Smart living

Smart living wholesale shop.pls come n visit our shop

အဲ comment လေး ဖတ် မိပြီးသဘောကျ 😁 comment ပိုင်ရှင်က ပြည်ပရောက်နေတာထင်တယ် သူ fb ကြည့်လိုက်တိုင်း ဆိုင်ပေါင်းစုံ က မုန့်ဟ...
18/09/2026

အဲ comment လေး ဖတ် မိပြီးသဘောကျ 😁 comment ပိုင်ရှင်က ပြည်ပရောက်နေတာထင်တယ် သူ fb ကြည့်လိုက်တိုင်း ဆိုင်ပေါင်းစုံ က မုန့်ဟင်းခါး အိုးကြီး တပြပြ ပဲ တွေ့လို့နေမှာ😂
ဟုတ်ပါ့ရှင့် အခု လက်ရှိ ရှေ့တလောက ခေါတ်စားခဲ့ တဲ့ bar တွေတောင် တဆိုင်ပြီး တဆိုင် ပိတ်ကုန်တာရှင့်🥺 ဆိုင် ခွဲ ၂/၃ ဆိုင်ရှိတဲ့ နာမည်ကြီးဆိုင်တချို့လည်း တဆိုင်လောက် ပဲ ချန်ပြီး ကျံု့ ကုန်ကြတာ

လက်ရှိ က ၃/၄/၅ထောင်နဲ့ လူတိုင်းစားနိုင်တာ ရယ် အရင်းနှီး နည်းတာရယ် မုန့်ဟင်းခါး ပဲရောင်းနိုင်တော့တာ 😝

၁၀ သက် စားမကုန်တဲ့ လူတန်းစားတွေ အတွက်တော့ အလုပ် ရှားနေတဲ့ ငွေရှင် တွေက အဆင့်မြင့် လက်ဖက်ရည် ဆိုင် tea room တွေ လည်း အပြိုင်အဆိုင်ဖွင့်ကြပါတယ်နော် 😁

နိုင်ငံခြားသယ်သွားဖို့ ငါးဖယ်ကြော် အခု ၄၀၀ နဲ့ မုန့်ဟင်းခါး အနှစ်ထုပ် အထုပ်ရေ ရာချီ order ရ 😝😝စီးပွါးရေးကောင်းလှ ချည့်လာ...
18/09/2026

နိုင်ငံခြားသယ်သွားဖို့ ငါးဖယ်ကြော် အခု ၄၀၀ နဲ့ မုန့်ဟင်းခါး အနှစ်ထုပ် အထုပ်ရေ ရာချီ order ရ 😝😝

စီးပွါးရေးကောင်းလှ ချည့်လား လို့ မထင်နဲ့ ဦး
အခု အလုပ်လုပ်ရတာက စွန်းဝူခုန်းတို့ ကျမ်းစာပင့် သလိုပါဆို 🤣🤣😁 ကောင်းမယ် ကြံ လိုက် စုံမ နဲ့ မထွက်ရဖြစ်လိုက် ဝမ်းရောဂါ ဆို ဖြစ်လိုက် ဆီ ပြတ်လိုက်ပဲ
နောက် မိစ္ဆာ နဲ့ မတွေ့ခင်လေး ခဏ အခြေနေကောင်းနေတုနါးလေး post တင်ကြွားရတာ 😁😁😂😂😂

အခု က ငယ်တုန်းက ပုရွက်ဆိတ်နဲ့ နှံကောင်လိုဖြစ် နေ မနားရဲဘူး နောက် ထပ် ဘာ ကထပ်စောင့်နေလဲ မသိတော့ လုပ်လို့ရတုန်းလုပ်ထားရ😁

17/09/2026

Smart living ရဲ့ မုန့်ဟင်းခါး ကောင်းမကောင်းဆိုတာ ဟင်းရည်အရောင် ကိုကြည့်ရင် သိနိုင် အကြော်တွေဆိုတာ ကိုယ်တိုင်ကြော်လို့ကြွပ်ရွ 😋
1273 ကန်သာယာ ၁ လမ်း ၃၅ ရပ်ကွက် မြောက်ဒဂုံ
ပင်လုံ လမ်းမကျောကပ် နတ်ရေကန်ဘေး
Wednesday closed

17/09/2026

အုန်းနို့ခေါက်ဆွဲ ဆို ချ်ုရဲမနေ ပျစ်ချွဲ မနေ အဆိမ့်အရသာ နဲ့ လတ်လတ်ဆတ်ဆတ် ခြစ်ညှစ်ထားတဲ့ အုန်းနို့ နံ့ မွှေးမွှေးလေးကို ဂျံု ခေါက်ဆွဲ သားကောင်းကောင်းလေးနဲ့ ဆွဲ ဖို့ smart living ကိုလာ😋 နေကြာဆီ ကိုသုံးလ်ု့စိတ်ချနော်
1273 ကန်သာယာ ၁ လမ်း ၃၅ ရပ်ကွက် မြောက်ဒဂုံ
ပင်လုံကျောကပ် နတ်ရေကန်ဘေး

17/09/2026

အသုပ်စုံ ကောင်းကောင်း ငရုတ်ဆီ နီရဲရဲ တွေ မပါ မန်ကျည်းချဉ် သန့်သန့်နဲ့ နေကြာဆီ သန့်သနါ့စိတ်ချ လက်ချ စားဖို့ဆ်ု smart living ကိုလာ 🥰😋

1273ကန်သာယာ ၁ လမ်း ၃၅ ရပ်ကွက် မြောက်ဒဂုံ
ပင်လုံလမ်းမကျောကပ် နတ်ရေကန်ရှေ့

ရန်ကုန် မြို့တွင်း delivery နဲ့ မှာသော customer များရှင့် ကျမတို့ က Arlupost delivery service, royal express delivery se...
16/09/2026

ရန်ကုန် မြို့တွင်း delivery နဲ့ မှာသော customer များရှင့်
ကျမတို့ က Arlupost delivery service, royal express delivery service, freelance delivery များနှင့် အဆင်ပြေအောင် ပို့ဆောင်ပေးနေပါတယ်ရှင့်

Royal express က ကန့်သတ်ချက် များပြီး ပို့ဆောင်ခ လည်း များပါတယ် သူက နေ့ချင်းပို့ လိုချင်သူများနှင့် တချို့ delivery အများစုမပို့နိုင်သော နေရာများ အထိ ပို့ပေးပါတယ် သူလည်းအချိန ် ကန့်သတ် လို့မရပါ

Arlupost delivery က ရက် ကြာတတ်ပါတယ် တချို့မြို့နယ်များတွင် စက်ဘီးသမား မလုံလောက်တာ မို့ တခါတလေ ဆို ၃ ရက်လောက် ကိုကြာတာပါ

Freelance delivery ကျမတို့နဲ့ ဆက်သွယ်ထားသော ကောင်လေး က မြို့တွင်းမြို့နယ်တော်တော်များများ ကို မြန်မြန်ဆန်ဆန် ကြိုးစားပို့ပေးပါတယ်

Customer များ အနေ ဖြင့် မိမိ က အချိန် အတိအကျ ရမှယူမှာ ညနေ 6 pm ထိ မစောင့်နိုင် 3 pm ကျော်ရင် မယူ တို့ ဘာတို့ အဲ လို special request များရှိပါက ကျမတို့ ကိုကြို ပြောပေးရပါမယ်ရှင့် အဲ လို order များ ကို တကယ် ပို့ပေးလို့ အဆင်မပြေတာမို့ပါနော်
ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်ရှင့် အဲဒါမှ ဖြစ်နိုင်မဖြစ်နိုင် တခါတည်း ပြောပြ လက်ခံမှ ပို့မှာပါနော်

မြို့တွင်းပို့ခ ၄၀၀၀ ကျပ်နဲ့ delivery သမားတွေ က တယောက် ချင်းစီကို သူတို့ ဆွဲ ထားတဲ့ way လမ်းကြောင်းကို ဖျက်ပြီး ပို့ပေးမှာမဟုတ်ပါဘူးနော်

မှာယူဖို့ ဆန္ဒရှိတယ် ဆိုရင် အနည်းဆုံး ၂/၃ ရက် ခြားပြီး မှာပေးတာအကောင်းဆုံးပါရှင့် 🙏

နေပူ မိုးရွာ အန္တရာယ် ပတ်လည် ကြားမှာ ရိုးရိုးသားသား စက်ဘီးနင်းနေတဲ့ လူငယ်လေးတွေ ကို ဖုန်းတဂွမ်ဂွမ်
ဆက်ပြီး ဖိအားမပေးချင်လို့ပါရှင့် 🙏🙏

ပြည်တွင်းပြည်ပ က delivery နဲ့ မှာယူချင်တယ်ဆိုရင် Smart living မှာ 🥰မုန့်ဟင်းခါး အနှစ်ထုပ် မုန့် ၅၀ သားနှင့်တွဲဖက်စားရန် ...
10/09/2026

ပြည်တွင်းပြည်ပ က delivery နဲ့ မှာယူချင်တယ်ဆိုရင်
Smart living မှာ
🥰မုန့်ဟင်းခါး အနှစ်ထုပ်
မုန့် ၅၀ သားနှင့်တွဲဖက်စားရန် ၆ ပွဲစာ 15000 kyat
မုန့် ၂၅ သားနှင့်တွဲဖက်စားရန် ၃ ပွဲစာ 8000kyat
( အခန်းအပူချိန်မှာတလ ရေခဲသေတ္တာထဲခဲထားလျှင်တနှစ်ရပါတယ်)

🥰ရခိုင်လေး လက်ညှစ် မုန့်ဟင်းခါးဖတ်ခြောက်
၅၀ သားစာ တထုပ် 2000kyat

🥰 A1 family ငရုတ်အလှော်မှုန့် 100 gm 3000 kyat
အရောင်တင်မှုန့် 100 gm 3000 kyat
ငရုတ်သီးအကြမ်းဖတ် 100 gm 3000kyat

အဲ ၃ မျိုး မှာယူလို့ရပါတယ်ရှင့်🙏🙏

1273 ကန်သာယာ 1 လမ်း 35 ရပ်ကွက် မြောက်ဒဂုံ
Wednesday closed
6:30 am to 6 pm open
095158128

07/09/2026

ဒီနေ့ (7/9/26)ဖို့ smart living ရဲ့ အသုပ်တွေ အားပေးတဲ့ customer များ ကို အနူးညွတ်တောင်းပန် ချင်ပါတယ်ရှင့်
Meizan တံဆိပ် ဆီ များ ပြတ်လတ် ဘယ်လိုမှ ဝယ်မရလို့ စားအုန်းဆီ မသုံးတာ မို့ လို့ ပဲ ပိစပ်ဆီ ( ပဲလုံးဆီ) ဒီနေ့စ ပြောင်းသုံးပါတယ်ရှင့် ဆီ ချက်ချက်ရာမှာ ပုံမှန် အတိုင်းဝန်ထမ်း နဲ့ လွှဲ ထား မိပြီး ကျမ ဒီ မနက် အသုပ်တွေ ကိုယ်တိုင်သုပ်မှ ပဲပိစပ် ( soybean) နံ့ ကို ဆီ ချက်နံ့ က မလွှမ်းနိုင်ဘူးရှင်🥺

အသုပ်တခု ရဲ့ အသက် က ဆီ ချက် မို့ လို့ မွှေး နံ့ က အများကြီး သက်ရောက်ပါတယ်ရှင့်🙏
နောက်နေ့တော့ကျမ ကိုယ်တိုင် စိတ်တိုင်းကျသည် အထိ ပြန် လုပ်မှာ မို့ မရရင် တခြား ရနိုင်တဲ့ နေကြာဆီ တမျိုးမျိုးရှာပြီး အစား ထိုး ပြီး လုပ်ပေးမှာမို့ ဒီနေ့တရက် ကို သည်းခံပေးပါရှင့်🙏🙏🙏

တခြား မုန့်ဟင်းခါး ငါးဆီ သတ် ရာမှာတော့ soybean က အနှောင့်ယှက်မဖြစ် လှ ပါဘူး အသုပ်မှာ သာ တကယ်စကားပြောတာပါ😌
မုန့်ဟင်းခါး အနှစ်ထုပ် လုပ်ရာမှာလည်း ပြည်တွင်းဆုံဆီ/ပဲဆီ တွေ က သန့်စင်မှူ မနိုင်တာကြောင့် အချိန် ကြာသိမ်းဆည်းလျှင် ဆီ ချေးနံ့ ထွက်တတ်တာကြောင့် ပြည်ပ သွင်းဆီ ကို ပဲ သုံးရတာပါ အခက်ခဲ များကြားထဲ မှာ ကိုယ့် ဆွေ မျိုးသားချင်းတွေ စားသလို အကောင်းဆုံး ကြိုးစားနေပါတယ်ရှင့်🙏

1-9-2026 မှစ၍ မုန့်ဟင်းခါး အလွတ် -၄၀၀၀ ကျပ်အုန်းနို့ ခေါက်ဆွဲ အလွတ် -၄၅၀၀ ကျပ် နန်းကြီး/နန်းပြားသုတ် -၅၀၀၀ကျပ် အစုံသုပ်/...
31/08/2026

1-9-2026 မှစ၍
မုန့်ဟင်းခါး အလွတ် -၄၀၀၀ ကျပ်
အုန်းနို့ ခေါက်ဆွဲ အလွတ် -၄၅၀၀ ကျပ်
နန်းကြီး/နန်းပြားသုတ် -၅၀၀၀ကျပ်
အစုံသုပ်/ခေါက်ဆွဲသုပ်/ကြာဇံသုပ် ၄၀၀၀ ကျပ်
မုန့်ဖတ်/ ညှပ်ဖတ်သုပ် -၃၅၀၀ ကျပ်
အကြော် ၁ခု -၅၀၀ကျပ်
အိုးဘဲဥ/ငါးဖယ်ကြော်စစ်စစ်-၁၅၀၀ ကျပ်
နှပ်ကော်ဖီ -၂၅၀၀ ကျပ်
Black coffee-၃၀၀၀ ကျပ်
ဖက်ထုပ်အိုးကပ်ကြော် -၆၅၀၀ ကျပ်
ကျောက်ကျော ပင်ပွါးဆေးကုလားမ -၄၀၀၀ကျပ်
ပျားသံပုရာ ပင်ဖိန်း ၄၅၀၀ ကျပ် ဖြင့် ရောင်းချ ပါရစေရှင့်🙏🙏
မုန့်ဟင်းခါးအနှစ်ထုပ် ၅၀ သားစာ 15000 kyat
25 သားစာ 8000 kyat

7 လပိုင်းလလယ်ကစပြီး ရုတ်တရက်ထိုးတက်လာတဲ့ ကုန်ကြမ်းစျေးများ ကို ကြိုးစားတင်းခံ ခဲ့ပါသော်လည်း ဘယ်လိုမှ စျေးမတက်လို့မရတော့လို့ပါ 🥺
လယ်ငါးခူ တပိဿာ 48000 မှ 65000
မီးဖိုချောင်သုံး gas တပိဿာ 8500 မှ 12000
တခါသုံးလက်အိတ် တထုပ် 950 မှ 1300
ပါဆယ် ထုပ် ကျွတ်ကျွတ်တ်အိတ် တထုပ် 1900 မှ 2400
ပဲပိစပ်ဆီ(ပဲလုံးဆီ)5liter 1ပုံး 56500 ကျပ်
ပန်းကန်ဆေးဆပ်ပြာ tissue အဆုံး အဲ လိုရုတ်တရက်စျေးတက်လာပြီး
ကျမတို့ဝန်ထမ်းများကို ဆက်ထိန်းထားနိုင်ဖို့ မဖြစ်မနေလစာနှင့်စားစရိတ်များတို့မြှင့်ပေးရပါသဖြင့် မဖြစ်မနေ တပွဲ ၅၀၀ စီ စျေးတက်ရပါသည်ရှင့်🙏

Smart living ၏ target customer များသည် upper middle, middle နဲ့ lower middle class များဖြစ်ကြပါသည် ။ ကျမတို့ quality ကို မချ ချင်တာမို့လို့
Lower middle class customer တချို့ကို ဆုံးရှုံးရမှာစိုးပြီးစျေးမတက်ပဲ တလ တောင့်ခံကြည့်တာ တကယ်
မကိုက်တော့လို့ပါနော် 🙏🙏🙏
We r really sorry 😢

29/08/2026

Address

1273. ကန်သာယာ1လမ်း 35ရပ်ကွက် မြောက်ဒဂုံ
Yangon
0011

Telephone

+9595158128

Website

Alerts

Be the first to know and let us send you an email when Smart living posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smart living:

Shortcuts

Share