IRIS Myanmar

IRIS Myanmar Fashion and Accessory

24/05/2024

😍အသဲကျော်လေးရဲ့😍 မြန်မာ ဖန်တွေအတွက် Surprise တဲ့ ချစ်လိုက်တာရှင် 🥰🥰🥰


“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်းနှင့် ညောင်ရေသွန်း ပူဇော်ရကျိုး”🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ...
22/05/2024

“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်းနှင့် ညောင်ရေသွန်း ပူဇော်ရကျိုး”
🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴 🪴
“ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း”
••••••••••••••••••••••••
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း “ကဆုန်လပြည့်နေ့”၌ ကျင်းပပူဇော်လေ့ရှိကြသည်။ ထိုသို့ ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် -
*******************
● ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
● ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို ရောက်တော်မူပြီး၊
● ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန် စံတော်မူခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၀င်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
● ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာ၀င်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့
သည် နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း -
❦မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊

❦သစ္စာ၄ပါး ကိုသိမြင်ရာ၊

❦ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်ဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်”ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်း၀၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းပင်ဖြစ်သည်။

“ညောင်ရေသွန်း ပူဇော်ရကျိုး”
•••••••••••••••••••••••
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

“ဂန္ဓောဒကိယ ရဟန္တာမထရ်”
•••••••••••••••••••••••
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ “ထင်းရှူး ဗောဓိပင်” ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။ ထိုဘ၀မှ သေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်၀ယ် ရတနာခုနှစ်ပါးနှင့်ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော “သံ၀သိတ” မည်သော “စကြ၀တေးမင်း” ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“ဗောဓိသိဉ္စက ရဟန္တာမထေရ်”
•••••••••••••••••••••••
၀ိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်” ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး-

“ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် “ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြ၀တေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်” ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။

“တိုက်တွန်းလွှာ”
•••••••••••••••••••••••
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
● ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ● “ဗောဓိ၀န္ဒက ရဟန္တာမထေရ်မြတ်ကြီး” တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်...

အရှင်နာဂဝံသ- မောင်ကံကော်(ကျုံပျော်)】 (သဒ္ဓမ္မသီတဂူသာသနာရိပ်သာ၊တောရကျောင်းတိုက််..

ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်

🌹 သင်ပေးဖြစ်ခဲ့တဲ့ နှင်းဆီလေး 🌹5.5.2024
06/05/2024

🌹 သင်ပေးဖြစ်ခဲ့တဲ့ နှင်းဆီလေး 🌹
5.5.2024

🍃 ဒီနေ့ သင်တန်းသူလေးတွေကို သင်ပေးဖြစ်တဲ့ သစ်ရွက်ထိုးနည်း လေးတွေပါ 🌿🍂
22/04/2024

🍃 ဒီနေ့ သင်တန်းသူလေးတွေကို သင်ပေးဖြစ်တဲ့ သစ်ရွက်ထိုးနည်း လေးတွေပါ 🌿🍂




06/04/2024

Video ရိုက်ခါနီးတိုင်း ကြုံနေရတဲ့ တီချယ်ခင် ​၏ဘဝ 🤣

Lavenderပန်းလေးတွေရဲ့ အဓိပ္ပါယ်က " တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းခြင်း " တဲ့ 💜💜💜🌸🌸ရိုးရိုးလေးထိုးထားပေမဲ့ ယဉ်ယဉ်လေးလှနေသ...
03/04/2024

Lavenderပန်းလေးတွေရဲ့ အဓိပ္ပါယ်က " တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းခြင်း " တဲ့ 💜
💜💜
🌸🌸ရိုးရိုးလေးထိုးထားပေမဲ့ ယဉ်ယဉ်လေးလှနေသောပန်းလေး 🌸

#ချည်ထိုးပန်းထိုး


💕💕Online သင်တန်း စပြီး ၁၀ ရက်အတွင်း ကိုယ့်အချစ်လေးတွေရဲ့ လက်ရာလေးတွေ ကြည့်ပီး အမောပြေ နေသော တီချယ် ခင် 🥰🥰🥰ဒါလုံးဝအခြေခံ ...
03/04/2024

💕💕Online သင်တန်း စပြီး ၁၀ ရက်အတွင်း ကိုယ့်အချစ်လေးတွေရဲ့ လက်ရာလေးတွေ ကြည့်ပီး အမောပြေ နေသော တီချယ် ခင် 🥰🥰🥰

ဒါလုံးဝအခြေခံ အဆင့်ပဲ ရှိသေးတာပါနော်
နောက်ထပ်အကြွား post လေးတွေလဲ ထပ်လာပါအုန်းမယ်



#ချည်ထိုးပန်းထိုး

🎁🎁🎁 လက်ဆောင်ပေးမဲ့ သင်ထောက်ကူပစ္စည်းလေးတွေ ခုပဲရပါပီ ဒီညနေ စာရင်းထဲမှာပါတဲ့ ညီမလေးတွေ အတွက် Deli အပ်ပေးပါတော့မယ် မနက်ဖြန...
24/03/2024

🎁🎁🎁 လက်ဆောင်ပေးမဲ့ သင်ထောက်ကူပစ္စည်းလေးတွေ ခုပဲရပါပီ ဒီညနေ စာရင်းထဲမှာပါတဲ့ ညီမလေးတွေ အတွက် Deli အပ်ပေးပါတော့မယ်

မနက်ဖြန် သင်တန်းစပါပြီ😊

🌿🌿🌿 ခါတော်မှီပိတောက်ပန်းလေးတွေ ကိုယ်ထိုးပီး ကိုယ်ကြိုက် 🌿🌿🌿🍃🍃ဒီလိုပန်းလှလှလေးတွေ ထိုးချင်သူလေး များ  Online Class လေးကို...
22/03/2024

🌿🌿🌿 ခါတော်မှီပိတောက်ပန်းလေးတွေ ကိုယ်ထိုးပီး ကိုယ်ကြိုက် 🌿🌿🌿

🍃🍃ဒီလိုပန်းလှလှလေးတွေ ထိုးချင်သူလေး များ Online Class လေးကို မြန်မြန် Join ထားလိုက်တော့နော် 🍃🍃

👇👇

https://www.facebook.com/100070872605850/posts/441843944854689/

🎉နှစ်သစ်မှာ လက်မှုပညာလေးတွေလေ့လာရင်း အသက်မွေးဝမ်းကြောင်းပြု ချင်သူလေးများအတွက် မင်မင်အခု ပထမဆုံးဖွင့်လှစ်မဲ့ ချည်ထိုးပန်...
20/03/2024

🎉နှစ်သစ်မှာ လက်မှုပညာလေးတွေလေ့လာရင်း အသက်မွေးဝမ်းကြောင်းပြု ချင်သူလေးများအတွက် မင်မင်အခု ပထမဆုံးဖွင့်လှစ်မဲ့ ချည်ထိုးပန်းထိုး online class လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်

🌸သင်တန်းလေးပီးတာနဲ့ အင်္ကျီလေးတွေမှာအများနဲ့မတူဘဲ တမူထူးခြားပြီး လှပနေအောင် ဒီဇိုင်းဆန်းဆန်းတွေ ဖန်တီးတတ် ချင်သူများ ကိုယ်ပိုင် ဒီဇိုင်းထိုးပီးဝတ်မလား/လက်ဆောင်ပေးမလား / Handmade ပုဝါလေးတွေ၊ အိတ်လေးတွေ လုပ်ရောင်းမလား အကုန်အဆင်ပြေပါတယ်နော်

🌸သင်တဲ့ခါမှာလဲ Level အလိုက်တစ်ဆင့်ချင်းနားလည်လွယ်အောင် ချည်ထိုးနည်းအခေါ်အဝေါ်တွေကအစ အသေးစိတ်
သင်ကြားပေးမှာပါ

🌸သင်ခန်းစာအလိုက်ပုံကြမ်း pattern လေးတွေချပေးပီး pattern ကူးနည်းကအစ သင်ပေးမှာမို့ ပုံမဆွဲတတ်လဲ စိတ်ပူစရာမလိုပါဘူးနော်

🌸သင်ကြားပေးမယ် စာသင်group ကလဲ ရာသက်ပန် group ဖြစ်တာကြောင့် သင်တန်းကြေးတစ်ကြိမ်သွင်းရုံနဲ့ တစ်သက်လုံးကြည့်ခွင့်ရမှာဖြစ်တာကြောင့် ခနခနမေ့တက်တဲ့ သူလေးတွေအတွက်လဲ အားလုံးအဆင်ပြေတယ်

🌸group ထဲရောက်ပီဆိုတာနဲ့ ဒီတိုင်းသင်တန်းသူများကိုမလွှတ်ထားပဲ အိမ်စာတွေ စစ်ပီး နားမလည်တာရှိရင်လဲ နားလည်တဲ့အထိအသေးစိတ် ရှင်းပြပေး မှာပါနော်

♡သင်တန်းကြေးနဲ့မတန်အောင် Level 3 ခုလုံးကို ထိုးနည်းအခေါ်အဝေါ်များကအစအသေးစိတ်ရှင်းပြပီး Handmade ပိစိလေးတွေလုပ်နည်းကိုပါ လက်ဆောင် အဖြစ် လုပ်ပြပေးသွားမှာပါနော်

🌸ချည်ထိုးနည်းကသာအဓိကဖြစ်တာကြောင့် ထိုးနည်းသိသွားရင် ဒီဇိုင်းအမျိုးအစားပေါင်း များစွာကို ကိုယ်တိုင်လွယ်ကူစွာထိုးနိုင်မှာဖြစ်ပါတယ်ရှင်

🌸သင်ကြားပေးမယ့်သင်ခန်းစာ ကLevel 3 ဆင့်ပါ
***
1 . Beginner Level
2. Intermediate Level
3. Advanced Level

🌸သင်ကြားနည်းကတော့

✅Telegram group မှာကိုယ်တိုင်ရိုက် videoနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။
✅ ကိုယ်အားတဲ့အချိန်မှာ ဝင်ပြီးလေ့လာရုံဘဲ။
✅ မသိတာ နားမလည်တာတွေရှိရင်လဲ တစ်ယောက်ချင်းစီ စာမေးလို့ရတယ်။
✅သင်တန်းပြီးသွားရင်လဲ Group ကိုလုံးဝမဖျက်တဲ့အတွက် မေ့သွားရင်လဲ အချိန်မရွေး ပြန်ကြည့်လို့ရပါတယ်။

အချိန်လဲတကူးတကပေးစရာမလိုပဲ အားတဲ့အချိန်မှာ သင်ကြားနိုင်မှာမို့ ရုံးသမား ကျောင်းသမားနဲ့ အိမ်အလုပ်တွေလုပ်နေရတဲ့ အိမ်ရှင်မ များ မီးမီးလေး သားသားလေးတို့ မေမေများလဲ စိတ်မပူပဲ တက် ရောက်နိုင်ပါတယ်။
•••••••••••••••••••
♦️သင်တန်းစတင်မည့်ရက်♦️
အခုငွေသွင်း အခုစတတ်လို့ရနေပါပီ

🌸🌸သင်တန်းကြေး ကတော့ ခုဒီ post လေးကို like and share လေးလုပ်ပီး comment မှာ Ss လေးပြရုံနဲ့ သင်္ကြန်အကြို promotion၂၀,၀၀၀ ကျပ်နဲ့ စတင်တတ်ရောက်နိုင်မှာ ဖြစ်ပါတယ် Promotion ကာလ ကုန်ရင်တော့ ပုံမှန်သင်တန်းကြေး ၆၀,၀၀၀ ကျပ်နဲ့သင်ရမှာပါနော်

KBZ Pay , Wave Money
များမှ သင်တန်းကြေးလွှဲပေးနိုင်ပါသည်
အသေးစိတ်အချက်လက်များသိရှိလိုပါက CB မှတစ်ဆင့်မေးမြန်းနိုင်ပါတယ်


#

Address

Bogalay Zay, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when IRIS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share