HEZ interior

HEZ interior Architect, Construction and Interior Design

✴ဘယ်တော့မှမရိုးတော့ဘူးတဲ့လုံးဝသေချာတယ်✴  🎷 Estella Town House က 4bedrooms အခန်းအတွက် HEZ ရဲ့Interior Design ပုံလေးတွေကို...
03/08/2025

✴ဘယ်တော့မှမရိုးတော့ဘူးတဲ့လုံးဝသေချာတယ်✴

🎷 Estella Town House က 4bedrooms အခန်းအတွက် HEZ ရဲ့Interior Design ပုံလေးတွေကို ဦးဆုံးတင်ပေးလိုက်ပါတယ်ဗျ🎷

ကျွန်တော်တို့တွက် project မစတင်ခင် interior design ကိုအရင်ဆုံးစဥ်းစားတဲ့အခါမှာ အိမ်မှာနေမယ့်မိသားစုဝင်တစ်ဦးချင်းစီရဲ့အကြိုက်စိတ်​နေခံစားချက်အချို့ကို ဦးဆုံးလေးလေးနက်နက်နားထောင်ပေးရပါတယ်

အိမ်တစ်ခုလုံးရဲ့ သွားမယ့်Theme နဲ့ color က တစ်ခုတည်းပေါ်မှာ အခြေခံပြီးသွားမလား ဥပမာပြောရရင် မိသားစုဝင်တစ်ဦးက minimalism သမား သူကရိုးရှင်းလေ ကြိုက်ပေမယ့်တခြားတစ်ဦးက
Contemporary သို့မဟုတ် Modern သို့မဟုတ် Bohemian design ကိုမှ နေချင်သူလား ဒါတွေအားလုံးတွက် လိုက်လျောညီထွေ အကြိုက်တူညှိဖို့ အများကြီး ပြင်ဆင်ရပါတယ်

🎊တစ်ခုအမြဲလိုလို ကြုံရတာကတော့ ကျွန်တော်တို့ရဲ့ design အဖွဲ့ အကြံပေးမှုတွေကို နှစ်သက်ကြတဲ့ client တွေပါပဲ🎊

HEZ
You dream it,we build it.

Interior Decoration အတွက် အသေးစိတ်ဆက်သွယ်မေးမြန်းဖို့တွက်ဆို

☎Contact - 09785111148 / 09943422554

🏫 No.120/Corner of Aung Chan Thar St & Insein Road/ Mayangone Township






🔷 Design Project for ဝက်ကလေးမောက်ချိုက်Sqft- 460sftDesign - ConfirmedLocation - Hlaing Townshipလက်ရှိဆိုင်ခန်းအနေထားကနေပ...
12/07/2025

🔷 Design Project for ဝက်ကလေးမောက်ချိုက်

Sqft- 460sft
Design - Confirmed
Location - Hlaing Township

လက်ရှိဆိုင်ခန်းအနေထားကနေပိုပြီးဆွဲဆောင်နိုင်တဲ့interior design တွက် HEZ မှ ဖန်တီးဆွဲပေးထားတာလေးပါဗျ
🔹 Interior Design&Decoration အတွက် အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက

Contact☎ - 09943422554/09785111148

Office Address 🏫- No 120/Corner of Aung Chan Thar St &Insein Road / Mayangone Township




You dream starts here. Scope- Design&BuildSqft - 1600 sqftLocation - Hlaing RiverSt,Insein Township     Beauty Spa တစ်ခု...
27/05/2025

You dream starts here.

Scope- Design&Build
Sqft - 1600 sqft
Location - Hlaing RiverSt,Insein Township
Beauty Spa တစ်ခုမဖွင့်ခင် interior decoration ပြင်ဖို့ ဘယ်အချက်တွေကြောင့် အရေးကြီးတာလဲ အတိုဆုံး မင်မင်ပြောပြပေးရရင်

နံပါတ် 1.First Impression( client ဝင်လာတာနဲ့ first lookက ပြောစရာရ မလိုအောင််အရမ်းအရေးကြီးတဲ့ အချက်ပါ)

2.Trust & Comfort(သက်သောင့်သက်သာရှိပြီး relax လုပ်လို့ ok ရင် နောက်တစ်ကြိမ် ပြန်လာဖို့ ဆွဲဆောင်နိုင်ပီလေနော်)

3.Branding& Style( luxury look ,minimalist,nature vibe) ဘယ်လိုဖန်တီးချင်လဲ HEZ ကိုသာ ပြောလိုက်နော်ဗျ

4.Functionality ( layout အထားအသိုမှန်ကန်ခြင်းက ဝန်ထမ်းတွေအတွက် အလုပ်လုပ်ရာမှာ လျင်မြန်လွယ်ကူပြီး client တွေအတွက်လည်း သက်သောင့်သက်သာ ပိုအဆင်ပြေစေမယ့် အရေးကြီးတဲ့အချက်ပါခင်ဗျ)
အခု Project လေးကတော့ စလယ်ဆုံး Design မှသည် project installation တစ်ခုလုံး ဆောင်ရွက်ပေးနေတဲ့ အင်းစိန်မြို့နယ်က Beauty Spa တစ်ခုပဲ ဖြစ်ပါတယ်
မကြာခင် project ပြီးစီးမှု ပုံလေးတွေလည်း တင်ပေးပါမယ်ဗျ

Contact- 09785111148 /09943422554

Office Address - Corner of Aung Chan Thar St & Insein Road/ Mayangone Township

HEZ
You dream it,we build it.




HEZ ရဲ့ titok channel မှာ အမေးများနေတဲ့ အင်းစိန် project လေး အိမ်ရှင်လည်း ထပ်တူကြိုက်နှစ်သက်  စိတ်ချမ်းသာမှုအပြည့်နဲ့ ပြ...
18/02/2025

HEZ ရဲ့ titok channel မှာ အမေးများနေတဲ့ အင်းစိန် project လေး

အိမ်ရှင်လည်း ထပ်တူကြိုက်နှစ်သက် စိတ်ချမ်းသာမှုအပြည့်နဲ့ ပြီးစီးအပ်နှံခဲ့ပါပြီ

အိမ်ရှင်အကိုနဲ့အမရဲ့ လိုချင်တဲ့ design အတိုင်းကို တစ်အိမ်လုံးစာအတွက် modern furniture အပြည့် ကျွန်တော်တို့ HEZ Team မှ သေသပ်လှပစွာ ပြုလုပ်
ဆောင်ရွက်ပေးထားတာလေး ဖြစ်ပါတယ်ခင်ဗျ

Interior design & decoration အတွက်အသေးစိတ်မေးမြန်းလိုပါက

page chat box or Contact - 09785111148

Titok - ချန်နယ်မန့်မှာ ချပေးထားပါတယ်ရှင့်။

Address- No.120/Corner of Aung Chan Thar ST &Insein Road/ Mayangone Township

HEZ
You dream it, we build it.




Design အတိုင်းကွက်တိအကောင်ထည်ဖော်နေတဲ့ Century Condo က 2 bedroom အခန်း လေး မကြာခင်မှာ ပြီးစီးတဲ့ပုံလေးတွေ လာပါမယ်ဗျSqft ...
14/02/2025

Design အတိုင်းကွက်တိအကောင်ထည်ဖော်နေတဲ့ Century Condo က 2 bedroom အခန်း လေး

မကြာခင်မှာ ပြီးစီးတဲ့ပုံလေးတွေ လာပါမယ်ဗျ

Sqft -1100 sqft
Design - Minimalism
Project Scope - Design & Built
Project Location - Century Condo/ Hlaing Township

Contact - 09785111148 မှာ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျ

HEZ
You dream it, we build it.




Cool vibe &  Warm Vibe ၂မျိုးလုံး ထိထိမိမိရဖို့အခန်းကျဉ်းကျဉ်းလေးမို့ ဘယ်လိုတွေထည့်ရမလဲဒီအတွက်မပူပါနဲ့ HEZ ကိုသာ ခေါင်းစ...
23/01/2025

Cool vibe & Warm Vibe ၂မျိုးလုံး ထိထိမိမိရဖို့
အခန်းကျဉ်းကျဉ်းလေးမို့ ဘယ်လိုတွေထည့်ရမလဲ
ဒီအတွက်မပူပါနဲ့ HEZ ကိုသာ ခေါင်းစားခိုင်းလိုက်ပါ🤪

Sqft -1003 sqft
Location - The Century Condo ( 2 Bedrooms)
Work Scope - Design & Built
Project Duration - 45 days

ယခု project လေးကတော့ Installation စတင်နေပြီဖြစ်တဲ့ The Century Condo( 2 bedrooms) အခန်းလေးရဲ့ Interior design လက်ရာများကို အရင်ဆုံးတင်
ပေးလိုက်ပါတယ်ခင်ဗျ အခန်းဖွဲ့စည်းပုံအနေအထားကိုလိုက်ပြီး space တစ်ခုချင်းစီမှာ နေရာမပုပ်ပဲ အံဝင်ခွင်ကျဖြစ်ဖို့အတွက် အဓိက ဦးစားပေးပြီး design ပိုင်းကိုပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ် Project အပြီးပုံလေးတွေကတော့ မကြာမှီ လာပါမယ်ဗျ

Contact us for more details

📞 09785111148
Office Address - No.120,Corner of Aung Chan Thar St & Insein Road / Mayangone Township

HEZ
You dream it, we build it.




2025 မှာ ဘာတွေလိုအပ်မှာလဲ ?အများကြီးမစဉ်းစားနဲ့နော်အဖြေက သင်ရဲ့ ခြေလှမ်းသစ်တွေအတွက် HEZ ရဲ့ design တွေပေါ့ဗျာယခု project...
29/12/2024

2025 မှာ ဘာတွေလိုအပ်မှာလဲ ?

အများကြီးမစဉ်းစားနဲ့နော်

အဖြေက သင်ရဲ့ ခြေလှမ်းသစ်တွေအတွက် HEZ ရဲ့ design တွေပေါ့ဗျာ

ယခု project လေးကတော့ HEZ ကနေ Design သီးသန့်တာဝန်ယူဆွဲပေးခဲ့တဲ့ တောင်ဥက္ကလာမှ SPA တစ်ခုရဲ့ interior design လက်ရာ​တွေပဲ ဖြစ်ပါတယ်ခင်ဗျ

Client လိုချင်တဲ့ Vietnam theme ကိုအခြေခံပြီး ပုံမှန်မြင်တွေ့ရတဲ့ SPA ပုံစံမျိုးနဲ့ကွဲထွက်အောင်ရယ် space ကျယ်ဝန်းတဲ့အတွက် နေရာတိုင်းဆီမှာ interior design အလှကို အသေးစိတ် ပုံဖော်ပေးထားပါတယ်

Sqft - 2990 sqft
Design - HEZ Confirmed

HEZ
You dream it,we build it.

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက

Contact - 09785111148

Office Address - No.120/Corner of Aung Chan Thar St and Insein Road/Mayangone Township



အိမ်ပြင်မယ့်သင့်အတွက်ပေးစာ 💌-အရိုးရှင်းဆုံးဟာ အပြောင်းလဲမြန်တဲ့ ကျွန်တော်တို့စိတ်တွေအတွက် ဘယ်တော့မှ မရိုးနိုင်မယ့်အရာပါ-...
04/11/2024

အိမ်ပြင်မယ့်သင့်အတွက်ပေးစာ 💌

-အရိုးရှင်းဆုံးဟာ အပြောင်းလဲမြန်တဲ့ ကျွန်တော်တို့စိတ်တွေအတွက် ဘယ်တော့မှ မရိုးနိုင်မယ့်အရာပါ

- သင့်အိမ်လေးဟာ နွေးထွေးရမယ် ကျော့ရှင်းနေမယ် အထူးသဖြင့် အပိုအလိုမရှိ ကျစ်ကျစ်လစ်လစ် လှချင်နေပါလိမ့်မယ်

ထိုအတွက်ကြောင့် HEZ ရဲ့ အကူညီကိုရယူပါ🤝

Interior Design မှသည် Project installation တစ်ခုလုံးအတွက် HEZ ရှိနေပါပြီ ခင်ဗျ

ယခု project လေးကတော့ Design confirm ပြီး project စတင်နေပြီဖြစ်တဲ့ Brilliance Mansion Condo အတွက် HEZ လက်ရာ 3D design ပုံတွေပဲ ဖြစ်ပါတယ်

Sqft- 929sqft( 2 bedrooms)
Location- BMC Condo /Lanmandaw Township

HEZ
You dream it,we build it.

Contact- 09785111148

Office Address- No.120/ Corner of Aung Chan Thar St & Insein Road/ Mayangone Township





ကျွန်တော်တို့ အိမ်မှာပဲနေချင်တယ်အပြင်မထွက်ချင်ဘူးအိမ်မှာနေရရင် စိတ်ကြည်လင်နေတယ်အိမ်ရဲ့ဘယ်နားမှာပဲနေနေ စိတ်ပျော်ရွှင်မှုရ...
26/09/2024

ကျွန်တော်တို့ အိမ်မှာပဲနေချင်တယ်
အပြင်မထွက်ချင်ဘူး
အိမ်မှာနေရရင် စိတ်ကြည်လင်နေတယ်
အိမ်ရဲ့ဘယ်နားမှာပဲနေနေ စိတ်ပျော်ရွှင်မှုရနေဖို့ဆိုတာ သိပ်ကိုအခြေခံကျတဲ့ လိုအပ်မှု တစ်ခုပါ

အခု project လေးကတော့ ရန်ကင်းမြို့နယ်
၊ ကန်ဘဲ့တာဝါ မှ Condo အခန်းလေးအတွက် မကြာခင်မှာ installation ဆောင်ရွက်တော့မယ့် 3D design လက်ရာများ ဖြစ်ပါတယ်

Project Scope - Design & Build

Sqft - 1120sq-ft ( 3Bedrooms)

Design - HEZ Confirmed( Minimalism Modern)

HEZ
You dream it, we build it.

Contact - 09785111148

Office Address - No.120,corner of Aung Chan Thar St & Insein Road,Mayangone Township



13/09/2024

လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးအခက်အခဲ အခြေနေများကို ကျွန်တော်တို့ ရန်ကုန်ကနေ ကယ်ဆယ်ရေးအဖွဲ့များနဲ့အတူ လူအင်အားရောသွားရောက်ဖြည့်ပေးမှာမို့ page reply ပြန်တာလေးတွေ ဒီရက်ပိုင်းနောက်ကျသွားခဲ့ရင် အနူးညွှတ်တောင်းပန်ပါတယ်ဗျ

18.9.2024 အထိ appointment ယူထားပြီးသော site survey များကိုလည်း ရက်အပြောင်းအလဲ ရှိပါသောကြောင့် survey team မှ ဖုန်းပြန်လည်
ဆက်ပေးပါမယ်နော်ဗျ

#ရေဘေး
#ကယ်ဆယ်ရေး

HEZ နဲ့ပရလောက ဇာတ်သိမ်းပိုင်း     ကျနော်နဲ့ဆေးဆရာကိုမျိုး site ထဲရောက်တော့ အိမ်ရှင်လင်မယားလည်း ရောက်နှင့်နေပြီ။သူတို့ကတေ...
06/09/2024

HEZ နဲ့ပရလောက

ဇာတ်သိမ်းပိုင်း

ကျနော်နဲ့ဆေးဆရာကိုမျိုး site ထဲရောက်တော့ အိမ်ရှင်လင်မယားလည်း ရောက်နှင့်နေပြီ။သူတို့ကတော့ လူလတ်ပိုင်းအရွယ်တွေ၊ နတ်ဝင်သည် အဒေါ်ကြီးကတော့ အသက် ၅၀ကျော်လောက် ရှိနှင့်နေပြီထင်ရတယ်။လူပုံစံက အညာဘက်ကပုံစံမျိုး။မျက်နှာတော့ခပ်တည်တည်ပါပဲ။အိမ်ထဲဝင်ကြတော့ အိမ်ကတစ်အိမ်လုံးပြင်ထားမှန်းသိသာပါတယ်။အိမ်သုတ်ဆေးအနံ့တွေ ၊ပစ္စည်းပစ္စယတွေနဲ့ဆိုတော့။နတ်ဝင်သည်အဒေါ်ကြီးကမျက်စိကိုမှိတ်ပြီးအားလုံးကိုတိတ်တိတ်နေဖို့လက်ညှိုးနဲ့နှုတ်ခမ်းကိုဖိပြီးသတိပေးရင်းအာရုံခံနေတယ်။ပြီးတော့သူ့မျက်လုံးကိုဖွင့်ပြီးသက်ပြင်းအရှည်ကြီးချတယ်။အင်း…အနံ့အသက်တွေမကောင်းဘူးတဲ့။ကျနော်လည်းကိုယ့်ချိုင်းကိုယ်ရှူလိုက်သေး😂ငါရေမွှေးများမဆွတ်ခဲ့တာလားလို့ပြောင်တောင်တောင်အတွေးကဝင်လာသေးတယ်။ပြီးတော့သူက ဒီအိမ်ကဘုရားခန်းထားမယ့်နေရာကိုသွားကြမယ်တဲ့။ဘုရားခန်းရောက်တော့ နတ်ဝင်သည်အဒေါ်ကြီးက ပါလာတဲ့ဖယောင်းတိုင်တစ်တိုင်ကိုထွန်းပြီး မျက်လုံးမှိတ်ပြီးအာရုံပြုနေတယ်။ဘာကိုအာရုံပြုလဲတော့မသိဘူးအဲ့အချိန်မှာ အရမ်းကိုစွဲမက်ဖွယ်ကောင်းလှတဲ့ အနံ့တစ်ခုကိုရလိုက်တယ်။ကျနော်တစ်ယောက်ပဲလားဆိုတော့ အိမ်ရှင်လင်မယားရယ် ၊ကိုမျိုးရယ်ကလည်း ကျနော့ကိုကြည့်ပြီးတစ်ယောက်ကိုတစ်ယောက် ခေါင်းငြိမ့် အသိအမှတ်ပြုနေလျက်၊ငါတို့လည်းရတယ်ပေါ့။အဲ့မှာပဲနတ်ဝင်သည်အန်တီကြီးတစ်ကိုယ်လုံး တုန်လာပြီး အသံနက်ကြီးနဲ့စပြောတော့တာပဲ။

နတ်ဝင်သည် ။ ။ ဟဲ့ကောင်တွေ၊ငါဘယ်သူလဲသိလားဟဲ့။
အိမ်ရှင်လင်မယား ။ ။ မသ်ိပါဘူးဆရာမ
နတ်ဝင်သည် ။ ။ အေးမသိရင်မှတ်ထား၊ငါဒီအိမ်ကိုစောင့်ရှောက်နေတဲ့အရှင်မပဲဟေ့
အိမ်ရှင်အကို။ ။ ဟုတ်ကဲ့အရှင်မဘာများလိုချင်လို့အခုလိုခြောက်လန့်နေရတာလဲဗျ ကျနော်တို့မနေရလို့ပါ။
နတ်ဝင်သည် ။ ။ ဟဲ့ငါနင်တို့ဆီက ဘာမှမလိုချင်ဘူး။နင်တို့ငါစောင့်ရှောက်နေတဲ့အိမ်ကို ပြင်ဆင်နေတာငါမကြိုက်လို့ဟဲ့ ၊ငါက သိပ်အလှအပကြိုက်တာ၊ နင်တို့အခုပြင်နေတာကိုကြည့်စမ်း အမြင်မရှိကြတာလားဟဲ့
ကျနော်တို့။ ။ ဟုတ်ကဲ့ပါကျနောတို့ဘာလုပ်ပေးရမလဲခင်ဗျ
နတ်ဝင်သည်။ ။ငါအခုစောင့်ရှောက်နေတဲ့အိမ်က ဒီဇိုင်းလေးဘာညာ လှတပတ မရှိဘူး ဟိုနောက်ကတစ်ယာက်(ကျနော့ကိုတွေ့သွား)နင်ကရော အခုမှဘာလို့ ဒီအိမ်ကိုလာကြည့်တာလဲ
ကျနော်။ ။ ဒါက ကျနော်ပြင်နေတဲ့အိမ် မဟုတ်ဘူးဗျ အသိမိတ်ဆွေရဲ့အိမ်ပါ
နတ်ဝင်သည် ။ ။ဟဲ့ နင့်မှာ အိမ်ပြင်တာနဲ့ပါတ်သတ်ပြီး ဘယ်လောက်တောင်ပြောက်မြောက်တဲ့ ဒီဇိုင်းပညာတွေရှိတယ်ဆိုတာ ငါအာရုံရနေတယ် နင်က HEZ ဆိုလား အဲဒီပိုင်ရှင်မလား ဒီတော့ နင်သူတို့ကိုအကြံပေးပြီး ကူပေးလိုက် လှပကျော့ရှင်းနေအောင်လိုအပ်တာတွေကို လုပ်ပေးလိုက်ငါပြန်တော့မယ် သေချာလိုက်လုပ်ပေးနော် ကြားလား ဒါပဲဟေ့
ဟောဗျာ
ပြောပြောဆိုဆိုပျောက်သွားတဲ့အရှင်မ ၊ကျနော်တို့လည်း နတ်ဝင်ခြင်းကိစ္စပြီးတော့ အိမ်ပြင်ဖို့လိုအပ်တာလေးတွေ အိမ်ရှင်လင်မယားကိုအကြံညဏ်ပေးလိုက်တယ်။သူတို့အိမ်ကလည်းတစ်အိမ်လုံးပြင်ပြီးနေပြီကိုး။အခန်းအရောင်အနေထားနဲ့ လိုအပ်တဲ့ furniture လေးထပ်ဖြည့်ဖို့ပဲ သေချာရှင်းပြပြီး site ကနေ အမြန်လစ်ခဲ့တော့တယ်။
အိမ်ရောက်တော့ကျနော်လည်းရေမိုးချိုးဇနီးပြင်ပေးထားတဲ့ ညစာစားပြီး contentစရေးနေလိုက်တာဒီနေ့အတွေ့ကြုံကနေ ကုန်ကြမ်းတွေလည်းရလာတာကိုး။အချိန်ကုန်မှန်းမသိကွန်ပျူတာရဲ့နာရီကိုကြည့်လိုက်တော့မှ ည၁၀ နာရီထိုးနေပြီ။ရုတ်တရက်အလွန်တရာမွှေးကြိုင်လှတဲ့ဆွဲဆောင်မှုရှိတဲ့ အနံ့တစ်မျိုး နှာခေါင်းထဲရောက်လာတယ်။ကျနော့လန့်သွားပြီးကျောပါချမ်းလာတယ်မနက်ကတွေ့ခဲ့တဲ့ အရှင်မများ ငါ့အိမ်လိုက်လာသလားပေါ့။အနောက်ကိုလှည့်ကြည့်လိုက်တော့မှ အဟဲ ချစ်လှစွာသောဇနီးက မှန်တင်ခုံမှာထိုင်ပြီးလိုးရှင်းလိမ်းနေလေရဲ့ ကျနော်လည်း ရေးလက်စကို content ကို အဆုံးသတ်လိုက်ပြီး အရှင်မနား အဲလေမှားလို့ အိပ်ဖို့ပြင်လိုက်ပါတော့တယ်😂

HEZ
You dream it,we build it.



HEZနှင့် ပရလောက အပိုင်း၂ ဆေးကန်ထရိုက်တာကိုမျိုးရဲ့ကိုယ်တွေ့မှတ်တမ်း     ဒီနေ့ site အပြီးဖြတ်မှ ဖြစ်မယ်လို့ ကျနော့်ရဲ့အဖွ...
04/09/2024

HEZနှင့် ပရလောက အပိုင်း၂

ဆေးကန်ထရိုက်တာကိုမျိုးရဲ့ကိုယ်တွေ့မှတ်တမ်း

ဒီနေ့ site အပြီးဖြတ်မှ ဖြစ်မယ်လို့ ကျနော့်ရဲ့အဖွဲ့သားတွေတစ်ဦးချင်းစီကိုဖုန်းဆက်ခဲ့တယ်။site ကိုလာဖို့ ခေါ်ခဲ့တယ်။Site က မှော်ဘီဘက်မှာ ဒီsiteကကျနော်နဲ့အကျိုးမပေးဘူး။စဝင်ပြီး၃ပါတ်ပြည့်တော့မှာတောင်ကျနော်ထည့်ထားတဲ့labor တွေတစ်ယောက်ပြီးတစ်ယောက်ထွက်ကုန်ကြတယ်။ဒီအိမ်ဆိုအလုပ်မဆင်းချင်ကြဘူး။ကျနော်လည်းလေဘာကြေးတွေထောင်းနေပြီ။မနက်ဖန်ဆိုပါကေးတွေ cabinet တွေအပြီးဆင်ကြတော့မှာဆိုတော့ ကျနော်ရဲ့နံရံဆေးတွေအပြီးဖြတ်ပေးဖို့လိုနေပြီ။ကျနော်လည်းလူရှာလို့မရလို့နောက်ဆုံးအဖွဲ့ထဲကလုပ်သက်အနုဆုံးညီငယ်မောင်ဆန်းဝင်းကိုပဲလှမ်းခေါ်လိုက်ရတယ်။ကျနော်ရယ် မောင်ဆန်းဝင်းရယ်ပေါ့။နံရံfinal ဆေးတစ်ကြောင်းစာပဲလှိမ့်ဖို့ကျန်တာ။မနေ့ကကျနော့လူရင်း၂ယောက်ကလည်းသရဲခြောက်ခံရလို့ဆိုပြီးဘယ်လိုမှခေါ်မရတာ။အခုလည်းသကောင့်သားဆန်းဝင်းကsite အကြောင်းဘယ်ကနေဘယ်လိုကြားလာမှန်းမသိ မလိုက်ချင်သလို ၊လိုက်ချင်သလို အင်တင်တင်လုပ်နေတာ။ကျနော်က ဟကောင် မင်းယောကျ်ားမဟုတ်ဘူးလားပြောတော့ ကျနော်သရဲကြောက်လို့တဲ့။မင်းအမေကြီးတော်သရဲမကြောက်နဲ့ထမင်းငတ်မှာကြောက်လို့ခေါင်းကိုထုထည့်လိုက်မှ သကောင့်သားက တဖြီးဖြီးနဲ့ အဲဒါဆို နဲနဲလေးရဲဆေးတင်ပြီးမှအလုပ်ဝင်ကြတာပေါ့တဲ့။အလုပ်လည်းသွက်အောင်တစ်ညလုံးဝင်ရမှာဆိုတော့ တစ်ယောက်တစ်ဘူးကစ်ပြီး site ရှိရာဆီထွက်လာခဲ့ကြတယ်။
Site ထဲရောက်တော့ဘယ်သူမှမရှိကြဘူး။ကျနော်တို့ရောက်တာနေ့လည်၃နာရီလောက်ပေါ့။တစ်အိမ်လုံးကျနော်နဲ့ဆန်းဝင်း၂ယောက်ထဲရယ်။ကျနော်တို့လည်းပစ္စည်းပစ္စယတွေချ၊ဆေးလှိမ့်ဖို့ဟိုပြင်ဒီပြင်၊ လှေကားဆင်လုပ်။ဆန်းဝင်းက ဆေးဗုံးတွေကိုနောက်ဖေးမီးဖိုးခန်းထဲရွှေ့၊ကျနော်ကဆေးစပ်ပေး၊သူ့ကိုလုပ်ငန်းအကြောင်းပြောပြဆေးစပ်နည်း၊ဆေးလှိမ့်နည်းကိုကျနော်လုပ်ပြရင်းသူ့ကိုသင်ပေးလိုက်၊ကူခိုင်းလိုက်နဲ့အချိန်က ညနေ၇နာရီထိုးလို့ထိုးသွားမှန်းမသိခဲ့ကြဘူး။အဲဒါနဲ့ကျနော်က ခနနားပြီးမင်းညစာစားတော့မလားလို့မေးတော့သူကခနနေမှစားမယ်တဲ့။ဒီတစ်ကွက်အပြီးဖြတ်လိုက်ဦးမယ်ဆိုတော့ကျနော်လည်းမီးဖိုချောင်ထဲသွားလိုက်တယ်။ဆေးလိပ်၁လိပ်ထုတ်ညှိလိုက်ပြီးfbခဏ ကြည့်နေလိုက်တယ်။ဆန်းဝင်းကအဲ့အချိန်အိမ်ရှေ့ဧည့်ခန်းမှာဆေးလှိမ့်နေတာ။သူ့ဖုန်းကနေမမြင့်သီချင်းဖွင့်ထားတယ်ဒီကောင်အသဲကွဲနေတာလားဆိုပြီးကျနော်တွေးရင်းနဲ့သီချင်းတောင်လိုက်ညည်းလိုက်သေးတယ်။အဲ့မှာသူဖွင့်ထားတဲ့သီချင်းကပိတ်သွားတော့ကျနော်လည်းဘာလို့ပိတ်လိုက်တာလဲဟ ဆိုပြီးစိတ်ထဲတွေးနေတုန်း ဗြန်းဆို ဝုန်းခနဲအိမ်ရှေ့ကဆူဆူညံညံအသံကြီး၅စက္ကန့်လောက်ကြားလိုက်ရတယ်။ကျနော်လည်းဆန်းဝင်းဘာဖြစ်တာလဲဟ လို့လှမ်းမေးတော့ဒီကောင်ကဘာမှပြန်မဖြေတာနဲ့ကျနော်အိမ်ရှေ့ထွက်လာခဲ့တယ်။
အိမ်ရှေ့မှာဆန်းဝင်းလည်းမရှိတဲ့အပြင်ပစ္စည်းတွေအကုန်လုံးပွစာကြဲနေတော့ကျနော်လည်းဘာဖြစ်မှန်းမသိပဲကြောင်စီစီဖြစ်သွားတယ်။တိုက်တိုက်ဆိုင်ဆိုင်မီးကလည်းပျက်သွားတစ်အိမ်လုံးအမှောင်အတိဖြစ်သွားတယ်။တစ်သက်လုံးမကြောက်ခဲ့ဖူးတဲ့သရဲကိုအခုချိန်မှအမှတ်မထင်သတိရပြီးကြောက်ချင်လာတယ်။အဲဒါနဲ့အလင်းရောင်ရအောင်ဖုန်းမီးကိုဖွင့်ပြီးအရှေ့ကိုထိုးလိုက်တော့ဆန်းဝင်းရဲ့မျက်နှာကြီးကိုအလန့်တကြားတွေ့လိုက်ရတယ်။မျက်လုံးတွေကနီရဲတွတ်နေပြီ။ကျနော့ကိုစိုက်ကြည့်နေတာကျောတပြင်လုံးကြက်သီးထသွားတာတောင်ခံစားလိုက်ရတယ်။သူကဆေးဗုံးကြီးကိုင်ပြီးမှောင်မှောင်မဲမဲနဲ့မီးဖိုခန်းထဲလျှောက်သွားတော့ကျနော်က ဟကောင် မမြင်မစမ်းဘယ်သွားမလို့လဲဟ ငါmain ခလုတ်ကိုသွားစစ်လိုက်ဦးမယ်သူ့ကိုပြောပြီးကြောက်စိတ်တွေကိုအတင်းဖယ်ထုတ်လိုက်ရတယ်။ဒီကောင်ကကျနော့ကိုဘာမှပြန်မဖြေဘူး။မီးဖိုချောင်ထဲကိုပဲဝင်သွားပြီးသိပ်မကြာလိုက်ဘူးကျနော်တောင်မီးမစစ်ရသေးဘူးမီးကပြန်လာတော့ကျနော်လည်းမီးဖိုချောင်ထဲလိုက်သွားတာပေါ့။အဲဒီမှာဒီကောင်က ထူးထူးဆန်းဆန်းကြီးလုပ်နေတာ။အစကအရက်များမူးနေတာလားလို့ထင်မိတာ။နောက်တော့မဟုတ်ဘူးလက်တစ်ဖက်ကဆေးပုံးကိုကိုင်၊တစ်ဖက်က ဆေးပုံးထဲနှစ်ထားရင်း နံရံကိုမျက်နှာမူပြီး နဖူးနဲ့နံရံကိုအကြိမ်ကြိမ်ဆောင့်နေတာ။အဲဒါနဲ့ကျနော်လည်းစိုးရိမ်သွားပြီးသူရဲ့ပုခုံးကိုပုတ်လိုက်တော့ ဒီကောင်ကရုတ်တရက်တိုက်နေတာကိုရပ်သွားပြီးကျနော့ကိုတစ်ချက်ချင်းလှည့်ကြည့်တယ်။သိပ်ကိုကြောက်စရာကောင်းတဲ့မျက်နှာကြီးဗျာ မျက်လုံးကြီးကပြူးပြီးရဲတွတ်နေတာ၊သွားကြီးကဖြီးလို့၊တစ်သက်မှာတစ်ခါမှ ဒီလောက်ကြောက်စရာကောင်းတဲ့မျက်နှာကြီးမမြင်ဖူးဘူး။နဖူးမှာလည်းသွေးတွေကစီးကျလို့ ကျနော်လည်းဘာမှမပြောနိုင်ဖြစ်နေတုန်း ဆန်းဝင်းက ကျနော့ထက်ပုတ်လောက်ရှည်တဲ့အရပ်ကြီးဖြစ်သွားလိုက်တာမျက်စိရှေ့မှာတင်ကိုဗျာ။ပြီးတော့ သူ့လက်ကြီးနဲ့လွှဲရိုက်လိုက်တာ ကျနော်လည်းတစ်ခါတည်းမေ့သွားပါရော။ကျနော်သတိပြန်ရလာတော့Taxi ပေါ်မှာဆန်းဝင်းရဲ့ပေါင်ပေါ်မှာ ကျနော့ခေါင်းက။ကျနော့အသံတောင်မထွက်နိုင် စကားလည်းတစ်ခွန်းမှမပြောနိုင်ပဲဖြစ်နေတုန်းသူက ဆရာအိမ်ထဲမှာတစ်ယောက်ထဲမေ့လဲနေတာတွေ့လို့တဲ့။ကျနော်ဆေးလိပ်သွားဝယ်ပြီးပြန်လာတော့ ဆရာကမီးဖိုချောင်ထဲမှာလဲနေတာတွေ့လို့စိတ်ပူပြီးဆေးခန်းကိုအခုခေါ်လာတာတဲ့။ကျနော်လည်း ခုနက ကျနော့ကိုရိုက်တာ ဆန်းဝင်းမဟုတ်ပဲဆန်းဝင်းအယောင်ဆောင်တဲ့သရဲမှန်းသဘောပေါက်သွားတာပဲ ကိုထူးရေဆိုပြီး ကိုမျိုးက သူ့ရှေ့က လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်တယ်။
ဟော..အိမ်ရှင်ဖုန်းဆက်ပြီကိုထူးရေတဲ့။အခုအဲ့ site ထဲသွားမယ်တဲ့။နတ်ဝင်သည်ဆရာမကြီးလည်းပါလာမယ်တဲ့။ကျနော်လည်း စိတ်ဝင်စားသွားပြီး ကိုမျိုးနဲ့အတူ မှော်ဘီက site ထဲကို ထွက်လာခဲ့ကြတယ်။
Site ထဲရောက်တော့ဘာဆက်ဖြစ်မှာလဲ ကျနော်ကိုယ်တိုင်ရော ဘယ်လိုကြုံရမှာလဲ နတ်ဝင်သည်ဆရာမ ဆိုတာကရော တကယ်ဖြေရှင်းနိုင်မှာတဲ့လား…ကဲ..စာလည်းရှည်သွားပြီ ဇာတ်သိမ်းပိုင်းကိုတော့ နောက်နေ့မှဆက်ပါဦးမည်။

HEZ
You dream it,we build it.

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when HEZ interior posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HEZ interior:

Share

Category