16/09/2026
(၄) ရက်သာ....ကျန်တော့ပါတယ်ဗျာ
#ဆေးအမှန်အကန်သုံးသူတွေအတွက်_အခွင့်အရေး
(ပြိုင်ပွဲအမှတ်စဉ်-၄)
ကျွန်တော်အခုရောင်းနေတဲ့
ဆေးကို တကယ်၀ယ်/ တကယ်သုံးတဲ့
သစ်ခွချစ်သူတွေအတွက်
အထူးအခွင့်အရေး။
#ရည်ရွယ်ချက်ကတော့
၁) သစ်ခွချစ်သူတွေရဲ့
ပန်းအလှပုံတွေကို ပျော်ပျော်ပါးပါး
အတူတူ တ၀ ကြီး မြင်ရဖို့။
၂) ဆေးကို အမှန်တကယ်သုံးစွဲကြောင်းဖြစ်တဲ့
ရိုးသားမှုကို မြင်ချင်လို့။
ဒီနှစ်ချက်ပါပဲ။
ဘာပေးမလဲဆိုတော့
ဆေးငါးမျိုး တစ်စုံဖြစ်ပါတယ်။
၃ယောက်ရွေးမှာဆိုတော့ ၃ စုံပေးမှာပါ။
တစ်ယောက်ကို တစ်စုံပေါ့။
ဆုရတဲ့သူတွေဟာ
ရန်ကုန်မြို့တွင်းပို့ခ / နယ်တန်ဆာခတွေ
လုံး၀ ပေးစရာမလိုပါ။
စေတနာနဲ့ပေးတာမို့ အကုန်လုံး freeပေးမှာ ဖြစ်ပါတယ်။
++++++
#ဆုရွေးချယ်ခြင်း
ပွဲစဉ်တစ်ခုအတွက် ၃ယောက်ရွေးချယ်ပါမယ်။
၁) ပထမ တစ်ယောက်ကတော့
အခု ဒီpostအောက်မှာ မန့်တဲ့
ကောမန့်တွေထဲက react (like) အများဆုံးရတဲ့
ပုံတစ်ပုံရဲ့ ပိုင်ရှင်။
(၂) နောက်နှစ်ယောက်ကိုတော့
ပန်းဝါသနာရှင်တွေရဲ့ ရွေးချယ်မှုနဲ့အတူ
ပန်းအလှဆုံးပိုင်ရှင်၂ယောက်ကို ရွေးချယ်မှာပါ။
လိုရင်းပြောရရင်
🔸ကောမန့်မှာ Like အများ တစ်ယောက်နဲ့
🔸ဒိုင်အကြိုက်ဆုံး ၂ယောက်
စုစုပေါင်း ၃ယောက်ရွေးပါမယ်။
++++++++++
#စည်းကမ်းချက်ကို_ပြောမယ်။
၁)ကောမန့်မှာ ပုံမန့်မယ့်သူဟာ
ဆေးကို အမှန်တကယ်သုံးသူဖြစ်ရမည်။
အကောင့်တစ်ခုအတွက် ပုံ၂ပုံပဲ မန့်ရပါမယ်။
လူတစ်ယောက် ပုံ၂ ပုံ ၀င်ပြိုင်လို့ရပါတယ်။
၂) ဆုရတဲ့သူ ၃ယောက်ဟာ
ဆေးဝယ်ဖူးတဲ့မှတ်တမ်းကို ပြနိုင်ရပါမယ်။
ကျွန်တော်တို့ဘက်ကလည်း ပြန်စစ်ဆေးပါမယ်။
စည်းကမ်းမလိုက်နာဘဲ လာမန့်ရင် pageကနေ
အပြီးတိုင် ban ပါမယ်။ ကျွန်တော်ပြောပြီးသား
ရိုးသားမှုပဲ လိုချင်ပါတယ်လို့။
၃) မိတ်ဆွေတို့ရဲ့ အပင်ပုံ အစစ်ဖြစ်ရမည်။
တခြားသူပုံ လက်မခံပါ။
မိတ်ေဆွတို့ရဲ့ ပန်းပုံကို
အရှိတိုင်း ယုံယုံကြည်ကြည်ပြိုင်ပါ။
ပန်းဆိုတာ ဘယ်လိုနေနေ
ပန်းချစ်သူတွေရဲ့ မျက်လုံးထဲမှာ လှနေကြတာချည်းပဲ။
၄) ကျွန်တော်တစ်ဦးတည်းရဲ့ ကိုယ့်ငွေ၊ ကိုယ့်ဆေးနဲ့
အပျော်သဘော ပေးတဲ့ ပြိုင်ပွဲအသေးစားလေးမို့
အပျော်ကို အပျက်ဖြစ်စေမယ့်
ဝေဖန်မှုတွေကို ပါးစပ် ပိတ်ထားပေးပါလို့
ကြိုတင်အသိပေးပါရစေ။ (ကြုံဖူးလို့ပါ)
စိတ်ပျော်ချင်လို့ လုပ်တာမို့
ဘယ်သူရရ ပျော်ပျော်ပဲ နေကြပါ။
ပျော်ပျော်ပဲ လက်ခံပါ။
သစ်ခွချစ်သူတွေရဲ့ အမိုက်စား အလှပုံတွေ
ကြည့်ရတာနဲ့တင် တန်ပါတယ်နော်။
၅) ပြိုင်ပွဲတွေကို ကျွန်တော်အားတဲ့အချိန်
ဆက်လက်လုပ်ဆောင်ပေးနေမှာမို့
ရှေ့မှာပြိုင်ပြီးသား ပုံတွေကို မသုံးပါနဲ့နော်။
ပြိုင်ပွဲတစ်ခုအတွက် ပုံအသစ်ပဲ ဖြစ်ရပါမယ်။
၆) ဒီပြိုင်ပွဲအမှတ်စဉ် -၄ အတွက် ရလဒ်အဖြစ်
၂၀-၉-၂၀၂၅ ရက်နေ့ .....ည ၈ နာရီမှာ
ဆုရသူ ၃ ဦးကို ကြေညာပေးပါမယ်။
ကဲ စပြီး မန့်လိုက်ကြရအောင်။
ဒီpostအောက်မှာပဲ မန့်နော်။
အချိန်တွေအများကြီးပေးထားပါတယ်။
Let's Go.......
Voting will be closed at 7pm on the 20th of January.
The result will be announced at 8pm.
မန့်လို့ရပါပြီ။
ကျော်ချမ်းငြိမ်း-သစ်ခွဆိုင်
မပြိုင်ဖြစ်သေးတဲ့သူတွေလည်း
Shareပြီး ပန်းပုံလေးတွေကို ဝေမျှနိုင်ပါတယ်ဗျ။