Nan Hteik လှပရေးရာအဖြာဖြာ

Nan Hteik လှပရေးရာအဖြာဖြာ အလှအပနဲ့ အိမ်ရှင်မဆိုင်ရာ ဗဟုသုတ အျ?

19/12/2025

မှတ်ထားမယ်

11/09/2025
18/07/2025

Air Fryer ဝယ်ယူဖို့အတွက် စဉ်းစားနေတဲ့သူ (ဒါမှမဟုတ်) လက်ရှိအသုံးပြုနေသူများအတွက် သတိပြုရန် နဲ့ ထိန်သိမ်းနည်း စုစုပေါင်း (၁၃)ချက်လောက်ကို ဝေမျှပေးချင်ပါတယ်....

📍၁/ အသုံးပြုနေချိန် အိုးအတွင်းနဲ့အပြင်ဘက်မှာ အပူကူးစက်မှုနှုန်း မြင့်တဲ့ အတွက် အပူခံလက်အိတ် / Silicon လက်ကိုင် စတာတွေနဲ့ ကိုင်တွယ်ပါ (ခန္ဓာကိုယ်သို့ လျှပ်စစ်စီးကူးမှုမရှိစေရန်ပါကာကွယ်ပါသည်) ရေစိုဝတ်တွေ အဝတ်ပါးတွေနဲ့ ရုတ်တရက်မကိုင်မိပါစေနဲ့

📍၂/ Air Fryer ကို ထားတဲ့နေရာကလည်း လေဝင်လေထွက် ကောင်းမွန်ဖို့ လိုအပ်ပါတယ် ... နံရံနှင့်နီးနီးကပ်ကပ်ထားတာ, လေပေါက်ပိတ်တဲ့ နေရာတွေမှာ ထားပြီး အသုံးပြုတာမျိုး မလုပ်သင့်ပါဘူး

📍၃/ Air Fryer ကိုအသုံးပြုချက်ပြုတ်တဲ့အခါ အနီးနားက ပြတင်းပေါက် တံခါးတွေဖွင့်ထားတာ, လေဝင်လေထွက်ကောင်းစေဖို့ နံဘေးက ပစ္စည်းတွေ ကို ဖယ်ထားတာမျိုးတွေ လုပ်သင့်ပါတယ်

📍၄/ Air Fryer အတွင်း ထည့်ပြီးအသုံးပြုရတဲ့ ဆီစိမ်စက္ကူ/ဆီလီကွန်ခွက်များ/ Aluminum Foil များ/ Air Fryer သုံးခွက်များတွေကလွဲရင် အခြားစက္ကူတွေ / မီးလောင်လွယ်တဲ့အခင်းတွေ / ကွဲရှလွယ်တဲ့ကြွေပန်းကန်တွေကို ထည့်သွင်း အသုံးမပြုရပါဘူး

📍၅/ Oil Spray နှင့် ဆီသုတ်အသုံးပြုတာမျိုးကလွဲလို့ chemical base အရည်တွေ ဖျန်းတာမျိုး မလုပ်သင့်ပါဘူး

📍၆/ Air Fryer Basket အတွင်း ချက်ပြုတ်မည့်အစားအစာတွေကို ပြည့်လျှံအောင် ထည့်တာ အထပ်ထပ်ထည့်တာတွေလည်း မလုပ်ရပါဘူး

📍၇/ Air Fryer အမျိုးအစားအလိုက်မတူညီတဲ့ အပူချိန်သက်ရောက်မှုတွေနဲ့ ချက်ပြုတ်ချိန်ကြာမြင့်မှုကွာခြားတတ်တာကြောင့် အများရဲ့ အကြံပေးချက် တိုင်းကို တထစ်ချ မမှတ်ယူသင့်ပါဘူး

📍၈/ မီးလောင်ကျွမ်းလွယ်တဲ့ Raw Materials မျိုး (သို့) မချက်ဖူးတဲ့ အစားအစာမျိုးကို ထည့်သွင်းချက်ပြုတ်မယ်ဆိုရင်လည်း ကိုယ်ချက်နေစဉ် အတွင်းမှာ တဖက်ကနေ တဖက်ကိုလှန်ဖို့ ခန့်မှန်းပြီးဖွင့်ကြည့်တာမျိုး မွှေပေးတာမျိုးတွေ ပြုလုပ်ရပါမယ်

📍၉/ ချက်ပြုတ်နေစဉ် အချိန်မစေ့သေးဘဲ အိုးဖွင့်ကြည့်တဲ့အခါ မီးခလုတ်ကို မပိတ်ဘဲ အိုးကိုဆွဲထုတ်ကြည့်လို့ရပါတယ် (* အထူးသဖြင့် ဒစ်ဂျစ်တယ် အသုံးပြုသူတွေအနေနဲ့ ခလုတ်ပိတ်ပြီးမှ အိုးဆွဲထုတ်တာမျိုး မလုပ်ပါနဲ့ အသုံးပြုတာအားလုံးပြီးဆုံးသွားခဲ့ရင်တောင် အိုးမှာပါတဲ့ cooling system ကအသံရပ်သွားတဲ့အထိ မီးခလုတ်တွေကို ပိတ်မပစ်တာ ပလပ်ဆွဲဖြုတ်တာတို့မလုပ်ဘဲ ထားထားရမှာပါ) Manual သုံးသုံး Digital သုံးသုံး ကိုယ့် Air Fryer အသုံးပြုပြီး ပြန်မအေးခင် ကြိုးကို အိုးနဲ့ကပ်လျက် ဖြုတ်ချပြီးနီးနီးကပ်ကပ်ထားခဲ့တာမျိုးလည်း မလုပ်ရပါဘူး အပူကြောင့် လောင်ကျွမ်း ပေါက်ပြဲလွယ်စေပါတယ်

📍၁၀/ Manual အသုံးပြုသူတွေအနေနဲ့ကတော့ Timer ခလုတ်တွေကို သူသတ်မှတ်တဲ့အတိုင်းလှည့်တာမျိုးကလွဲပြီး ပြောင်းပြန်ပြန်လှည့်တာမျိုး လုံးဝမလုပ်ရပါဘူး ခနခနလှည့်မိရင် အချိန်မတိုင်ခင် ခလုတ်ပျက်တာတွေ လှည့်မရတာတွေ ကျိုးသွားတာတွေ ဖြစ်လာပါလိမ့်မယ်

📍၁၁/ Air Fryer ထဲမှာ ဆားမှုန် (Dry Salt - ဆားကြမ်း) လိုမျိုးကို လွန်ကဲ အောင်ထည့်ပြီး သုံးတာမျိုးတွေလည်း မလုပ်သင့်ပါဘူး ဆားငွေ့ရိုက်တာ ကြောင့် Non Stick Coating တွေရဲ့ သက်တမ်းကို ပိုတိုစေပြီး အလိတ်လိုက် ကွာထွက်တာ အပေါ်ဘက်ကအပူပေးကွိုင်တွေကို ဆားငွေ့ထိတာ တို့ဖြစ်နိုင်ပါတယ်

📍၁၂/ Air Fryer Basket ကိုအသုံးပြုပြီးလို့ ပြန်လည်ဆေးကြောမယ်ဆိုရင် ဆပ်ပြာရည် နဲ့ ၁၅ မိနစ်ခန့်စိမ်ထားပြီးမှ အဝတ်စ ဖော့စတို့နဲ့ပွတ်ပြီးပဲ ဆေးကြောသင့်ပါတယ် ကြမ်းတမ်းတဲ့ပိတ်စတွေ သတ္တုစတွေနဲ့ ပွတ်တိုက် မဆေးကြောမိပါစေနှင့်။

📍၁၃/ Air Fryer အတွင်းပိုင်း အပူပေးကရိယာများကို သန့်စင်ရာတွင်လဲ ဆပ်ပြာ/ရေ များနှင့် မဆေးကြောဘဲ နူးညံ့တဲ့ပိတ်စ နဲ့ သာ အခြောက်လျှော် သန့်စင်သင့်ပါသည်။

#ဗဟုသုတရစေရန်ပြန်လည်ကူးယူဖော်ပြပါသည်။

ကြက်သား စပါယ်ရှယ်  🥰
08/06/2025

ကြက်သား စပါယ်ရှယ် 🥰

30/05/2025

ပင်လယ်စာ ကြိုက်သူများအတွက် ပင်လယ်စာ ဟင်းလျာများ ကိုစုပေးထားပါတယ်။ (ပုံတပုံချင်းဆီမှာ ပြုလုပ်နည်းတွေေ၇းပေးထားပါတယ်။)

၁။ ငါးကင်
၂။ တုံယမ်းဟင်းရည်
၃။ မာလာငါးပေါင်း
၎။ ငါးသံပုရာပေါင်း
၅။ ပုဇွန် / ကဏန်းဟင်း (cajun style)
၆။ ပင်လယ်စာကင်မ်ချီဟင်းရည်
၇။ ငါးဖယ်ပုဇွန်ပေါင်း
၈။ ငရုတ်ပွ အစာသွပ်
၉။ ထိုင်းစတိုင်လ် ပင်စိမ်းနံမွှေးမွှေးနှင့် ငါးခူအစပ်ကြော်
၁၀။ အနောက်တိုင်းစတိုင်လ် ငါးအိုးကပ်ကြော်
၁၁။ ငါးကောင်လုံးကြော် အနှစ်ဆမ်း
၁၂။ ပုဇွန်သုပ် (မက္ကဆီကန် စတိုင်လ်) (shrimp ceviche)
၁၃။ ပုဇွန် ထမင်းလုံး (ဆူရှီဆိုင်တွေမှာေ၇ာင်းတဲ့ upside down shrimp)
၁၄။ ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်
၁၅။ ငါးအသားအိုးကပ်ကြော်
၁၆။ ပြောင်းဖူးမှုန့် လူးငါးကြော်
၁၇။ ပုဇွန် လိပ်ပြာ တန်ပူရာကြော်
၁၈။ ပုဇွန် အိုးပူတိုက်သုပ်
၁၉။ ဂဏာန်းသားကော်ကြော်
၂၀။ ပုဇွန် အိုးပူတိုက် စပ်စပ်မွှေးမွှေးလေး
၂၁။ ငါးအချဉ်ရည်ပေါင်း
၂၂။ dim sum ပုဇွန်လုံးကြော် (shrimp balls)
၂၃။ ထောပတ် ကျောက်ပုဇွန်ကင်
၂၄။ ငါးပေါင်းအချို (တရုတ်စတိုင်လ်)
၂၅။ ငါးဆိမ့်ကြော်
၂၆။ ငါးခူစဉ်းကော
၂၇။ ပုဇွန် အာလူးပတ်ကြော်
၂၈။ ကင်းမွန်ကြော် ကြွပ်ကြွပ်လေး
၂၉။ ဆီချွန်းပုဇွန်ဟင်း
၃၀။ ငါးသလောက်ပေါင်း
၃၁။ ငါးခူချဉ်ငံစပ်သောက်ဆမ်း
၃၂။ ကဏန်းမဆလာချက် မွှေးမွှေးလေး
၃၃။ ကဏန်းချဉ်စပ်
၃၄။ ငါးဖယ်စအုကြော်
၃၅။ ငါးကောင်လုံးချိုချဉ်ကြော်
၃၆။ ပုဇွန်ဆီပြန်
၃၇။ ငါးပဲငပိပေါင်း
၃၈။ ငါးအိုးကပ်
၃၉။ ငါးဖယ်အစာသွပ်
၄၀။ ငါးဖယ်ကြက်ဥပေါင်း
၄၁။ ငါးကချင်ချက်
၄၂။ ကြက်ဥငါးဖယ်ကပ်ကြော်
၄၃။ ယိုးဒယားငါးဖယ်ကြော်
၄၄။ ငရုတ်ပွငါးဖယ်အစာသွပ်ကင်
၄၅။ ပုဇွန်လက်ဖက်မွှေးကြော်

အရမ်းကြိုက်တဲ့မုန့်ဟင်းခါး
14/03/2025

အရမ်းကြိုက်တဲ့မုန့်ဟင်းခါး

နည်းနည်းခြင်းရှေ့တိုးရင်း အရှေ့ကိုအများကြီးရောက် ခရီးတွေပေါက်ခဲ့ တတ်ပါတယ် ။ အားမလျော့ကြပါနဲ့ ချစ်ရသူတို့ရေ
07/03/2025

နည်းနည်းခြင်းရှေ့တိုးရင်း အရှေ့ကိုအများကြီးရောက် ခရီးတွေပေါက်ခဲ့ တတ်ပါတယ် ။ အားမလျော့ကြပါနဲ့ ချစ်ရသူတို့ရေ

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။

ပန်းကန်တွေ ဆေး။

အမှိုက်တွေ လှည်းကျင်း။

စာရေးစရာရှိတာ ချရေး။

ချက်စရာရှိတာ ချက်။

ဒီလောက် လုပ်နိုင်ရင် ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။ တစ်လှမ်းချင်းပေါ့။

ခက်ခဲတဲ့အချိန်မှာ တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။

ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။

နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။

အနာဂတ်ကို တွေးပူပြီး လက်လျှော့ချင်နေတဲ့စိတ်တွေ လျော့ပါးလာလိမ့်မယ်တဲ့။

~ အယ်လီနာ မီခယ်လ်ခိုဗာ
#စိတ်သစ်ပင်စာအုပ်စင်

03/03/2025

နည်းကောင်းလေးပါ

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Nan Hteik လှပရေးရာအဖြာဖြာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Hteik လှပရေးရာအဖြာဖြာ:

Share