . .

🙏 မဟုတ်ဘူးလား ။ ဝိညာဏပစ္စယာနာမရူပံ ၊ နာမရူပ ပစ္စယာ ဝိညာဏံ ၊ ဟော နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်တယ် ။ ဝိညာဏ်ကြောင့် . . .👏( နာမ်ရုပ်ဖြစ်ပါတယ် ) . . .

🙏 ဒါဖြင့် ဝိညာဏ်လဲတော့ နာမ်ရုပ်က ကျန်ရစ်ခဲ့ဦးမှာ လား .. 👏( မကျန်ရစ်ပါဘုရား ). . ..

🙏 မကျန်ရစ်ဘူး အကုန်ပါတယ် ၊ နာမ်ရုပ်လဲတော့ကော ဝိညာဏ်ကျန်ခဲ့ဦးမှာလား ၊ မကျန်ပါဘူး ၊ ငါ ဥပမာပြမယ် ကွ ။ မင်းနားမလည်လို့ ရှိရင်တဲ့ - ရှင်ကောဋ္ဌိကကို ဦးသံဒိုင် ဝါးလုံးနှစ်လုံးကို အစွန်းချင်း အဖျားချင်း တေ့နေ တယ် ၊ တစ်ဖက်ဆွဲရင် တစ်ဖက်မလဲ ဘူးလား - လဲလား ၊ အဖျားချင်း တေ့နေတာကိုး . . . 👏( မှန်ပါ့ ) . . .

🙏 တစ်ဖက်ဆွဲလိုက်ပါတဲ့ ၊ ဟိုတစ်ချောင်း လဲမလား - မလဲ ဘူးလား ၊ ဒီဘက်က တစ်ချောင်းဆွဲလိုက်စမ်း ၊ ဟိုဘက်က တစ်ချောင်း ၊ ထောင်နေဦး မှာလား ၊ မထောင်တော့ဘူးလား 👏( မထောင်တော့ပါ ဘုရား ). . .

🙏 သူတို့က အညမညကွ ၊ တစ်ခုလဲရင် လဲမယ် ။ တစ်ခုပျက် ရင်ကျန်တာတွေ အကုန်ပါသွားတယ်ဆိုတော့ တစ်ခုရှုခိုင်းမှာ ဘုန်းကြီးက ။ သဘောပါပလား . .👏( ပါ ပါတယ်ဘုရား )

🙏 အဲဒါ သံယုတ်ပါဠိတော်မှာ လာတယ် ၊ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာ အမေးအဖြေမှာ လာတယ် ။ သဘောပါလား 👏( တင်ပါ့ဘုရား ) . . .

🙏 ဝိညာဏ်ရှုရင် နာမ်ရုပ်ပါလာမယ် ၊ နာမ်ရုပ်ရှုရင် . . . 👏( ဝိညာဏ်ပါတယ် ဘုရား ) . . .

🙏 ဝိညာဏ်ပါသွားမယ်တဲ့ ။ အဲ ကျူစည်းထောင်သလိုပါပဲ ။ သူကတော့ ကျူးစည်းဥပမာပြတယ် ကျူစည်း အဖျားချင်း တွေက ထောင်ကွာ ၊ တစ်စည်းသာ လဲရင် တစ်စည်းလဲမှာပဲ နှစ်ခုက “ ဝတ္ထုံ ပဋိစ္စ ခန္ဓာ ၊ ခန္ဓေ ပဋိစ္စ ဝတ္ထု ” - ပဋ္ဌာန်းပါ ဠိတော်နဲ့ ပိုဆိုင်တယ် ။ ကိုင်း ... ပဋိစ္စသမုပ္ပါဒ်နဲ့ ကိုးရင်တော့ “ ဝိညာဏ ပစ္စယာ နာမရူပံ ၊ နာမရူပ ပစ္စယာဝိညာဏံ ” ၊ “ ဝိညာဏနိရောဓာ ” ဆိုတော့ ခင်ဗျား ဘယ့်နှယ်လုပ်မလဲ ၊ ဟင် - “ နာမရူပနိရောဓော ” မဖြစ်ဘူးလား ။ မလဲသေးဘူး လား ။ ကိုင်း - မလဲဘူးလား ၊ ဝိညာဏ်ချုပ်သွားပြီ - ကွ နာမရူပ ကျန်ရစ်နေဦးမှာလား ။ နာမရူပနိရောဓာ ပြန်ရွတ် လိုက် ၊ ဝိညာဏ နိရောဓောဆိုတော့ ဒီကနာမ်ရုပ် ချုပ်,ချုပ် ၊ ရုပ် ချုပ်,ချုပ် ဒီဝိညာဏ်ကလေး ကျန်ရစ် ဦးမှာလား ။ အဲဒီတော့ တစ်ခုရှုလိုက်ရင် မပြီးသေးဘူးလား ။ သဘောပါ လား . . . 👏( တင်ပါ့ဘုရား ) . . .

🙏 မကြားဖူးတာကို ခင်ဗျားတို့ ကြားရတာနဲ့ပဲ ဥပမာနဲ့တကွ ပြလိုက်လို့ ကိုထွန်းရင်က ကျေနပ်ပြီလား ။ ဝါးလုံး နှစ်ခု တည်းထောင် တစ်ချောင်းဆွဲ ကျန်တစ်ချောင်း ကျန်ရစ်ဦး မှာလား တစ်ခုတည်းရယ် . .👏( မကျန်ပါဘုရား ) . ..

🙏 ဒီအတိုင်းပဲ နာမ်လဲရင် ရုပ်လဲမှာပဲ ။ ရုပ်လဲရင် . . . 👏( နာမ်လဲ မှာပါပဲဘုရား ) . . .

🙏 နာမ်လဲမှာပဲ ။ တစ်ခုသာ ဉာဏ်ဖြစ်ပြီး ကျန်တာတွေက ပျက်ပေးရမှာပဲဆိုတော့ ဦးသံဒိုင်က ဝမ်းထဲမှာကျေနပ်ရဲ့လား 👏(တပည့်တော်တို့ ဒီအတိုင်းယူထားပါတယ် _ ... ဘုရား-အသညသတ်က လွဲရင် ) . . .

🙏 အင်း - အသညသတ်တောင် ရုပ် ရုပ်ချင်း “ ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ ” အတူတူပဲ ။ တစ်ခုလဲရင် အကုန် လဲတာပဲ ။ တစ်ခုသော မဟာဘုတ် ချုပ်လိုက်တော့ ကျန်သော မဟာဘုတ်က နေဦးမှာလား - အတူတူပေါ့ ။ မဟုတ်ဘူးလား ၊ သုံးဆယ့်တစ်ဘုံ အနိစ္စချည်းပေါ့ ။ မကပ် ပါနဲ့ မထူးပါဘူး . . 👏( ကောင်းတယ်ဘုရာ့ အကုန်လုံး _ .... သံသယ ပြေကုန်ပါတယ်ဘုရား ). . .

🙏 အင်း မဟာဘုတ်လေးပါးဟာ မှီနေကြတာ “ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ ၊ တယော မဟာဘူတေ ပဋိစ္စ ဧကံ မဟာဘူတံ ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ” ဒီလိုလာတာ ကိုးဗျ ။ အဲဒီတော့ တစ်ဘုတ်လဲတော့ ခင်ဗျား အကုန် လဲတာ မဟုတ်ဘူးလား ။ ဥပမာမယ် - ကျုပ် ရှင်းပြ မယ် ခင်ဗျားမေးတာကို ။ ထင်းရယ် ၊ မီးရယ် ၊ ဓာတ်ဆီရယ် လေရယ်တွဲရင် အတည့် ဓာတ်လား ၊ မတည့်ဓာတ်လား . . . 👏( မတည့်ဓာတ်ပါ ဘုရား ) . . .

🙏 ဒါဖြင့် ဓာတ်ဆီနဲ့ ထင်းနဲ့ တွဲလို့ရှိရင်လည်း ပြာကျဖို့ရှိတာပဲ ။ လေတိုက်လည်း ပြာကျဖို့ မဟုတ်ဘူးလား👏(တင်ပါ့ဘုရား)

🙏 ပြီးတော့ကို ပထဝီ အာပေါ ၊ တေဇော ၊ ဝါယော ၊ လေတိုက် လို့ ရှိရင်လည်း ဒီဟာ ပြောင်သွား မှာပဲ ။ အဲဒီတော့ကို သူတို့ နှစ်ခုဟာက အချင်းချင်းမှီနေတာ ။ တစ်ခုပျက်ရင်အကုန် ပျက်တာပဲ ။ ထင်းကုန်လည်းဓာတ်ဆီကုန်တာပဲ၊ မီးကုန်တာပဲ ထင်းကုန်တော့ မီးကျီးချည်းများ ကျန်ရစ်နေသေး သလား 👏( မကျန်ပါဘုရား ). . .

🙏 ရှင်းပြီလား အဲဒါ အသညသတ်တောင်မထည့်နဲ့တော့ ၊ သွား ရင် အကုန်သွားမှာပဲ ။ ဒါကြောင့် “ သဗ္ဗေသင်္ခါရာ အနိစ္စာ ” မပေါ်ဘူးလား . . . 👏( တင်ပါ့ )

🙏 “ သဗ္ဗေ သင်္ခါရာ အနိစ္စာ ” ဆိုတော့ အသညသတ်ကျန်နေ ရစ်သေးရဲ့လား . . . 👏( မကျန်ရစ်ပါဘုရား ). . .

🙏 “ သဗ္ဗေ သင်္ခါရာ ဒုက္ခာ ” ကျတော့ရော . . . 👏( မကျန်ပါ ဘုရား ) . . .

🙏 မကျန်ရင် ခင်ဗျား ကျေနပ်သွားပြီ ။ ကဲ .. ဒါဖြင့် ဒါက ကြားပေါက် ဖြေသွားတယ် ဆိုကြပါစို့ ကြားပေါက်သံသယ ရှင်းသွားတယ် ။ ကဲ .. ကျုပ်တို့ ခန္ဓာပြန်ကောက်ကြစို့ ။ ခန္ဓာငါးပါးတော့ ပစ္စုပ္ပန်ခန္ဓာငါးပါး သိပြီတဲ့ ။ ဦးသံဒိုင် ခင်ဗျားဟိုဟာ ကုမ္ပဏီလုပ် ၊ ဒီဟာ ကုမ္ပဏီလုပ် ၊ ဟိုဟာ ဧဂျင်းထောင် ၊ ဒီဟာဧဂျင်းထောင် ၊ ခင်ဗျား ဘာလုပ်ဖို့တုန်းလို့ ကျုပ်က မေးရလိမ့်မယ် ၊ “ဘာစားမတုန်း ဘုရာ့ ၊ ဘာနဲ့လှူ မတုန်း ဘုရာ့ ” ဒါပဲ ဆင်ခြေလဲမယ် ။ ဒါပဲရှိတယ် ။ မဟုတ် ဘူးလား . . 👏( မှန်ပါ့ဘုရား ) . . .

🙏 ဘာစားမတုန်းဆိုတော့ ဘယ်သူက စားတာတုန်း ဆိုတော့ “ ဒီခန္ဓာကြီးရှိနေရင် ကျွေးရဦးမှာ ဘုရာ့ ” ဆိုတော့ ခုန ဒီခန္ဓာကြီးထဲမှာ ဝေဒနက္ခန္ဓာ ပါနေတယ် ။ ဝေဒနာပစ္စယာ တဏှာ ကြောင့် ခင်ဗျား လိုင်စင်ယူရတာ သဘောကျရဲ့လား ဝေဒနာ ပစ္စယာ . . . 👏( တဏှာပါ ဘုရား ) . . .

🙏 တဏှာ . . . 👏( တင်ပါ့ ) . . .

🙏 ဒီထဲ ခုန ခန္ဓာငါးပါးထဲ ပါသွားပြီ မဟုတ်လား ဝေဒနာ ။ ဝေဒနာ ပစ္စယာ တဏှာ ဒီထဲ ခုန ခန္ဓာငါးပါးထဲ ပါသွားပြီ မဟုတ်လား ။ ဝေဒနာ ပစ္စယာ တဏှာ ၊ ဪ .. ခင်ဗျား လိုင်စင် ယူတာ ဒီတဏှာနဲ့ ယူတာကိုး ၊ ဒီတဏှာ ဘယ်က လာပါသလဲ မေးတော့ ဒီခန္ဓာကျွေးဖို့ ၊ ဦးထွန်းရင် ခင်ဗျား ဘလောက် လုပ်တာလေ . . .👏( တင်ပါ့ ) . . .

🙏 ရိပ်မိပြီလား . . .👏( ရိပ်မိပါပြီဘုရား )

🙏 ဘလောက်လုပ်ချင်ရင် ဘလောက်များများ သူများ ငှားလုပ် တာမကြိုက်ဘူးလား ၊ ဒီရချင်တဲ့ တဏှာက ဘယ်အကျိုးငှာ ရချင် တာတုန်းဆိုတော့ ဝေဒနက္ခန္ဓာအကျိုး ၊ ဝေဒနက္ခန္ဓာကြီး ကို ပြုချင်၊ စုချင်လို့ ဝေဒနာပေါ်ချင်တာ ဆိုကြပါစို့ ၊ အခု ပေါ်နေတဲ့ ဝေဒနာကို သူမကျေနပ်ဘူး ၊ နောက်ထပ် ဝေဒနာ အသစ် ပေါ်ချင်လို့ နေ့တိုင်း စားချင်လို့ပေါ့ ..👏( တင်ပါ့ )

🙏 သဘောကျရဲ့လား ။ ဒါဖြင့် သူဟာ ဝေဒနာပစ္စယာ . . 👏( တဏှာ ) . . .

🙏 တဏှာပစ္စယာ . . .👏( ဥပါဒါနံ ) . . .

🙏 ဥပါဒါန် လာတော့မှာနော် ၊ ကောင်းပြီ ဥပါဒါန်ဟာ တဏှာ ဥပါဒါန် ။ အဲဒီတော့ သူဘာလုပ်မတုန်း အလုပ်ပါးလို့ရှိရင် အိမ်မှာ ရှိတဲ့ ကုန်တွေက အောင်းနေတယ် ၊ ဘလောက်တွေက အလုပ် ပါးနေတယ်ဆိုတော့ စားချင်တာနဲ့ သတင်းစာတိုက် သွားပြီးတော့ ငှားနိုင်ပါဦးမလား ၊ သူကုန်ရောင်းစရာရှိပါတယ် ကာယကံနဲ့လည်း သွားလိမ့်မယ် ၊ ဝစီကံနဲ့လည်း သွားပြီး သကာလ ရေဒီယိုကနေ အော်ချင်အော်မှာ . . . 👏( မှန်ပါ့ဘုရား ) . . .

🙏 ကမ္မဘဝ မဖြစ်သေးဘူးလား ။ ကာယကံဆိုတော့ ကမ္မ ဘဝပဲ . . . .👏( တင်ပါ့ ) . . .

🙏 ဝစီကံကော . . . .👏( ကမ္မဘဝ ပါဘုရား ) . . .

🙏 တဏှာဥပါဒါန် ကမ္မဘဝသွားဖြစ်တယ် ။ ပေါ်ပြီလား ကံသစ်လား ၊ ကံဟောင်းလားလို့ မေးလိုက်တော့ . . 👏( ပစ်စက်ခကံ ) . . . .

🙏 ပစ္စက္ခကံသစ်ပေါ့ ။ အိမ်က ပါလာတဲ့ ကံလား ၊ အခုမှ တဏှာ ဥပါဒါန်ကြောင့် ဖြစ်တဲ့ ကံလား ၊ တဏှာ, ဥပါဒါန်, ကံ။ ပစ္စုပ္ပန်ကံ . . . .👏( တင်ပါ ပစ္စုပ္ပန်ကံ ) . . .

🙏 ရှင်းပြီလား . . . .👏( တင်ပါ့ဘုရား ) . . .
~~~~📗~📘~🌺~📒~📕~~~~

🔸ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
🔹မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
🔸ဒိဋ္ဌိ ဝိစိကိစ္ဆာ ပယ်ပုံ တရားတော်

🙏ဓမ္မဒါန🙏
25. 6. 2022

Address

Thandar 3th Street
Yangon

Telephone

+959254407830

Website

Alerts

Be the first to know and let us send you an email when Buddha Statue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Buddha Statue:

Share