12/09/2026
🔥 ❝ Design Industry ထဲကို မှားပြီးဝင်လာတာမျိုးမဖြစ်စေချင်ဘူး…ရောက်နေတဲ့သူတွေကိုလဲ AIကြောင့်နောက်မကျစေချင်ဘူး❞
ဒါကြောင့်—
❝ Design Is More Than a Pretty Picture + The AI-Powered Designer❞\
2-Day Online Classကို ပြုလုပ်ပေးသွားမှာပါ။
━━━━━━━━━━━━━━━━━━
📌 ❝ ဘာကြောင့် ဒီ Class ကို ပြုလုပ်ဖြစ်တာလဲ ❞
Design ကို စိတ်ဝင်စားလို့ ကျောင်းလခနဲ့ အချိန်တွေ အများကြီးပေးပြီးမှ…
“ဒီ Industry က ကိုယ်တကယ်ကြိုက်တာ မဟုတ်ပါလား” ဆိုတာ နောက်ကျမှ သိရတာမျိုး မဖြစ်စေချင်ပါဘူး။
ကျွန်တော်ကိုယ်တိုင် Design ကျောင်း စတက်တုန်းက ဒီ Industry ရဲ့ Real World အကြောင်း သေချာလမ်းညွှန်ပေးမယ့်သူ မရှိခဲ့သလို၊ သူငယ်ချင်းတချို့လည်း ကျောင်းလခသွင်းပြီး အချိန်တွေပေးပြီးမှ သူတို့တကယ်မကြိုက်တဲ့ Profession ဖြစ်နေမှန်း သိခဲ့ကြရပါတယ်။
တစ်ဖက်မှာလည်း Industry ထဲရောက်နေပြီးသား Designer တွေအတွက် AI က အလုပ်လုပ်ပုံတွေကို မြန်မြန်ပြောင်းလဲနေပြီဖြစ်တဲ့အတွက် ကိုယ့် Skill နဲ့ Workflow ကို ဘယ်လို Upgrade လုပ်မလဲဆိုတာ သိထားဖို့ လိုလာပါပြီ။
ဒါကြောင့် ဒီ Class ကို—
🌟 Industry ထဲမဝင်ခင် Reality ကို သိချင်သူတွေအတွက်
**Day 1 Free Class**
🌟 Industry ထဲရောက်နေပြီး AI ကို လက်တွေ့အသုံးချချင်သူတွေအတွက်
**Day 2 Paid Class**
ဆိုပြီး နှစ်ရက်ခွဲထားပါတယ်။
━━━━━━━━━━━━━━━━━━
📌 ❝ Day 1: Free Class — Design Is More Than a Pretty Picture ❞
Design ဆိုတာ Software သုံးတတ်တာ၊ 3D Model ဆွဲတတ်တာနဲ့ Rendering လှလှလုပ်တတ်ရုံတင် မဟုတ်ပါဘူး။
Designer တစ်ယောက်က အိမ်ရဲ့ Floor Area ကို ပိုကြီးအောင် လုပ်ပေးလို့မရပေမဲ့
Circulation, Proportion, Lighting, Material နဲ့ Storage တွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးခြင်းအားဖြင့် နေရာတစ်ခုကို ပိုကျယ်သလို ခံစားရအောင်၊ ပိုအဆင်ပြေပြီး တကယ်အသုံးဝင်လာအောင် ဖန်တီးပေးနိုင်ပါတယ်။
Day 1 မှာတော့—
🔥 Design ဆိုတာ တကယ်ဘာလဲ။
🔥 Interior Designer, 3D Modeler နဲ့ Architectural Visualizer တို့ ဘာကွာခြားလဲ။
🔥 Design ကျောင်းက ကိုယ်နဲ့သင့်တော်၊ မသင့်တော် ဘယ်လိုသိနိုင်မလဲ။
🔥 သင်တန်းပြီးရင် ဘယ်လို Career Opportunities တွေရှိလဲ။
🔥 Rendering လှတာနဲ့ Design ကောင်းတာ ဘာကြောင့်မတူတာလဲ။
🔥 School Project နဲ့ Real Client Project တို့ ဘယ်လိုကွာခြားလဲ။
🔥 AI ခေတ်မှာ ဘယ်လို Design Skills တွေ ပိုတန်ဖိုးရှိလာမလဲ။
စတာတွေကို Sharing လုပ်ပေးသွားမှာပါ။
ကျောင်းမှာတော့ Presentation ပြီးရင် Project ပြီးသွားနိုင်ပေမဲ့ Real Project မှာတော့ Presentation ပြီးမှ တကယ့်အလုပ်က စတာပါ။
Labour မလာတာ၊ Supplier က ပစ္စည်းမှားပို့တာ၊ Client Requirement ပြောင်းတာ၊ ကိုယ်တိုင်ဆုံးဖြတ်ချက်မှားတာတွေက Site မှာ တကယ်ကြုံရမယ့် Reality တွေပါ။
ဒီ Industry ထဲမဝင်ခင် အဲ့ဒီအခြေအနေတွေကို သေချာသိပြီး ကိုယ့်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်စေချင်ပါတယ်။
━━━━━━━━━━━━━━━━━━
📌 ❝ Day 2: Paid Class — The AI-Powered Designer ❞
Day 2 ကတော့ AI ကို Prompt ရေးပြီး ပုံထုတ်တတ်ရုံ သင်ပေးမယ့် Class မဟုတ်ပါဘူး။
Designer တစ်ယောက်ရဲ့ Thinking နဲ့ Decision ကို မပျောက်စေဘဲ AI ကို ကိုယ့်ရဲ့ Design Workflow ထဲမှာ **Control ရှိရှိ၊ လက်တွေ့ကျကျ** အသုံးချနိုင်ဖို့ သင်ယူရမှာပါ။
🔥 AIကိုModelingဘယ်လိုဆွဲခိုင်းမလဲ။
🔥 AIနဲ့ Design Second Brain တည်ဆောက်နည်း။
🔥 3D တစ်ပုံကို Analyze လုပ်ပြီး Render ထုတ်ယူတဲ့ D.A ရဲ့ Custom Workflowတွေ။
🔥 Design & Built Companyအနေနဲ့ D.Aရဲ့ Internalထဲမှာ ဘယ်လိုAIတွေနဲ့လုပ်နေတာတွေ။
🔥 More.........
AI က အလုပ်ကို ပိုမြန်အောင် ကူညီပေးနိုင်ပေမဲ့ ဘာကိုရွေးမလဲ၊ Result အတွက် ဘယ်သူတာဝန်ယူမလဲဆိုတဲ့ **Decision နဲ့ Responsibility** ကတော့ Designer ဆီမှာပဲ ရှိနေမှာပါ။
ဒါကြောင့် AI ကို သုံးတတ်ရုံမဟုတ်ဘဲ **Control လုပ်တတ်တဲ့ Designer** ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။
━━━━━━━━━━━━━━━━━━
ဒီ Class ကို Lecturer တစ်ယောက်ရဲ့ Theory ပုံစံနဲ့ မဟုတ်ဘဲ Industry ထဲမှာ အလုပ်လုပ်နေတဲ့ **Practitioner & Business Owner** တစ်ယောက်အနေနဲ့ ကိုယ်တိုင်သိခဲ့တာ၊ မှားခဲ့တာနဲ့ ပြန်ဖြေရှင်းခဲ့တာတွေကို Real Experience နဲ့ချိတ်ဆက်ပြီး Sharing လုပ်ပေးမှာပါ။
Key Points တွေရှင်းပြပြီးနောက် **Discussion & Q&A Session** ပြုလုပ်ပေးမှာဖြစ်သလို အချိန်ရသလောက် Participants တွေရဲ့ Career နဲ့ Workflow Questions တချို့ကိုလည်း အတူ Analyze လုပ်ပေးသွားပါမယ်။
━━━━━━━━━━━━━━━━━━
🛑 ❝ **Class Information** ❞
**Day 1** — Free Class
**Day 2** — Paid Class + Day 1 Included
**Duration** — 3 Hours per Day
**Date** — 26.9.2026 & 27.9.2026
**Time** — 6:30 PM
**Platform** — Zoom Meeting
**Day 2 Fees** — 150,000 MMK
**Maximum** — 50 Participants Only
━━━━━━━━━━━━━━━━━━
‼️ ❝ **တက်ရောက်ရန် နည်းလမ်း** ❞
🌟 **Day 1 — Free Class**
ဒီ Post ကို **Share** လုပ်ပြီး Share ထားတဲ့ **Screenshot** နဲ့အတူ Page Messenger မှာ **DESIGN** လို့ ပို့ပြီး Register လုပ်နိုင်ပါတယ်။
🌟 **Day 2 — Paid Class**
Day 2 အတွက် Register လုပ်ထားသူများက **Day 1 ကိုပါ တိုက်ရိုက်တက်ရောက်ခွင့်** ရရှိမှာဖြစ်တဲ့အတွက် Post Share လုပ်ရန်မလိုအပ်ပါဘူး။
📩 တက်ရောက်လိုသူများ Page Messenger မှာ **DESIGN** လို့ ပို့ထားနိုင်ပါပြီ။