22/03/2026
တော်တော်များများ Daisy ပန်းလို့ ထင်နေကျတဲ့ Feverfew ပန်းလေးအကြောင်း ပြောပြချင်ပါတယ်။⋆。゚☁︎。⋆。 ゚☾ ゚。⋆
☘︎ ݁˖ Feverfew ပန်းလေးတွေက ရုတ်တရက်ကြည့်လိုက်ရင် Daisy လို့ထင်ရပေမဲ့ ဒီပန်းလေးကိုတော့ အထူးသဖြင့် ကျန်းမာရေးအတွက် အသုံးများပါတယ်။ သူ့ကို အဖျားကျစေဖို့နဲ့ ခေါင်းကိုက်သက်သာအောင် အသုံးပြုကြပါတယ်။ ⋆˚꩜。
ဒီပန်းလေးရဲ့ အဓိပ္ပာယ်က — နာကျင်မှုတွေ သက်သာစေခြင်း၊ စိတ်ပူပန်မှုတွေ လျော့ချစေခြင်း၊ တိတ်တိတ်လေး ဂရုစိုက်ပေးနေတဲ့ မေတ္တာကို ကိုယ်စားပြုပါတယ်။.✦ ݁˖
Feverfew ပန်းလေးကို သန့်ရှင်းတဲ့ မေတ္တာလို့ တင်စားနိုင်တဲ့ နှင်းဆီဖြူလေးနဲ့ရောစပ်လိုက်တဲ့အခါ
"LUCKY TO HAVE YOU " ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ပန်းစည်းလို့ ယူဆနိုင်တာမို့ ချစ်ခင်သူတွေနဲ့ တန်ဖိုးထားရသူတွေအတွက် သင့်တော်တဲ့ပန်းလေးဖြစ်စေမှာပါ။
Love,
Abi&Eden's Corner