Gee Leather Craft

Gee Leather Craft Your Trusted Partner in Premium Corporate & Personalized Leather Gifts.

📲 09424919665

14/06/2026

Drama မများတဲ့သူတွေ တတ်မြောက်လွယ်တယ်။
သင်ယူရမယ့်အရာအပေါ် စိတ်တံခါးဖွင့်ထားတဲ့သူတွေ တတ်မြောက်လွယ်တယ်။
“ငါရအောင် လုပ်မယ်” ဆိုတဲ့ စိတ်ပြင်းပြမှုရှိတဲ့သူတွေ တတ်မြောက်လွယ်တယ်။
ပြီးတော့…
လေ့ကျင့်မှုများတဲ့သူတွေကတော့ own pattern ထုတ်တတ်လာတယ် ၊
Consistency ရှိပြီး နေ့စဉ် ဆက်တိုက် လုပ်ဆောင်နိုင်တဲ့သူတွေက ပိုပြီး တိုးတက်မြန်တယ်။
အောင်မြင်မှုကို Talent တစ်ခုတည်းက မဆုံးဖြတ်ဘူး။
သင်ယူသူ Mindset ၊ Consistency နဲ့ လေ့ကျင့်မှုက ပိုဆုံးဖြတ်ပါတယ်။

📲 09424919665

12/06/2026

အိတ်ပုံတွေကြီးပဲမြင်နေရတာပျင်းလာပြီလား⁉️❔

#ဖုန်းဗန်း

11/06/2026

⛳️Range သွားတိုင်းလည်းမပါမဖြစ် နာနတ်သီးလည်သာ LAN (လမ်း) mini cross body bag 💚🤎🏌️‍♂️

✨ Monsoon Makers Networking: Connect, Plan & Empower ✨SME လုပ်ငန်းရှင် အမျိုးသမီးများအတွက် Women Transforming Myanmar ၏ ...
11/06/2026

✨ Monsoon Makers Networking: Connect, Plan & Empower ✨

SME လုပ်ငန်းရှင် အမျိုးသမီးများအတွက် Women Transforming Myanmar ၏ Networking ပွဲလေး ပြန်လာပါပြီ။

ယခုပွဲတွင် ဘာတွေ ထူးထူးခြားခြား ပါဝင်မလဲ?

📈 Business Expansion Planning: သင့်လုပ်ငန်းကို ဘယ်လိုချဲ့ထွင်မလဲဆိုတဲ့ အစီအစဉ်တွေကို Mohinga House- မွင်းငါးဆိုင် မှ CEO & Founder ဖြစ်တဲ့ ကိုကောင်းစည်သူနှင့်အတူ ဆွေးနွေးဖော်ထုတ်မယ့် အစီအစဉ်။
🤝 Networking: အမျိုးသမီးလုပ်ငန်းရှင်များနှင့် Network ချိတ်ဆက်ခြင်း။
👜 Leather Workshop: ကိုယ်တိုင်ချုပ်လုပ်မည့် အမှတ်တရ Leather Name Card Bag လေးများ။ (Gee Leather Craft)
🛍️ SME Vendor Showcase: SME ထုတ်ကုန်များကို လေ့လာအားပေးနိုင်မည့် အခွင့်အရေး။
📍 နေရာ: Mohinga House- မွင်းငါးဆိုင်
📅 နေ့ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက် (စနေနေ့)
🕙 အချိန်: မနက် ၁၀:၀၀ မှ နေ့လည် ၁:၀၀ အထိ

WTM Business Club Member - Free of Charge (FOC)
Non-Business Club Member - 20,000 MMK
🔗 စာရင်းပေးသွင်းရန်: https://forms.gle/9rYJLXeur9Ynsxj3A

11/06/2026

Repeated customers များနဲ့ တကယ်ကိုလက်ဆင့်ကမ်းညွှန်းပေးကြတဲ့ customers တစ်ဦးချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်🖤

မင်္ဂလာပါဗျ။ကျွန်တော့်ဆီမှာ အစဉ်တစိုက်အားပေးနေကြတဲ့ မိတ်ဟောင်း မိတ်သစ် Customers တွေ နဲ့ Leather Crafting သင်တန်းတက်ရောက...
09/06/2026

မင်္ဂလာပါဗျ။
ကျွန်တော့်ဆီမှာ အစဉ်တစိုက်အားပေးနေကြတဲ့ မိတ်
ဟောင်း မိတ်သစ် Customers တွေ နဲ့ Leather Crafting သင်တန်းတက်ရောက်သူတွေများမှာ နယ်ပယ်အသီးသီးကပညာရှင်တွေ သံရုံးအရာရှိတွေ၊ နယ်ပယ်အသီးသီးက ဥက္ကတွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ၊ Product Makers တွေ၊ Service Providers တွေ၊ Instructors တွေ နဲ့ white collar professional အများကြီးပါဝင်ပါတယ်။

ဒါကြောင့် ဒီစာကို ကျွန်တော့်အတွက်တင်မဟုတ်ဘဲ သင်ကြားရေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တွေအားလုံးအတွက် ရှောင်နိုင်အောင်ရေးပေးခြင်းဖြစ်ပါတယ်။ အရင်ကဒီလိုလူမျိုးတွေအကြောင်းအခြားပေ့ချ်မှာဖတ်ဖူးပေမယ့် ကကျွန်တော့ပေ့ချ်က organic များပြီး တစ်ယောက်၀ယ်လို့တစ်ယောက်ညွှန်းပြီးလာကြတာများလို့ ဒီလိုမျိုးမရှိဘူးလို့ထင်ခဲ့ဖူးလို့ aware သိပ်မဖြစ်ခဲ့ပါဘူး။

အခုတော့မကြာသေးခင်က ဖြစ်စဉ်တစ်ခုမှာ သင်တန်းသားတစ်ဦးဟာ သင်တန်း ၄ ရက်အနက် ၃ ရက်အထိ အချိန်ပြည့်
တက်ရောက်ခဲ့ပြီး “အရမ်းစိတ်ရှည်သောဆရာ🙏🙏🙏” ဆိုပြီး သင်တန်းအပေါ် ကျေနပ်မှုရှိကြောင်း Comment မှာမည်သူတစ်ဦးတစ်ယောက်ရဲ့
တိုက်တွန်းချက်မပါဘဲ ရေးသားခဲ့ပါတယ်။ ကျွန်တော် Reply တောင်မပြန်ထားပါဘူး ဘာလို့ဆိုကျွန်တော်တို့၀န်ဆောင်မှုပေးနေသည်မှာ ၆ နှစ်တိုင်ရှိပြီဖြစ်ပြီး လူအများနဲ့ဆက်ဆံထိတွေ့နေတာဖြစ်လို့ “ဇွတ်ချိုလုပ်ပြနေရင်
အဲ့လူကိုသတိထားဆက်ဆံပါတယ်”(ဒါသည်စကားချပ်)

သို့သော် follow up သင်ကြားမှုနဲ့ skill လေ့ကျင့်မှုအချိန်
အတွက်ချိန်းဆိုဖို့ပြင်ဆင်ရာမှာတော့ သင်တန်းကြေးပြန်အမ်းရန် တောင်းဆိုလာပြီး၊ မလိုက်လျောပါက ဘယ်လို တင်မည်၊ Reputation ထိခိုက်အောင် လုပ်မည် စသည့် ခြိမ်းခြောက်သဘောဆောင်သော စကားများ နဲ့မိုက်မိုက်ရိုင်းရိုင်းပြောဆိုလာခဲ့ပါတယ်။

အဓိက service လုပ်ငန်းတွေမှာ customer’s expectations နဲ့မကိုက်တာဖြစ်ဖြစ်ကိုယ့်ဖက်ကမှားတာဖြစ်ဖြစ်က တာ၀န်ယူကြပြီး ဖြေရှင်းကြတာ GLC brand commitment ထဲကလည်းတစ်ခုဖြစ်ပါတယ် ဒါကဘယ်လုပ်ငန်းမဆိုဖြစ်လေ့ဖြစ်ထရှိတာမို့ အဆန်းမဟုတ်ပါဘူး။
ဒါပေမယ့်ငွေထက်တန်ဖိုးထားတဲ့ကျွန်တော့ပညာကိုစော်ကားတာကိုတော့လုံး၀လက်မခံနိုင်တာမို့ black list တင်ခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာက

သင်တန်းလာတက်ရန် အသုံးပြုသော သူ၏သွားလာစရိတ်၊ သူ bus car မစီးနိုင်လို့ သူ့ဘာသာတည်းတဲ့တည်းခိုစရိတ်၊ စားသောက်စရိတ်များသည် သင်တန်းကျောင်းက ကောက်ခံထားသော စရိတ်များ မဟုတ်ပါ။

သင်တန်းတက်ရောက်သူတစ်ဦးချင်း၏ ကိုယ်ပိုင်
ဆုံးဖြတ်ချက်နှင့် ကုန်ကျစရိတ်များသာ ဖြစ်ပါတယ်။ ဒါကိုသူထပ်လာမည့်ရက် လေ့ကျင့်မဲ့ရက်တွေမှာဒါတွေထပ်အကုန်မခံနိုင်တော့လို့မလာတော့ကြောင်းမှာ မိမိကိစ္စသာဖြစ်ပါတယ်။

Leather Crafting ဟာ ဗီဒီယိုကြည့်ပြီး ချက်ချင်းတတ်သွားနိုင်တဲ့ Skill မဟုတ်ပါ။

အခြေခံ Knowledge၊ Material Understanding၊ Hand Skills၊ Practice Process တွေကို အဆင့်ဆင့် သင်ယူရတဲ့ လက်မှုအတတ်ပညာတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် သင်တန်းမတက်ခင်မှာ ကိုယ့်ကိုယ်ကို မေးစေချင်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။

“ကျွန်တော်/ကျွန်မဟာ Skill တစ်ခုကို စိတ်ရှည်ရှည်နဲ့ လေ့လာသင်ယူဖို့ လာတာလား၊ ဒါမှမဟုတ် ပိုက်ဆံပေးပြီး ချက်ချင်းတတ်ချင်တာလား”

GEE Leather Craft သင်တန်းဟာ အောက်ပါလူများအတွက် သင့်တော်ပါတယ်။

✔ Leather Crafting ကို အမှန်တကယ် စိတ်ဝင်စားသူ
✔ Skill တစ်ခုကို အချိန်ပေးပြီး လေ့ကျင့်နိုင်သူ
✔ အခြေခံကနေ စနစ်တကျ သင်ယူချင်သူ
✔ ကိုယ်တိုင် Product ထုတ်လုပ်နိုင်တဲ့အထိ ကြိုးစားချင်သူ
✔ Professional Mindset ရှိသူ

အောက်ပါလူများအတွက်တော့ မသင့်တော်ပါ။

✘ တစ်ရက်နှစ်ရက်နဲ့ ကျွမ်းကျင်ချင်သူ
✘ Practice မလုပ်ဘဲ Result ပဲ လိုချင်သူ
✘ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကုန်ကျထားတဲ့ စရိတ်တွေကို နောက်မှ ပြန်လည်အပြစ်တင်မယ့်သူ
✘ မကျေနပ်မှုတစ်ခုခုရှိရင် ညှိနှိုင်းဖြေရှင်းမယ့်အစား ခြိမ်းခြောက်ဖိအားပေးဖို့ စဉ်းစားသူ
✘ Skill ထက် Drama ကို ပိုစိတ်ဝင်စားသူ

လုပ်ငန်းရှင်တိုင်းမှာ မိမိရဲ့ Policy နဲ့ Boundary တွေ ရှိပါတယ်။ GLC ကပွဲတွေနဲ့အောင်မြင်လာတဲ့ page တစ်ခုမဟုတ်ဘဲ အဲ့ energy နေရာမှာ ကောင်းမွန်တဲ့ creation တွေပဲလုပ်ကိုင်ချင်တာမို့ TikTok, facebook တိုင်းလူမစည်လေကြိုက်လေဆိုနေခဲ့ပြီး skill နဲ့တည်ဆောက်လာတာ၆ နှစ်တိုင်ပါပြီ။

Customer ကို လေးစားသလို Service Provider , Suppliers ကိုလည်း လေးစားရပါတယ်။ ငါငွေပေးထားတာပဲမင်းလုပ်ဆိုတာမျိုးဘယ် service မှာမှမရဖူးပါ။

ဝန်ဆောင်မှုကို အပြည့်အဝ ရယူပြီးမှ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ Reputation Damage လုပ်ဖို့ ကြိုးစားခြင်းဟာ ကိုယ့်တာ၀န်ကိုယ်ယူတတ်တဲ့စိတ်နေသဘောထားရှိသူတွေရဲ့လုပ်ဆောင်ချက် မဟုတ်ပါ။

ကျွန်တော်တို့က လူတိုင်းကို ရောင်းချဖို့ မရည်ရွယ်ပါဘူး။

ကျွန်တော်တို့နဲ့ Mindset တူသူတွေ၊ Skill ကို တန်ဖိုးထားသူတွေ၊ ရေရှည်လက်တွဲနိုင်သူတွေနဲ့ပဲ အလုပ်လုပ်ချင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့လိုစိတ်သဘောထားကောင်းတဲ့ လုပ်ငန်းရှင်တွေ မလိုအပ်ဘဲ မခံရစေဖို့ ဒီအတွေ့အကြုံကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်းဘယ်လို့စိတ်အခြေအနေကလူကို သင်ကြားပေးမယ် မသင်ကြားပေးဘူး ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။



08/06/2026

LAN (လမ်း) Pineapple 🍍
Mini Cross Bod Bag pre orders
Customers တို့အတွက် ပထမဦးဆုံး
အယောက် (၅၀)ကို
ချစ်စရာနာနတ်သီးကီးချိန်းလက်ဆောင်လေးတွေ🍍🤎💚





07/06/2026

Handmade gifts idea 💡

05/06/2026

Customer’s Satisfaction is our first priority!





Address

Yangon
11421

Alerts

Be the first to know and let us send you an email when Gee Leather Craft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gee Leather Craft:

Share