19/08/2025
မြန်မာပြည်က Cargo တွေရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေလေးမို့ အခုချိန်ထိပစ္စည်းတွေတစ်နိုင်ငံလုံးမဝင်တာ ဘာကြောင့်လဲမသိသေးတဲ့သူတွေဖတ်ပေးစေချင်လိုပါတယ်ရှင်။
မင်တို့က instock ရောင်းတာအပြင် preorder မှာထားတဲ့သူတွေပါရှိေနလို့ Preorder ကာကာတွေအတွက် share ပေးတာပါ။
instock ပစ္စည်းတွေကုန်သွားလို့ cargo တွေမဝင်လို့ Stock ပြတ်သွားရင်မင်တို့အရောင်းနားထားမှာပါ ။ cargo တွေပြန်ဝင် stock တွေ
ပြန်ဝင်မှ Instock ကိုပြန်ရောင်းမှာပါ stock ရှိသလောက်တော့ လက်ရှိရောင်းပေးနေပါတယ်ရှင့် ။
Preorder အတွက်ကတော့ အသစ်ေအာ်ဒါတွေလုံးဝလက်မခံတော့ပါဘူး❌ လက်မခံရတဲ့အကြောင်းရင်းက ခုလိုတွေလမ်းကြောင်းတွေပိတ်ရင် မင်တို့လည်းဘာမှမတတ်နိုင်ပါ မလုပ်ပေးနိုင်ပါ အများနည်းတူအားလုံးခံရတာမို့ လမ်းပြန်ဖွင့်တာကိုစောင့်ဖို့တစ်နည်းပဲရှိလို့ ကြာချိန်တွေချိန်းရပြောရတာ မပြောတတ်လို့ပါ။
လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက Land Cargo တွေ ဘယ် Logistic ဘယ် Cargo မှမရောက်တာပါ။ ဒါကိုနားလည်စေလိုတဲ့အတွက် ထပ်ခါတလဲလဲ ရေးသားဖော်ပြနေရခြင်းသာဖြစ်ပါတယ်ရှင်။ နားလည်ပြီးသားလူကြီးမင်းများလဲ စိတ်အနှောက်အယှက်မဖြစ်ကြဖို့ မင်မင်တို့ကမေတ္တာရပ်ခံပါတယ်ရှင်🙏
အားလုံးကိုချစ်ပါတယ်ရှင်🥰❤