01/05/2026
‼️ Cargo Update Again
နေ့လည်က တင်တဲ့ပိုစ့်က Air Cargo အတွက်ပါ အခုက sea နဲ့ တင်ထားတဲ့ သူလေးတွေအတွက်ပါ။
အမတို့ ပစ္စည်းတွေရဲ့ Batch က 206,207,208,209,2010 ထဲမှာမှ ခွဲခွဲပြီးပါပါတယ်။
ရန်ကုန်ထိက အဲ့ Batch က ပစ္စည်းတစ်ချို့ကခွဲဝင်တယ်ဆိုပြီးအရင်ပြောတော့ ပစ္စည်းလေးအနည်းငယ်လောက်ပါမယ်ထင်တာပါ ၊ ဒါပေမဲ့ ပြန်မေးတော့မှ မပါသေးပါဘူးတဲ့ ဒီလတွေအတွင်းတော့ ဝင်မှာပါ။
ဒီကြားထဲ ပစ္စည်းတွေဝင်ရင်တော့ တချို့ပစ္စည်းတွေက ကျန်နေခဲ့တက်တယ်ပေါ့နော် ၊ တကယ်လို့ အဲ့ကျန်ခဲ့တဲ့ပစ္စည်းတွေကနောက်တစ်သုတ်မှာပါမလာဘူးပျောက်တာသေချာတယ်ဆိုရင် စိတ်ချပါရှင် အစ်မအကုန် full refund လုပ်ပေးမှာပါရှင့်။
ပစ္စည်း exp date စိတ်ပူနေတဲ့သူလေးတွေရှိရင်လဲ အစ်မပြောပြချင်တာက အရင်တစ်ခေါက်တစ်ခေါက်က ရောက်တဲ့ပစ္စည်းတွေကအစ အကုန် 2027/2028 နဲ့ အကုန်ပါကင်ပိတ်ပဲရှိသေးတာမလို့ စိတ်ချလက်ချနဲ့သုံးလို့ရပါသေးတယ်ရှင့်။
ဒီကြားထဲ fast air cargo ပေါ့နော် ၊ အဲ့တာကလဲ အခုသိကြတဲ့အတိုင်း အများကြီးသယ်မရတာမလို့ ကြာနေတာပါရှင် အစ်မ အကုန်ပစ္စည်းတွေက အပ်ပေးပြီးသားပါရှင်။
Page က ပစ္စည်းတွေဝင်ရင်နားတော့မှာမလို့ (၂) ခုလုံးမှာ ဘာမှမတင်ပေးတာပါ။ စာပြန်နောက်ကျနေတာလေးတွေကလဲ မပြန်ချင်လို့မဟုတ်ပါဘူးနော် တကယ်မအားလို့ပါရှင်။
ပစ္စည်းတွေအကုန်မှာထားတဲ့သူတစ်ယောက်ချင်းစီတိုင်း ရပြီဆိုမှ page ကို နားမှာပါရှင် ၊ အခုတော့ တစ်ခုခုသိရတိုင်း အပြေးလာတင်ပေးတာပါ။
Refund ပြန်မပေးပဲငြင်းရတာကိုလဲ အားနာပြီးတောင်းပန်ပါတယ် ၊ စောင့်ပေးနေကျလို့လဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။