𝙏𝙒𝙀𝙇𝙑𝙀 𝘾&𝘿

  • Home
  • Myanmar
  • Yangon
  • 𝙏𝙒𝙀𝙇𝙑𝙀 𝘾&𝘿

𝙏𝙒𝙀𝙇𝙑𝙀 𝘾&𝘿 𝘾𝙊𝙉𝙎𝙏𝙍𝙐𝘾𝙏𝙄𝙊𝙉 & 𝘿𝙀𝘾𝙊𝙍𝘼𝙏𝙄𝙊𝙉

🚪 အိမ်အဝင် တံခါးအိမ်အဝင် တံခါး။ မိတ်ဆွေမိသားစုက အိမ်ဝယ်ပြီး အိမ်အသစ်မှာ ပြောင်းနေထဲက တမိသားစုလုံး နေမကောင်း၊ ချောင်းဆိုး...
07/12/2023

🚪 အိမ်အဝင် တံခါး

အိမ်အဝင် တံခါး။

မိတ်ဆွေမိသားစုက အိမ်ဝယ်ပြီး အိမ်အသစ်မှာ ပြောင်းနေထဲက တမိသားစုလုံး နေမကောင်း၊ ချောင်းဆိုးတာ၊ ဖျားနာတာတွေက နာတာရှည်လို ကို ဖြစ်နေကြပါတယ်။

သူတို့က အရွယ်ကောင်းတွေ၊ ကျန်းမာနေသူများမို့ နားမလည် နိုင်ကြပါ။

ခုလို ဖြစ်ရတဲ့ အကြောင်းရင်းက သူတို့ အိမ်ရဲ့ အဝင် တံခါးမကြီးက သာမန်ထက် ဆိုဒ်ကြီးနေပါတယ်။ အရွယ်အစားက သိသာစွာကို ကြီးနေတာပါ။ အဲဒါကြောင့် မိသားစု တစုလုံး မပြတ်တမ်း ဖျားနာ ကြတာပါ။ တံခါးပေါက်ကို ပြောင်းလိုက်တဲ့ အခါမှာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။

အိမ်တံခါး အသစ်လဲဖို့ ချက်ခြင်းတော့ အဆင်မပြေနိုင်ပါ။ နည်းလမ်း ရှာဖွေကြည့်တော့ ကျမ်းရင်း အဆိုအရတော့ ကျောက်စိမ်းတုံး ကို အိမ်အဝင်တံခါး အောက်မှာ မြုတ်ရမယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းတုံးကတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ခဲတလုံး ကို အစိမ်းရောင်သုတ်ပြီး တံခါးအောက်ခြေနားမှာ ထားလိုက်တော့၊တံခါးအသစ် မပြောင်းခင်မှာ မိသားစုဝင်များ ကျန်းမာ အဆင်ပြေလာကြပါတယ်။

တံခါးအသစ်ကို သူတို့အိမ်အတွက် သင့်တော် ကံကောင်းစေမယ့် အရောင်ကိုပါ ရွေးပြီး မှာယူတတ်ဆင်ခဲ့ပါတယ်။

တကယ်တော့ သူတို့အိမ်က တောင်ဖက်အရပ်ကို မျက်နှာမူ ထားလို့ အောင်မြင်ခြင်း၊ ကျော်ကြားခြင်းတွေ ဝင်လာမယ့် အိမ်ပါ။ အိမ်တံခါး ကို ဆေးအနီသုတ်ခြင်းဖြင့် အောင်မြင်အတွက် သေချာစေပါတယ်။

အခြားသော အခြေခံကျတဲ့ အရပ်လေးမျက်နှာအတွက်ပါ ရေးပေးလိုက်ပါတယ်။

မြောက်ဖက်ကို မျက်နှာမူတဲ့တံခါး ။
အလုပ်အကိုင်တိုးတက်စေတယ်။
အမဲ သို့မဟုတ် နက်ပြာ၊မီးခိုးရင့်။

အနောက်ဖက်ကို မျက်နှာမူတဲ့တံခါး ။
တီထွင်ဥာဏ်စွမ်း တိုးပွါး ၊ သားသမီးရစေနိုင်ပါတယ်။
အဖြူ ၊ငွေရောင်၊ သတ္တုရောင် (မိးခိုးနုပြောင်လက်လက် အရောင်ပါ။)

တောင်ဖက်ကို မျက်နှာမူတဲ့တံခါး ။
အောင်မြင်၊ကျော်ကြား ၊ ဂုဏ်ကျက်သရေတိုး။
အနီ ၊လိမ်မော်၊အဝါ၊ခရမ်း ။

အရှေ့ဖက်ကို မျက်နှာမူတဲ့တံခါး ။
ကျန်းမာရေး လူမှုရေး မိသားစု ပြေလည်။
အပြာ သို့မဟုတ် အစိမ်း၊အမဲ၊မီးခိုးရင့်။

တံခါးအရောင်ပြောင်းဖို့ ဆေးသုတ်တာ မတတ်နိုင်ရင်၊ သက်ဆိုင်ရာအရောင် ကို စက္ကူ သို့မဟုတ် သတ္တုပြားအဝိုင်းလေး ကပ်ထားပေးပါ။အရောင်ပါအဝိုင်းက ဆိုဒ်ကြီးစရာ မလိုပါ။ မြင်သာတဲ့ဆိုဒ်ဆို ရပါပြီ။ ဥပမလက်ဖက်ရည် ပန်းကန်ပြား ဆိုဒ်။

မိတ်ဆွေအားလုံး ငွေကံကောင်း လို့ ပျော်ရွှင်နိုင်ကြပါစေ။
ချစ်ခြင်းမေတ္တာဖြင့်။

Crd : Myat H.K.Munthe

Steel Structure တွေ Non-Engineering Building မဖြစ်ရလေအောင် (၂)Non-Engineering Building ဆိုတာဟာ အင်ဂျင်နီယာပညာမပါပဲ လုပ်ခ...
28/03/2023

Steel Structure တွေ Non-Engineering Building မဖြစ်ရလေအောင် (၂)

Non-Engineering Building ဆိုတာဟာ အင်ဂျင်နီယာပညာမပါပဲ လုပ်ချင်တာလျှောက်လုပ်ထားတဲ့ အဆောက်အဦးမျိုးကိုဆိုလိုပါတယ်။ Safe ဖြစ်ချင်ရင်လည်းအရမ်း Safe ဖြစ်နေပြီး မဖြစ်ရင်လဲအတော်ကို Safe မဖြစ်တာပါ။

Steel Structure Building တွေဟာ ကျနော်တို့ တွေ့နေကျ R.C Building တွေလိုမဟုတ်ပါဖူး။ ဥပမာဆိုရရင် တိုင် (Column) နှင့်ယက်မ (Beam or Girder)မှာ အဆက် Connection တွေကိုစိတ်ကြိုက်ဖန်တီးလို့ရပါတယ်။ ဒါ့ကြောင့် အဲ့လိုစိတ်ကြိုက်ဖန်တီးလို့ရတာရဲ့ သဘောသဘာဝကိုနားမလည်ရင် အန္တရာယ်ရှိတဲ့ဖက်ကိုတွန်းပို့ပါတယ်။

ကျနော်တို့ဆီမှာ Stability လို့ခေါ်တဲ့ တည်မြဲ တယ်ဆိုတာရှိပါတယ်။ ဒီသဘောလေးကိုမြင်သာအောင် လူနှင့်ပဲဥပမာပေးပါ့မယ်။

ကျနော်တို့ကို ပခုံးကနေ ဘေးတိုက်တွန်းကြည့်လိုက်ပါ။ ဒါကဘေးတိုက်အားတစ်ခုပေးတာပါ။ ဘေးကနေအားစိုက်ပြီးတွန်းရင်တောင် ကျနော်တို့ထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် ရှေ့တည့်တည့်ကဖြစ်ဖြစ် ၊ နောက်ကျော်ကနေဖြစ်ဖြစ်တွန်းရင်တော့ ကျနော်တို့ ဟတ်ထိုးလဲနိုင်ပါတယ်။ ဒါက Lateral Stability ရဲ့သဘောပါ။ ဘေးတိုက်တွန်းရင်တော့ ခံနိုင်နေပြီး ရှေ့နောက်နောက်ကတွန်းရင်ဘာ့ကြောင့်မခံနိုင်သလဲ စဉ်းစားကြည့်ပါ။

တွန်းခံရတဲ့နေရာမှာဘာမှသိပ်မဖြစ်ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးပြိုလဲသွားတာကို Lateral Stability မရဖူး ဆိုရမှာပါ။ Steel Structure Building တွေလဲ ဒီလိုပါပဲ ... သူ့ရဲ့ Structure Members တွေတစ်ခုချင်းမဟုတ်ပဲ အဆောက်အဦးတစ်ခုလုံးပြိုလဲသွားတာကို Stability ပျက်တယ်ဆိုပါတယ်။

Steel Structure အဆောက်အဦးတစ်ခု lateral Stability ရဖို့နည်းလမ်း ၃ ခုရှိပါတယ်။ Technical နည်းပညာဆိုင်ရာအသုံးအနှုံးတချို့ပါပါမယ်။ အဲ့လိုမရေးလို့လဲမရလို့ပါ။

1.Moment Joint
2.Lateral Bracing
3. Shearwall

စတဲ့ ၃ ခုပါ။ တစ်ခုချင်းလဲသုံးလို့ရသလို ပေါင်းစပ်ပြီးသုံးလို့လဲရပါတယ်။

ကျနော်တို့ Steel Structure စတီးအဆောက်အဦးတွေကို ကြည့်တဲ့အခါမှာ Lateral Stability ရဖို့ရာမလုပ်ထားတာတွေ့ရ များပါတယ်။ Lateral Stability ရဲ့သဘောကို Engineer မဟုတ်တဲ့သာမန်သူတွေနာလည်ဖို့ရာခက်ပါတယ်။

အောက်ကပုံတွေမှာ Moment Joint တွေ ၊ Bracing တွေနှင့် Shearwall ပုံတွေကို Lateral Stability အတွက်ထည့်ထားတာက်ုနမူနာ 3D ပုံလေးတွေပြထားပါတယ်။

Lateral Stability မရတဲ့အဆောက်အဦးတွေရဲ့သိသာတဲ့အချက်ကတော့ ကွန်ကရစ်မလောင်းခင် ဘေးကတွန်းကြည့်ရင် ယိမ်းနေတာပါပဲ။ ကွန်ကရစ်လေးလောင်းလိုက်ရင် ငြိမ်သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ ကျနော်တို့ဘေးကတွန်းကြည့်တဲ့အားဟာ ကွန်ကရစ်အလေးချိန်ထက်နည်းနေလို့ပါ။

ဒါဆိုရင် ကျနော်တို့တွန်းတဲ့အားထက်များတဲ့ ဘေးတိုက်အားတွေ ဥပမာ ငလျင် ၊ လေတိုက်တာ ၊ အခြားသောအကြောင်းအရာများ ဖြစ်လာရင် ဘာဖြစ်နိုင်သလဲ.....

ဆိုတော့မိမိနေထိုင်တဲ့ Steel Structure အဆောက်အဦးဆိုရင်စစ်ဆေးကြည့်လိုက်ပါ။ Connection တွေက Moment Connection တွေဖြစ်နေရဲ့လား ၊ Bracing တွေပါလား ၊ Shearwall တွေများထည့်ထားသလားဆိုတာပါ။

အဲ့ဒါမျိုးတွေမပါရင်တော့ သက်ဆိုင်ရာကျွမ်းကျင်သူများနှင့်စစ်ဆေးပြီး လိုအပ်တာတွေပြုလုပ်သင့်ပါကြောင်း...

ဆိုတော့ ကျနော်တို့ လိုတာလေးတွေလုပ်ရအောင်ပါ။

Engr.Kyaw Thu Naing

Ref: https://www.facebook.com/100000725977600/posts/6392205760813560/?mibextid=Nif5oz

Steel Structure တွေ Non-Engineering Building မဖြစ်ရလေအောင်(၁)Non-Engineering Building ဆိုတာဟာ အင်ဂျင်နီယာပညာမပါပဲ လုပ်ချ...
23/03/2023

Steel Structure တွေ Non-Engineering Building မဖြစ်ရလေအောင်(၁)

Non-Engineering Building ဆိုတာဟာ အင်ဂျင်နီယာပညာမပါပဲ လုပ်ချင်တာလျှောက်လုပ်ထားတဲ့ အဆောက်အဦးမျိုးကိုဆိုလိုပါတယ်။Safe ဖြစ်ချင်ရင်လည်း မလိုအပ်ပဲ Size ကြီးတွေသုံးထားပြီး Safe မဖြစ်ချင်ရင်လည်း တော်တော်ကိုမဖြစ်တာပါ။

ကျနော်တို့ကို အဆောက်အဦးရဲ့အသုံးပြုမှုပြောင်းလဲချင်လို့ဖြစ်ဖြစ် ၊ ဝယ်ယူဖို့ဖြစ်ဖြစ် ၊ ပိုင်ရှင်ကစစ်ဆေးလိုလို့ပဲဖြစ်ဖြစ် ၊ အဆောက်အဦးမှာထူးခြားတဲ့ လက္ခဏာတွေပြလာလို့(အက်ကြောင်းတွေ ၊ နိမ့်ကျမှုတွေ ၊ နံရံနှင့် ယက်မတွေအက်လာ ၊ တိုင်တွေမှာတွန့်လာ စသည်ဖြင့် ....) ပဲဖြစ်ဖြစ်အကြောင်းကြောင့်ကြောင့်လာစစ်ဆေးဖို့ ခေါ်ကြပါတယ်။

ဒီလိုစစ်လိုက်တဲ့အခါမှာ Steel Structure (သံစတက်ချာ) အဆောက်အဦးတွေမှာ ကျနော်တို့ပထမဆုံးတွေ့ရတဲ့ပြသနာဟာ တိုင်အလှည့်မှား ( Wrong Column Orientation)ပါပဲ။ ပုံမှန်အားဖြင့် Steel Structure ရဲ့တိုင်တွေကို I ပုံစံတိုင်တွေအသုံးများကြပါတယ်။

I ပုံစံတိုင်တွေဟာ ဒီတိုင်းကြည့်ရင်တော့ဘာမှမထူးခြားဖူးထင်ပေမယ့် Steel ပြားလေး ၃ ပြားကိုဆက်ထားတယ်လို့မြင်လို့ရပါတယ်။ ထပ်ပိတ်လေး ၂ ဖက်အတွင်းထဲမှာ ‌အပြားတစ်ပြားထည့်ထားတာပါပဲ။ ထိပ်ပိတ်လေးကို Engineering Terms အရ Fl**ge လို့ခေါ်ပြီး သူက ၂ ခုရှိပါတယ်။ အလယ်အပိုင်းလေးကိုတော့ Web လို့ခေါ်ပါတယ်။

Structural Load ကိုထမ်းရမယ့်သဘောအရ Fl**ge ပြားတွေရဲ့အထူဟာ Web ထက်ပိုထူပါတယ်။ ဒီတော့ ဒီ I Beam ကို Column အဖြစ်အသုံးပြုတဲ့အခါ ကျနော်တို့ဆီမှာ အားနည်းတဲ့ဖက် (Weak Axis) နှင့် အားများတဲ့ဖက် (Strong Axis) ဆိုတာပေါ်လာပါတယ်။

ဒီ Weak Axis & Strong Axis ကိုသိချင်ရင် ပလတ်စတစ်ပေတံကို ထောင်ပြီးဖိကြည့်ပါ။ ကိုယ်ဖိလိုက်ရင် ကွေးသွားတဲ့ဖက်ဟာ အားနည်းတဲ့ဖက်ပါပဲ။ ဒါကို ခုနက I Steel Column နှင့်ယှဉ်ကြည့်ရင် Web အတိုင်းရဲ့ထောင့်မှန်ကျတဲ့ဖက်ဟာ အားနည်းတဲ့ Weak Axis ပါ။

ရိုးရိုးလေးစဉ်းစားကြည့်ရင်ကို အားနည်းတဲ့ဖက်ကို ဝန်နဲနဲပဲပေးထမ်းရပါ့မယ်။ အားများတဲ့ Direction ကို ဝန်များများပေးထမ်းရပါ့မယ်။ ပုံမှန်အားဖြင့် ကျနော်တို့သုံးနေတဲ့ GBHN150x75x5x7 လို့ဆိုတဲ့ I Sectionဟာ (၆x၃ ဆိုဒ်ပြည့်ဟာ) အားနည်းတဲ့ဖက်နှင့်အားများတဲ့ဖက်ရဲ့ Moment of Inertia အချိုးဟာ ၁၃ ဆကွာပါတယ်။

Steel Structure မှာက Slab >> Beam >> Girder စသည်ဖြင့် Load ကဖြန့်ပြီးသွားပါတယ်။ ပုံကိုကြည့်ပါ။ ဒီမှာ Girder ဆိုတာဟာ Beam အကြီးကြီးဖြစ်ပြီး Beam တွေက Load ကိုအများကြီးထမ်းပါတယ်။

ကျနော်တို့ Structural Assessment တွေလုပ်ရတဲ့အခါ Steel Structure အဆောက်အဦးအတော်များများဟာ Framing System ချတာမှားတာကိုတွေ့ရပါတယ်။ Column တိုင်ရဲ့ Weak Axis မှာ အလေးဝန်များတဲ့ Girder ကိုတွဲပြီး ၊ Strong Axis ကိုတော့ Beam လောက်ပဲတွဲကြပါတယ်။ ဒီတော့ အဲ့လို Weak Axis ကို Girder တွဲတာဟာ သေချာတွက်ချက်ထားတာမဟုတ်ရင် Column ဟာ Weak Axis Failure ဖြစ်နိုင်ပါတယ်။

ရှေ့မှာ အဲ့လို Failure ဟာဖြစ်လဲဖြစ်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အရှေ့ဒဂုံကဖြစ်ရပ်ရယ် ၊ မန္တလေးစက်မှုဇုံက ပြိုကျပျက်စီးမှုတွေဟာ အခုလို Framing System မှားလို့ဖြစ်ရတာပါ။

ဆိုတော့အခု Steel အိမ်မှာနေနေရင် ကျနော်အခုပြောတဲ့ Framing ကိုစစ်ကြည့်လိုက်ကြပါ။ တကယ်လို့များ Framing System အမှားကြီးလုပ်ထားမိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့သူနှင့်အမြန်ဆုံးပြုပြင်ဖို့လိုအပ်ပါကြောင်း....

ကျနော်တို့ လိုတာလေးတွေလုပ်ရအောင်ပါ....
Credit
Engr.Kyaw Thu Naing

Turkey Earthquake ပြီးတော့ Preliminary Report တစ်ခုထွက်လာတယ်။ ဒီ Report ကိုဆရာဦးသိန်းဆွေတင်ထားတော့ဖတ်ကြည့်မိတယ်။ ဒီမှာတွ...
22/02/2023

Turkey Earthquake ပြီးတော့ Preliminary Report တစ်ခုထွက်လာတယ်။ ဒီ Report ကိုဆရာဦးသိန်းဆွေတင်ထားတော့ဖတ်ကြည့်မိတယ်။ ဒီမှာတွေ့ရတာက Concealed Work တွေဟာ အခုလိုကိစ္စတွေဖြစ်လာမှပေါ်လာတော့တာ။ Concealed Work ဆိုတာက ဖုံးကွယ်သွားတဲ့အလုပ်တွေပေါ့ ။

ဆိုပါစို့ရယ် ... အုတ်မြစ်(Foundation) တစ်ခုကိုတည်ဆောက်ပြီးတဲ့အခါ အထဲမှာထည့်ထားတဲ့ သံချောင်းတွေ ၊ အနက်ဘယ်လောက် ၊ ယုတ်စွဆုံး အုတ်မြစ်ရဲ့ အလျား ၊ အနံကိုတောင်ကျနော်တို့မမြင်ရတော့ဖူး။ ‌မြေကြီးထဲရောက်သွားတာကိုးဗျ။

*ဒီတော့ Site ထဲစစ်ကြပြီဆိုရင် ဖုံးအုပ်သွားမည့်ကိစ္စများ (Concealed Works) များကိုအဓိကထားစစ်ကြရသည်။*

တူရကီငလျင်ကိုဆက်ကြစို့ရယ်...

အခုပမာဏစစ်ဆေးချက်မှတ်တမ်းအရ ... အတော်ဆိုးဆိုးပင် ။

၁။ Column တိုင်များမှာ အလွန်ကိုပင်သေးနေသည်။
၂။ Column တိုင်များတွင် ထည့်ထားသော သံချောင်းများမှာ သေးသေးလေးတွေဖြစ်သည့်အပြင် အရေအတွက်လဲ အင်မတန်နည်းပါးသည်။
၃။ ထူထဲသော ကြမ်းခင်း Slab များကို ယက်မ Beam များမပါပဲ တိုက်ရိုက်ဆက်ထားသည်။ လုံလောက်သော ချိတ်တွဲထားမှုမရှိ။
၄။ Column ထဲရှိသံချောင်းများကိုချုပ်ထားသော Tie ကွင်းများမလုံလောက် ၊ သေချာချည်နှောင်ထားခြင်းမရှိ။
၅။ အထပ်မြင့် ၁၀ ထပ်အဆောက်အဦးများတွင်ပင် Shearwall များမပါပေ။

ဒါ့အပြင်ထူးခြားတာက ပြိုကျပျက်စီးတဲ့အဆောက်အဦးများစွာရှိသည့်အနက် အဆောက်အဦးတစ်ခုပဲ Foundation ကြောင့်ပျက်စီးတာတွေ့ရပြီး ကျန်တာက အပေါ်ပိုင်း Structure များကြောင့်ပြိုကျပျက်စီးရတာပါ။

အခုအောက်မှာ Attach ပါတဲ့ပုံတွေမှာလည်း ပြိုကျပြီး ဖြစ်သမျှအကုန်လုံးဗူးပေါ်သလိုပေါ်နေတာတွေ့ရပါတယ်။ သံချောင်းသေးသေးလေး ၊ Column ကသေးသေးလေး ၊ Beam မပါ ၊ Slab အထူကြီး ၊ Rebar တွေကိုသေချာမချည်ထားတာတွေ ၊ လိုအပ်တဲ့ Structure Design သေချာမလုပ်တာတွေက ပေါ်လာတော့တာ။

အရင်ကလည်းဒီလိုထောက်ပြတဲ့သူရှိကောင်းရှိမှာပဲ။ ငါတို့က ဒါမျိုးဆောက်လာတာ ဘယ်နှစ်လုံးရှိပြီတို့ ၊ မင်းမွေးတော့ငါတို့က စဆောက်နေပြီတို့ဘာတို့လဲ ဆောက်တဲ့သူတွေက ပြောကောင်းပြောမှာပဲ... (တူရကီက ကန်ထရိုက်တာ‌တွေ ပြောတာ ပြောတာနော် 😉)

ဒါ့ကြောင့်အခုလိုမှာအဓိကကျတဲ့ Structure Design အပိုင်းနှင့် အကြမ်းထည်တည်ဆောက်မှုအပိုင်းကို မလျော့စေချင်ဖူး။ သိတဲ့အတိုင်းတချို့က Structure Design ပိုင်းမှာသိပ် Economy ဖြစ်ချင်တာ ... ကျနော်တို့တစ်ခေါက်တွက်ကြည့်တာ Column တိုင်တွေကို ၂ လက်မ လျော့လိုက်တာက အချောထည်မှာ အခန်းတစ်ခန်း ဆေးသုတ်သလောက်ကိုမရှိတာ ။ နောင်မှ Structural Strengthening စသည်ဖြင့်ပြန်လုပ်ရရင် ကုန်ကျစရိတ်များသလို ၊ ကိုယ့်အတွက်လဲ ဘယ်အချိန်ပေါက်မယ်မှန်းမသိတဲ့ တိုင်းဗုံး (Time Bomb) တစ်ခုကိုရင်ဝယ်ပိုက်ထားသလိုပဲ။

တချို့ကသူများအတွက်ဆောက်ရောင်းလုပ်ကြတယ်။တချို့ ပိုင်ရှင်တွေက အိမ်ဝယ်မယ်ဆိုရင်ကျနော်တို့ကိုလိုက်ကြည့်ပေးဖို့ပြောတယ်။ အပေါ်ယံကသာ သေချာလေးမိတ်ကပ်လိမ်းထားတာ အခုဆောက်ထားတဲ့အိမ်က Structure Drawing ပေးပါဆိုရင်မပေးနိုင်ဖူး။ ပေးနိုင်လဲအိမ်ကဆောက်ထားတာမျိုး ၊ Drawing ကတမျိုး ။ ရောင်းနေတဲ့အိမ်တွေက သိန်းထောင်နှင့်ချီတန်တယ်။ ဆိုတော့ ကျနော်တို့ကလည်း Recommend မပေးရဲ...

ဆိုတော့အိမ်ဆောက်မယ်ဆိုရင်ဖြင့် ၊ ဝယ်မယ်ဆိုရင်ဖြင့် ကျနော်တို့နိုင်ငံလို သဘာဝဘေးအန္တရာယ်များတဲ့နိုင်ငံမှာ တတ်ကျွမ်းသူတွေနှင့်လုပ်သင့်ပါကြောင်း....

ကျနော်တို့လိုတာလေးတွေလုပ်ရအောင်ပါ။
credit Engr Ko Kyaw Thu Naing

ကျနော်တို့ငလျင်တွေရဲ့ပြင်းအားကိုတိုင်းတာတဲ့အခါ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို Magnitude နှင့်ဖော်ပြကြပါတယ်။ ငလျင်သုတေသီတွေရ...
12/02/2023

ကျနော်တို့ငလျင်တွေရဲ့ပြင်းအားကိုတိုင်းတာတဲ့အခါ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို Magnitude နှင့်ဖော်ပြကြပါတယ်။ ငလျင်သုတေသီတွေရဲ့အဆိုအရ ကမ္ဘာပေါ်မှာ

တစ်နှစ်ကို Magnitude 5 ထက်နည်းတဲ့ငလျင်က ထောင်နဲ့ချီပြီးလှုပ်နိုင်ပါတယ်။
Magnitude 6 ကတော့အကြိမ် ၂၀၀ ခန့် ၊
Magnitude 7 ကတော့ အကြိမ် ၂၀ ခန့် ၊
Magnitude 8 ကတော့ ၁ ကြိမ်ခန့် လှုပ်ဖို့ရာရှိတယ်လို့ခန့်မှန်းကြပါတယ်။ ဆိုလိုတာက Magnitude များတဲ့ ငလျင်တွေဟာ ဖြစ်ဖို့ရာ ရာခိုင်နှုန်းနဲပါတယ်။

2023 ခုနှစ် ၊ ဖေဖော်ဝါရီလ ၆ ရက်မနက် ၄ နာရီ၁၅ မိနစ် လောက်မှာ တူရကီနိုင်ငံအရှေ့တောင်ဖက် ၊ ဆီးရီးယားနယ်စပ်မှာ Magnitude 7.8 ရှိတဲ့ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းဒီလိုငလျင်ပြင်းပြင်းဟာ တစ်ကမ္ဘာလုံးမှာ ၁ နှစ်မှတစ်ခါလှုပ်နိုင်ချေရှိတာမျိုးပါ။ အင်မတန်ပြင်းပါတယ်။

ငလျင်ကပြင်းတဲ့အပြင် ငလျင်လှုပ်ပြီးရင် နောက်ထပ် Aftershocks လို့ခေါ်တဲ့ငလျင်အသေးလေးတွေလှုပ်တတ်တာ သဘာဝပါ။ ငလျင်ဟာ Aftershock ဆိုရင်သာမန်အားဖြင့် ငလျင်အားနည်းတာလေးတွေပဲလှုပ်တတ်ပါတယ်။ ဒါပေမယ့်အခုငလျင်ဟာ နောက်ထပ် Aftershock ပေါင်း ၃၀ ကျော်ထပ်လှုပ်ခဲ့ပြီး အဲ့ထဲက အပြင်းဆုံးတစ်ခုဟာ Magnitude 7.5 ရှိပါတယ်။ Magnitude 6.7 တစ်ခုက နောက်ထပ် ၁၁ မိနစ်အကွာမှာထပ်လှုပ်ပါတယ်။ ကံဆိုးမှုပါပဲ။

ငလျင်လှုပ်တဲ့အချိန်ဟာ မနက်လင်းအားကြီးအချိန်မို့ လူတွေအတော်များများအိပ်ပျော်နေကြတာပါ။ ဒါ့ကြောင့် ငလျင်ပြင်းပြင်းနောက်က ငလျင်ပြင်းပြင်းတွေထပ်လာတဲ့အခါ အဆောက်အဦးလိုက်ပြိုကျတာတွေဖြစ်ပြီး လူအသေအပျောက်များကုန်တာပါ။

နောက်ထပ်တစ်ချက်က တူရကီနယ်စပ်မြို့ဖြစ်တဲ့အတွက် အဆောက်အဦးတွေကလည်း ငလျင်ဒဏ်ခံဖို့ Standard တွေနှင့်ပြည့်စုံမှုမရှိပဲ အတော်ကိုထိခိုက်လွယ်တဲ့အဆောက်အဦးတွေဖြစ်နေတာက ပိုဆိုးစေပါတယ်။

နောက်ထက်ကံဆိုးတာတစ်ခုက ငလျင်ဖြစ်တဲ့နေရာဟာ မြေပြင်နှင့်နီးတာပါပဲ။ ကျနော်တို့အခေါ်တော့ Focal Depth တိမ်တယ်လို့ပြောလေ့ရှိပါတယ်။ Shallow Earthquake ပေါ့။ ရေကန်ထဲကို ခဲလုံးပစ်ချလိုက်ရင် ခဲလုံးကျ‌တဲ့နေရာနီးနီးဟာ လှိုင်းကြီးပြီး ဝေးလေလေလှိုင်းကနဲသွားလေလေပါ။ ဒီသဘောနဲ့ ငလျင်ရဲ့ သဘောတူတူပါပဲ။ ငလျင်ဖြစ်တဲ့နေရာဟာ မြေပြင်နှင့်နီးလေလေ ငလျင်ကိုပိုမိုခံစားရလေလေပါပဲ။ ဒါကလည်း ကံဆိုးမှုတစ်ခုပါပဲ။

နောက်တစ်ချက်က ဖြစ်ပွားတဲ့နေရာဟာ လူနေထူထပ်တဲ့နေရာလဲဖြစ်နေတာပါ။ သူဘာသာတောထဲဘယ်သူမှမရှိတဲ့နေရာဖြစ်ရင် အဲ့လောက်လဲ လူတွေမသေနိုင်သလို ပျက်စီးဆုံးရှုံးမှုလဲမများနိုင်ပါဖူး။

အခုဆိုရင် သေဆုံးသူ 19700++ ရှိနေပြီး ၊ ဒဏ်ရာရသူတွေ ၊ ပျက်စီးဆုံးရှုံးမှုတွေနှင့် စီးပွားရေးအရထိခိုက်မှုတွေက $ သန်းချီနေပါပြီ။

အထက်ကဘာကြောင့်ဒီလောက်ဖြစ်ရသလဲဆိုတဲ့အချက်တွေမှာ ငလျင်ဖြစ်တာကို ကျနော်တို့တားဆီးလို့မရသလို ၊ ဘယ်နေရာ ၊ ဘယ်အချိန်မှာဖြစ်လို့လဲ ကျနော်တို့တားဆီးလို့မရပါဖူး။ သဘာဝအတိုင်းဖြစ်တာမို့ တောထဲသွားဖြစ် ၊ လူတွေနိုးနေတုန်းဖြစ် ပြေးရင်ပြေးရအောင်စသည်ဖြင့် စောဒကတက်လို့ရမှာမဟုတ်ပါဖူး။

ကျနော်တို့လူသားတွေအနေနဲ့လုပ်ဆောင်နိုင်တာတစ်ခုပဲရှိပါတယ်။ မိမိနေမယ့်အဆောက်အဦး ၊ မိမိပိုင်ဆိုင်တဲ့နေရာကို သို့ အများပိုင်နေရာတွေ ၊ အရေးကြီးအဆောက်အဦး (ဆေးရုံ ၊မီးသတ်ဌာန ၊ လေဆိပ်ထိန်းချုပ်အဆောက်အဦး ၊ ဘူတာရုံ စသည်) တွေကို ငလျင်ဒဏ်ခံနိုင်အောင်တည်ဆောက်ဖို့ပါပဲ။

ကျနော်တို့ Structural Engineer တွေအနေနဲ့လဲ ငလျင်သေးရင် ထိခိုက်မှုအသေးစား ၊ ငလျင်အလယ်အလတ်ဆိုရင် ထိခိုက်မှုအကြီးစား (ပြုပြင်လို့ရ) ၊ ငလျင်အကြီး‌တွေ ဆိုရင် ပြိုမကျအောင် Design လုပ်ကြပါတယ်။ ဒါကို အရည်အ‌သွေး မှီဆောက်လုပ်ရေးပစ္စည်းတွေ ၊အရည်အသွေးမှီ ဆောက်လုပ်ပြီး ၊ အရည်အသွေးမှီအောင် Authority ပိုင်းကကြီးကြပ်မယ်ဆိုရင် ဒီလိုငလျင်ကြီးတွေဖြစ်လာရင်တောင် လူအသက်တွေကိုကယ်နိုင်မယ် ၊ ပျက်စီးဆုံးရှုံးမှုနည်းအောင်လုပ်နိုင်မှာဖြစ်ပါတယ်။

ကျနော့ကိုမကြာခဏ Turkey Earthquake အကြောင်းမေးတဲ့သူများလို့ USGS က Reference ယူပြီး အများပြည်သူအသိပညာတိုးပွားအောင် ရေးသားလိုက်ရပါတယ်။

ကျနော်တို့ လိုတာလေးတွေလုပ်ရအောင်ပါ။

Crd : Engr.Kyaw Thu Naing

🔸🔸🔸🔸

Twelve C&D
Twelve Construction & Decoration

Contact us
🤙 09 98 748 6688, 09 97 667 2397
📲 09 98 748 6688
💻 [email protected]

Task
▪️DESIGN
▪️REMODELING
▪️RENOVATION
▪️OUTDOOR
▪️SERVICES
▪️APPLIANCES & SYSTEMS

🔸🔸🔸🔸

Twelve C&D မှ

🟤 အဆောက်အဦး အသစ်ဆောက်လုပ်ခြင်း။
RC / Steel Structure အကြမ်းထည် / အချောထည်၊ ရေမီးအပြီးအစီး။

🔵 အခန်းဟောင်းများ ပြင်ဆင်ခြင်း။
ဖြိုဖျက်ခြင်း၊ အခန်းဖွဲ့ခြင်း၊ ကြမ်းခင်းခင်းခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း။

🟠 [Fabrication & Installation] ထုတ်လုပ်တပ်ဆင်ခြင်း။
အလူမီနီယမ်၊ မှန်၊ စတီး၊ ဆန်းရှိတ်၊ လိပ်တံခါး၊ ဘာဂျာတံခါး၊ သံပန်း၊ ပရိဘောဂလုပ်ငန်းများကို
.. လူကြီးမင်းတို့ စိတ်တိုင်းကျ ညှိ့နှိုင်း ဝန်ဆောင်ပေးပါသည်။

30/01/2023

မြန်မာနိုင်ငံမှာ ၁ ထပ်တိုက်ကို
မြေကြီးခံနိုင်ရည်စမ်းသပ်တွက်ထုတ်ပေးတာ
တော်တော်လေး အရေအတွက် နည်းပါသေးတယ် ..

Civil & Structural Engineer
အဖြစ်ရပ်တည်မယ်ဆိုရင် …

Client ကို .. ဘာမှနားမလည်တဲ့
ကလေးတစ်ယောက်လို သဘောထားပြီး
ဆရာက တပည့်ကို စာရှင်းပြသလိုရှင်းပြရပါမယ် …

၂၀၂၃ ရဲ့ ပထမဆုံး January လမှာ
Client ၄ ယောက်လာတာ ၄ ယောက်လုံး
Soil Test စမ်းပေးဖို့နဲ့ (၃) ယောက်ကို
Low-price ဖြစ်တာတွေ သွားမရွေးပဲ
ကောင်းကောင်းစမ်းဖို့ ရှင်းပြနိုင်ခဲ့ပါတယ်

No.1 - Client
ဂျပန်လူမျိုးဖြစ်တာလဲပါမယ်..
Design fees လဲ စျေးမဆစ်သလို
Soil Test ကိုလဲ စျေးများတယ်မပြောဘူး

Please suggest me all the best
as much as you can. ... ဆိုပြီး
အကုန်ကောင်းတာပဲ လုပ်ချင်တဲ့သူ

သူ့ အပ်တဲ့ project ကလဲ Complex
ပေ ၄၀ Billboard ကြီးကို ၂ ဖက်လုံး
Cantilever ဝဲထားချင်တာ...

Pile cap အတွက် မြေ နေရာကလဲ
Limited ဖြစ်တဲ့အပြင် River side ဖြစ်နေလို့
Soil Liquefaction ဖြစ်/ မဖြစ်
Pile capacity ရ / မရသေချာသိဖို့လိုတယ်..

ဒါကြောင့် စျေးသက်သာတဲ့ Soil Test
မသုံးသင့်ကြောင်း ရှင်းပြတော့
ဂျပန်ကြီးက လက်ခံပါတယ်

No. 2
တောင်ကြီးကျောင်းက
မိတ်ဆွေမှတဆင့်သိတဲ့
လုပ်ငန်းရှင်မိသားစု ...

ပထမတော့ စီးပွားရေးလုပ်နေသူပီပီ
Soil Test ကို စျေးဆစ်လာပါတယ်..

ဒါပေမယ့် စျေးကြီးတာနဲ့ သက်သာတာဟာ
ဆေးခန်းသေးသေးမှာ စမ်းသပ်တာနဲ့
ဆေးရုံမှာ စမ်းသပ်တာကွာသလို စက် ပစ္စည်း
ကွာကြောင်း ရှင်းပြတော့ လက်ခံသွားပါတယ် ...

သူတို့အိမ်ကလဲ slope ပေါ်မှာတည်ရှိပြီး
Basement ကပါဦးမှာဆိုတော့ Soil Data
အသေအချာသိရဖို့ လိုကြောင်းရှင်းပြရတယ်

No.3 Client ကတော့
အထပ်မြင့် ၈ ထပ် Hotel ဆောက်မှာဖြစ်လို့
Site Classification အတွက် ပေ ၁၀၀ အထိ စမ်းခိုင်းတာ နယ်အထိကို Soil Test Company ခေါ်ပြီး ပေ ၈၀ အထိ
မခိုမကပ် drilling လုပ်ဖို့ သဘောတူကုန်ကျခံပေးတယ်…
Earthquake-resistant Design တွက်တာ Confidence ပါပဲ

No.4 Client က
ထုံးစံအတိုင်း တင်ဒါ ပရောဂျက်ပေါ့ ..
အစိုးရဖက်က system အမှားသွားတုန်းပဲ

တကယ်ဆိုရင် အစိုးရပိုင်တဲ့ မြေဖြစ်လို့
Soil Test တွေကို အိမ်ရှင်ဖြစ်တဲ့ ဌာနဆိုင်ရာ
လုပ်ပေးရမယ်..လုပ်ပေးပြန်တော့
စျေးသက်သာတာကို ရွေးကြ တယ်..

( တင်ဒါနဲ့နီးသူတိုင်း သိတယ်..
ပြောရင် အာပေါက်လို့ မပြောကြတာ..
မပြောတာကြာတော့ အမှားက အမှန်ဖြစ်လာ)

တကယ်ဆို အစိုးရမြေဖြစ်တဲ့အပြင်
School .. Hospital စတာလဲ ဖြစ်လို့
ပိုတောင်ကောင်းတာ သုံးသင့်သေးတယ်

Soil Test and Investigation ကို
အနည်းဆုံး 0.1 to 0.5% of PAE တော့ သုံးသင့်တယ်

ဒါတောင် ဒီတင်ဒါက ပြန်ပြီး တော့
Optimum Design အပ်သေးတယ်...

တချို့နယ်ဖက်ဆို တင်ဒါအောင်တော့ ရတဲ့
တင်ဒါ Drawing နဲ့ပဲ တည်ဆောက်ရေးလုပ်ပြီး
မြေပြင်မှာ ပြဿနာ တက်ကြ တာ..

ပြောချင်တာက Client ၂ မျိုးပဲရှိတယ်
Private ပြင်ပက လာအပ်တဲ့ Client နဲ့
Government အစိုးရ ဌာနက Client နဲ့

ဘယ်သူ့ကို Soil Test ကောင်းကောင်းစမ်းဖို့
ရှင်းပြလို့ ရနေလဲ ဆိုတော့ အထက်မှာ
ဖြစ်စဥ် ရေးပြခဲ့သလိုပါပဲ ....

သင်သာ အစိုးရ တင်ဒါလုပ်ရင်
အထူးသဖြင့် ပေ ၁၀၀ ကျော် ပေ ၃၀၀ ကျော်
စာသင်ကျောင်းတွေ ဆောက်လုပ်ခွင့်ရခဲ့ရင်
ဆေးရုံတွေ တင်ဒါပေးသူဖြစ်လာရင် ..

သာမန်လူပြိန်းအတွေးနဲ့ ..
အပေါ်ယံမြေလေးကြည့်ပြီးတော့
တော်တော်မာတယ်လို့ မပြောမိပါစေနဲ့...

ကိုယ့်မိသားစုဝင် အရေးပေါ်ဖြစ်လာရင်
Ultra sound ရိုက် ECG ဆွဲပြီး ကုတာနဲ့...
နဖူးလေးတချက် စမ်းပြီးတော့ ကုတာနဲ့...
ဘယ် result ကို ပိုယုံကြည်ကြပါသလဲ...?

အနှစ်ချုပ်ရရင်....
ကျနော်တို့ အလုပ်က ဆရာဝန်နဲ့တူတယ်
အသက်အန္တရာယ်ကို ကာကွယ်ပေးရတယ် ..

ရောဂါ အကြီးအသေးအလိုက်ကြည့်ပြီး
ကောင်းကောင်းစမ်း ကောင်းကောင်းကုသင့်ကြောင်း
မိမိရဲ့ Client ကို well-explained လုပ်နိုင်ရပါမယ်..

ကျနော်တို့ အလုပ်က ရှေ့နေနဲ့တူတယ်..
ရလာတဲ့ သက်သေတွေ data တွေကြည့်ပြီး
Client ကို အမှန်တရားရဖို့ ကာကွယ်ပေးနိုင်ရမယ်..

"ဂျင်း'' soil test တွေကို ရှောင်ကြဥ်ရမယ်
ဒါကိုပြောပြဖို့ ကျနော်တို့မှာတာဝန်ရှိတယ်

နံပါတ် ၁...
နီးစပ်ရာအချင်းချင်းပြောပြရမယ်

နံပါတ် ၂..
Client ကို ပြောပြရမယ်

နံပါတ် ၃...
Junior တွေကို ပြောပြရမယ်

နံပါတ် ၄..
သက်ဆိုင်ရာဌာနကို ပြောပြရမယ်

နံပါတ် ၅..
Professional က Professional ပီပီ
ရပ်တည်ရမယ်...

Credit- Engr Aung Myat Thu

Project Date Nov. 3, 2022Location 🏚  40 Ward, North dagon Twelve construction မှ အိမ်ရှင်ထံပြီးစီးအပ်နှံလိုက်တဲ့ အဆောင် ...
27/01/2023

Project Date Nov. 3, 2022
Location 🏚 40 Ward, North dagon
Twelve construction မှ အိမ်ရှင်ထံပြီးစီးအပ်နှံလိုက်တဲ့
အဆောင် ‌အဆောက်အဦး ပါခမျ။
Task
🛠ခြံစည်းရိုးအသစ်ဆောက်လုပ်ခြင်း
🛠ခြံအတွင်းထဲမြေဖို့ခြင်း
🛠အိမ်အတွင်းထဲအခန်းဖွဲ့ပေးခြင်း
🛠ခြံစည်း ရိုး မျက်နှာစာ ကွန်ကရစ် လောင်း ခြင်း
🛠ရေမြောင်းအသစ်ဆောက်လုပ်ခြင်း
🛠အိမ်သာခန်း/ရေချိုးခန်းဖွဲ့ပေးခြင်း/septic tank ပြုလုပ်ခြင်း
🛠အုတ်ရေကန်နှင့်မော်တာအိမ် ‌ဆောက်လုပ်ခြင်း
🛠မီးလိုင်း/ရေလိုင်းများ အသစ်တပ်ဆင်ပေးခြင်း တို့ကိုအိမ်ရှင်စိတ်တိုင်းကျညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်ခမျ

🔸🔸🔸🔸

Twelve C&D
Twelve Construction & Decoration

Contact us
🤙 09 98 748 6688, 09 97 667 2397
📲 09 98 748 6688
💻 [email protected]

Task
▪️DESIGN
▪️REMODELING
▪️RENOVATION
▪️OUTDOOR
▪️SERVICES
▪️APPLIANCES & SYSTEMS

🔸🔸🔸🔸

Twelve C&D မှ

🟤 အဆောက်အဦး အသစ်ဆောက်လုပ်ခြင်း။
RC / Steel Structure အကြမ်းထည် / အချောထည်၊ ရေမီးအပြီးအစီး။

🔵 အခန်းဟောင်းများ ပြင်ဆင်ခြင်း။
ဖြိုဖျက်ခြင်း၊ အခန်းဖွဲ့ခြင်း၊ ကြမ်းခင်းခင်းခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း။

🟠 [Fabrication & Installation] ထုတ်လုပ်တပ်ဆင်ခြင်း။
အလူမီနီယမ်၊ မှန်၊ စတီး၊ ဆန်းရှိတ်၊ လိပ်တံခါး၊ ဘာဂျာတံခါး၊ သံပန်း၊ ပရိဘောဂလုပ်ငန်းများကို
.. လူကြီးမင်းတို့ စိတ်တိုင်းကျ ညှိ့နှိုင်း ဝန်ဆောင်ပေးပါသည်။

Project Date Aug.6, 2022Location 🏚  43  Ward, North dagon Twelve construction မှ အိမ်ရှင်ထံပြီးစီးအပ်နှံလိုက်တဲ့extensio...
27/01/2023

Project Date Aug.6, 2022
Location 🏚 43 Ward, North dagon
Twelve construction မှ အိမ်ရှင်ထံပြီးစီးအပ်နှံလိုက်တဲ့
extension ၅ ခန်းတွဲ တန်ဖိုးသင့် အဆောင် ‌အဆောက်အဦး ပါခမျ။
Task
🛠အဆောင်ဘေးနား apron drain ပြုလုပ်ပေးခြင်း
🛠ခြံစည်းရိုးအသစ်ဆောက်လုပ်ခြင်း
🛠အ‌ဆောင်အတွင်းထဲအခန်းဖွဲ့ပေးခြင်း
🛠ခြံစည်း ရိုး မျက်နှာစာ ကွန်ကရစ် လောင်း ခြင်း
🛠ရေမြောင်းအသစ်ဆောက်လုပ်ခြင်း
🛠အိမ်သာခန်း/ရေချိုးခန်းဖွဲ့ပေးခြင်း/septic tank ပြုလုပ်ခြင်း
🛠1000 L ဆန့် water tank ၂ လုံးဆင်ပေးခြင်း
🛠မီးလိုင်း/ရေလိုင်းများ အသစ်တပ်ဆင်ပေးခြင်း တို့ကိုအိမ်ရှင်စိတ်တိုင်းကျညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်ခမျ

🔸🔸🔸🔸

Twelve C&D
Twelve Construction & Decoration

Contact us
🤙 09 98 748 6688, 09 97 667 2397
📲 09 98 748 6688
💻 [email protected]

Task
▪️DESIGN
▪️REMODELING
▪️RENOVATION
▪️OUTDOOR
▪️SERVICES
▪️APPLIANCES & SYSTEMS

🔸🔸🔸🔸

Twelve C&D မှ

🟤 အဆောက်အဦး အသစ်ဆောက်လုပ်ခြင်း။
RC / Steel Structure အကြမ်းထည် / အချောထည်၊ ရေမီးအပြီးအစီး။

🔵 အခန်းဟောင်းများ ပြင်ဆင်ခြင်း။
ဖြိုဖျက်ခြင်း၊ အခန်းဖွဲ့ခြင်း၊ ကြမ်းခင်းခင်းခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း။

🟠 [Fabrication & Installation] ထုတ်လုပ်တပ်ဆင်ခြင်း။
အလူမီနီယမ်၊ မှန်၊ စတီး၊ ဆန်းရှိတ်၊ လိပ်တံခါး၊ ဘာဂျာတံခါး၊ သံပန်း၊ ပရိဘောဂလုပ်ငန်းများကို
.. လူကြီးမင်းတို့ စိတ်တိုင်းကျ ညှိ့နှိုင်း ဝန်ဆောင်ပေးပါသည်။

🗓 အိမ်ဆောက်အကျိုးပေးလများ🔢 အိမ်ဆောက်အကျိုးပေးနေ့ရက်များ📝 မြန်မာ့ရိုးရာများ (မွန်ရိုးရာဓလေ့မူ)📖 မြန်မာ့ရိုးရာများ (ဗုဒ္ဓဘ...
27/06/2022

🗓 အိမ်ဆောက်အကျိုးပေးလများ
🔢 အိမ်ဆောက်အကျိုးပေးနေ့ရက်များ
📝 မြန်မာ့ရိုးရာများ (မွန်ရိုးရာဓလေ့မူ)
📖 မြန်မာ့ရိုးရာများ (ဗုဒ္ဓဘာသာအယူ)

〰️〰️〰️〰️〰️

🗓 အိမ်ဆောက်အကျိုးပေးလများ

▪️တန်ခူးလ အိမ်ဆောက်ပါက ကြွယ်ဝအံ့။
▪️ကဆုန်လ အိမ်ဆောက်ပါက ဆန်ရေစပါးပေါများအံ့။
▪️ဝါခေါင်လ အိမ်ဆောက်ပါက ပစ္စည်းဥစ္စာတိုးပွားအံ့။
▪️နတ်တော်လ အိမ်ဆောက်ပါက ကျော်စောထင်ရှားအံ့။
▪️ပြာသိုလ အိမ်ဆောက်ပါက ချီးမွမ်းခံရအံ့။
▪️တပေါင်းလ အိမ်ဆောက်ပါက ချမ်းသာအံ့။

〰️〰️〰️〰️〰️

🔢 အိမ်ဆောက်အကျိုးပေးနေ့ရက်များ

▫️တနင်္ဂနွေနေ့ ဆင်းရဲအံ့။
▫️တနင်္လာနေ့ (၂)လမြောက်သည်နှင့်ချမ်းသာအံ့။
▫️အင်္ဂါနေ့ မီးလောင်အံ့၊လာဘ်ရအံ့။
▫️ဗုဒ္ဓဟူးနေ့ ရံခါချမ်းသာ၊ ရံခါဆင်းရဲ၊ (၄)လ/နှစ်တို့တွင် ချမ်းသာအံ့။
▫️ကြာသပတေးနေ့ ချမ်းသာအံ့၊ ရောဂါကင်းအံ့။
▫️သောကြာနေ့ ရံခါအေးချမ်း၊ ရံခါပူလောင်၊ (၃)လမြောက်တွင် ချမ်းသာအံ့။
▫️စနေနေ့ သူတစ်ပါးညှင်းဆဲ့အံ့၊ (၄)လ/နှစ်တို့တွင် ချမ်းသာအံ့။

〰️〰️〰️〰️〰️

📝 မြန်မာ့ရိုးရာများ (မွန်ရိုးရာဓလေ့မူ)

▪️အိမ်အကျယ်အ၀န်းဧရိယာ အဆိုး/အကောင်း အလျားနှင့်အနံကို ပေါင်းပါ။
▪️(၃)ဖြင့်မြှောက်ပါ။
▪️ရလဒ်ကို (၈)ဖြင့်စားပါ။
▪️အကြွင်းကို အောက်ပါအတိုင်းဟောချက်ထုတ်ပါ။

🔻🔻🔻
(၁)ကြွင်း ကုန်သည်အိမ်
(၂)ကြွင်း ကျွန်အစေခံအိမ်
(၃)ကြွင်း မင်းအကြီးအကဲအိမ်
(၄)ကြွင်း မုဆိုးအိမ်
(၅)ကြွင်း သူဌေး၊သူကြွယ်အိမ်
(၆)ကြွင်း သူခိုးအိမ်
(၇)ကြွင်း အမတ်အိမ်
(၀)ကြွင်း ပြည့်တန်ဆာအိမ်

〰️〰️〰️〰️〰️

📖 မြန်မာ့ရိုးရာများ (ဗုဒ္ဓဘာသာအယူ)

▪️ဗုဒ္ဓဘာသာဝင်ဖြစ်ပါက အိမ်မဆောက်မှီ ရဟန်းသံဃာ(၅)ပါးဖြင့် မြေသန့်မင်္ဂလာ ဦးစွာဆောင်ရွက်ပါ။
▪️အခါကောင်း၊ ရက်ကောင်းရွေးပြီး အတိတ်နမိတ် ကျက်သရေ မင်္ဂလာအဖြာဖြာဖြင့် ပန္နက်တော်တင်ပြီး စတင်တည်ဆောက်ပါ။
▪️ထိုအိမ်များတွင် နေထိုင်သည်နှင့် ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးစေလျက် အကျိုးထူးစီးပွား ဖြစ်ထွန်းစေပါသည်။

Credit

Twelve C&D
Twelve Construction & Decoration

Contact us
🤙 09 98 748 6688, 09 97 667 2397
📲 09 98 748 6688
💻 [email protected]

Address

Yangon

Telephone

+959987486688

Website

Alerts

Be the first to know and let us send you an email when 𝙏𝙒𝙀𝙇𝙑𝙀 𝘾&𝘿 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙏𝙒𝙀𝙇𝙑𝙀 𝘾&𝘿:

Share