21/12/2022
ဂဏန်းပေါင်းတွေ နှင့်အတူ Notebook အချို့
ယူလာတယ်။
ကျွန်တော်ကိုယ်တိုင်က စာအုပ်ကို ရူးသွပ်သလို့
စာအုပ်နဲ့ဆက်စပ်တဲ့ Stationery လေးတွေ
နှစ်သက်တယ်။
လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်း စာအုပ်ဆိုင် ၊ Library ပြီးရင် Gift shops လိုနေရာမျိုးမှာ အများဆုံး အချိန်ကုန်ဆုံးလေ့ ရှိခဲ့တယ်။
ဂျပန် လက်မှု Design က ရိုးရှင်းတော့ ကျွန်တော်အမြဲရောက်ဖြစ်တယ်။ သဘောကျတယ်။
Daiso အမည်ရ ဂျပန်ဆိုင်က ဈေးသက်သာလေးတွေ ရောင်းချတာတွေ့ဖူးတယ်။
Singapore မှာဆိုရင် $2 ဆိုင်လို့ ပြောကြတယ်။
ရန်ကုန်မှာလည်း ဒီလို ဂျပန်ဆိုင်တွေ အတော်များများ တွေ့ဖူးခဲ့တယ်။ kyat-20,00 ဆိုင်လို့ အလွယ်
မှတ်ကြတယ်။ ယခင်ကျွန်တော်နေတဲ့ နေရာနားရှိတော့ အမြဲလိုလို သွားပြီး ဝယ်လေ့ရှိတယ်။ အထူးသဖြင့် stationery / Gift set လေးတွေ။
အခု ဘယ်ရွေ့သွားမှန်း မသိတော့ အတော်လေး
ယောင်လည်လည် ဖြစ်မိတယ်။ ပေါ့ပေါ့ပါးပါး Gift
ဝယ်စရာ လေးတွေ လိုတဲ့အခါ လိုချင်တဲ့
စိတ်ကြိုက်လေးတွေ အလွယ်တကူ မတွေ့တော့ပါ။
( City Mart / ဖိုးပြုံးချို တို့လည်းရောက်ပါတယ်)
နောက်တစ်ဆိုင်ကတော့ Muji လို့အမည်ရတဲ့
ဂျပန်ဆိုင် အဝက်အထည်၊ ကရေကရာလို့မုန့် ၊ လက်မှု အထည်အစုံအလင်ရှိပါတယ်။ ကျွန်တော်က ထုံးစံအတိုင်း စာအုပ်၊ ဖိုင်၊ ဘောပင် တွေရှိတဲ့နေရာကို သွားတာများတယ်။ သူကတော့ Daiso လိုဈေးမချိုဘူး၊ ဈေးကောင်းတယ်ဗျာ့။
တစ်ချို့ လက်မှုပစ္စည်းတော့ ဘယ်လိုဖန်တီးတယ်ဆိုတာ ရေးထားပေမယ့် notebooks တွေကျတော့ ဂျပန်လိုရေးတာများတယ်၊
( ကျွန်တော် ဂျပန်လို မဖတ်တက်ပါ)။
အရင်ကလိုဆိုင်ကို တိုက်ရိုက်မသွားနိုင်တော့
အဝေးက ကြည့်မှန်းဝယ်ဖို့ ဆုံးဖြတ်တယ်။ ( website)
ကိုယ်တိုင်လည်းသုံး ၊ ရောင်းလည်းရောင်မယ်ဆိုတဲ့
သဘောနဲ့ပါ။ စာအုပ်ဆိုင်ဆိုတော့ Stationery လေးအရန် တင်ထားမယ့်သဘောပါပဲ။ ကိုယ်လည်း
ပုံမှန်သုံးနေတော့ ဟန်ကျတာပေါ့။
Website တွေက မှန်းဝယ်လိုက်တယ် ။
၄ /၅ မျိုး ပေါ့ $1 , $2 , $5 , $6
အမျိုးအစားအလိုက်ပါပဲ။
ရောက်လာပါပြီ၊ ပုံးခွံတွေကောင်းကောင်း
လေးတွေနဲ့ပါ။
ပုံး & စာအုပ်ရောချိန်လိုက်တော့ ကီလို ( လေယာဉ်) ခ အပါအဝင် စာအုပ်တန်ဖိုး တွက်ချက်လိုက်တော့
ကျွန်တော်မိတ်ဆွေတွေကို
ရောင်းဖို့ ဈေးပြောဖို့ အားနာသွားတယ်။
စာရွက်သားက quality ဘယ်လောက်ကောင်းတယ်
ဘာနဲ့ လုပ်တယ် မသိပေမယ့် စာမျက်နှာ (၃၀) ပါ notebook အသေးက $1 & shipping ခ
kyat -5,000
အနားကပ်သွားတယ် ။
ဒီလို လူတိုင်းအတွက် အခြေခံ စာအုပ်မျိုးကို ဇာချဲ့
( ချဲ့ကား) (ex‑ag‑ger‑ate ) ကာ
Not for everyone လို့ ရေးပြီး Targeting
( Ads for marketing ) လုပ်တာက " ချေ" ( slang)
လွန်းလှတယ်လို့ တွေးမိတယ်။
ယူဆောင်လာတဲ့ Notebooks , Planner လေးတွေကို ဈေးနှုန်းကြည့်ပြီး ရောင်းချရန် confidence မရှိပါ။
ဒီလို အခြေခံ Notebook လောက်တော့ it is for everyone ပဲ လုပ်ချင်ပါတယ်။
အခြေအနေအရ
We are on the same page ပေမယ့်
ယုံကြည်ချက်တွေကို အဇ္ဇုတ္တမာနလေးနဲ့ ဆုပ်ကိုင်ထားဆဲပါ။
Notes:
- ဝယ်ယူလိုသူများအတွက်တော့
ဝန်ဆောင်ခ ယူ၍ Muji ( Singapore ) က စာအုပ်မှာပေးပါသည်။ link:
MUJI
- In-stock ရှိနေသော Notebook & planner များ
Hobby Business Bookstore ဆိုင်တွင်ပြသထားပါသည်။
ဈေးနှုန်းအရ confidence မရှိသောကြောင့်
အလွန်အမင်း ချဲ့ကားကြော်ငြာပြီး ရောင်းရန် ဆန္ဒမရှိသေးပါ။
ပထမအသုတ် ရောက်လာသော ဂဏန်းပေါင်းစက်
(Olympia Calculator ) များသည် ကုန်သလောက်ဖြစ်သွား၍ Model အသစ်ထပ်တိုးမှာထားသည်။
(2 ) ပတ်အတွင်း ထပ်ရောက်ပါမည်။
Thanks for amazing supports, my dear customers.
Olympia Calculators
Warranty (1 to 1) နဲ့ ဈေးနှုန်းအရ သင့်သည်ဟု တွေးမိပါသည်။ Main Distributors of Singapore မှ တိုက်ရိုက်တင်သွင်းသည့်အတွက် ပစ္စည်း✔️ ပြီး အရည်အသွေး စိတ်ချရပါသည်။
လောလောဆယ် ကိုယ်တိုင်သုံးစွဲ စိတ်ကြေနပ်သော
calculaors ကို ရောင်းချရန် တင်ပေးသွားပါမည်။
Balance / Moderate in your life. ( Lagom- Swedish word)
Thanks and regards,
Kaung Myat San
09254277909
Hobby Business
- it is my only feeling and point of view on the items I brought. I don't mean to spoil and give a bad image on others' product. If something is not appropriate in my writings, it is my lack of knowledge and poor writing styles.