IM Solutions

IM Solutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IM Solutions, Interior design studio, Bayint Naung Yeik Thar Street 3, Kha 11th St, Myanmar (Burma), Yangon.

10/04/2026

"ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာလုံးမှာ ကျွန်တော်တို့ရဲ့ Interior နဲ့ Event ဝန်ဆောင်မှုတွေအပေါ် ယုံကြည်အားကိုးပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်🙏

မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်အခါသမယမှာ လူကြီးမင်းတို့ရဲ့ စိတ်နှလုံးများ အေးချမ်းလန်းဆန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ အတာရေအေးပက်ဖျန်းလို့ မကောင်းမှုအညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး... အသစ်တဖန် ပြန်လည်စတင်မယ့် နှစ်သစ်မှာလည်း ပိုမိုလှပတဲ့ Living Space တွေ၊ ပိုမိုခမ်းနားတဲ့ Event အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါမယ်။

အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေခင်ဗျာ။

မကြာခင်မှာ မြင်တွေ့ရမယ့် ပြင်ဦးလွင်မြို့က IM Solutions ရဲ့လက်ရာ! ပြင်ဦးလွင်က ID Project အတွက် IM Solutions Team တစ်ခုလုံ...
08/04/2026

မကြာခင်မှာ မြင်တွေ့ရမယ့် ပြင်ဦးလွင်မြို့က IM Solutions ရဲ့လက်ရာ!

ပြင်ဦးလွင်က ID Project အတွက် IM Solutions Team တစ်ခုလုံး မနားတမ်း အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။
Client တိုင်း စိတ်ကျေနပ်မှုအပြည့်ရစေမယ့် အမိုက်စား လက်ရာတွေကို မကြာခင်မှာပဲပုံလေးတွေ ချပြပေးသွားမှာမို့ Page လေးကို စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💡🎨

Professional ကျတဲ့ Interior Decorations တွေအတွက် IM Solutions က အမြဲအသင့်ရှိနေမှာပါ။

"

မကြာခင်မှာ ရောက်ရှိတော့မယ့် မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်မှာ စိတ်ရောကိုယ်ပါ လန်းဆန်းကြည်လင်ကြပါစေကြောင်း IM Solutions ...
07/04/2026

မကြာခင်မှာ ရောက်ရှိတော့မယ့် မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်မှာ စိတ်ရောကိုယ်ပါ လန်းဆန်းကြည်လင်ကြပါစေကြောင်း IM Solutions မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။ 🌼

ဒီနှစ်ရဲ့ သင်္ကြန်အကြို အမှတ်တရလေးအနေနဲ့ ကျွန်တော်တို့ရဲ့ အဖိုးတန် Client တွေကို ချစ်စရာကောင်းတဲ့ "အတာကိတ်" လေးတွေနဲ့ လက်ဆောင်ပေးရင်း ဂါရဝပြုခဲ့ပါတယ်။

လက်တွဲခဲ့ကြတဲ့ တစ်လျှောက်လုံးမှာ စိတ်ကျေနပ်မှုတွေ ပေးနိုင်ခဲ့မယ်လို့ ယုံကြည်သလို၊ နောင်လာမယ့် နှစ်သစ်ပေါင်းများစွာမှာလည်း အောင်မြင်မှုတွေကို အတူတူ ဆက်လက်ပုံဖော်သွားချင်ပါတယ်...။ 🤝💛




🏭 အနာဂတ် ပရိဘောဂလုပ်ငန်းခွင်ရဲ့ အဆင့်မြင့်နည်းပညာတွေကို DREAM MEDIA Booth မှာ လာရောက်လေ့လာလိုက်ပါ။Fortune Plaza မှာ ကျင်...
22/03/2026

🏭 အနာဂတ် ပရိဘောဂလုပ်ငန်းခွင်ရဲ့ အဆင့်မြင့်နည်းပညာတွေကို DREAM MEDIA Booth မှာ လာရောက်လေ့လာလိုက်ပါ။

Fortune Plaza မှာ ကျင်းပနေတဲ့ MYANMAR FURNITURE & HOME FURNISHINGS EXPO 2026 မှာ DREAM MEDIA ရဲ့ ခေတ်မီစက်မှုနည်းပညာမြင့် စက်ပစ္စည်းကြီးတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် မြင်တွေ့နိုင်ဖို့ IM Solutions ကနေ Special Booth ကို အကောင်းဆုံး ဖန်တီးတည်ဆောက်ပေးထားပါတယ်။

လုပ်ငန်းရှင်ကြီးများအနေနဲ့ မိမိတို့ရဲ့ ကုန်ထုတ်လုပ်မှုအပိုင်းကို ပိုမိုမြန်ဆန်တိကျစေမယ့် အဆင့်မြင့်စက်ပစ္စည်းကြီးတွေကို စနစ်တကျ လေ့လာကြည့်ရှုနိုင်ဖို့ DREAM MEDIA Booth သို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဒီလို ကြီးကျယ်တဲ့ပြပွဲကြီးမှာ ကျွန်တော်တို့ IM Solutions ရဲ့ ကျွမ်းကျင်မှုနဲ့ One Stop Service ကို ယုံကြည်စွာ လက်တွဲပေးခဲ့တဲ့ DREAM MEDIA မှ တာဝန်ရှိလူကြီးမင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

💯 Brand တစ်ခုရဲ့ တန်ဖိုးကို Booth Design တစ်ခုကနေတစ်ဆင့် သက်သေပြခြင်းGlobal Premium EV Brand တစ်ခုဖြစ်တဲ့ ZEEKR ရဲ့ ခမ်း...
21/03/2026

💯 Brand တစ်ခုရဲ့ တန်ဖိုးကို Booth Design တစ်ခုကနေတစ်ဆင့် သက်သေပြခြင်း

Global Premium EV Brand တစ်ခုဖြစ်တဲ့ ZEEKR ရဲ့ ခမ်းနားမှုကို YCC ခန်းမကြီးထဲမှာ အပြည့်အဝ ခံစားရစေဖို့ IM Solutions ကနေ သေသပ်လှပတဲ့ Special Design Booth ကို ဖန်တီးပေးခဲ့ပါတယ်။
Event တစ်ခုမှာ Booth ဆိုတာ Brand ရဲ့ မျက်နှာစာဖြစ်တဲ့အတွက် ကျွန်တော်တို့ IM Solutions အနေနဲ့ သေးစိတ်ကအစသေချာစွာပြင်ဆင်ပေးခဲ့ပါတယ်။
ယုံကြည်စိတ်ချစွာ လက်တွဲခဲ့ကြတဲ့ ZEEKR Myanmar မှတာဝန်ရှိလူကြီးမင်းများကို ကျေးဇူးအထူးတင်ရှိပါတယ်။

သင့်လုပ်ငန်းရဲ့ ပွဲတွေကိုလည်း နိုင်ငံတကာအဆင့်မီ မြင်တွေ့ရစေဖို့ IM Solutions နဲ့ လက်တွဲလိုက်ပါ။
ဘာကြောင့် IM Solutions ကို ရွေးချယ်သင့်တာလဲ?
ကျွန်တော်တို့ဟာ Event လုပ်ငန်းတစ်ခုတည်းကို လုပ်တာမဟုတ်ဘဲ၊ Event Concept, Booth Design, Production နဲ့ Management အစရှိတဲ့ အစမှအဆုံးတိုင်အောင်အရာအားလုံးကို တာဝန်ယူပေးတဲ့ One Stop Event Services Provider တစ်ခု ဖြစ်တာကြောင့်ပါ။ သင့်လုပ်ငန်းရဲ့ တန်ဖိုးကို မြှင့်တင်ပေးမယ့် ပွဲမျိုးကို စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကားပြပွဲကြီးမှာ FAW Trucks နဲ့အတူ အောင်မြင်စွာ လက်တွဲခဲ့တဲ့ IM SolutionsYangon Internation...
21/03/2026

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကားပြပွဲကြီးမှာ FAW Trucks နဲ့အတူ အောင်မြင်စွာ လက်တွဲခဲ့တဲ့ IM Solutions

Yangon International Motor Show (YCC ခန်းမ) မှာ ကျင်းနေတဲ့ FAW Trucks ရဲ့ Special Design Booth ကိုလည်း IM Solutions မှပြင်ဆင်ပေးခဲ့ပါတယ်။
ဒီလို နိုင်ငံတကာအဆင့်မီ ကားပြပွဲကြီးမှာ FAW TRUCKS (မြန်မာ) ရဲ့ J6P Truck ကြီးတွေကို အကောင်းဆုံး ပုံဖော်ပြသနိုင်ဖို့အတွက် ကျွန်တော်တို့ IM Solutions ကို ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို ပြသရာမှာ အရည်အသွေးမြင့်မားတဲ့ Presentation ကလည်း အရေးကြီးပါတယ်။ အခု YCC မှာကျင...
21/03/2026

ကိုယ့်ရဲ့လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို ပြသရာမှာ အရည်အသွေးမြင့်မားတဲ့ Presentation ကလည်း အရေးကြီးပါတယ်။ အခု YCC မှာကျင်းပနေတဲ့ Yangon International Motor Show 2026 မှာ SWM Car Brand အတွက် လှပသပ်ရပ်တဲ့ Special Design Booth ကို IM Solutions မှ တာဝန်ယူ တည်ဆောက်ပေးခဲ့ပါတယ်။

ရိုးရှင်းမှုထဲမှာ ခန့်ညားမှုတွေ ပါဝင်နေသလို၊ SWM ရဲ့ ကားဒီဇိုင်းတွေကို အနီးကပ် လေ့လာနိုင်ဖို့ အကောင်းဆုံးသော Vision မျိုးကိုလည်း ဖန်တီးပေးထားပါတယ်။ ကျွန်တော်တို့ IM Solutions ကို ယုံကြည်စွာလက်တွဲပေးတဲ့အတွက် SWM(Yoma Motors) မှ တာဝန်ရှိသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိသလို၊ ရှေ့ဆက်ပြီးလည်း အကောင်းဆုံးသော ဖန်တီးမှုတွေနဲ့ အတူတူ လက်တွဲသွားဖို့ မျှော်လင့်ပါတယ်။

သင့်ရဲ့ Event တွေ၊ Exhibition တွေအတွက် အကောင်းဆုံးသော Partner တစ်ယောက် လိုအပ်နေပြီဆိုရင်... IM Solutions ကို ဆက်သွယ်လိုက်ပါ။

Less is More! ရိုးရှင်းခြင်းထဲက အလှတရားနဲ့ GEELY ရဲ့ Special Booth🥰🥰ကားပြပွဲတစ်ခုမှာ ကားတွေကပဲ အဓိကကျသလို အဲဒီကားတွေကို ...
20/03/2026

Less is More! ရိုးရှင်းခြင်းထဲက အလှတရားနဲ့ GEELY ရဲ့ Special Booth🥰🥰

ကားပြပွဲတစ်ခုမှာ ကားတွေကပဲ အဓိကကျသလို အဲဒီကားတွေကို ပိုပြီး ပေါ်လွင်စေတာကတော့ ခင်းကျင်းပြသထားတဲ့ Booth ဒီဇိုင်းပဲဖြစ်ပါတယ်။ YCC မှာ အခုကျင်းပနေတဲ့ Yangon International Motor Show 2026 မှာတော့ GEELY ရဲ့ Special Booth လေးကို IM Solutions မှ Simple & Elegant Concept နဲ့ အကောင်းဆုံး ပုံဖော်ထားပါတယ်။

ကျယ်ဝန်းတဲ့ Visual Screen တွေ၊ သပ်ရပ်တဲ့ ခင်းကျင်းပြင်ဆင်မှုတွေနဲ့အတူ GEELY ရဲ့ နည်းပညာမြင့် ကားသစ်ကြီးတွေကို ပိုမိုပြည့်စုံသွားစေပါတယ်။ ဒီလို ပြည့်စုံလှပတဲ့ Booth တစ်ခု ဖြစ်လာဖို့ ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့တဲ့ GEELY မှတာဝန်ရှိလူကြီးမင်းများ ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

လှပသပ်ရပ်တဲ့ ဒီဇိုင်းတွေ၊ အဆင့်မြင့်တဲ့ Event Production တွေအတွက် IM Solutions ကို အမြဲသတိရလိုက်ပါ!

နောက်ကွယ်က ကြိုးစားအားထုတ်မှုတိုင်းဟာ အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။ 🔨🔥ရန်ကုန်မြို့ရဲ့ အကြီးကျယ်ဆုံး မော်တော်ကားပြပွဲက...
19/03/2026

နောက်ကွယ်က ကြိုးစားအားထုတ်မှုတိုင်းဟာ အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။ 🔨🔥

ရန်ကုန်မြို့ရဲ့ အကြီးကျယ်ဆုံး မော်တော်ကားပြပွဲကြီးအတွက် IM Solutions ရဲ့ Team တစ်ခုလုံး "Full Power" နဲ့ အကောင်အထည်ဖော်နေပါတယ်။
စက္ကန့်နဲ့အမျှ ပြောင်းလဲသွားမယ့် ပြင်ဆင်မှုတွေရဲ့ အပြီးသတ် အလှတရားတွေကို မြင်တွေ့ရဖို့ ဆက်ပြီးစောင့်ကြည့်ပေးကြပါဦးနော်။ အကောင်းဆုံးသော Services အကောင်းဆုံးသော Quality တွေကိုပေးဖို့ IM Solutions ကတော့အမြဲအဆင်သင့်ပါဘဲခင်ဗျာ။💪💪💪





"The First Geely EX5 SKD Model Line-Off Ceremony" ကို IM Solutions ကနေ အောင်မြင်စွာ တာဝန်ယူ စီစဉ် ဆောင်ရွက် ပေးခဲ့ပါတယ်။...
18/03/2026

"The First Geely EX5 SKD Model Line-Off Ceremony" ကို IM Solutions ကနေ အောင်မြင်စွာ တာဝန်ယူ စီစဉ် ဆောင်ရွက် ပေးခဲ့ပါတယ်။ ဒီလို ထူးခြားတဲ့ ပွဲလေးကို IM Solutions အား ယုံကြည်စွာနဲ့ တာဝန်ပေးအပ်ခဲ့တဲ့ တာဝန်ရှိ လူကြီးမင်းများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
​မကြာခင် YCC မှာ ကျင်းပတော့မယ့် Myanmar International Motor Show မှာလည်း IM Solutions က Geely အတွက် Special Design Booth ကို ဘယ်လိုဆန်းသစ်တဲ့ အပြင်အဆင်တွေနဲ့ ပြုလုပ်ပေးဦးမလဲဆိုတာကိုလည်း စောင့်မျှော်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

​"သင့်ရဲ့ Brand ကို ပိုမို ထင်ရှား ပေါ်လွင်စေဖို့အတွက် IM Solutions ကို ရွေးချယ်လိုက်ပါ..."

Address

Bayint Naung Yeik Thar Street 3, Kha 11th St, Myanmar (Burma)
Yangon
11011

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959799884706

Alerts

Be the first to know and let us send you an email when IM Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IM Solutions:

Share

What We Do?

Company Mission


  • To provide high quality products and specific services that are beneficial to our customers and help them achieve total satisfaction.

  • To grow the employees along side the company to improve their working and living standards altogether.
  • Company Vision