SheCreates သူမလက်ရာ

SheCreates သူမလက်ရာ Empower Women Creators

ချစ်ခင်ရသော မိတ်ဆွေများရှင်…သူမလက်ရာပြခန်းလေးမှာတော့ အမျိုးသမီး ဖန်တီးသူ ၁၀၀ ကျော်၏ မတူကွဲပြားပဲ အဓိပ္ပာယ်ရှိတဲ့ လက်ရာမျ...
17/08/2026

ချစ်ခင်ရသော မိတ်ဆွေများရှင်…

သူမလက်ရာပြခန်းလေးမှာတော့ အမျိုးသမီး ဖန်တီးသူ ၁၀၀ ကျော်၏ မတူကွဲပြားပဲ အဓိပ္ပာယ်ရှိတဲ့ လက်ရာများစွာကို တစ်နေရာတည်းမှာ စုစည်းထားတာဖြစ်ပါတယ် 💫 လက်မှုပစ္စည်းလေးတွေ မြတ်နိုးတန်ဖိုးထားသူတိုင်းကိုလည်း သူမလက်ရာပြခန်းလေးက အမြဲလိုလို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။

ဒါကြောင့် ပြခန်းလေးကို ကိုယ်တိုင်လည်ပတ်ကြည့်ပြီး လက်မှုထုတ်ကုန်လေးကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ဖိတ်ခေါ်ပါတယ် ရှင်… Online အမှာများ အနေနဲ့ကတော့ ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် ပစ္စည်းအမျိုးအစားများစွာရှိနေခြင်းကြောင့် အချိန်အနည်းငယ် ကြန့်ကြာနိုင်ပါတယ် ရှင်။ သို့သော် အတတ်နိုင်ဆုံး နဲ့ အမြန်ဆုံး ပြန်လည်ဖြေကြားပေးနေတာမို့ နားလည်ပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ် ရှင်။

ပြခန်းလေးကတော့ မနက် (၁၁) နာရီကနေ ညနေ (၇) နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

📍 SheCreates သူမလက်ရာ
☎️: 09972248032
No. 283 U Wisara Rd, Sanchaung tsp, Yangon.

16/08/2026

✨ Meet the Venue ✨

ဒီနေ့တော့ Create to Connect: Monsoon Market ကျင်းပမယ့် နေရာလေးဖြစ်တဲ့ Yangon ThanLwin Hotel နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နေရာလေးကတော့ ရန်ကုန် မြို့လယ်ခေါင် သွားလာရလွယ်ကူတဲ့ ရွှေတိဂုံဘုရားလမ်းပေါ်မှာ တည်ရှိပါတယ်။ Monsoon Market အတွယ် ကျယ်ဝန်းတဲ့ Indoor Ballroom နဲ့ Creative Workshops အတွက် သီးသန့်နေရာတွေ ပါဝင်တဲ့ Yangon Thanlwin Hotel မှာ သြဂုတ် ၂၉ - ၃၀ နေ့တွေမှာ ဆုံကြမယ်နော်။

မိုးရာသီ weekend ကို အေးအေးချမ်းချမ်း ဖြတ်သန်းရင်း ပြည်တွင်းထုတ်ကုန်တွေ၊ လက်မှုဖန်တီးမှုတွေနဲ့ တွေ့ဆုံနိုင်မယ့် နေရာလေးပါ။ 🌧️✨

Event Details တွေကို မကြာခင်မှာ ဆက်လက်ဖော်ပြပေးသွားမှာမို့ Stay Tuned ပါ ရှင်… 🩷

14/08/2026

✨ Weekend မှာ အေးအေးဆေးဆေး Chill လုပ်ဖို့ နေရာလေးရှာနေတယ်ဆိုရင် ဦးဝိစာရလမ်းပေါ်က SheCreates သူမလက်ရာ ကို လာလည်ကြည့်ဖို့ ဖိတ်ပါရစေရှင်…

ဖန်တီးသူ အမျိုးသမီးတွေ ဖန်တီးထားတဲ့ Handmade ပစ္စည်းလှလှလေးတွေ မိုးလုံလေလုံမှာ စိတ်အေးလက်အေး အချိန်ပေး ကြည့်ရှုဝယ်ယူနိုင်သလို၊ Wai Wai's Noodle Place ရဲ့ အရသာရှိတဲ့ ခေါက်ဆွဲတစ်ပွဲနဲ့ အချိန်ကုန်ဆုံးနိုင်တဲ့ နေရာလေးလည်း ဖြစ်ပါတယ်။ 🌿

လက်မှုအနုပညာပစ္စည်းများနဲ့ အမျိုးသမီးတွေရဲ့ ဖန်တီးမှုတွေကို တစ်နေရာတည်းမှာ တွေ့ဆုံခံစားရင်း Weekend ကို ပိုပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းလိုက်ပါနော်…

ပြခန်းလေးကတော့ မနက် (၁၁) နာရီကနေ ညနေ (၇) နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

📍 SheCreates သူမလက်ရာ
☎️: 09972248032
No. 283 U Wisara Rd, Sanchaung tsp, Yangon.

‎‎Create to Connect: Monsoon Market ‎‎[English Version below]‎‎မိုးအေးအေးလေးမှာ အိမ်ထဲတင် ပျင်းနေမှာစိုးလို့... စိတ်လှုပ...
12/08/2026


‎Create to Connect: Monsoon Market

‎[English Version below]

‎မိုးအေးအေးလေးမှာ အိမ်ထဲတင် ပျင်းနေမှာစိုးလို့... စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ၊ ချစ်စရာကောင်းတဲ့ local လက်မှုပစ္စည်းတွေနဲ့ ပြည့်နှက်နေမယ့် ပြီးပြည့်စုံတဲ့ indoor weekend plan တစ်ခုကို sheCreates နဲ့ Yangon ThanLwin Hotel တို့က ပူးပေါင်းပြီး ဖန်တီးပေးလိုက်ပါပြီ!

‎✨ Market အတွင်းမှာ ဘာတွေရှိမလဲ?
‎* Local Brands 40 ကျော် 🛍️ – အမျိုးသမီး လုပ်ငန်းရှင်တွေ ဦးဆောင်တဲ့ ပြည်တွင်းဖြစ် အဝတ်အထည်၊ အလှကုန်နဲ့ unique ဖြစ်တဲ့ craft items တွေကို တစ်နေရာတည်းမှာ အားပေးနိုင်မှာပါ။

‎* Hands-on Workshops 🎨 – ကိုယ်တိုင် ပါဝင်ဆင်နွှဲပြီး craft အသစ်တွေ ဖန်တီးချင်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ်ရုံဆွေးနွေးပွဲလေးတွေလည်း ပါဝင်ဦးမှာနော်။

‎* Live Caricature Drawing 🎨✍️ – ကာတွန်းဆရာရဲ့ လက်ရာနဲ့ ကိုယ့်ရဲ့ ရယ်မောပျော်ရွှင်စရာ အမှတ်တရ ပုံတူရုပ်ပြောင်လေးတွေကို အမိအရ ရေးဆွဲစုဆောင်းနိုင်မယ့် အခွင့်အရေးပါ!

‎* Gourmet Food & Drinks 🍔🍹 – Yangon ThanLwin Hotel ရဲ့ လက်ရာမွန် အစားအသောက်ကောင်းတွေနဲ့ အအေးစမ်းစမ်းလေးတွေကို စားသောက်ရင်း အပန်းဖြေနိုင်မှာပါ။


‎မိုးရွာလည်း စိတ်ပူစရာမလိုဘဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ မိုးလုံလေလုံ (Indoor Ballroom) ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရတွေ ဖန်တီးဖို့ အကောင်းဆုံးနေရာလေးပါ။


‎ပြည်တွင်းဖြစ် လက်မှုပစ္စည်းတွေကို ချစ်မြတ်နိုးသူတွေ၊ လူငယ်တွေနဲ့ နိုင်ငံခြားသံတမန်တွေပါ သဘောကျမယ့် ပွဲလေးမို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။



‎🗓️ Event Dates: ၂၉ - ၃၀ သြဂုတ် ၂၀၂၆
‎⏰ Time: [ထည့်ရန် - e.g., 9:00 AM - 6:00 PM]

‎📍 Venue: Yangon ThanLwin Hotel Ballroom

‎🎟️ Entry: Free Admission (ဝင်ကြေးအခမဲ့)
‎ဒီ weekend မှာ ဆုံကြမယ်နော်! 🌧️✨




‎English Version
‎🌧️ [Create to Connect: Monsoon Market] 🌧️
‎Looking for the perfect cozy, indoor weekend plan? sheCreates and Yangon ThanLwin Hotel invite you to discover unique crafts, delicious food, and creative vibes at the "Create to Connect: Monsoon Market"!

‎✨ What to Expect:
‎* 40+ Local Brands 🛍️ – Shop and support unique, high-quality products from women-led local brands all in one place!

‎* Hands-on Workshops 🎨 – Unleash your inner artist with our fun, interactive creative workshops.

‎* Live Caricature Drawing 🎨✍️ – Get your hilarious and beautiful portraits drawn live by a talented caricature artist.

‎* Gourmet Food & Drinks 🍔🍹 – Indulge in a delicious selection of food and beverages curated by Yangon ThanLwin Hotel.

‎🏡 The Ultimate Indoor Family Outing
‎Rain or shine, don't let the monsoon spoil your weekend! Bring your family and friends to enjoy a delightful indoor ballroom experience.

‎Whether you are a local craft supporter, a young creator, an expat, or from the diplomatic community—there is something beautiful waiting for everyone.


‎🗓️ Event Dates: 29 – 30 August 2026
‎⏰ Time: [Insert Time - e.g., 9:00 AM - 6:00 PM]


‎📍 Venue: Yangon ThanLwin Hotel Ballroom


‎🎟️ Entry: Free Admission


‎Let's connect, shop local, and create beautiful memories together! 🌧️✨


✨ 𝐂𝐫𝐞𝐚𝐭𝐞𝐬 𝐭𝐨 𝐂𝐎𝐍𝐍𝐄𝐂𝐓: 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐌𝐚𝐫𝐤𝐞𝐭 ☔ဖန်တီးမှုတွေကို ရှာဖွေမယ်၊ အချင်းချင်း ချိတ်ဆက်မယ်၊ 𝐋𝐨𝐜𝐚𝐥 𝐂𝐫𝐞𝐚𝐭𝐨𝐫𝐬 တွေကို အားပေးရင...
12/08/2026

✨ 𝐂𝐫𝐞𝐚𝐭𝐞𝐬 𝐭𝐨 𝐂𝐎𝐍𝐍𝐄𝐂𝐓: 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐌𝐚𝐫𝐤𝐞𝐭 ☔

ဖန်တီးမှုတွေကို ရှာဖွေမယ်၊ အချင်းချင်း ချိတ်ဆက်မယ်၊ 𝐋𝐨𝐜𝐚𝐥 𝐂𝐫𝐞𝐚𝐭𝐨𝐫𝐬 တွေကို အားပေးရင်း ပျော်ရွှင်စရာ 𝐖𝐞𝐞𝐤𝐞𝐧𝐝 လေးကို အတူတူ ဖြတ်သန်းကြမယ်။ 🤍

𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬 မှ စီစဉ်တင်ဆက်မည့် 𝐂𝐫𝐞𝐚𝐭𝐞 𝐭𝐨 𝐂𝐨𝐧𝐧𝐞𝐜𝐭: 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐌𝐚𝐫𝐤𝐞𝐭 ကို 𝐘𝐚𝐧𝐠𝐨𝐧 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 𝐇𝐨𝐭𝐞𝐥 မှ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐞𝐧𝐮𝐞 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ်ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲလေးမှာ 𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 မှ အမျိုးသမီးဖန်တီးရှင်များရဲ့ 𝐋𝐨𝐜𝐚𝐥 𝐌𝐚𝐝𝐞 & 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 𝐁𝐫𝐚𝐧𝐝𝐬 𝟒𝟎+ ကို တစ်နေရာတည်းမှာ လေ့လာဝယ်ယူနိုင်မယ့်အပြင် စိတ်ဝင်စားဖွယ် 𝐇𝐚𝐧𝐝𝐬-𝐨𝐧 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩𝐬, 𝐋𝐨𝐜𝐚𝐥 𝐂𝐫𝐚𝐟𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬 များနှင့် ဖန်တီးရှင်တွေရဲ့ စိတ်ကူး၊ ဇာတ်လမ်းနဲ့ လက်ရာတွေကို ကိုယ်တိုင်တွေ့ဆုံလေ့လာနိုင်မယ့် အခွင့်အရေးတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဒီထူးခြားတဲ့ နှစ်ရက်တာပွဲလေးမှာ 𝐂𝐫𝐞𝐚𝐭𝐨𝐫𝐬 တွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 အသီးသီးကို 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐞𝐧𝐮𝐞 𝐒𝐩𝐨𝐧𝐬𝐨𝐫 ဖြစ်တဲ့ 𝐘𝐚𝐧𝐠𝐨𝐧 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 𝐇𝐨𝐭𝐞𝐥 မှ နွေးထွေးစွာ ကြိုဆိုပါတယ်။ 💛

𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫 𝐜𝐫𝐞𝐚𝐭𝐢𝐯𝐢𝐭𝐲, 𝐦𝐚𝐤𝐞 𝐦𝐞𝐚𝐧𝐢𝐧𝐠𝐟𝐮𝐥 𝐜𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬, 𝐬𝐮𝐩𝐩𝐨𝐫𝐭 𝐥𝐨𝐜𝐚𝐥 𝐜𝐫𝐞𝐚𝐭𝐨𝐫𝐬, 𝐚𝐧𝐝 𝐬𝐩𝐞𝐧𝐝 𝐚 𝐰𝐨𝐧𝐝𝐞𝐫𝐟𝐮𝐥 𝐰𝐞𝐞𝐤𝐞𝐧𝐝 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. 🤍

𝐂𝐫𝐞𝐚𝐭𝐞 𝐭𝐨 𝐂𝐨𝐧𝐧𝐞𝐜𝐭: 𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐌𝐚𝐫𝐤𝐞𝐭, 𝐩𝐫𝐞𝐬𝐞𝐧𝐭𝐞𝐝 𝐛𝐲 𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬, 𝐰𝐢𝐥𝐥 𝐛𝐞 𝐡𝐞𝐥𝐝 𝐚𝐭 𝐘𝐚𝐧𝐠𝐨𝐧 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 𝐇𝐨𝐭𝐞𝐥, 𝐭𝐡𝐞 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐞𝐧𝐮𝐞 𝐒𝐩𝐨𝐧𝐬𝐨𝐫 𝐨𝐟 𝐭𝐡𝐢𝐬 𝐬𝐩𝐞𝐜𝐢𝐚𝐥 𝐞𝐯𝐞𝐧𝐭.

𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫 𝟒𝟎+ 𝐋𝐨𝐜𝐚𝐥 𝐌𝐚𝐝𝐞 & 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 𝐁𝐫𝐚𝐧𝐝𝐬 𝐛𝐲 𝐭𝐚𝐥𝐞𝐧𝐭𝐞𝐝 𝐰𝐨𝐦𝐞𝐧 𝐜𝐫𝐞𝐚𝐭𝐨𝐫𝐬 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲, 𝐚𝐥𝐥 𝐠𝐚𝐭𝐡𝐞𝐫𝐞𝐝 𝐢𝐧 𝐨𝐧𝐞 𝐩𝐥𝐚𝐜𝐞. 𝐄𝐧𝐣𝐨𝐲 𝐞𝐱𝐜𝐢𝐭𝐢𝐧𝐠 𝐡𝐚𝐧𝐝𝐬-𝐨𝐧 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩𝐬 𝐚𝐧𝐝 𝐥𝐨𝐜𝐚𝐥 𝐜𝐫𝐚𝐟𝐭 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞𝐬, 𝐰𝐡𝐢𝐥𝐞 𝐦𝐞𝐞𝐭𝐢𝐧𝐠 𝐭𝐡𝐞 𝐜𝐫𝐞𝐚𝐭𝐨𝐫𝐬 𝐛𝐞𝐡𝐢𝐧𝐝 𝐭𝐡𝐞 𝐛𝐫𝐚𝐧𝐝𝐬 𝐚𝐧𝐝 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐢𝐧𝐠 𝐭𝐡𝐞 𝐢𝐝𝐞𝐚𝐬, 𝐬𝐭𝐨𝐫𝐢𝐞𝐬, 𝐚𝐧𝐝 𝐩𝐚𝐬𝐬𝐢𝐨𝐧 𝐛𝐞𝐡𝐢𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐞𝐚𝐭𝐢𝐨𝐧𝐬.

𝐘𝐚𝐧𝐠𝐨𝐧 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 𝐇𝐨𝐭𝐞𝐥, 𝐚𝐬 𝐭𝐡𝐞 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐞𝐧𝐮𝐞 𝐒𝐩𝐨𝐧𝐬𝐨𝐫, 𝐰𝐚𝐫𝐦𝐥𝐲 𝐰𝐞𝐥𝐜𝐨𝐦𝐞𝐬 𝐜𝐫𝐞𝐚𝐭𝐨𝐫𝐬, 𝐟𝐫𝐢𝐞𝐧𝐝𝐬, 𝐟𝐚𝐦𝐢𝐥𝐢𝐞𝐬, 𝐚𝐧𝐝 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐭𝐨 𝐣𝐨𝐢𝐧 𝐮𝐬 𝐟𝐨𝐫 𝐭𝐡𝐢𝐬 𝐬𝐩𝐞𝐜𝐢𝐚𝐥 𝐭𝐰𝐨-𝐝𝐚𝐲 𝐞𝐯𝐞𝐧𝐭. 💛

📅 𝐃𝐚𝐭𝐞: 𝟐𝟗𝐭𝐡 – 𝟑𝟎𝐭𝐡 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟔 (𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 & 𝐒𝐮𝐧𝐝𝐚𝐲)
⏰ 𝐓𝐢𝐦𝐞: 𝟗:𝟎𝟎 𝐀𝐌 – 𝟓:𝟎𝟎 𝐏𝐌
📍 𝐕𝐞𝐧𝐮𝐞: 𝐘𝐚𝐧𝐠𝐨𝐧 𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧 𝐇𝐨𝐭𝐞𝐥

𝐖𝐡𝐞𝐫𝐞 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬 𝐈𝐧𝐬𝐩𝐢𝐫𝐞 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧𝐬.

#𝐂𝐫𝐞𝐚𝐭𝐞𝐓𝐨𝐂𝐨𝐧𝐧𝐞𝐜𝐭 #𝐌𝐨𝐧𝐬𝐨𝐨𝐧𝐌𝐚𝐫𝐤𝐞𝐭 #𝐒𝐡𝐞𝐂𝐫𝐞𝐚𝐭𝐞𝐬 #𝐘𝐚𝐧𝐠𝐨𝐧𝐓𝐡𝐚𝐧𝐥𝐰𝐢𝐧𝐇𝐨𝐭𝐞𝐥 #𝐕𝐞𝐧𝐮𝐞𝐒𝐩𝐨𝐧𝐬𝐨𝐫 #𝐒𝐮𝐩𝐩𝐨𝐫𝐭𝐋𝐨𝐜𝐚𝐥 #𝐖𝐨𝐦𝐞𝐧𝐂𝐫𝐞𝐚𝐭𝐨𝐫𝐬 #𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐘𝐚𝐧𝐠𝐨𝐧𝐄𝐯𝐞𝐧𝐭𝐬

‼️‼️‼️Digital Marketing & Tik Tok Training ကို September လထဲကို ရက်လေးရွှေ့ထားပါတယ် ရှင်… သင်တန်း ရွေးချယ်ခံရသူများက်ု ဆ...
11/08/2026

‼️‼️‼️
Digital Marketing & Tik Tok Training ကို September လထဲကို ရက်လေးရွှေ့ထားပါတယ် ရှင်… သင်တန်း ရွေးချယ်ခံရသူများက်ု ဆက်သွယ်ပေးမည်ဖြစ်ပြီး သင်တန်းရက် နေရာ အတိအကျကိုလည်း ထပ်မံ အသိပေးကြေငြာသွားပါမယ် ရှင့်…

‼️‼️‼️[UPDATED]
Digital Marketing & Tik Tok Training ကို September လထဲကို ရက်လေးရွှေ့ထားပါတယ် ရှင်… သင်တန်း ရွေးချယ်ခံရသူများက်ု ဆက်သွယ်ပေးမည်ဖြစ်ပြီး သင်တန်းရက် နေရာ အတိအကျကိုလည်း ထပ်မံ အသိပေးကြေငြာသွားပါမယ် ရှင့်…

📢 [Free Training Opportunity]

တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများအတွက် TikTok & Digital Marketing အခမဲ့ သင်တန်း


‎မိမိတို့ စီးပွားရေးလုပ်ငန်းများကို TikTok ပေါ်မှာ ပိုမိုထိရောက်စွာ ကြော်ငြာနိုင်ဖို့အတွက် "Digital Marketing and TikTok Training" (၂) ရက်တာသင်တန်းကို သူမလက်ရာနှင့် Community Alliance Initiatives - CAI မိတ်ဆွေစစ် တို့ ပူးပေါင်းစီစဉ်ထားပါတယ်။


‎💡ဒီ Workshop မှာ TikTok Marketing အခြေခံများ၊ AI Tools များသုံး၍ Content Plan ရေးဆွဲနည်း၊ Smartphone ဖြင့် Video ရိုက်ကူး/တည်းဖြတ်နည်းများကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။


‎📚 (၂) ရက်တာအတွင်း သင်ကြားပေးမည့် အကြောင်းအရာများ


‎🎯 TikTok Business Strategy & Sales Funnel


‎🤖 AI Tools သုံး၍ Content Scripts & 30-Day Plan ရေးဆွဲခြင်း


‎🎥 Smartphone ဖြင့် Video ရိုက်ကူးနည်း (Lighting, Audio & Angles)


‎✂️ CapCut Editing၊ Captions၊ Hashtags & Growth Strategy


‎💡 Content Showcase & Direct Feedback Session

‎✨ သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ

‎✔️ လက်တွေ့အသုံးချနိုင်မည့် 30-Day
Content Calendar & AI Prompt Library


‎✔️ Video များကို ကိုယ်တိုင် ရိုက်ကူး/တည်းဖြတ်နိုင်ခြင်း

‎✔️ သင်တန်းပြီးမြောက်သူများအတွက် သင်တန်းဆင်းလက်မှတ် (Certificate)


‎ℹ️ သင်တန်း အသေးစိတ် အချက်အလက်များ

‎🗓 သင်တန်းရက်: August 13 & 14, 2026 (ကြာသပတေး နှင့် သောကြာ)


‎🕙 အချိန်: နံနက် ၉:၃၀ မှ ညနေ ၃:၀၀ အထိ
‎📍 နေရာ: 3ZERO House Yangon (ဗိုလ်တထောင်မြို့နယ်)


‎💰 သင်တန်းကြေး: အခမဲ့ (Free)



‎⚠️ Commitment Deposit (အာမခံငွေ):
‎တက်ရောက်ခွင့်ရပါက ၅၀,၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ပြီး၊ သင်တန်း (၂) ရက်လုံး မပျက်မကွက် တက်ရောက်၍ Assignment ပြီးမြောက်ပါက အာမခံငွေ ၅၀,၀၀၀ ကျပ် အပြည့်အဝ ပြန်လည်ထုတ်ပေးပါမည်။

‎🎯 တက်ရောက်ရန် လိုအပ်ချက်များ
‎TikTok/Branding ကို စိတ်ဝင်စားပြီး Smartphone အသုံးပြုနိုင်သူ ဖြစ်ရမည်။
‎သင်တန်း (၂) ရက်လုံး မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။


‎📌 လူဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် August လ (၇) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်ရှင့်

‎အမြန်ဆုံး လျှောက်ထားနိုင်ပါပြီရှင့်။

‎🔗 လျှောက်လွှာ Form
https://forms.gle/u4cKZohiVNzUDp2s9

SAVE THE DATE“ Creates to CONNECT: Monsoon Market”[English Version Below]မိုးရာသီရဲ့ အေးမြတဲ့နေ့ရက်တွေထဲမှာ ဖန်တီးမှုတွေ...
10/08/2026

SAVE THE DATE
“ Creates to CONNECT: Monsoon Market”

[English Version Below]

မိုးရာသီရဲ့ အေးမြတဲ့နေ့ရက်တွေထဲမှာ ဖန်တီးမှုတွေနဲ့ ချိတ်ဆက်ဖို့၊ Local Made လက်ရာတွေကို တွေ့ဆုံဖို့၊ ကိုယ်ချစ်ရသူတွေနဲ့ အချိန်ကောင်းလေး ဖြတ်သန်းဖို့ Weekend တစ်ရက်ကို ကြိုတင်ဖယ်ထားလိုက်ပါ။

29–30 August 2026 | Saturday & Sunday SheCreates နှင့် Yangon Thanlwin Hotel တို့ ပူးပေါင်းကျင်းပမယ့် Creates to CONNECT: Monsoon Market မှာ—
• SheCreates အဖွဲ့ဝင် အမျိုးသမီးဖန်တီးရှင်များရဲ့ Local Made & Handmade Brands 40+
• ကိုယ်တိုင်တွေ့မြင်၊ ရွေးချယ်ပြီး အားပေးနိုင်မယ့် ဖန်တီးမှုလက်ရာများ
• စိတ်ဝင်စားစရာ Workshops များ
• Local craft နှင့် အနုပညာလက်ရာများကို လေ့လာခံစားနိုင်မယ့် အတွေ့အကြုံများ

အားလုံးကို တစ်နေရာတည်းမှာ တွေ့ဆုံနိုင်မှာပါ။ ဒီမိုးရာသီ Weekend မှာ Shopping တစ်ခုတည်းမဟုတ်ဘဲ ဖန်တီးသူတွေနဲ့ တွေ့ဆုံမယ်၊ လက်ရာတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို သိလာမယ်၊ ကိုယ်တိုင်လည်း ဖန်တီးမှုတွေနဲ့ ချိတ်ဆက်မယ်။ ဒါကြောင့် ဒီရက်လေးကိုတော့ Save လုပ်ထားဖို့ မမေ့နဲ့နော်။

🗓 29–30 August 2026 | Sat & Sun

📍 Yangon Thanlwin Hotel
Shwedagon Pagoda Road, Latha Township, Yangon (Infront of Theingyi Market)
Where Connections Inspire Creations.

[English Version]
SAVE THE DATE
Creates to CONNECT: Monsoon Market

A weekend to slow down, discover, connect and celebrate creativity.
Save 29–30 August 2026 for Creates to CONNECT: Monsoon Market, a collaboration between SheCreates and Yangon Thanlwin Hotel.

Come discover a vibrant gathering of 40+ Local Made & Handmade Brands by women creators from the SheCreates community, alongside hands-on workshops and local craft experiences.

More than a place to shop, it’s a space to meet creators, discover their stories, explore meaningful handmade pieces, and connect through creativity.

So, keep this weekend free and come make some connections of your own.

🗓 29–30 August 2026 | Sat & Sun
📍 Yangon Thanlwin Hotel
Shed D, Theingyi Market, Shwedagon Pagoda Road, Latha Township, Yangon

Where Connections Inspire Creations.

08/08/2026

🔰 သင်ယူမှုအသစ်တိုင်းဟာ တိုးတက်မှုရဲ့ ခြေလှမ်းတစ်လှမ်းပါပဲ . . .

‎🖍️စိတ်ကူးထဲက ဒီဇိုင်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ စာရွက်ပေါ်မှာ လိုင်းကြောင်းတွေ၊ တွက်ချက်မှုတွေနဲ့ အစပျိုးရတာဟာ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပြီး အဝတ်အထည်ချုပ်လုပ်ငန်းမှာ ဦးစွာ နားလည်တတ်ကျွမ်းရမယ့် အတတ်ပညာလည်း ဖြစ်ပါတယ်။" ✨

📐အဝတ်အထည်ဖန်တီးမှုရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဒီအတတ်ပညာကို မျှဝေပေးခဲ့တဲ့ "Clothing Pattern ရေးဆွဲခြင်း အခြေခံသင်တန်း" (Basic Blouse and Skirt Pattern Making) (၂ ရက်တာ) ကို ဩဂုတ်လ (၆) ရက်နဲ့ (၇) ရက်နေ့က SheCreates Showroom ရှိတဲ့ Wai Wai's Place မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်ရှင်။ 🎉

💡 ဒီသင်တန်းကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့

‎အမျိုးသမီးတွေနဲ့ လူငယ်တွေ အတတ်ပညာတစ်ခုကို စနစ်တကျ တတ်မြောက်ပြီး ကိုယ်ပိုင်ဝင်ငွေ ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။

‎တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးကနေ ရေရှည်တည်တံ့တဲ့ ကိုယ်ပိုင်ဒီဇိုင်းထုတ်လုပ်ငန်းတွေအထိ စတင်နိုင်ဖို့လည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အမျိုးသမီးတွေနဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ယူနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရရှိစေဖို့ SheCreates နဲ့ မိတ်ဆွေစစ် (CAI) တို့ အတူတကွ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပါတယ်ရှင်။

SheCreates ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ Working Committee အဖြစ် စေတနာ့ဝန်ထမ်း တာဝန်ယူပေးနေတဲ့ MKK Creations ရဲ့ တည်ထောင်သူ ဒေါ်မြတ်ဇာခြည်ခိုင်က ဦးဆောင်သင်ကြား ပေးခဲ့ပါတယ်။

အခြေခံကိုယ်တိုင်းနည်းကစလို့ စက္ကူပေါ်မှာ Pattern ရေးဆွဲနည်းတွေကို နားလည်သဘောပေါက်တဲ့အထိ အသေးစိတ် စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့တာပါ။ စာရွက်ပေါ်က မျဉ်းကြောင်းတွေနဲ့ တွက်ချက်မှုတွေကနေတစ်ဆင့် ဖန်တီးရှင်အသစ်တွေကို စနစ်တကျ ပျိုးထောင်ပေးခဲ့ပါတယ်။

သင်တန်းကို SheCreates အဖွဲ့ဝင်တွေနဲ့အတူ ပြင်ပက စိတ်ဝင်စားသူ သင်တန်းသား (၁၁) ဦးကို စနစ်တကျ ရွေးချယ်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ 📝

အခြေခံသဘောတရားတွေကို သေချာနားလည်သဘောပေါက်တဲ့အထိ အသေးစိတ် စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့တဲ့အတွက် ဒေါ်မြတ်ဇာခြည်ခိုင်ကို SheCreates က အထူးပဲ ကျေးဇူးတင်ပါတယ်။ ❤️

‎ဒီသင်တန်း အောင်မြင်စွာ ဖြစ်မြောက်လာဖို့ အစစအရာရာ အတူတကွ ပူးပေါင်းစီစဉ်ပေးခဲ့တဲ့ မိတ်ဆွေစစ် (CAI) ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် ၂ ရက်တာ သင်တန်းမှာ ‎အရသာရှိတဲ့ နေ့လယ်စာ Lunch Box တွေ စီစဉ်ပြင်ဆင်ပေးခဲ့တဲ့ Wai Wai' s Place နဲ့ စားရအောင် Lunch Box service တို့ကိုလည်း အထူးပဲ ကျေးဇူးတင်စကား ဆိုပါရစေရှင်။ 🍱

SheCreates ဆိုတာ အမျိုးသမီးတွေနဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ယူနိုင်ဖို့ တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေတဲ့ Creators Community ဖြစ်ပါတယ်။

မျဉ်းကြောင်းတွေ၊ တွက်ချက်မှုတွေကနေ စတင်ခဲ့တဲ့ သင်ယူခြင်းကတစ်ဆင့် ဖန်တီးမှုအသစ်များစွာနဲ့ ရှေ့ဆက်ကြပါစို့ရှင်။ 🤍

05/08/2026

‎"SheCreates Bag Making အခြေခံသင်တန်း-အတတ်ပညာမှ အခွင့်အလမ်းသစ်များဆီသို့ "

‎အတတ်ပညာတစ်ခုဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ ခြေလှမ်းအစ လေးတစ်ခု ဖြစ်နိုင်ပါတယ်။


‎ဒီယုံကြည်ချက်နဲ့ SheCreates နဲ့ မိတ်ဆွေစစ် (CAI) တို့ အတူတကွ ပူးပေါင်းပြီး Bag Making အခြေခံသင်တန်း (၂ ရက်တာ) ကို ဇူလိုင်လ (၂၈) ရက်နဲ့ (၃၁) ရက်နေ့တွေမှာ SheCreates Showroom တည်ရှိရာ Wai Wai's Place မှာ ကျင်းပခဲ့ပါတယ်။


‎သင်တန်းကို SheCreates အဖွဲ့ဝင်တွေအပြင် ပြင်ပက စိတ်ဝင်စားသူ အမျိုးသမီးတွေလည်း လာရောက်သင်ယူခဲ့ကြပြီး Pattern ရေးဆွဲခြင်းကနေ အိတ်တစ်လုံးကို ကိုယ်တိုင် သပ်သပ်ရပ်ရပ် ချုပ်လုပ်နိုင်တဲ့အထိ လက်တွေ့လေ့ကျင့်ခဲ့ကြပါတယ်။


‎ဒီသင်တန်းကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး ကိုယ်ပိုင်ဝင်ငွေ ဖန်တီးနိုင်ဖို့၊ တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးကို စတင်နိုင်ဖို့၊ ဒါ့အပြင် ကိုယ့်လုပ်ငန်းမှာ အိတ်ချုပ်ပညာကို အသုံးချပြီး ထုတ်ကုန်အသစ်တွေ ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။


‎သင်တန်းမှာ Makeup Box, Tote Bag နဲ့ Drawstring Backpack တို့ကို Pattern အခြေခံကစပြီး အဆင့်ဆင့် သင်ကြားပေးခဲ့ပါတယ်။


‎ဒီသင်တန်းကို SheCreates ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ပြီး Rovender အိတ်လုပ်ငန်းရဲ့ Founder ဒေါ်ခင်အေး က Pattern အခြေခံကစပြီး အိတ်ချုပ်နည်းစနစ်တွေကို စေတနာအပြည့်နဲ့ မျှဝေသင်ကြားပေးခဲ့တဲ့အတွက် SheCreates မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။


‎ဒီသင်တန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အတူတကွ ပူးပေါင်းစီစဉ်ပေးခဲ့သော မိတ်ဆွေစစ် (CAI) Community Alliance Initiatives - CAI

ကိုလည်း SheCreates မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။


‎အမျိုးသမီးများအတွက် အတတ်ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် လက်တွဲပံ့ပိုးပေးခဲ့မှုသည် SheCreates ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသော အားပေးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။


‎ထို့အပြင် သင်တန်းကာလ (၂) ရက်အတွင်း သင်တန်းသားများအတွက် အရသာရှိတဲ့ နေ့လယ်စာများကို စီစဉ်ပြင်ဆင်ပေးပြီး ဧည့်ခံပေးခဲ့သော Wai Wai's Place နှင့်Mogok Inklings တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။


‎SheCreates ဆိုတာ အမျိုးသမီးတွေ အချင်းချင်း တတ်ကျွမ်းမှု၊ အတွေ့အကြုံနဲ့ ဖန်တီးမှုတွေကို မျှဝေဖလှယ်ရင်း တစ်ယောက်ကိုတစ်ယောက် အားပေးကူညီပြီး အခွင့်အလမ်းတွေကို အတူတကွ ဖန်တီးတဲ့ Creative Community တစ်ခု ဖြစ်ပါတယ်။


‎ဖန်တီးမှုများဖြင့် ပိုမိုကောင်းမွန်သော နေ့ရက်များဆီသို့ SheCreates နှင့်အတူ လက်တွဲလျှောက်လှမ်းကြပါစို့။




‎ #မိတ်ဆွေစစ်


03/08/2026

“SheCreates ဆိုတာ ဘာလဲ?”

ဒီနေ့လည်း ကျွန်မတို့ နောက်အမျိုးသမီးလေးတစ်ယောက်ကို မေးကြည့်ထားပါတယ် …

SheCreates သူမလက်ရာ ကို သိတဲ့သူတွေက ဘယ်လို မြင်ကြလဲဆိုတာ အတူ နားထောင်ကြည့်လိုက်ရအောင် နော်…

Address

283, U Wizara Road, San Chaung Township
Yangon

Opening Hours

Monday 11:00 - 19:00
Tuesday 11:00 - 19:00
Wednesday 11:00 - 19:00
Thursday 11:00 - 19:00
Friday 11:00 - 19:00
Saturday 11:00 - 19:00
Sunday 11:00 - 19:00

Telephone

+959972248032

Alerts

Be the first to know and let us send you an email when SheCreates သူမလက်ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SheCreates သူမလက်ရာ:

Shortcuts

Share