31/08/2026
ချစ်ရတဲ့ Sisters တို့ရေ...
ဒီ “Secret Garden” Herbal Tea လေးကို တို့တွေလို မိန်းမသားတို့အတွက် အထူးရည်ရွယ်ပြီး ဖန်တီးထားတာပါ။ Rose, Jasmine, Royal Jasmine တို့ကို အရသာပြည့်စုံကောင်းမွန်အောင် Lemongrass, Tea တို့နဲ့ အချိုးကျကျပေါင်းစပ်ထားပြီး အဓိက ingredients ကတော့ သောက်လိုက်တိုင်း ပန်းတွေဝေဆာနေတဲ့ ကိုယ်ပိုင် ဥယျာဉ်ထဲမှာ အနားယူနေတဲ့ အချိန်လေးတခုဖြစ်စေချင်တဲ့ စေတနာလေးတခုပါ။
တစ်နေ့တာရဲ့ အလုပ်များမှုတွေကြားမှာ ကိုယ့်အတွက် အချိန်ခဏလေး ယူရင်း "Herbal Tea” ကို တစ်ငုံချင်းစီသောက်ရင်း ပန်းတွေအပြည့်ပွင့်နေတဲ့ လျှို့ဝှက်ဥယျာဉ်လေးတစ်ခုထဲကို ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားကြည့်ပါနော်။ 🌸🌿
အသက်ရှူပါ….
Secret Garden Herbal Tea လေးကို ဖြည်းဖြည်းချင်း mindfulness အပြည့်နဲ့သောက်ပါ…
🤍ဒီအချိန်ခဏလေးကို ကိုယ့်အတွက်ပဲ ထားလိုက်ပါနော် 🤍
Sisters တို့ရဲ့ နေ့ရက်တွေထဲမှာ အေးချမ်းတဲ့ ခဏတာလေးတွေ အမြဲရှိပါစေ။ ❤️
နွေးထွေးတဲ့ မေတ္တာတွေနဲ့…