24/08/2026
အရမ်းစိုက်ရလွယ်တဲ့ပန်း
နေရောင်အပြည့်ရတဲ့နေရာထားရင်
ရေလောင်းလောင်း မလောင်းလောင်း
သူ့အလိုလိုပွင့်ပေးတဲ့ပန်း
မိုးတွင်းဆိုလဲ ရေတွေအိနေအောင်ရတဲ့
နေရာမဟုတ်ရင် လုံးဝမရိသွားတဲ့ပန်း
အရိပ်ကျတဲ့နေရာဆိုရင်တော့ လုံးဝမပွင့်ပေးတဲ့ပန်း
တစ်ခုတော့ရှိတယ်
အပေါ်ကပြောသလိုအချက်တွေအတိုင်းထားချင်ရင်
မြေကိုကောင်းကောင်းသုံး
ဆေးတွေမသုံးတောင်ရတယ် မြေသာကောင်းနေရင်
အဓိကက ရေမဝပ်တဲ့မြေဖြစ်ဖို့ပဲ
အဖူးတွေအပွင့်တွေ က စိုက်တဲ့သူတွေ အရောင်လေးမြင်ရအောင် အလုပ်ရှုပ်ခံအရောင်တွေခွဲထည့်ပေးတာ
အဖူးအပွင့်တွေက ခံလဲ ၃/၄ရက်ပဲ အဲ့ထပ်ပိုမခံဘူး
တန်းညိုးတာ
အရွက်တွေဆိုတာ ခြံကခူး ကာစတမ်မာဆီပို့ဖို့ ထည့်
အဲ့တာလုပ်တာမှာတင် တဖြုတ်ဖြုတ်ကြွေနေတာ
အခက်ချိုးထားတာအရွက်တွေကတော့ ကြွေမှာပဲ
အဓိကက အရိုး အခက် ကနေကို သူက အခက်အသစ်
အမြစ်အသစ်ထွက်နိုင်တဲ့ သဘာဝရှိနေတဲ့အပင်
Admin က အပင်တစ်ပင်ကို အကြမ်းခံအောင် ဘလိုစိုက်ရလဲ ဆိုတာ အမြဲရှာဖွေပြီး ပြောပြနေတတ်တဲ့သူ
တခြားအလုပ်တွေလဲရှုပ်တယ်
ပန်းပွင့်တာ အပင်တွေစိမ်းစိုလန်းဆန်းနေတာလဲ
မြင်ချင်တယ်
အဲ့တော့ ကိုယ်က အလုပ်ရှုပ်သက်သာအောင်
ဘယ်လိုဘယ်ပုံစိုက်ရင် အပင်က ဘယ်လိုဖြစ်မယ်ဆိုတာ
သိအောင်လုပ်ထားရတယ်
ကိုယ်က ဒီလောက်တော့အပင်ပန်းခံရမယ်လေ
ကိုယ်ဖြစ်စေချင်တာဖြစ်ဖို့အချိန်ရင်းရတာတော့
ရှိတာပဲ
အပင်တိုင်း ပန်းတိုင်း
အခုစိုက် အခုဟပ်ချလောင်း မပွင့်နေဘူး
အခက်ကအဖူးပါလာလို့သာပွင့်ချင်ပွင့်မယ်
သူ့အမြစ်စွဲပြီ မြေထဲကအာဟာရတွေစုပ်ပြီ
နေရောင်ခြည်ကောင်းကောင်းရပြီဆိုမှ
အပွင့်မပြတ် အဖူးမပြတ်တဲ့ အပင်တွေဆိုတာ
စဖြစ်လာတာ
အဲ့လိုဖြစ်ဖို့အချိန် အနည်းဆုံး ၃ပတ်ကနေ ၁လတော့ပေးရတယ်
သူတို့ကြိုက်တတ်တဲ့ မြေ၊နေ၊ရေ၊လေ ရနေအောင်
ဖန်တီးပြုပြင်ထားပေးရတယ်
ကိုယ့်ဘက်က effort မစိုက်ဘဲ ဘာပန်းမှပွင့်မလာပါဘူး
သူ့အလိုလိုပွင့်လာတယ်ဆိုရင်တောင်
ဒါဟာ အပင်လေးတွေက သူတို့လိုအပ်တဲ့အခြေအနေကို
ရနေလို့ပဲဖြစ်ပါတယ်
ဒါပင်မဲ့ ဒီပန်းက အတော့်ကို စိုက်ရလွယ်တဲ့ပန်းဖြစ်နေတုန်းပါပဲ
ခက်နေတဲ့သူတွေလဲ မခက်ပါနဲ့
Admin ပြောစကားကို အထွန့်မတက်ဘဲ
နားထောင်ပြီး ပြောတဲ့အတိုင်း စိုက်
ထားရမယ့်နေရာမှာ ထားစိုက်ပြီး
အချိန်တစ်ခုပေးရင်
ရလာမယ့်အသီးအပွင့်ကို ခံစားရမှာပါ။
Admin က ပုံမှန် လူတွေကိုဆိုရင်
စိတ်မရှည်တဲ့ သူထဲမှာပါပါတယ်
အပင်နဲ့ပန်းနဲ့ ပတ်သတ်လာရင်တော့
လုံးဝဆန့်ကျင်ဘက်လူတစ်ယောက်ဖြစ်သွားပါတယ်
မသိတာမျိုးဆို ရှင်းပြပေးပါတယ်
စိတ်ရှည်တယ်ဆိုပင်မဲ့ မဟုတ်တာတွေပြောနေရင်တော့
နဲနဲလေသံမာမာနဲ့ အမှန်ကိုရှင်းပြတတ်ပါတယ်
မုန်းတာမမုန်းတာ အပထား
အမှန်ကို ပြောပြလိုက်လို့ နဲနဲလေးဉာဏ်မှီပြီး
သိသွားရင် လုံလောက်ပြီလို့ သဘောထားပါတယ်။
နိဂုံးချုပ်အနေနဲ့
အခုမိုးတွင်း မောနင်းဖလားဝါးအရောင်း နားပါပြီ
မိုးကြီးပြီး စိုက်ထားတဲ့ အခင်းတွေရေဝပ်နေတာမို့
အပင်က အဝေးပို့ဖို့ စိတ်မချရတဲ့အတွက်
မိုးကုန် မိုးလွတ်တော့မှ ရောင်းလို့ ရပါတော့မယ်ရှင်