Cozy Ray Interior Design & Decoration

Cozy Ray Interior Design & Decoration "You Dream...We Create It"
Our Services
Design
Decoration
Renovation
Furniture Design & Fitting

✨Hello Estella 🏠 ✨✨သန်လျင် Star City ရဲ့ Estella Townhouse 🏠မှာ Cozy ရဲ့ နောက်ထပ် Design လှလှလေးတစ်ခု ထပ်မံပေါ်ထွက်လာတော...
03/03/2026

✨Hello Estella 🏠 ✨

✨သန်လျင် Star City ရဲ့ Estella Townhouse 🏠မှာ Cozy ရဲ့ နောက်ထပ် Design လှလှလေးတစ်ခု ထပ်မံပေါ်ထွက်လာတော့မှာဖြစ်ပါတယ်ရှင် 😍

🔸🔸Our Services🔸🔸
📝 Design
📝 Decoration
📝 Renovation
📝 Furniture Design & Fitting
📝 M&E Work

Cozy Ray Interior Design & Decoration
Hotline ☎️ +95 9 420294179

❇️ရှိတဲ့ နေရာအကျယ်အဝန်းနဲ့ ကွက်တိဖြစ်နေရမယ် ❇️ကိုယ့်ရဲ့ ပစ္စည်းတွေလည်း waste မဖြစ်ပဲ စနစ်တကျထားနိုင်ရမယ်❇️အပြင်ကနေပြန်လာ...
27/02/2026

❇️ရှိတဲ့ နေရာအကျယ်အဝန်းနဲ့ ကွက်တိဖြစ်နေရမယ်
❇️ကိုယ့်ရဲ့ ပစ္စည်းတွေလည်း waste မဖြစ်ပဲ စနစ်တကျထားနိုင်ရမယ်
❇️အပြင်ကနေပြန်လာတာနဲ့ အမောပြေစေမယ့် confort zone လေးလည်းဖြစ်နေရမယ်

✨✨ဒီလို ဒီလို အချက်တွေနဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့ Furniture Design လေးတွေကတော့ ဗိုလ်တစ်ထောင်မြို့နယ် ဘိုကလေးဈေးလမ်းက အိမ်ခန်းလေးမှာ
မကြာခင် တပ်ဆင်ပေးသွားတော့မှာပါ ✨✨

ဒီလို ကိုယ့်အခန်းလေးနဲ့ လိုက်ဖက်တဲ့ Furniture Design လေးတွေဖန်တီးချင်တယ်ဆိုရင်တော့ Cozy Ray ကအဆင်သင့်ရှိနေပါတယ်နော်

🔸🔸Our Services🔸🔸
📝 Design
📝 Decoration
📝 Renovation
📝 Furniture Design & Fitting
📝 M&E Work

Cozy Ray Interior Design & Decoration
Hotline ☎️ +95 9 420294179,




🏠အိမ်တစ်အိမ်ကို လှပအောင်လုပ်ဖို့ furniture လှလှတွေ ဝယ်ထည့်တာတင်မလုံလောက်ပါဘူး...🛋️🛏️မူလရှိပြီးသား နေရာအကျယ်အဝန်းနဲ့ ကိုက...
12/02/2026

🏠အိမ်တစ်အိမ်ကို လှပအောင်လုပ်ဖို့ furniture လှလှတွေ ဝယ်ထည့်တာတင်မလုံလောက်ပါဘူး...

🛋️🛏️မူလရှိပြီးသား နေရာအကျယ်အဝန်းနဲ့ ကိုက်ညီတဲ့ furniture အရွယ်အစား၊ Design အနေအထား၊ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းမှူစတာတွေ ကို စနစ်တကျ စီမံပေးနိုင်မှ နေချင်စရာကောင်းတဲ့ အိမ်လေးတစ်လုံးဖြစ်လာမှာပါ

📌Living Room နဲ့ Dining / Kitchen တွေမှာဆိုရင်လည်း နံရံပိတ်ကာထားတာထက်
✨ Partition Shelf လေးတွေ အသုံးပြုတာက ပိုပြီး smart choice ဖြစ်လာပါတယ်။

📌TV console နေရာအတွက်လည်း မူလရှိတဲ့ နံရံခွင်အတိုင်း Shelf လေးတွေသုံးပြီး နေချင်စဖွယ် Living Room လေးအဖြစ် ပြုလုပ်ပေးထားပါတယ်

စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းမှာရှိတဲ့ ဒီ Project လေးမှာဆိုရင်
✔ Space ကို ပိုမိုကျယ်ဝန်းတယ်လို့ခံစားမိအောင်
✔ အလင်းရောင် ကောင်းကောင်းရအောင်
✔ Storage များများအသုံးပြုလို့ရအောင်
✔ Decorative display အဖြစ် လှပအောင်
✔ အခန်းနှစ်ခုဖြစ်အောင် ခြားထားပေမယ့် အလုံပိတ်လို့မခံစားရအောင် ဖန်တီးပေးထားပါတယ်

ဒီလို ကိုယ့်အခန်းလေးနဲ့ လိုက်ဖက်တဲ့ Furniture Design လေးတွေဖန်တီးချင်တယ်ဆိုရင်တော့ Cozy Ray ကအဆင်သင့်ရှိနေပါတယ်နော်

🔸🔸Our Services🔸🔸
📝 Design
📝 Decoration
📝 Renovation
📝 Furniture Design & Fitting
📝 M&E Work

Cozy Ray Interior Design & Decoration
☎️ +95 9 420294179, 9 400983846




အခန်းက ကျဉ်းကျဉ်းလေးမို့ ဘာပရိဘောဂမှ ထည့်လို့မရဘူး ဖြစ်နေလား? 🏠✨📌အခန်းကျဉ်းတာ ပြဿနာမဟုတ်ပါဘူး၊ အလင်းအမှောင်နဲ့ အရောင်ကို...
21/01/2026

အခန်းက ကျဉ်းကျဉ်းလေးမို့ ဘာပရိဘောဂမှ ထည့်လို့မရဘူး ဖြစ်နေလား? 🏠✨

📌အခန်းကျဉ်းတာ ပြဿနာမဟုတ်ပါဘူး၊ အလင်းအမှောင်နဲ့ အရောင်ကို အသုံးမချတတ်တာကမှ တကယ့်ပြဿနာပါ။

ဒီနေ့မှာတော့ Cozy Ray ကနေ အခန်းကျဉ်းလေးတွေကို မျက်လှည့်ပြလိုက်သလို ကျယ်ဝန်းသွားစေမယ့် နည်းလမ်း (၃) ခုကို မျှဝေပေးသွားမှာပါ။

၁။ 🔶🔶မှန်ချပ်တွေကို အသုံးချပါ (The Mirror Effect) 🪞

ဒါက အထိရောက်ဆုံးနည်းလမ်းပါ။ နံရံမှာ မှန်အကြီးစားတစ်ချပ် ကပ်ထားခြင်းက အခန်းရဲ့ အနက် (Depth) ကို ပိုမြင်ရစေပြီး အခန်းကို ၂ ဆ ကျယ်သွားသလို ခံစားရစေပါတယ်။
အထူးသဖြင့် ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်မှာ ထားရင် အလင်းပြန်ပြီး အခန်းက ပိုလင်းသွားပါတယ်။

၂။ 🔶🔶ခြေထောက်ပါတဲ့ ပရိဘောဂတွေကို ရွေးချယ်ပါ (Leggy Furniture) 🛋️

အောက်ခြေ ပိတ်နေတဲ့ ဆိုဖာတွေ၊ ကုတင်တွေထက်စာရင် ခြေထောက်ပါပြီး အောက်ခြေလွတ်နေတဲ့ ပရိဘောဂတွေကို သုံးပါ။ ကြမ်းပြင်ကို ပိုမြင်ရလေလေ၊ မျက်စိထဲမှာ အခန်းက ပိုကျယ်တယ်လို့ ထင်ရလေလေပါပဲ။

၃။ 🔶🔶အရောင်နုနုတွေကိုပဲ အခြေခံပါ (Go Bright) 🎨

နံရံအရောင်ကို အဖြူ၊ Off-white (သို့) Light Grey လို အရောင်နုနုတွေပဲ သုံးပါ။
အရောင်ရင့်တွေက အခန်းကို ပိုကျဉ်းပြီး မွန်းကြပ်စေတတ်ပါတယ်။

✨ လူကြီးမင်းတို့ရဲ့ အခန်းကျဉ်းလေးတွေကို Professional ကျကျနဲ့ ကျယ်ကျယ်ဝန်းဝန်း ဖြစ်သွားအောင် ဖန်တီးချင်တယ်ဆိုရင်တော့...

Cozy Ray ကို အခုပဲ ဆက်သွယ်လိုက်ပါ! ကျွန်တော်တို့က နေရာလွတ်လေးတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အကောင်းဆုံး Designတွေ ကိုဖော်ဆောင်ပေးနေပါတယ်။

Our Services

📝 Full Interior Design & 3D Visualization
📝 Decoration & Renovation
📝 Furniture Design & Fitting
📝 M&E Work

စိတ်ကူးထဲက အလှပဆုံး ကမ္ဘာလေးကို ဖန်တီးဖို့ Cozy Ray နဲ့ အခုပဲ ဆွေးနွေးလိုက်ပါ! 🤝

Cozy Ray Interior Design & Decoration Co.,Ltd
☎️ +95 9 420294179
📧 [email protected]

(Photo Credit: Pinterest - Design Inspiration)
#အိမ်အလှဆင်နည်း

🌟ပိုက်ဆံကုန်ရကျိုးနပ်ပြီး စိတ်တိုင်းကျတဲ့ နေအိမ်လေးတစ်လုံးဖြစ်ဖို့ Design ကြိုတင်ဆွဲဖို့ လိုအပ်သလား? 🏠✨🏠အိမ်ပြင်တော့မယ်ဆ...
18/01/2026

🌟ပိုက်ဆံကုန်ရကျိုးနပ်ပြီး စိတ်တိုင်းကျတဲ့ နေအိမ်လေးတစ်လုံးဖြစ်ဖို့ Design ကြိုတင်ဆွဲဖို့ လိုအပ်သလား? 🏠✨

🏠အိမ်ပြင်တော့မယ်ဆိုရင် "ဘယ်ကစရမှန်းမသိတာ၊ ကုန်ကျစရိတ်တွေ လက်လွန်သွားမှာ၊ လုပ်ပြီးမှ စိတ်တိုင်းမကျလို့ ပြန်ပြင်ရမှာ" တွေကို အားလုံးစိုးရိမ်တတ်ကြပါတယ်။
ဒါကြောင့် Cozy Ray က သင့်ရဲ့ စိတ်ကူးတွေကို စနစ်တကျ Design ကြိုတင်ပြင်ဆင်ပေးဖို့ အဆင်သင့်ရှိနေပါတယ် 🍀

Design ကြိုတင်ဆွဲထားခြင်းဖြင့် -

✅ အခန်းတိုင်းကို လိုက်ဖက်ညီညီ ဖန်တီးနိုင်မယ်။
✅ နေရာလွတ်မကျန် အသုံးချနိုင်မယ်။
✅ Budget ကို စနစ်တကျ ခွဲဝေသုံးစွဲနိုင်မယ်။
✅ အချိန်ကုန် သက်သာမယ်။
✅ ခဏခဏ ပြန်ပြင်ရတဲ့ စိတ်ညစ်စရာတွေ မရှိတော့ဘူး။
✅ လေဝင်လေထွက်ကောင်းပြီး နေချင့်စဖွယ်ဖြစ်စေမယ်။

ဒီProjectလေးဟာဆိုရင်လည်း သန်လျင်မြို့နယ် Star City အိမ်ယာ ရဲ့ City Loft မှာရှိတဲ့ Client အစ်ကိုတစ်ယောက်ရဲ့အိမ်အခန်းလေးကို နေချင်စဖွယ် ဖြစ်အောင် စိတ်တိုင်းကျ Design ဖန်တီးပေးထားတာဖြစ်ပါတယ်

Our Services
📝 Full Interior Design & 3D Visualization
📝 Decoration & Renovation
📝 Furniture Design & Fitting
📝 M&E Work

စိတ်ကူးထဲက အလှပဆုံး ကမ္ဘာလေးကို ဖန်တီးဖို့ Cozy Ray နဲ့ အခုပဲ ဆွေးနွေးလိုက်ပါ! 🤝

Cozy Ray Interior Design & Decoration Co.,Ltd
☎️ +95 9 420294179
📧 [email protected]






🏠ကိုယ့်အိမ်လေးကို ပိုက်ဆံအများကြီးမကုန်ဘဲ Luxury ဆန်ဆန်လေး ပြောင်းလဲပစ်ဖို့... ဖြစ်နိုင်ပါ့မလား? 🤔✨အဖြေကတော့ "အသေအချာ ဖြ...
16/01/2026

🏠ကိုယ့်အိမ်လေးကို ပိုက်ဆံအများကြီးမကုန်ဘဲ Luxury ဆန်ဆန်လေး ပြောင်းလဲပစ်ဖို့... ဖြစ်နိုင်ပါ့မလား? 🤔✨

အဖြေကတော့ "အသေအချာ ဖြစ်နိုင်ပါတယ်" 👍

Interior Design ဆိုတာ အကောင်းဆုံးတွေချည်း စုပြုံသုံးတာထက် "နေရာချထားမှု" နဲ့ "အနုပညာ" ကို ပေါင်းစပ်ရတာမျိုးပါ။
Cozy Ray ကနေပြီးတော့ သင့်အိမ်လေးကို ဈေးနှုန်းသက်သက်သာသာနဲ့ အမြင်တင့်တယ်သွားစေမယ့် လျှို့ဝှက်ချက် (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ Lighting က ဖန်တီးပေးတဲ့ အငွေ့အသက် (The Vibe Setter) 💡

အဖြူရောင် မီးချောင်းတွေချည်းပဲ သုံးမယ့်အစား အဝါရောင်သန်းတဲ့ (Warm Light) မီးလုံးလေးတွေ၊ မီးအိမ် (Floor Lamp) လေးတွေကို အခန်းထောင့်တွေမှာ ထားကြည့်ပါ။ အလင်းအမှောင် ကစားတတ်ခြင်းက သင့်အခန်းကို ချက်ချင်းဆိုသလို နွေးထွေးပြီး အဆင့်မြင့်တဲ့ ဧည့်ဂေဟာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

၂။ အခန်းကို ပိုမြင့်သယောင် ဖြစ်စေတဲ့ လိုက်ကာ (The Illusion of Height) 🖼️

လိုက်ကာကို ပြတင်းပေါက် အနားသတ်ကနေ မချိတ်ဘဲ မျက်နှာကျက်နားအထိ ကပ်ပြီး အမြင့်ကနေ ကြမ်းပြင်ထိ ကျနေအောင် ချိတ်ဆွဲပါ။ ဒီလို ရိုးရိုးရှင်းရှင်းလေး ပြောင်းလဲလိုက်ရုံနဲ့တင် သင့်အခန်းက အရင်ကထက် ၂ ဆ ပိုမြင့်ပြီး ခန့်ညားကျယ်ဝန်းသွားပါလိမ့်မယ်။

၃။ Minimalist Decor (ရိုးရှင်းခြင်းရဲ့ အလှတရား) 🌿

ပစ္စည်းတွေ အများကြီး စုပုံထားမယ့်အစား အမြင်ရှင်းတဲ့ (Neutral Colors) ပရိဘောဂတွေကို ရွေးချယ်ပါ။
"Less is More" ဆိုတဲ့အတိုင်း မလိုအပ်တာတွေ ဖယ်ထုတ်ပြီး နေရာလွတ်လေးတွေ ထားပေးခြင်းက သင့်အိမ်ကို ပိုပြီး Professional ကျကျ အလှဆင်ထားသလို ခံစားရစေမှာပါ။

✨ Cozy Ray ကတော့ လူကြီးမင်းတို့ရဲ့ Budget အကန့်အသတ်အပေါ်မှာ မူတည်ပြီး အလှပဆုံးနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Design တွေကို အမြဲတမ်း စေတနာရှေ့ထားပြီး အကြံပြုပေးနေပါတယ်။

ကိုယ့်အိမ်လေးကို ဒီလိုမျိုး စနစ်တကျနဲ့ စတိုင်လ်ကျကျ ပြောင်းလဲချင်တယ်ဆိုရင်တော့...
📩 Cozy Ray ရဲ့ Message Box မှာ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်နော် 🍀

(Photo Credit: Pinterest - Inspiration Only)

#အိမ်အလှဆင်နည်း

📌 အိမ်အတွက် ဆေးရောင်ရွေးရင် လူတိုင်းမှားတတ်တဲ့ အချက် (3)ချက် 🌟🌟🌟အိမ်ဆေးရောင်ရွေးတော့မယ်ဆိုရင် ဒီ (၃) ချက်ကို အရင်ဖတ်ကြည့...
15/01/2026

📌 အိမ်အတွက် ဆေးရောင်ရွေးရင် လူတိုင်းမှားတတ်တဲ့ အချက် (3)ချက် 🌟🌟🌟

အိမ်ဆေးရောင်ရွေးတော့မယ်ဆိုရင် ဒီ (၃) ချက်ကို အရင်ဖတ်ကြည့်ပါဦး! 🎨🏠

အိမ်တစ်အိမ်ရဲ့ အလှအပမှာ ဆေးရောင်က ၇၀% လောက် အရေးပါပါတယ်။ ဒါပေမယ့် ဆေးရောင်ရွေးတာ မှားသွားလို့ စိတ်တိုင်းမကျဖြစ်ရတာမျိုးတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ့်အိမ်လေးကို စိတ်တိုင်းကျလှပဖို့ဆိုရင် ဒီအမှား (၃) ချက်ကို ရှောင်ကြဉ်ရပါမယ် -

၁။ 🔶ဆေးဆိုင်က Sample ကတ်လေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်ခြင်း

ဆေးဆိုင်မှာ မြင်ရတဲ့ အရောင်လေးက အိမ်က နံရံပေါ်ရောက်တဲ့အခါ အလင်းအမှောင်ကြောင့် ပြောင်းလဲသွားတတ်ပါတယ်။ ဒါကြောင့် အရောင်တစ်မျိုးကို မရွေးခင် အိမ်မှာ အနည်းငယ် စမ်းသုတ်ကြည့်ဖို့ (သို့မဟုတ်) Lighting နဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာတိုင်ပင်ဖို့ လိုပါတယ်။

၂။ 🔶အခန်းရဲ့ အကျယ်အဝန်းကို ထည့်မတွက်ခြင်း
အခန်းကျဉ်းရင် အရောင်ရင့်တွေက ပိုကျဉ်းကျပ်သွားစေပြီး၊ အရောင်ဖျော့တွေက ပိုကျယ်သယောင် ခံစားရစေပါတယ်။ အခန်းအလိုက် သင့်တော်တဲ့ Tone ကို ရွေးချယ်တတ်ဖို့က အရေးကြီးဆုံးပါပဲ။

၃။ 🔶ပရိဘောဂအရောင်တွေနဲ့ မလိုက်ဖက်ခြင်း
နံရံအရောင်လှရုံနဲ့ မပြီးပါဘူး။ ကိုယ်ထားမယ့် ဆိုဖာ၊ ကုတင် နဲ့ လိုက်ဖက်မှုရှိမှသာ တစ်အိမ်လုံး ညီညွတ်တဲ့ (Harmony ဖြစ်တဲ့) အလှတရားကို ရရှိမှာပါ။

✨ အိမ်အတွက် ဆေးရောင် ရွေးရတာ ခေါင်းခဲနေပြီဆိုရင်တော့ စိတ်မပူပါနဲ့။ လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက အိမ်မက်အရောင်လေးတွေအတိုင်း အနီးစပ်ဆုံး ဖြစ်လာအောင် Cozy Ray က အကောင်းဆုံး အကြံပြု အကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေပါတယ်။

📥 အသေးစိတ် သိရှိလိုပါက Message Box သို့မဟုတ် [Hotline ☎️ 09420294179] သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်

(Photo Credit: Pinterest - Design Inspiration)
#ဆေးရောင်ရွေးနည်း #အိမ်အလှဆင်ခြင်း

15/01/2026

Cozy Ray မှ မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ 🙏
ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ Project အသစ်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Progress Record Video လေးတင်ပေးချင်ပါတယ်

Video ထဲမှာ မြင်ရတဲ့အတိုင်း ဒီ Project မှာ အခန်းရဲ့ Design ပိုင်းရော၊ Construction ပိုင်းရော၊ အသေးစိတ် တပ်ဆင်မှုတွေပါ Cozy Ray ကပဲ အစအဆုံး တာဝန်ယူ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအခန်းလေး အပြီးသတ်သွားတဲ့အခါ ဘယ်လောက်အထိ လှပပြီး နေချင်စဖွယ်ဖြစ်သွားမလဲဆိုတာကိုလည်း Design Photo လေးတွေနဲ့အတူ မြင်တွေ့ရမှာပါ။ 🏘️✨
မကြာခင် Project Finished Photosလေးတွေတင်ပေးသွားပါမယ်ခင်ဗျာ

Cozy Ray ရဲ့ ရည်ရွယ်ချက်ကတော့ သင့်ရဲ့စိတ်ကူးထဲက အိမ်မက်အိမ်လေးကို စနစ်တကျနဲ့ အကောင်းဆုံး Quality ရရှိအောင် အကောင်အထည်ဖော်ပေးဖို့ပဲ ဖြစ်ပါတယ်။
သင့်ရဲ့ အိမ်၊ ကွန်ဒို ဒါမှမဟုတ် ဆိုင်ခန်းလေးတွေကို Professional ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ Cozy Ray ကို အခုပဲ ဆက်သွယ်ပြီး အသေးစိတ် လာရောက်ဆွေးနွေးနိုင်ပါပြီခင်ဗျာ။ 📩

Hotline ☎️ +95 9 420294179




Star City အိမ်ယာ City Loft C10မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ Progress ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်ရှင်
01/12/2025

Star City အိမ်ယာ City Loft C10မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ Progress ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်ရှင်




🏙️ City Loft CL10 | 3 Bedrooms UnitSoft 🌟Calm 🌟Elegant 🌟Modern🔶သန်လျင်မြို့နယ် Star Cityအိမ်ယာ မှ City Loft CL10 (3 bedr...
16/11/2025

🏙️ City Loft CL10 | 3 Bedrooms Unit

Soft 🌟Calm 🌟Elegant 🌟Modern

🔶သန်လျင်မြို့နယ် Star Cityအိမ်ယာ မှ City Loft CL10 (3 bedrooms) အခန်းအတွက် Cozy Ray မှဖန်တီးထားတဲ့ ဒီ Interior 3D Design လေးမှာ
Modern Minimal Base ကို foundational style ဖြစ်အောင်ထားပြီး
Gold strips, Cornice details, Marble textures တွေကို Highlight အဖြစ် အသုံးပြုထားပါတယ်။

ဒီ combination ကြောင့်ပဲ အခန်း တစ်ခုလုံးမှာ
Soft Luxury + Warm Comfort ဆိုတဲ့ dual vibe ကို ခံစားရစေပါတယ် ✨

🔶 ဒီအခန်းလေးရဲ့ ပိုင်ရှင် အစ်ကိုနဲ့အစ်မက CL3 ကအခန်းလေးကို 2022ခုနှစ်မှာ Cozy Ray နဲ့ပဲအစအဆုံးပြင်ဆင်ခဲ့တာဖြစ်ပြီး အခု CL-10ရဲ့ အခန်းအသစ်လေးကိုလည်း အရင်အခန်းလေးနဲ့ ပုံစံဆင်အောင် ပြင်ဆင်ချင်တာကြောင့် Design Stage မှစတင်ပြီး အသေးစိတ်အချိန်ယူညှိနှိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်

🔶 Living Room နဲ့ Master Bedroom အတွက်
• Gold accent lines
• Marble wall panel
• Decorative cornice details တွေကိုသုံးပြီး
Luxury ကို too shiny/too heavy မဖြစ်အောင်
Soft, Refined, Elegant mood နဲ့ balance လုပ်ထားတဲ့ Modern Luxury style ဖြစ်အောင်ပုံဖော်ထားပါတယ်....

🔶 Kid Room အတွက်ကတော့ Baby Girl လေးစိတ်ကြိုက် Kuromi Themeလေးဖန်တီးထားပါတယ်
စိတ်ကူးယဉ်ဆန်တဲ့ Lavender/Lilac ခရမ်းဖျော့ရောင်ကို အဖြူ နဲ့ သစ်သား (Natural Wood) တို့နဲ့ပေါင်းစပ်ထားတဲ့အတွက် စိတ်ကို ငြိမ်းချမ်းစေပြီး
ပျော်ရွှင်စရာ Space လေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားပါတယ်...

🔸မကြာခင်မှာ ပြင်ဆင်မှုစတင်တော့မှာမို့ Progress ပုံလေးတွေလည်းထပ်မံ မျှဝေပေးသွားပါမယ်ရှင် 🔸

📞 Contact us: 09420294179
📍 Cozy Ray Interior Design and Decoration Co., Ltd

“Creating Cozy Spaces You’ll Love.” 🌿








🏡 Estella Town House | Star City ProjectModern Luxury Minimalist Home by Cozy Ray ✨Modern • Functional • Timeless ✨🏠 Sta...
04/11/2025

🏡 Estella Town House | Star City Project
Modern Luxury Minimalist Home by Cozy Ray ✨

Modern • Functional • Timeless ✨

🏠 Star City အိမ်ယာ Estella Town House မှာရှိတဲ့ နှစ်ထပ်လုံးချင်းအိမ်လေးအတွက် ရေးဆွဲပေးထားတဲ့ 3D Design လေးတွေကို ဖော်ပြပေးလိုက်ပါတယ်

Cozy Ray Interior Design & Decoration Co., Ltd. ရဲ့ design team က ရေးဆွဲထားတဲ့ ဒီနှစ်ထပ်အိမ်လေးမှာ
Color combination နဲ့ Functionality ကို ဦးစားပေးထားပါတယ်
သန့်ရှင်းသပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ atmosphere တစ်ခုဖန်တီးဖို့ Functionality နဲ့ Aesthetic Balance ကို ဦးစားပေးထားတဲ့ 3D Design ဖြစ်ပါတယ်။

🪑 Furniture & Space Concept
Furniture design တွေမှာ simple line forms နဲ့ neutral tones တွေသုံးထားတာကြောင့် သန့်ရှင်းသပ်ရပ်တဲ့ Minimalism spirit ကိုရရှိပြီး နေရာအသုံးချမှုကိုလည်း Smart & Functional ဖြစ်အောင်ဖန်တီးထားပါတယ်

🎨 Color Combination
Soft beige, warm grey နဲ့ white tones တွေကိုပေါင်းစပ်ထားတာကြောင့်
အိမ်အတွင်းက Light balance ပိုမိုသက်သာပြီး သေသပ်လှပတဲ့ Modern & Elegant mood တစ်ခုပေးတယ်။
Marble texture နဲ့ gold accent လေးတွေကတော့ Modern luxury touch ကိုပေးပါတယ် ✨

💡 Design Highlight –
• Built-in cabinet design တွေဖြင့် Space-Saving ဖြစ်အောင် လိုအပ်တဲ့နေရာမှာ အသုံးဝင်တဲ့ Furniture ဖြစ်အောင်ဖန်တီးထားတယ်
•Open Concept Layout အဓိကသုံးထားပြီး ကျယ်ဝန်းတဲ့ Vibe မျိုးခံစားရစေတယ်
• Marble wall panel နဲ့ Gold accent detail တွေက Modern Luxury touch ပေးတယ်
• Warm lighting နဲ့ cozy layout ပေါင်းပြီး
သက်တောင့်သက်သာဖြစ်တဲ့ mood ဖန်တီးထားတယ်

✨ Modern ဖြစ်တယ်။ Luxury ဖြစ်တယ်။ ဒါပေမဲ့ နေချင်စရာကောင်းပြီး စိတ်အေးချမ်းတဲ့ Designလေးတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

That’s the Cozy Ray Signature 💫
Home design တစ်ခုပဲဖြစ်ပေမယ့် — သက်တောင့်သက်သာနဲ့ စတိုင်ရှိတဲ့ lifestyle ကို ပေါင်းစပ်ဖန်တီးထားတဲ့ Cozy Ray ရဲ့ signature concept ဖြစ်ပါတယ် 🩶

📞 Contact us: 09420294179
📍 Cozy Ray Interior Design and Decoration Co., Ltd
“Creating Cozy Spaces You’ll Love.” 🌿








🟫🟫Site Location - Mandalay🟫🟫Job Type       - 5 Storey Hostel Interior Design🟫🟫Status            - Design Confirmed 🔶မန္တ...
27/09/2025

🟫🟫Site Location - Mandalay
🟫🟫Job Type - 5 Storey Hostel Interior Design
🟫🟫Status - Design Confirmed

🔶မန္တလေးမြို့မှာ လက်ရှိဆောက်လုပ်နေတဲ့ Hostel အတွက်
Cozy Ray ရဲ့ Design Team မှ ပုံဖော်ပေးထားတာဖြစ်ပါတယ်

🔶Client အစ်မ စိတ်ကူးထဲကအတိုင်း Modern Industrial Vibe လေးရအောင် ပုံဖော်ပေးထားပါတယ်ရှင်
Rooms Design လေးတွေကိုလည်း one bedroom , two bedrooms အမျိုးအစားအလိုက် လူငယ်ဆန်ဆန် Modern Industrial Look လေးဖြစ်အောင် ဖန်တီးပေးထားပါတယ်

🔶 Hostel Typical rooms လေးတွေဖြစ်တာမို့ ကုန်ကျစရိတ်လည်း အများကြီးမသုံးရပဲ ခေတ်မီတဲ့ Hostel Rooms လေးတွေဖြစ်အောင် ရေးဆွဲပေးထားပါတယ်

📌📌📌လူကြီးမင်းတို့အတွက် လိုအပ်တဲ့ Interior Design အမျိုးအစားအလိုက် ဝန်ဆောင်မှုပေးဖို့ Cozy Ray ရဲ့ Design Team မှ အဆင်သင့်ရှိနေပါတယ်နော် Client တွေရဲ့ လိုအပ်ချက်တွေ စိတ်ကူးအိပ်မက်တွေအတိုင်းထပ်တူကျအောင် လုပ်ငန်းအစမှအဆုံအထိ အသေးစိတ်ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပေးနေပါပြီ📝✅

🔸🔸Our Services🔸🔸
📝 Design
📝 Decoration
📝 Renovation
📝 Furniture Design & Fitting
📝 M&E Work

Cozy Ray Interior Design & Decoration Co.,Ltd
☎️ +95 9 420294179, 9 400983846
📧 [email protected]









Address

No (568), Anawmar Road, (13)Ward , South Okkalapa Township
Yangon
11091

Telephone

+959420294179

Website

Alerts

Be the first to know and let us send you an email when Cozy Ray Interior Design & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cozy Ray Interior Design & Decoration:

Share

Category