10/04/2023
Hello hello,
Mistletoe ကနေပြီး အခြေခံပန်းအိုးထိုး၊ ပန်းစည်း သင်တန်းကို Thinkyan အတွင်းစတင်ဖွင့်ဖို့ ရှိတယ်နော.
ပန်းထိုး၊ပန်းစည်းပညာကို ဝါသနာပါပြီး၊ ပန်းလုပ်ငန်းဖြင့်စီးပွားရေး စတင်လုပ်ကိုင်ချင်တဲ့ သူတွေ လက်မလွတ်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
ဘာတွေ သင်ပေးမှာလဲ?
အခြေခံ ပန်းထိုးနည်း တွေ ဖြစ်တဲ့
- စားပွဲတင်ပန်းအိုး အဝိုင်းပုံစံထိုးနည်း
- စားပွဲတင်ပန်းအိုး အရှည်ပုံစံထိုးနည်း
- တြိဂံ ပုံစံ အခြေခံ ပန်းထိုးနည်း
-L ပုံစံ အခြေခံ ပန်းထိုးနည်း
-ယပ်တောင် ပုံစံ အခြေခံ ပန်းထိုးနည်း တို့ အပြင်၊
- လက်ဆောင် ပန်းစည်း စည်းနည်း
- ပိုက်ဆံ ပန်းစည်းစည်းနည်း
- မုန့်ပန်းစည်း စည်းနည်း
-ဖဲပြားစည်းနည်း
- ပန်းစည်း Wrapping ခေါက်နည်း တို့ကိုလည်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းရက် နဲ့ အချိန်က ကော?
12-17 April 2023, 9am -4pm
ဘယ်နေရာကို လာရမှာလဲ?
No 558, Neikbainda Street, Nant Thar Gone, Insein
ဘာတွေယူလာဖို့ လိုမလဲ?
ဘာမ ယူလာစရာမလိုပါဘူးနော။ သင်တန်းအတွက် လို အပ်တာတွေ အကုန် provide လုပ်ပေးမှာ ဖြစ်ပါတယ်။ တခုဘဲ ပိုက်ဆံ ပန်းစည်း နဲ့ မုန့်အတွက်ကိုတော့ ကိုယ့် ဘာသာကိုယ် ယူလာရပါမယ်နော။
သင်တန်းကြေးကကော?
တယောက်ကို ၄၀၀၀၀၀ ကျပ် ဖြစ်ပါတယ်။
ပြီးတော့ နေ့လည်စာအတွက်လည်း ပူစရာ မလိုဘူးနော. Coffee နဲ့ Lunch ကို လည်း စီစဥ်ထားပေးမှာ ဖြစ်ပါတယ်.
ကဲ. . သင်တန်းနဲ့ ပတ်သက်ပြီးအသေးစိတ်ထပ်သိချင်တာဘဲ ဖြစ်ဖြစ်၊ တက်ရောက်ဖို့ register လုပ်ချင်တယ်ဆိုရင်ဘဲ ဖြစ် ဖြစ် Mistletoe chatbox သို့မဟုတ် ဖုန်းကိုတိုက်ရိုက်ခေါ်ဆိုပြီးတော့လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်နော.
လူဦးရေ အကန့်သတ် ရှိတဲ့ အတွက် ခုဘဲ မြန်မြန် register လုပ်လိုက်တော့နော!
📞 09787557348, 09893590177
Viber - 09787557348