Yair Thu Rein Peacock handmade

Yair Thu Rein Peacock handmade Peacock feather handmade

ဒီပုံထက်ဆန်းပြီး ဟိုထည့် ဒီထည့်လေးလုပ်ပေးပါဆိုတဲ့Customize order ရင်ထိုးလေးပြီးပါပြီ။ယုံကြည်မှာယူအားပေးလို့ ကျေးဇူးအထူးတ...
18/09/2026

ဒီပုံထက်ဆန်းပြီး
ဟိုထည့် ဒီထည့်လေးလုပ်ပေးပါဆိုတဲ့
Customize order ရင်ထိုးလေးပြီးပါပြီ။

ယုံကြည်မှာယူအားပေးလို့ ကျေးဇူးအထူးတင်ပါတယ်။
#ဒေါင်း #ရင်ထိုး #လက်မှူ

05/08/2026

🦚တောင်ကြီးမြို့ မှ အလှူကြီးအတွက်🦚
နားသ မည့် ရှစ်နှစ်အရွယ်
သမီးငယ်လေးအတွက်

ကြာဖူးဟန် ကျက်သရေရှိသော
ဒေါင်းမြှီးယပ်တော်လေး နဲ့
ကြေးပန်းခိုင်ဒေါင်းမြှီး၄ခတ်ဆံထိုးလေး။
🙏🙏🙏🙏🙏

03/08/2026

🦚မင်မင့်လက်ရာ အလှလေးတွေ 🦚
မှာယူအားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ်။

မြတ်စွာဘုရား၏ စက်လက္ခဏာတော်တွင်
တစ်ခုအပါအ၀င်ဖြစ်သော‌

ဒေါင်းမြှီးယပ်တော်များပိုင်ဆိုင်
ရချိန်မှစ၍ မကောင်းသော

အတိတ်ဆိုးနိမိတ်ဆိုးများ
လွင့်စင်ပပျောက်၍
ကောင်းကျိုးလိုအင်ဆန္ဒ များ ပြည့်စုံဆိုက်ရောက်ပါစေ။
🙏🙏🙏

"ပေါ့ပေါ့ပါးပါးနဲ့ ဒေါင်းမွှေးလေးလဲဆောင်ချင်တယ် ဈေးလဲအများမသုံးချင်ဘူးဆိုတဲ့သူတွေအတွက်""Budget key chain"Price...9***
17/07/2026

"ပေါ့ပေါ့ပါးပါးနဲ့ ဒေါင်းမွှေးလေးလဲ
ဆောင်ချင်တယ် ဈေးလဲအများမသုံးချင်ဘူး
ဆိုတဲ့သူတွေအတွက်"

"Budget key chain"
Price...9***

"ထီးသုံးနန်းသုံး‌ပေပုရပိုက်မူမှန် အတိုင်းဖန်တီးထားတဲ့ရွှေနားကွတ်ဒေါင်းမြှီးယပ်မားတော်"
15/07/2026

"ထီးသုံးနန်းသုံး‌

ပေပုရပိုက်မူမှန် အတိုင်းဖန်တီးထားတဲ့

ရွှေနားကွတ်ဒေါင်းမြှီးယပ်မားတော်"

🦚လှပဆန်းသစ်ပြီး ကျက်သရေရှိတဲ့ ရိုးရာအလှတရားကို ဖော်ဆောင်ပေးမယ့် "ဒေါင်းမြှီးယပ်မားတော်" များကို Yair Thu Rein peacock ha...
15/07/2026

🦚လှပဆန်းသစ်ပြီး ကျက်သရေရှိတဲ့ ရိုးရာအလှတရားကို ဖော်ဆောင်ပေးမယ့် "ဒေါင်းမြှီးယပ်မားတော်" များကို Yair Thu Rein peacock hand made Page မှ အထူးလက်ရာမွန်များအဖြစ် မှာယူရရှိနိုင်ပါပြီ။ 🦚✨

🦚 အသေးစိတ်အချက်အလက်များနှင့် ထူးခြားချက်များ
၁၀၀% Handmade စစ်စစ်ဖြစ်ပြီး တစ်ချက်ချင်းစီကို စိတ်ရှည်လက်ရှည်ဖြင့် လက်ရာအလွန်သေသပ်သပ်ရပ်စွာ ဖန်တီးထားပါသည်။

အရွယ်အစား:
အရွက် (ဒေါင်းမြှီးဝိုင်း) – ၁ ပေ
အရိုးအရှည် (လက်ကိုင်တံ) – ၄ ပေ
ခိုင်ခံ့လှပမှု: အမြင်တင့်တယ်ဆန်းကြယ်ရုံသာမက ရေရှည်အသုံးပြုနိုင်ရန်အတွက် အထူးခိုင်ခိုင်ခံ့ခံ့ ပြုလုပ်ပေးထားပါသည်။

ရိုးရာအနုပညာလက်ရာ:
အလယ်ဗဟိုတွင် နေလနှစ်ပါးကိုယ်စားပြု၍
ရွှေချည် ငွေချည်ထိုး ယုန်ရုပ်၊ ဒေါင်းရုပ်
ခန့်ညားထည်ဝါစွာ ပြင်ဆင်ဖန်တီးပေးထားပါသည်။

✨ သင့်တော်သည့်နေရာများ

အလှူမင်္ဂလာပွဲများ၊ ဘုရားပူဇော်ပွဲများနှင့်
ရိုးရာအခမ်းအနားအမျိုးမျိုးတွင် ကိုင်ဆောင်အသုံးပြုရန်ဖြစ်စေ၊ အကိုတော် အစ်မတော်များ သိုက်နန်းတွင်‌ဖြစ်‌ေစ၊အိမ်ဧည့်ခန်းနှင့် ဘုရားကျောင်းဆောင်များတွင် ဂုဏ်အင်္ဂါနှင့်အညီ တန်ဖိုးထားအလှဆင်ရန်ဖြစ်စေ အလွန်ပင် သင့်လျော်လှပပါသည်။

📞 အော်ဒါမှာယူရန်နှင့် ဆက်သွယ်ရန်
မိမိတို့စိတ်တိုင်းကျ အော်ဒါမှာယူလိုပါက အောက်ပါအတိုင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

page: Yair Thu Rein peacock hand made
ဖုန်းနံပါတ်: 📞 09795857291

"ဒေါင်းမြှီးဒေါင်းတောင်များကို မြတ်နိုးတန်ဖိုးထားသူများအတွက် စိတ်ကျေနပ်မှုအပြည့်အဝပေးမယ့် လက်ရာမွန်များကို ယုံကြည်စိတ်ချစွာ မှာယူလိုက်ပါ..."

Winnerရသွားတဲ့ ညီမလေး" စိုးမဥ္ဇူလွင် " 💙🇲🇲ဆုတောင်းတွေပြည့်သွားပြီဗျာ🎊🎊🎊
28/06/2026

Winnerရသွားတဲ့ ညီမလေး" စိုးမဥ္ဇူလွင် " 💙🇲🇲
ဆုတောင်းတွေပြည့်သွားပြီဗျာ
🎊🎊🎊




Behind the Beauty: The Royal Peacock Fan 🦚Miss Multicultural Myanmar 2026Soe Myintzu Lwin ရဲ့ National Costumeမင်မင်တို့...
28/06/2026

Behind the Beauty: The Royal Peacock Fan 🦚

Miss Multicultural Myanmar 2026
Soe Myintzu Lwin ရဲ့ National Costume

မင်မင်တို့pageမှ အမရပူရခေတ်
မှန်နန်းအပျိုတော်များ ကိုင်ဆောင်သည့်

"ရွှေနားကွပ် ဒေါင်းမြှီးယပ်မားတော်ကြီး"

ကို ပုရပိုက်ပန်းချီမူအတိုင်း
ဖန်တီးပေးထားပါတယ်။

ဤခမ်းနားလှပသော
National costume နှင့်အတူ
မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်
Soe Myintzu Lwin အောင်မြင်မှုသရဖူ
ဆွတ်ခူးနိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 👑🇲🇲

ကျက်သရေရှိ ခမ်းနားထည်ဝါတဲ့
မြန်မာ့အနုပညာလက်ရာမျိုးကို စိတ်တိုင်းကျ
ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို
အခုပဲ ဆက်သွယ်လိုက်ပါဗျာ။ 👋

📞 Contact: 09795857291
📩 Direct Message (DM) for inquiries.

#ဒေါင်း

လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့ဘုရားကျောင်းဆောင်တွေဆီကိုမြင့်မြတ်တဲ့ မင်္ဂလာအပေါင်း ယူဆောင်လာပေးမယ့် တိဘက်ဗုဒ္ဓဘာသ...
10/06/2026

လူကြီးမင်းတို့ရဲ့ နေအိမ်၊ ရုံးခန်းနဲ့
ဘုရားကျောင်းဆောင်တွေဆီကို
မြင့်မြတ်တဲ့ မင်္ဂလာအပေါင်း
ယူဆောင်လာပေးမယ့် တိဘက်ဗုဒ္ဓဘာသာ (Vajrayana Buddhism) ရိုးရာ အခမ်းအနားသုံး သန့်စင်ခြင်း ဘန်ပါ အမွေးစု လေး ရရှိနိုင်ပါပြီ။

🦚ရိုးရိုးရှင်းရှင်း အလှဆင်ပစ္စည်းတစ်ခု မဟုတ်ဘဲ နက်ရှိုင်းလှတဲ့ ဘာသာရေး အဓိပ္ပာယ်တွေ၊ ကောင်းခြင်းမင်္ဂလာတွေ ပြည့်နှက်နေတဲ့ အသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။ 🦚

✨ ထူးခြားချက်များနှင့် အဓိပ္ပာယ် မြင့်မြတ်မှုများ

ဒေါင်းငှက်သည် အဆိပ်ရှိသတ္တ၀ါများကို
စားသုံးသော်လဲ အဆိပ်မသင်ပဲ
လှပသည့်အမွှေးအ‌တောင်များသာ
ထွက်လာသကဲ့သို့

စိတ်၏ အဆိပ်အတောက်များကို ချေဖျက်ပေးမည့်
ဒေါင်းမွှေး (Peacock Feather):
လောဘ၊ ဒေါသ၊ မောဟ အဆိပ်အတောက်များကို
ဖယ်ရှားပေးပြီး ဘေးအန္တရာယ်များကို
ကာကွယ်ပေးတယ်လို့ တိဘက်မှာ ယုံကြည်ကြပါတယ်။ 🦚

ဉာဏ်ပညာကို ပွင့်လင်းစေမည့်
ကုသမြက် (Kusha Grass):
ဗုဒ္ဓမြတ်စွာဘုရား သစ္စာလေးပါး သိမြင်တော်မူစဉ်က သီတင်းသုံးခဲ့တဲ့ ကုသမြက် ပါဝင်တာကြောင့် စိတ်တည်ငြိမ်ခြင်းနဲ့ ဉာဏ်ပညာ ပွင့်လင်းခြင်းကို ဆောင်ကြဉ်းပေးပါတယ်။ 🦚

မြင့်မြတ်မှုကို ဖော်ဆောင်သည့် ရွှေချည်ထိုး ပိုးထည်စ (Brocade): အောက်ခြေကို အနီရောင် ကတ္တီပါနှင့် ရွှေချည်ထိုး ပိုးထည်စများဖြင့် အနုစိတ် ဖန်တီးထားလို့ လေးစားပူဇော်မှုကို အပြည့်အဝ ဖော်ဆောင်ပေးပါတယ်။ 🦚

🔮 အသုံးပြုနိုင်မည့် ပုံစံများ
အမြိုက်အိုး (Bumpa) တွင် ထည့်သွင်းပူဇော်ရန်: တိဘက်ရိုးရာ အမြိုက်အိုး ထိပ်ဝတွင် စိုက်ထူပြီး သိဒ္ဓိတင် ပရိတ်ရေပက်ဖျန်းရာတွင် အသုံးပြုနိုင်ပါတယ်။ 🦚

အဆိုးမြင်စွမ်းအင်များ သန့်စင်ရန်
(Ritual Cleansing): နေအိမ်နှင့် ရုံးခန်းများရှိ
မကောင်းသော စွမ်းအင်များ၊ ညစ်ညမ်းမှုများ
ဖယ်ရှားသန့်စင်ဖို့ အဆောင်အယောင်အဖြစ်
ထားရှိနိုင်ပါတယ်။ 🦚

ဘုရားကျောင်းဆောင် အလှဆင်ရန်:
သပ္ပာယ်ကြည်ညိုဖွယ်ရာ ကောင်းလှတာကြောင့်
ဘုရားကျောင်းဆောင်တွင် ပူဇော်နိုင်ပါတယ်။ 🦚

မကောင်းတဲ့ အညစ်အကြေးတွေကို သန့်စင်ပြီး
ကောင်းချီးမင်္ဂလာတွေ အမြဲရရှိနေစေဖို့ အခုပဲ ဆက်သွယ်မှာယူလိုက်ပါဗျာ။ 🦚

ကုသမြက်လေးမထည့်ရသေးပေမဲ့
Post တင်ချင်စိတ်ပေါ်လာလို့
တင်လိုက်ပါကြောင်း
🙏🙏🙏

🦚မူလစည်းမြယပ်ခတ်တော်🦚 order လေးမှယူအားပေးလို့ကျေးဇူးအထူးတင်ပါတယ်။🙏🙏🙏  #ဥဒေါင်း        #ဒေါင်း
01/06/2026

🦚မူလစည်းမြယပ်ခတ်တော်🦚
order လေးမှယူအားပေးလို့
ကျေးဇူးအထူးတင်ပါတယ်။🙏🙏🙏

#ဥဒေါင်း #ဒေါင်း

Address

No. 749. Ayer (16) Street, North Oakalarpa
Yangon
11031

Telephone

+959795857291

Website

Alerts

Be the first to know and let us send you an email when Yair Thu Rein Peacock handmade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yair Thu Rein Peacock handmade:

Shortcuts

Share