Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ

  • Home
  • Myanmar
  • Yangon
  • Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ

Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ Home decoration, curtain & blinds, rollers & vertical

ခန်းဆီးလိုက်ကာနဲ့ပတ်သက်ရင် "Golden World အဆင့်မြင့်ခန်းဆီးလိုက်ကာ" ကိုသာ သတိရလိုက်ပါ။

သင့်အိမ်၊ သင့်ရုံးခန်း၊ ဆိုင်ခန်း၊ ကျောင်း၊ ဆေးရုံ၊ မည်သည့်နေရာတွေမှာမဆို လိုက်ကာခန်းဆီးတွေတပ်ဆင်ဖို့လိုအပ်တယ်ဆိုရင် "Golden World အဆင့်မြင့်ခန်းဆီးလိုက်ကာ" က အသင့်ရှိနေပါတယ်။

အဆင်၊ ဒီဇိုင်းပေါင်း ရာနဲ့ချီပြီးရှိသည့်အတွက်၊ ကြိုက်နှစ်သက်ရာအဆင်ဒီဇိုင်းများကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ဝန်ဆောင်ပေးမှုအနေနဲ့ -



#ရန်ကုန်မြို့တွင်း #တိုင်းတာတပ်ဆင်ချုပ်လုပ်ခြင်းအခမဲ့ အပြင်
#အိမ်အရောက်ဝန်ဆောင်မှု ပေးနေပါပြီ။

စိတ်ဝင်စားလို့ ဆက်သွယ်ချင်တယ်ဆိုရင်၊

Page Message ဖြစ်သည့် m.me/GoldenWorldCurtains ကိုနှိပ်၍ဖြစ်စေ၊


ဖုန်းနံပါတ် - 09770418675, 09255563270

တို့ကို ဆက်သွယ်၍ဖြစ်စေ၊

ဆိုင်ကို လူကိုယ်တိုင်လာရောက်ချင်တယ်ဆိုပါက၊

"Golden World အဆင့်မြင့်ခန်းဆီးလိုက်ကာ"

လိပ်စာ - အမှတ် - ၈၆၁(မြေညီ)၊ ဇာဂလမ်း(အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။



ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး Reviews or Recommended လေးတွေရေးပေးရန်။
https://fb.me/GoldenWorldCurtains/reviews


Google Map - https://goo.gl/maps/2wVweS3fdtVPH6UD9


Facebook - https://fb.me/GoldenWorldCurtains


#ရွှေကမ္ဘာ
#ခန်းဆီး
#လိုက်ကာ


#ရွှေကမ္ဘာခန်းဆီးလိုက်ကာ
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#ရွှေကမ္ဘာအဆင့်မြင့်ခန်းဆီးလိုက်ကာ
့်မြင့်ခန်းဆီးလိုက်ကာ

လိုက်ကာတွေ လျှော်ဖွတ်တဲ့အခါ ပျက်စီးမှုမရှိစေဖို့ သတိပြုရမည့် အချက်များ ✨ခန်းဆီးလိုက်ကာဆိုတာ အိမ်ရဲ့အလှအပနဲ့ သန့်ရှင်းမှု...
07/08/2026

လိုက်ကာတွေ လျှော်ဖွတ်တဲ့အခါ ပျက်စီးမှုမရှိစေဖို့ သတိပြုရမည့် အချက်များ ✨

ခန်းဆီးလိုက်ကာဆိုတာ အိမ်ရဲ့အလှအပနဲ့ သန့်ရှင်းမှုကို ဖော်ပြနေတဲ့ အဓိကအရာတစ်ခုဖြစ်တာကြောင့် ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ နည်းလမ်းနဲ့ လျှော်ဖွတ်မိရင်တော့ လိုက်ကာရဲ့ အရည်အသွေးနဲ့ သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်နော်။

ဒါကြောင့်မို့လို့ လိုက်ကာတွေ လျှော်ဖွတ်တဲ့အခါ အထည်သားမပျက်စီးဘဲ ရေရှည်သစ်လွင်လှပနေစေဖို့ မဖြစ်မနေ သတိပြုရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 👇

✅ အထည်သား အမျိုးအစားကို စစ်ဆေးပါ

လိုက်ကာတိုင်းကို အဝတ်လျှော်သလို အကုန်ရောလျှော်လို့ မရပါဘူး။ အထူးသဖြင့်
ပိုးထည် သို့မဟုတ် ဇာ အထည်သားတွေကို လျှော်စက်ထဲထည့်လျှော်မိရင် အထည်ကျုံ့ခြင်း၊ ပုံစံပျက်ခြင်းများ ဖြစ်စေနိုင်တာကြောင့် Dry Clean သာ ပြုလုပ်ပေးသင့်ပါတယ်။

Cotton နှင့် Polyester အထည်သားများကိုတော့ ရေအေးနဲ့ အသာအယာ လျှော်ဖွတ်နိုင်ပါတယ်။

✅ လိုက်ကာချိတ်နှင့် ကွင်းများကို ဖြုတ်ပါ

မလျှော်ခင် လိုက်ကာမှာ တပ်ဆင်ထားတဲ့ သံချိတ်၊ ပလတ်စတစ်ချိတ် ဒါမှမဟုတ် Metal Ring တွေကို အရင်ဆုံး ဖြုတ်ထားရပါမယ်။

မဖြုတ်ဘဲ လျှော်စက်ထဲ ထည့်လိုက်မယ်ဆို အထည်သားကို ပျက်စီးစေနိုင်သလို လျှော်စက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်ရှင်။

✅ ခပ်ပြင်းပြင်း အဝတ်လျှော်ဆပ်ပြာနဲ့ အရောင်ချွတ်ဆေးများကို ရှောင်ပါ

အားပြင်းတဲ့ အရောင်ချွတ်ဆေးတွေက လိုက်ကာရဲ့ အရောင်ကို ပျက်စီးစေပြီး အထည်သားကို ဆန့်လွယ်၊ ကျုံ့လွယ် ပျက်စီးစေပါတယ်။

ဒါကြောင့် သာမန် အဝတ်လျှော်ဆပ်ပြာရည် ကိုသာ အသုံးပြုသင့်ပါတယ်။

✅ နေရောင်ခြည်ဒဏ် တိုက်ရိုက်ထိတွေ့ပြီး လှန်းခြင်းမှ ရှောင်ကြဉ်ပါ

လိုက်ကာတွေကို လှန်းတဲ့အခါ နေရောင်ခြည် တိုက်ရိုက်ရတဲ့ နေရာထက် လေဝင်လေထွက်ကောင်းပြီး အရိပ်အောက်မှာသာ သဘာဝအတိုင်း အခြောက်ခံတာ အကောင်းဆုံးပါ။

ပြင်းထန်တဲ့ နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းက အရောင်ပြယ်လွယ်ပြီး အထည်သား ကိုကြွပ်ဆတ်သွားစေနိုင်ပါတယ်။

✅ မီးပူတိုက်ရာတွင် အပူချိန် ထိန်းညှိပါ

လိုက်ကာ မီးပူတိုက်တော့မယ်ဆိုရင် အထည်သားအလိုက် အပူချိန်ကို စနစ်တကျ ချိန်ညှိရပါမည်။

အထည်သား ပျက်စီးမှုမရှိစေဖို့ လိုက်ကာရဲ့ အနောက်ဘက်ခြမ်းမှ စတင် မီးပူတိုက်ပေးခြင်း သို့မဟုတ် Steam Iron ကို အသုံးပြုပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

💡 လိုက်ကာများကို ရေရှည်သစ်လွင်လှပစေချင်ရင်တော့ အထည်သားအမျိုးအစားအလိုက် မှန်ကန်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများကို အသုံးပြုဖို့ မမေ့ပါနဲ့နော်။ 😉

လိုက်ကာအမျိုးအစားအလိုက် ကွဲပြားသွားတဲ့ သန့်ရှင်း‌ရေးလုပ်ပုံတွေကို ဒီ Link လေးမှာ လေ့လာနိုင်ပါတယ်ရှင်။ 👇

https://www.facebook.com/share/p/1EX5mmRfgf/

မိမိအိမ်ဂေဟာနဲ့ ကိုက်ညီပြီး အရည်အသွေးမြင့်မားကာ ရေရှည်အသုံးခံမဲ့ ခန်းဆီးလိုက်ကာ ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ် လှပစေချင်တယ်ဆိုရင်တော့ Golden World ခန်းဆီးလိုက်ကာ ကို အခုပဲ ဆက်သွယ်တိုင်ပင်လိုက်ပါ။ 🤝❤️

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင်က တရားဦးဖြစ်သော "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတ...
29/07/2026

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင်က တရားဦးဖြစ်သော "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတော်မူခဲ့သည့် ထူးမြတ်လှသော "ဓမ္မစကြာအခါတော်နေ့" ဖြစ်ပါတယ်။ 🌸

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ဝါဆိုလပြည့်နေ့မြတ်အခါသမယမှာ ရွှေမြန်မာအပေါင်းနှင့်တကွ Golden World ၏ ချစ်လှစွာသော Customer မိသားစုဝင်များအားလုံး.....

✨ စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံနိုင်ကြပါစေ။

✨ ပူပင်သောကဟူသမျှ ကင်းဝေးပြီး အေးမြသော မေတ္တာရိပ်အောက်ဝယ် အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

✨ မိမိတို့၏ အိမ်ဂေဟာလေးများတွင်လည်း ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရားများနှင့်အတူ နွေးထွေးအေးချမ်းသည့် သုခဘုံလေးများ ဖန်တီးတည်ဆောက်နိုင်ကြပါစေကြောင်း Golden World ခန်းဆီးလိုက်ကာ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါရစေရှင်။ 🙏🌻

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

14/07/2026

📍 သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ

လူကြီးမင်းတို့ရဲ့ နေအိမ်ကို ပိုမိုခေတ်မီပြီး အဆင့်မြင့်တဲ့ အသွင်အပြင်ရရှိစေဖို့ UV 100% ကာကွယ်ပေးသော ချည်သားအထူ လိုက်ကာ နှင့် Zebra Blinds ကို စိတ်တိုင်းကျ တပ်ဆင်ပေးခဲ့ပါသည်။

အေးဆေးတည်ငြိမ်တဲ့ ခဲရောင်က အိမ်အတွင်းပိုင်း Furniture တွေနဲ့ လိုက်ဖက်ညီပြီး နွေးထွေးသပ်ရပ်တဲ့ Luxury Atmosphere ကို ဖန်တီးပေးပါတယ်။

✔️ UV 100% ကာကွယ်မှု
✔️ နေအပူလျှော့ချပေးခြင်း
✔️ Privacy အပြည့်အဝ ရရှိခြင်း
✔️ Modern & Elegant Interior Design

အရည်အသွေးကောင်းမွန်တဲ့ လိုက်ကာတစ်စုံက အိမ်ရဲ့အလှတရားကို ပိုမိုပြည့်စုံစေပါတယ်။

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ဒီနေ့မှာတော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှ တာမွေမြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာ Classic...
10/07/2026

ဒီနေ့မှာတော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှ တာမွေမြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာ Classic ပိုးချည်သား ရွှေရောင်လိုက်ကာကို အချောသတ်တပ်ဆင်ပေးခဲ့တဲ့ ပုံလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင် 🤗

Customer ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ Design လေးဖြစ်ပြီး တပ်ဆင်ပြီးတဲ့နောက် အလွန်နှစ်သက်ကျေနပ်တယ် ဆိုတဲ့ စကားသံက Golden World အတွက် ပီတိခွန်အားဖြစ်ရပါတယ်။ 😍

⚜ ရွှေရောင်အသွင်ရဲ့ နူးညံ့တဲ့အရောင်အသွေးနဲ့ Classic Fabric ပေါင်းစပ်မှုက ဧည့်ခန်း၊ အိပ်ခန်းနဲ့ ရုံးခန်းတိုင်းကို နွေးထွေးပြီး အဆင့်မြင့်တဲ့ အိမ်အလှဆင်ပုံစံတစ်ခုအဖြစ် ပြောင်းလဲပေးတယ်။

☀️ UV 70% အထိ ကာကွယ်ပေးနိုင်ပြီး သဘာဝအလင်းရောင်ကို နူးညံ့စွာ ထိန်းညှိပေးတာကြောင့် လှပမှုနဲ့ အသုံးဝင်မှုကို တစ်ပြိုင်တည်း ရရှိနိုင်တဲ့ ရွေးချယ်မှုလေးပါပဲနော်။ 🥰

အခုလိုမျိုး လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနှင့် ဟိုတယ်တို့မှာလည်း လိုက်ဖက်ညီပြီး လှပတဲ့ လိုက်ကာလေးတွေတပ်ဆင်ချင်တယ်ဆိုရင်တော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ရဲ့ အဆင့်မြင့် ခန်းဆီးလိုက်ကာတွေကိုသာ စိတ်ချယုံကြည် ရွေးချယ်မှာယူနိုင်ပါပြီရှင်။ 😍

(မှတ်ချက် - တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါသည်။)

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ဒီဇိုင်းအစုံအလင်ကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ်နိုင်မဲ့ Golden World ✨ ဧည့်ခန်းအတွက် Luxury ဆန်ဆန်လိုက်ကာလေး သုံးခ...
08/07/2026

ဒီဇိုင်းအစုံအလင်ကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ်နိုင်မဲ့ Golden World ✨

ဧည့်ခန်းအတွက် Luxury ဆန်ဆန်လိုက်ကာလေး သုံးချင်တယ်၊ အိပ်ခန်းမှာတော့ နေဒဏ်၊ မိုးဒဏ် ကာကွယ်ပေးမဲ့ Blackout လိုက်ကာလေးတပ်ချင်တယ်၊ သားသားမီးမီး တို့အခန်းလေးမှာဆိုရင် ချစ်စရာပုံစံလေးတွေကို ရွေးချယ်ချင်တယ်။ ဒါပေမဲ့ ဒါတွေကို တစ်နေရာဆီ လိုက်ရှာဝယ်နေရရင် မလွယ်ဘူးနော်။ 🤔

လူကြီးမင်းတို့ရဲ့ အချိန်နဲ့ Energy ကို အကောင်းဆုံးအသုံးချနိုင်ဖို့ဆို ဒီဇိုင်းအစုံကို တစ်နေရာတည်းမှာ ရနိုင်တဲ့အပြင် ကျွမ်းကျင်သူများနဲ့ ဆွေးနွေးတိုင်ပင် ဝယ်ယူနိုင်မဲ့ Golden World ရှိနေပါပြီ။ 🙌

ကျွန်မတို့ Golden World မှာဆိုရင်…..

✅ လူကြိုက်များ ရေပန်းစားတဲ့ လိုက်ကာမှန်သမျှကို တစ်နေရာတည်းမှာ ရရှိနိုင်ခြင်း

✅ အရည်အသွေးမြင့်တဲ့ ပိတ်စကုန်ကြမ်းတွေကိုသာ အသုံးပြုချုပ်လုပ်ပေးခြင်း

✅ Quality မှာစိတ်ချရပြီး ဈေးနှုန်း မျှတတဲ့ လိုက်ကာဒီဇိုင်းအစုံအလင် ရွေးချယ်နိုင်ခြင်း

✅ မိမိ အိမ်ဂေဟာ၊ ရုံးခန်း နဲ့ သင့်တော်လိုက်ဖက်တဲ့ လိုက်ကာဒီဇိုင်းအသေးစိတ်ကို သက်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ ဆွေးနွေးဝယ်ယူနိုင်ခြင်း

✅ အိမ်အရောက် အခမဲ့ တိုင်းတာပေးခြင်း ဝန်ဆောင်မှုအပြင် တပ်ဆင်မှုအထိ အပြီးအစီးတာဝန်ယူ‌ ဆောင်ရွက်ပေးခြင်း

ဒီလို ထူးခြားတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ လူကြီးမင်းတို့ လိုအပ်သမျှ အကောင်းဆုံးဖြည့်ဆည်းပေးနေပါတယ်ရှင်။ 😍

⚜ စမတ်ကျတဲ့ လက်ရာ၊ စုံလင်တဲ့ ဒီဇိုင်း၊ မျှတတဲ့ ဈေးနှုန်း နဲ့ ခန်းဆီးလိုက်ကာတွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်ရွေးချယ် ပုံဖော်ချင်တယ်ဆိုရင်တော့ အခုပဲ Golden World ကို ဆက်သွယ်လိုက်တော့နော်။ 🙆

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

အိမ်ဂေဟာလေးရဲ့ ခမ်းနားတင့်တယ်မှုကို 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာနဲ့အတူ ယုံကြည်လက်တွဲ ပုံဖော်ခွင့်ပေးတဲ့အတွက် ကျ...
26/06/2026

အိမ်ဂေဟာလေးရဲ့ ခမ်းနားတင့်တယ်မှုကို 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာနဲ့အတူ ယုံကြည်လက်တွဲ ပုံဖော်ခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

အခုလိုမျိုး လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနှင့် ဟိုတယ်တို့မှာလည်း လိုက်ဖက်ညီပြီး လှပတဲ့ လိုက်ကာလေးတွေတပ်ဆင်ချင်တယ်ဆိုရင်တော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ရဲ့ အဆင့်မြင့် ခန်းဆီးလိုက်ကာတွေကိုသာ ရွေးချယ်လိုက်ပါရှင်။ 🙌

(မှတ်ချက် - တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါသည်။)

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ပညာအရည်အချင်း ကန့်သတ်ချက်တွေကြားမှာ အလုပ်ရှာရခက်လို့ စိတ်ညစ်နေပြီလား။ 💁‍♀️ရိုးသားကြိုးစားလိုတဲ့ လူငယ်တိုင်းအတွက် Golden ...
22/06/2026

ပညာအရည်အချင်း ကန့်သတ်ချက်တွေကြားမှာ အလုပ်ရှာရခက်လို့ စိတ်ညစ်နေပြီလား။ 💁‍♀️

ရိုးသားကြိုးစားလိုတဲ့ လူငယ်တိုင်းအတွက် Golden World မှ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Golden World နှင့်အတူ လက်တွဲပြီး လုပ်ငန်းခွင်အတွေ့အကြုံသစ်တွေ ရှာဖွေရင်း ရေရှည်လက်တွဲလုပ်ကိုင်လိုသူများအတွက် ခန်းဆီးလိုက်ကာတပ်ဆင်ရေးအကူ (ကျား - ၇ ဦး) ခေါ်ယူနေပါတယ်ရှင်။ 🤩

💸 လစာနှင့် ခံစားခွင့်များ

🔹 အစမ်းခန့်ကာလ ( ၃ ) လ - 350,000 ကျပ် + OT ( အချိန်ပိုကြေး )

🔹 အတည်ပြုဝန်ထမ်းဖြစ်ပါက အခြေခံလစာ 400,000 ကျပ်သို့ တိုးမြှင့်ပေးပါမည်။

🔹 တစ်ပတ်လျှင် ပိတ်ရက် (၁) ရက်ရရှိပါမည်။

📌 လိုအပ်သောအရည်အချင်းများ

◻ အသက် (၃၀) နှစ်အောက် အမျိုးသားဖြစ်ရမည်။

◻ ပညာအရည်အချင်း ကန့်သတ်ထားခြင်းမရှိပါ။ မည်သည့်ပညာအရည်အချင်းမဆို လျှောက်ထားနိုင်ပါသည်။

◻ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

◻ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

စိတ်ဝင်စားလို့ လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ပါ Viber ဖုန်းနံပါတ်မှဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ဆက်သွယ်လျှောက်ထားနိုင်ပါတယ်ရှင်။

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

လိုက်ကာရွေးတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် ( ၃ ) ချက်သေသပ်လှပတဲ့ ခန်းစီးလိုက်ကာလေးနဲ့အတူ ကိုယ့်နေထိုင်ရာ ရပ်ဝန်းလေးကို ...
21/06/2026

လိုက်ကာရွေးတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် ( ၃ ) ချက်

သေသပ်လှပတဲ့ ခန်းစီးလိုက်ကာလေးနဲ့အတူ ကိုယ့်နေထိုင်ရာ ရပ်ဝန်းလေးကို ပိုမိုအဆင့်မြှင့်တင်ဖို့ စဉ်းစားနေတဲ့ မိတ်ဆွေတွေ ရှိလားနော်။

အလှဆင်ဖို့ လိုက်ကာတပ်ကာမှ အရွေးမှားလို့ စိတ်ညစ်နေရရင် အချိန်ကုန်၊ ငွေဆုံးလို့ အရှုံးကြီးရှုံးရပြီပေါ့။

ဒါ့ကြောင့် Golden World ရဲ့ Customer ကြီးတို့အနေနဲ့ လိုက်ကာရွေးချယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၃) ချက်ကို ပြောပြပေးချင်ပါတယ်။

✨ ပထမဆုံး လိုက်ကာမရွေးချယ်ခင် ကိုယ်တပ်ဆင်လိုတဲ့ အခန်းရဲ့သဘာဝနဲ့ အလင်းရောင် လိုအပ်ချက်ကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဧည့်ခန်းလိုနေရာမျိုးဆို အလင်းရောင်လည်း အသင့်အတင့်ရပြီး အလှဘက်ကို အသားပေးတဲ့ ဇာလိုက်ကာ ဒါမှမဟုတ် Double Layer ပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။

အိပ်ခန်းမှာ တပ်ဆင်မယ်ဆိုရင်တော့ နေရောင်ခြည်နဲ့ အပူဒဏ်ကို အကောင်းဆုံးကာကွယ်ပေးမဲ့ Blackout လိုက်ကာလိုမျိုး အလင်းလုံးဝမပေါက်တဲ့ လိုက်ကာကို ရွေးချယ်တာက အနားယူအိပ်စက်မှုကို အထောက်အကူ ဖြစ်စေမှာပါ။

✨ ဒုတိယတစ်ချက်က လိုက်ကာအရောင်ရွေးချယ်မှုပါ။ ကိုယ်ရွေးချယ်လိုက်တဲ့ လိုက်ကာအရောင်က အခန်းတစ်ခုလုံးရဲ့ အလှကို သက်ရောက်မှုရှိစေနိုင်ပါတယ်။

✨ နောက်ဆုံးတစ်ခုကတော့ အတိုင်းအတာ မှန်ကန်ဖို့ အရေးကြီးပါတယ်။

လိုက်ကာကို ကိုယ်တပ်ဆင်လိုတဲ့ အကျယ်အဝန်းထက် ဘေးဘယ်ညာ ခြောက်လက်မလောက်စီ ပိုတိုင်းသင့်ပြီး လိုက်ကာအရှည်ကိုလည်း ကြမ်းပြင်နဲ့ အနည်းဆုံး သုံး လက်မလောက်လွတ်ပြီး တိုင်းတာ ချုပ်လုပ်မှ လိုက်ကာအလှ ပိုပေါ်လွင်သလို လုံခြုံမှုအပြည့်ရနိုင်မှာပါ။

Golden World မှာဆိုရင် လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာလေးနဲ့ အကိုက်ညီဆုံးဖြစ်မဲ့ အရည်အသွေးမြင့် ဒီဇိုင်းအစုံကို စိတ်ကြိုက်ရွေးချယ်နိုင်မဲ့အပြင် အတိုင်းအတာကအစ အိမ်တိုင်ရာရောက် တပ်ဆင်မှုအထိ အပြီးအစီး ဝန်ဆောင်မှုပေးနေပါတယ်ရှင်။

ဒါ့ကြောင့် လိုက်ဖက်တဲ့ ခန်းစီးလိုက်ကာလေးနဲ့အတူ အမြင်တင့်ပြီး လှပတဲ့ ရပ်ဝန်းတစ်ခု ဖန်တီးချင်ပြီဆို Golden World ကိုသာ သတိရလိုက်ပါနော်။ 🥰

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး
#လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

ဒီနေ့မှာတော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှ Thingangyun မြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာ ...
10/06/2026

ဒီနေ့မှာတော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 အဆင့်မြင့်ခန်းဆီးလိုက်ကာမှ Thingangyun မြို့နယ်မှာ နေထိုင်တဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တစ်ဦးရဲ့ နေအိမ်လေးမှာ လိုက်ကာတပ်ဆင်ပေးခဲ့ပုံလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်ရှင် 🤗

𝐔𝐕 𝟏𝟎𝟎% ကာကွယ်ပေးတဲ့ ခဲရောင် ပိတ် ချည်သားလေးကို အလှပဆုံးပြင်ဆင်ပေးခဲ့ပြီး Rainbow Blind ကိုလည်း အသေသပ်ဆုံးတပ်ဆင်ပေးခဲ့ပါတယ်။ ✨

အခုလိုမျိုး လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနှင့် ဟိုတယ်တို့မှာလည်း လိုက်ဖက်ညီပြီး လှပတဲ့ လိုက်ကာလေးတွေတပ်ဆင်ချင်တယ်ဆိုရင်တော့ 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 ရဲ့ အဆင့်မြင့် ခန်းဆီးလိုက်ကာတွေကိုသာ ရွေးချယ်လိုက်ပါရှင် 🙌

(မှတ်ချက် - တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါသည်။)

💫 𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐨𝐫𝐥𝐝 💫

☎️ 09 770 418 675, 09 751 677 773

📍အမှတ် - ၈၆၁(မြေညီ)၊ စာဂလမ်း၊(၄)ရပ်ကွက် (အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

#ခန်းဆီး #လိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝 #𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝𝐂𝐮𝐫𝐭𝐚𝐢𝐧𝐬
#အဆင့်မြင့်ခန်းဆီးလိုက်ကာ
#𝐆𝐨𝐥𝐝𝐞𝐧𝐖𝐨𝐫𝐥𝐝အဆင့်မြင့်ခန်းဆီးလိုက်ကာ

Address

အမှတ်-၈၆၁(မြေညီ)၊ ဇာဂလမ်း(အရှေ့ပိုင်းခရိုင် စုပေါင်းတရားရုံးအနီး)၊ တောင်ဥက္ကလာပမြို့နယ်။
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Golden World Curtain Blind & Roller အဆင့်မြင့်ခန်းဆီးလိုက်ကာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share