𝗖𝗿𝗼𝗰𝗵𝗲𝘁 𝗢'𝗖𝗹𝗼𝗰𝗸

𝗖𝗿𝗼𝗰𝗵𝗲𝘁 𝗢'𝗖𝗹𝗼𝗰𝗸 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝗖𝗿𝗼𝗰𝗵𝗲𝘁 𝗢'𝗖𝗹𝗼𝗰𝗸, Arts & Crafts Store, Yangon.

🐻ချစ်ဖို့ကောင်းတဲ့ Bear Ear Muffs လေး🐻ထိုးရင်းနဲ့ နားရွက် ထောင်ထောင်ကလေး‌ကို အသည်းတွေယား..🥰တစ်ခါမှ မထိုးဖူးသေးတဲ့ Itemလေ...
28/01/2024

🐻ချစ်ဖို့ကောင်းတဲ့ Bear Ear Muffs လေး🐻

ထိုးရင်းနဲ့ နားရွက် ထောင်ထောင်ကလေး‌ကို
အသည်းတွေယား..🥰
တစ်ခါမှ မထိုးဖူးသေးတဲ့ Itemလေးတွေ
မှာပေးကြလို့ ပိုပိုပြီး ပညာရသလို
ခံစားရလို့ တကယ်ကျေးဇူးတင်ပါတယ်...
ဒီရာသီအတွက် လိုအပ်တဲ့ Itemလေးဆိုလည်း
မမှားဘူးလေနော်...

ကိုယ့် Customer‌ လေးတွေက
အကုန် အေးဆေးသမားလေးတွေများတယ်
Waiting time ကြာလည်း
စိတ်ရှည်ရှည်နဲ့စောင့်ပေးကြသေးတာ..
ရည်မွန်လည်း ချည်ထိုးချိန်ကို တစ်နေ့ နည်းနည်းစီတော့
အတတ်နိုင်ဆုံး ရအောင်ထိုးဖို့ အချိန်ယူပါတယ်..
မှာယူချင်တယ်ဆိုရင် အသေးစိတ်ကို Cbမှာမေးမြန်းလို့ရပါတယ်နော်..
ညပိုင်းတွေ ရည်မွန်အားတာနဲ့ သေချာလေးရှင်းပြပေးပါ့မယ်ရှင့်🩷

Crochet Handmade အမှာလေးတွေကို မနက်ဖြန်ကစပြီးဖြည်းဖြည်းချင်း ပြန်ထိုးသွားပါမယ်နော်..မှာထားတဲ့ Customer လေးတွေ အကုန်လုံးက...
15/01/2024

Crochet Handmade အမှာလေးတွေကို မနက်ဖြန်ကစပြီး
ဖြည်းဖြည်းချင်း ပြန်ထိုးသွားပါမယ်နော်..
မှာထားတဲ့ Customer လေးတွေ အကုန်လုံးကလည်း
အေးဆေးပဲမို့ ရည်မွန်ခရီးလေးထွက်လိုက်တာရော
ခရီးကအပြန်..
ဆိုင်ဘက်ကိုလည်း ပြန် run ရတာရောကြောင့်
ချည်ထိုးပစ္စည်းလေးတွေကတော့ အစက ခန့်မှန်းတာထက် နည်းနည်းလေး ပိုကြာနိုင်တဲ့အတွက် အားနာရပါတယ်...
ခရီးက ပြန်ရောက်တော့လည်း ရှမ်းကောဆိုင်အတွက်
ပြင်ဆင်ရတာရော၊ခရီးပန်းတဲ့ဒဏ်ရောကြောင့်
ခါးတွေ၊‌ ခြေဆစ်တွေ ကိုက်ခဲနေတာမို့
လာမယ့်အပတ်ထဲမှပဲ
ချည်ထိုးတဲ့ အလုပ်ကို စိတ်ဆုံးဖြတ်ပြီး ပြန်စမယ်လို့
ရည်ရွယ်ထားတာကြောင့်ပါနော်🩷✨
ဖြည်းဖြည်းချင်းဆိုပေမယ့်...
နေ့တိုင်း အချိန်ယူပြီး ထိုးမှာပါနော်..
ထိုးတဲ့ နှုန်းကိုတော့ ဖြည်းဖြည်းပဲ ထိုးမှာကို
ဆိုလိုတာပါနော်🩷

တစ်ထည်လုံးမှာ အကြိုက်ဆုံးကလက်ရဲ့ Patternလေးပဲ🤎✨
26/12/2023

တစ်ထည်လုံးမှာ အကြိုက်ဆုံးက
လက်ရဲ့ Patternလေးပဲ🤎✨

မင်မင့်ဆီက Headbandအဖြူရောင်လေးနဲ....🤍သူလေး အရမ်းလှ✨
25/12/2023

မင်မင့်ဆီက Headbandအဖြူရောင်လေးနဲ....🤍
သူလေး အရမ်းလှ✨

22/12/2023

ဒီတစ်ခါ projectအသစ်က...
ကိုယ့်အတွက်ကိုယ် cardiganလေး ထိုးနေတာပါ..

ဒီမတိုင်ခင် Orderအတွက်ထိုးရင်းနဲ့
Instockထိုးထားတဲ့ Cable Tieလေးတွေနဲ့ Headbandလေးတွေတော့..
စုမိဆောင်းမိရှိခဲ့ပါတယ်...✨

အဲ့ဒါလေးတွေလည်း နောက်ရက် ပုံလေးတင်မယ်နော်...
ချည်ထိုးနေရရင်ပျော်နေလို့
ချည်သာထိုးချင်တာ,postတင်ဖို့နဲ့ပုံရိုက်ဖို့က
စိတ်ကူးပေါက်မှ ထ,ထ လုပ်တာရယ်...😁

18/12/2023

ပန်းလေးတွေ မြင်တိုင်း
ခဏဖြစ်ဖြစ် စိတ်အေးချမ်းရတယ်✨

တစ်နေ့တော့ မင်မင်လည်း
Crochet ပန်းပွင့်လေးတွေ
ထိုးဖြစ်အောင်ထိုးမယ်💐🌹🌷🌸

အသက်ကြီးလာလေ...သေးသေးမွှားမွှားလေးတွေ ပိုကြိုက်လာလေဖြစ်နေတယ်...Stickerလေးတွေဆိုလည်း ကပ်ချင်လိုက်တာပဲ...အခုလည်း Cable Tie...
13/12/2023

အသက်ကြီးလာလေ...
သေးသေးမွှားမွှားလေးတွေ ပိုကြိုက်လာလေဖြစ်နေတယ်...
Stickerလေးတွေဆိုလည်း ကပ်ချင်လိုက်တာပဲ...
အခုလည်း Cable Tieလေးတွေကို Orderအတွက်ထိုးရင်းနဲ့ ဓါတ်ကျသွားပြီး...
Instock အများကြီးထိုးမိနေလို့
ကိုယ့်ဘာကိုယ် "တော်လောက်ပြီထင်တယ် "လို့ စိတ်ထဲကအော်နေရတယ်

ဒါတောင် ချည်အရောင်စပ်အသစ်လေးတွေရောက်လို့ အစိမ်းလေးတစ်ခု စမ်းထိုးကြည့်ချင်သေးတာတော့...
အဲ့အစိမ်း‌လေးပြီးရင်တော့ Cable Tieတွေထိုးတာ တကယ်တော်ပါပြီရှင်🥲
Instockရှိတာလေးတွေပဲရောင်းပါဦးမယ်♥️

11/12/2023

တကယ် အသုံးတည့်တဲ့အကြောင်းကို...
videoလေးပါ ပို့ပေးလာတာ..
အရမ်း ကျေးဇူးတင်တယ်
ကျေနပ်နေရောပဲ🥰

Crochet Handmadeက
ချစ်စရာကောင်းပြီး လှနေရုံ‌လေးပဲ မဟုတ်ဖူးနော်..
တကယ်အသုံးတည့်တဲ့ သေးသေးမွှားမွှားလေးတွေလည်း အများကြီး
ဖန်တီးလို့ရတဲ့ လက်မှုပညာလေးတစ်ခုပါ✨

ဒီနေ့အဲ့လိုလေးတွေးမိတော့..
Covidကြောင့် အိမ်မှာအားနေတဲ့အချိန် သင်ယူဖြစ်ခဲ့တာရော..
တတ်မြောက်ခဲ့တာကိုရော..
အဲ့တုန်းက ဘာပဲဖြစ်ဖြစ်
အားနေတာထက်စာရင်
တစ်ခုခုသင်ယူတာကောင်းတယ်
ဘာဖြစ်ဖြစ် စိတ်ပါရင်
လုပ်သာလုပ်ဆိုပြီး အားပေးခဲ့တဲ့
သူငယ်ချင်းကိုရော သတိတရဖြစ်မိပါတယ်♥️

မနေ့က videoထဲမှာကအိတ်ပုံလေး သေချာမမြင်ရဖူးဆိုလို့💖InstockItem Name-Ruffled Bagအရှည်-23"(လွယ်ကြိုးမှ အိတ်အောက်ခြေအထိ)အကျယ...
09/12/2023

မနေ့က videoထဲမှာက
အိတ်ပုံလေး သေချာမမြင်ရဖူးဆိုလို့💖

Instock
Item Name-Ruffled Bag
အရှည်-23"(လွယ်ကြိုးမှ အိတ်အောက်ခြေအထိ)
အကျယ်-14"
ချည်-၆လုံး (ထိုင်းအိတ်ထိုးချည် ၁၀၀g)
Price-42000
Payment-Ygn,Mdy (Half Prepaid)
Other (full prepaid)

အခုအရောင်လေးက Instockပါ
မိမိစိတ်ကြိုက်အရောင်လေးနဲ့လည်း မှာယူနိုင်ပါတယ်
Waiting Time -1month,half prepaidပါ

အသေးစိတိသိချင်တာလေးရှိရင်
cbမှာစုံစမ်းလို့ရပါတယ်နော်
yimonက အခြားအလုပ်လေးလည်းရှိသေးတော့ ညဖက်တွေမှာ သေချာလေး စာပြန်ပေးပါမယ်💖

08/12/2023

Ruffled Bag လေး ထိုးပြီး လှလှလေးထွက်လာလို့ ကျေနပ်နေရော..
သင်ပေးတဲ့ ဆရာမလေးက
Disney Worldထဲရောက်သွားသလို
ခံစားချက်လေးရတယ်ပြောလို့ကလည်း ကြိတ်ပျော်နေရသေးတာ🥰

ဒီအိတ်လေးကို ထိုးတာ အချိန်တော်တော်လေးပေးရပြီး ချည်လည်း အတော်ကုန်ခဲ့တာ...
ထိုင်းအိတ်ထိုးချည်ကို ၆လုံးနဲ့
ထိုးခဲ့ရတာလေးပေါ့...✨

photo shooting လိုမျိုးမှာ
သုံးမယ်ဆိုရင် လုံးဝကို ထင်းပြီး
ပေါ်လွင်နေမှာ အသေချာပဲ♥️

videoကအတို‌လေးမို့
အိတ်ရဲ့အသေးစိတ်လေးတွေ
မပြောပေးလိုက်ရလို့ စာထဲမှာ
ထပ်ပြော‌ပေးပါမယ်နော်...

Instock
Item Name-Ruffled Bag
အရှည်-23"(လွယ်ကြိုးမှ အိတ်အောက်ခြေအထိ)
အကျယ်-14"
ချည်-၆လုံး (ထိုင်းအိတ်ထိုးချည် ၁၀၀g)
Price-42000
Payment-Ygn,Mdy (Half Prepaid)
-Other (Full Prepaid)
အိတ် Designအသေးစိတ်လေးကိုတော့ videoမှာကြည့်ပေးပါနော်😘

ဒီနေ့တော့ ကိုယ့် Customerလေးတွေရဲ့ ပုံလေးတွေ ချစ်လို့ လာသိမ်းတာ❤️✨😘
07/12/2023

ဒီနေ့တော့ ကိုယ့် Customerလေးတွေရဲ့
ပုံလေးတွေ ချစ်လို့ လာသိမ်းတာ❤️✨😘

အကောင်သေးပေမယ့် အရမ်းအသုံးဝင်တဲ့Cable Tie လေးတွေလည်း ထိုးပေးဖြစ်တယ် ❤️✨Yimonလိုပဲ အပြင်သွားရင်အိတ်ထဲမှာ အားသွင်းကြိုးပေါ...
04/12/2023

အကောင်သေးပေမယ့် အရမ်းအသုံးဝင်တဲ့
Cable Tie လေးတွေလည်း ထိုးပေးဖြစ်တယ် ❤️✨

Yimonလိုပဲ အပြင်သွားရင်
အိတ်ထဲမှာ အားသွင်းကြိုးပေါင်းစုံနဲ့
ရှုပ်နေတတ်တဲ့ ကောင်လေးတွေ၊
ကောင်မလေးတွေအတွက်ဆို ကွက်တိပဲနော်❤️

ဒါလေးက တစ်ယောက်တည်းသုံးဖို့ ၅ခုမှာတာလေးပါ
နောက်ပိုင်း အခုလို Item ပိစိလေးတွေကို
Instockထားပြီးရောင်းဖို့လည်း စိတ်ကူးထားတယ်ရှင့်

Item Name-Cable Tie
Price-1500(2ခုအနည်းဆုံးယူပေးပါနော်)
Payment-Half Prepaid
လတ်တလော မှာမယ်ဆိုရင်တော့ တော်တော်လေးစောင့်ရပါမယ်နော်..(1လနီးပါးပါ)

Yimon ထိုးလက်စ projectလေးကို အပြီးသတ်ပြီးမှ
ထိုးပေးနိုင်‌တော့မှာမို့ပါနော်...
Instockလေး ပြန်ရတဲ့အခါ အသိပေးပါ့မယ်နော်❤️✨
ယုံကြည်ပြီးမှာယူပေးကြတဲ့ Customerလေးတွေ
အားလုံးကို Special Thanks ပါရှင်😘

Address

Yangon

Telephone

+959965477513

Website

Alerts

Be the first to know and let us send you an email when 𝗖𝗿𝗼𝗰𝗵𝗲𝘁 𝗢'𝗖𝗹𝗼𝗰𝗸 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share