Sunflower Natural Dye Textiles

Sunflower Natural Dye Textiles Support genuine local products
Adopt ethical business value
Respect indigenous Heritage & Creativity

This is the place for Myanmar lotus, silk and cotton fabrics. We specialize quality products of natural dye textiles in Myanmar. We serve with sustainable environment and ethical business practices. We also promote and sell local SMEs and non-profit groups products at our place.

{English Below}မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် Sunflower Art Gallery & Art Classes  နှင့် Sunflower Natural Dye Text...
07/04/2026

{English Below}

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် Sunflower Art Gallery & Art Classes နှင့် Sunflower Natural Dye Textiles မှ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အားပေးသူများအားလုံးကို စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

နှစ်ဟောင်းနှင့်အတူ ကုန်လွန်ခဲ့ပြီးသောအချိန်များထဲမှ ကောင်းမွန်သောအမှတ်တရများနှင့်အတူ အသစ်အသစ်သော စိတ်ဓာတ်၊ အောင်မြင်မှုအသစ်များဖြင့် လှပသော အနာဂတ်တစ်ခုကို ဖန်တီးနိုင်ကြပါစေ။

စိတ်ရှည်လက်ရှည်နဲ့ဖန်တီးယူပြီး ပေါ်ထွက်လာတဲ့ သဘာဝအရောင်များကဲ့သို့ အရောင်စုံစုံလင်လင်နဲ့ ကြိုးစားမှုရလဒ်များ တောက်ပပေါ်ထွန်းလာမယ့်နှစ်သစ်ဖြစ်ပါစေ။

စည်းချက်ညီညီလှပနေတဲ့ သဘာဝပန်းပုံရိုက်များပမာ အဆင်ပြေခြင်း၊ သစ်လွင်ခြင်းနှင့် လန်းဆန်းအေးချမ်းမှုများနှင့် ပြည့်စုံပါစေ။

ဓါတုသက်ရောက်ခြင်းမှ ကင်းသောသဘာဝထုတ်ကုန်များကဲ့သို့ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

သဘာဝဆိုးဆေးထုတ်ကုန်များနှင့်အတူ ရက်ကန်းပညာရပ်များကို တန်ဖိုးထားထိန်းသိမ်းရင်း မိတ်ဆွေများ၏ အားပေးမှုများကိုလည်း Sunflower familyမှ အထူးကျေးဇူးတင်ရှိပါသည်။

During this Myanmar New Year Thingyan season, Sunflower Gallery & Art Classes and Sunflower Natural Dye Textiles would like to warmly wish all our friends, partners, and customers a joyful, healthy, and prosperous new year.

As we leave the past behind, may the beautiful memories of times gone by guide you while new energy and fresh achievements help you create a bright and meaningful future.

May this new year be like the vibrant natural colors that emerge through patience and creativity filled with brilliance and the rewards of your hard work.

Just as harmonious and beautiful natural floral printing patterns bring balance, freshness, and serenity, may your life be abundant with peace, vitality, and renewal.

Like natural products free from harmful chemicals, may you remain safe and protected from all dangers.

As we continue to value and preserve traditional textiles and natural dyeing arts, the Sunflower family sincerely thanks you for your continued support and encouragement.

May the Myanmar New Year bring you success, new opportunities, and blessings in every aspect of life.




marketplace by City Mart "CMHL" ရဲ့ နှစ် ၃၀ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုတဲ့ "Made with heart" Artisan Bazaar မှာ Sunfl...
19/03/2026

marketplace by City Mart "CMHL" ရဲ့ နှစ် ၃၀ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုတဲ့ "Made with heart" Artisan Bazaar မှာ Sunflower Natural Dye Textiles လဲရှိနေပါမယ်။

သဘာဝချည်ထည်၊ ပိုး၊ကြာထည်များကို ကြည့်ရှုဝယ်ယူအားပေးနိုင်သလို Sunflower ၏ workshop အနေဖြင့် ပိတ်စအပိုလေးများနှင့် ခေါင်းစည်းကြိုးပြုလုပ်ခြင်း၊ လက်ချုပ်အိတ်ပြုလုပ်ခြင်းနှင့် အတူ လက်ပတ်ကြိုးကျစ်ခြင်း စသည့်workshop များလည်း ပါဝင်သွားမှာဖြစ်ပြီး ညနေ ၃နာရီမှ ၆နာရီ အထိ ပါဝင်ဖန်တီးနိုင်ပါတယ်ရှင်။

“Creation with Yearn and Pieces of Fabric "
-Creation Scrunchie
- Hand Stitching To Create Bag
- Making Bracelet With Knotting Yearn
Workshop Time : ညနေ၃နာရီမှ ၆နာရီ

ပြည်တွင်းဖြစ် ထုတ်ကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် အစားအသောက်ဆိုင်တန်းများအပြင် မိမိကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်‌သော အခြားစိတ်ဝင်စားဖွယ်ရာ workshop အစီအစဉ်များလည်း ပါဝင်သွားမှာဖြစ်တဲ့အတွက် ဝယ်ယူအားပေးရင်း ဖန်တီးနိုင်ရန် ဖိတ်ခေါ်ပါတယ်ရှင်။

https://www.facebook.com/share/p/18NocvrzWe/
Marketplace by City Mart (6.5mile Branch)
🗓️20.3.2026 to 22.3.2026
⏰ မနက် 9:00နာရီမှ ညနေ6:00နာရီ အထိ







Sunflower Natural Dye Textiles ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Community Alliance Initiatives - CAI ( မိတ်ဆွေစစ်လူမှုအကျိုး...
14/03/2026

Sunflower Natural Dye Textiles ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Community Alliance Initiatives - CAI ( မိတ်ဆွေစစ်လူမှုအကျိုးပြုအဖွဲ့ ) မှ လုပ်ဆောင်သွားမည်ဖြစ်သော Community of Practice ၏ (၄) ကြိမ်မြောက်အဖြစ် မျှဝေပေးမည့် “Why Governance and Compliance Matter for SMEs and Social Enterprises” ကို လာမဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်ရှင့်

ယခုအစီအစဉ်လေးကို မိတ်ဆွေစစ်အဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်မည့် ဆရာကတော့ ဆရာဥက္ကာမျိုး ဖြစ်ပါသည်။ ဆရာသည် Impact Hub Yangon Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့်အပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင် တဦးလည်းဖြစ်ပါသည်။ ဆရာသည် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုဖန်တီးရန်အတွက် စွန့်ဦးတီထွင်သူများ၊ စတင်အခြေချလုပ်ကိုင်သူများ (Startups) နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် ဂေဟစနစ်တခု ဖန်တီးပေးပြီး ၎င်းတို့ ကြီးထွားလာစေရန် ပံ့ပိုးကူညီသည့် ပလက်ဖောင်းတခုဖြစ်သော Impact Hub Yangon ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါသည်။

Impact Hub Yangon သည် လူမှုရေးလုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုးပေးနေသော ကမ္ဘာလုံးဆိုင်ရာ Impact Hub ကွန်ရက်၏ အစိတ်အပိုင်းတခုဖြစ်သည်။ ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ရန်ကုန်တွင် တွဲဖက်အသုံးပြုနိုင်သော ရုံးခန်းနေရာ (Co-working Space) တခု လည်ပတ်ခြင်း၊ စတင်အခြေချလုပ်ကိုင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အတိုင်ပင်ခံဝန်ဆောင်မှုပေးခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများ စီမံခန့်ခွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ စီးပွားရေးလုပ်ငန်း နည်းပြခြင်း၊ လမ်းညွှန်ပေးခြင်းနှင့် စတင်အခြေချလုပ်ကိုင်သူများ၊ စွန့်ဦးတီထွင်သူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လေ့ကျင့်သင်ကြားပေးခြင်းတို့ ပါဝင်သည်။

လက်ရှိနှင့် ယခင်က မိတ်ဖက်အဖွဲ့အစည်းများတွင် ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန (DFAT)၊ AVI (Australia Volunteers International)၊ USAID၊ WWF မြန်မာ၊ GIZ၊ UNDP၊ UN Women၊ UNCDF၊ UNIDO၊ ဖရီးဒရစ်ခ်ျ နောမန်း ဖောင်ဒေးရှင်း မြန်မာ (FNF)၊ Ooredoo၊ Grab နှင့် အခြားအဖွဲ့အစည်းများ ပါဝင်သည်။ Impact Hub Yangon အတွက် သူ၏မျှော်မှန်းချက်မှာ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများ ကမ္ဘာကြီးနှင့် ချိတ်ဆက်နိုင်သည့် နေရာ သို့မဟုတ် အသိုက်အဝန်းတခု ဖန်တီးရန်ဖြစ်ပါသည်။

ဆရာ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများ

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးဆောင်ရွက်သော လူမှုရေးလုပ်ငန်းတခုတွင် ၈ နှစ်ကြာ အတွေ့အကြုံရှိပါသည်။
နိုင်ငံတကာ ဖွံ့ဖြိုးရေး စီမံကိန်းများကို စီမံခန့်ခွဲခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းတွင် ၅ နှစ် အတွေ့အကြုံရှိပါသည်။
၂၀၁၅ ခုနှစ်မှစ၍ လူမှုရေးဆိုင်ရာပွဲများ၊ ရေရှည်တည်တံ့ခိုင်မြဲရေး ရည်မှန်းချက်များ (SDGs) ဆိုင်ရာပွဲများ၊ ဟက်ကာသွန်ပွဲများ (Hackathons)၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် လုပ်ငန်းရှင်အသစ်မွေးထုတ်ရေး/အရှိန်မြှင့်ရေး အစီအစဉ်များ (Incubation/Accelerator Programs) ၁၀၀ ကျော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
လွန်ခဲ့သော ၇ နှစ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စတင်အခြေချ လုပ်ကိုင်သူများ (Startups) ၁၀၀၀ ကျော်ကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။
လုပ်ငန်းစတင်အခြေချလုပ်ကိုင်သူများ (Startups) ပေါင်း ၃၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီး အမျိုးသမီးဦးဆောင်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Women-Led MSMEs) ၁၀၀ ကျော်အတွက် Accelerator Programs ဆောင်ရွက်ပေးခဲ့သည်။
Startups Business လုပ်ငန်းများအတွက်သာမက ကော်ပိုရေးရှင်းများအတွက်ပါ စားသောက်ကုန်ထုတ်လုပ်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်းများ၊ လမ်းညွှန်မှုနှင့် နည်းပြခြင်း (Mentoring & Coaching)၊ ခေါင်းဆောင်မှု သင်တန်းများ၊ Ideation Labs နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတွင် ၅ နှစ်ကျော် အတွေ့အကြုံရှိပါသည်။
၂၀၂၄ ခုနှစ်တွင် လူမှုအကျိုးပြုလုပ်ငန်း ၃ ခုနှင့် Circular Enterprises ၉ ခုကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းအပြီး အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင် ရေးအတွက် အရေးပေါ်လိုအပ်ချက်များ အကဲဖြတ်လေ့လာမှု (Rapid Needs Assessment) ကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်
ပညာရေး

Bachelor of Technology (Computer Systems and Networking) - Curtin University of Technology Western Australia
Diploma in Information Technology (Networking) - Central Institute of Technology Western Australia
Certified Organizational Development Trainer - Myanmar Change Agent Network
Graduate of Frontier Incubators Program - InnovationXchange, Department of Foreign Affairs & Trade, Australia Government - (DFAT)
ဆရာ၏ လုပ်ငန်းအတွေ့အကြုံ များဖြင့်ပေါင်းစပ်၍ "Why Governance and Compliance Matter for SMEs and Social Enterprises" အကြောင်းကို လက်တွေ့နယ်ပယ်မှ ပညာရှင်တဦး၏ အမြင်ဖြင့် ဆွေးနွေးမှုများကိုလည်း လေ့လာနိုင်မည့် အခွင့်အရေးတခုပင် ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် ဖော်ပြပါ https://docs.google.com/forms/d/e/1FAIpQLScqvwLdSD9jvHsD_UKazZ8rvtBOBDue02j7Zon5dfJuODBn9w/viewform မှ တဆင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ရက်နေ့ ညနေ ၅နာရီထိ နောက်ဆုံးထားဖြည့်သွင်းပေးပါရန် တောင်းဆိုအပ်ပါသည်ရှင့်။

စိတ်ဝင်စားသည့် မည့်သူမဆို တတ်ရောက်လေ့လာနိုင်ပါသည်။

Topic : "Why Governance and Compliance Matter for SMEs and Social Enterprises"

Date : 26 March 2026 (Thursday)
Time : 10:00 AM – 11:30 AM (MMT)
Venue : Zoom Virtual Platform

Join Zoom Meeting

https://cpintl-org.zoom.us/j/87283192103?pwd=mbJUv5jb8rbBlPe3uV42KeMdUInjCT.1 Meeting ID: 872 8319 2103 Passcode: 045828

မှတ်ချက်။ ။ ဤဖိတ်ကြားစာကို မိမိ၏သက်ဆိုင်ရာမိတ်ဆွေအသိများ၊ အဖွဲ့အစည်းများအတွင်း လွတ်လပ်စွာ မျှဝေပေးနိုင်ပါကြောင်းနှင့် မည်သူမဆို ပါဝင်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ စိတ်ဝင်စားသူမည်သူမဆို လွတ်လပ်စွာ ပါဝင်နိုင်ပါသည်။

အားလုံး၏ပါဝင်ပူးပေါင်းပါဝင်ရေးအတွက်ကိုလည်း ကျွန်မတို့အဖွဲ့မှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျက်ရှိပါကြောင်းနှင့် ကျေးဇူးအထူးတင်ပါကြောင်း ထပ်လောင်းပြောကြားချင်ပါသည်ရှင့်။ ကောင်းသောနေ့လေး ဖြစ်ကြပါစေရှင့်။

လေးစားစွာဖြင့်

မိတ်ဆွေစစ်လူမှုအကျိုးပြုအဖွဲ့ (Community Alliance Initiatives – CAI)

[English version below]Community Alliance Initiatives - CAIက ဦးစီးပြီး Sunflower Natural Dye Textiles teamက နည်းပညာပိုင်...
10/03/2026

[English version below]

Community Alliance Initiatives - CAIက ဦးစီးပြီး Sunflower Natural Dye Textiles teamက နည်းပညာပိုင်းဆိုင်ရာ အားထည့်ကာ ပညာရှင်များနှင့်အတူ မန္တလေးဒေသမှာရှိတဲ့ အထည်အလိပ်လုပ်ငန်းများ လုပ်ငန်းတိုးချဲ့နိုင်ရန်(Strengthening MSME in Mandalay Textiles Sector(SMTS) )
တနှစ်တာစီမံကိန်းအနေနဲ့ စီစဉ်ခဲ့ကြပါတယ်။

ဒီစီမံကိန်းမှာ
* ပညာရပ်ဆိုင်ရာ ဆရာဖြစ်သင်တန်းများဖြည့်ဆည်းပေးခြင်း
* မိမိတို့လုပ်ငန်းနဲ့အတူတူ လုပ်ကိုင်နိုင်မည့်သူများကို ပြန်လည်သင်ကြားပေးခြင်း
* သင်ကြားပေးသူများထဲမှ မိမိလုပ်ငန်းအတွက် ဝန်ထမ်းတိုးမြှင့်ခန့်ထားခြင်း
* ထုတ်ကုန်အသစ်ထုတ်လုပ်ခြင်းနှင့် မိတ်ဆက်ခြင်း
* ပြပွဲနှင့် ရောင်းချခြင်း
* ကွန်ရက်ချိတ်ဆက်ခြင်းအစီအစဉ်များကို အစီအစဉ်တကျလုပ်သွားဖို့ စီစဉ်ထားပါတယ်
အဲဒီအစီအစဉ်တွေထဲက ပထမဦးဆုံးအစီအစဉ်ဖြစ်တဲ့ ပညာရပ်ဆိုင်ရာသင်တန်းများထဲကမှ အရောင်နှင့် ဒီဇိုင်းဖန်တီးခြင်းသင်တန်းကို မန္တလေး၊ အမရပူရနဲ့ မိတ္ထီလာမြို့တို့မှာ ဖေဖော်ဝါရီလမှ မတ်လဆန်းထိ ပြုလုပ်ခဲ့ပါတယ်။

၃၁ယောက်သော အထည်အလိပ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ တက်ရောက် သင်ယူခဲ့ကြပါတယ်။

တချို့ သင်တန်းသားများမှ မိမိတို့လုပ်ငန်းပတ်ဝန်းကျင်မှ သင်တန်းသားများကိုလည်း ထပ်ဆင့်ပြန်လည်သင်ကြားပေးခဲ့ကြပါတယ်။

သင်တန်းများရဲ့ လှုပ်ရှားမှုပုံရိပ်များကို မျှဝေပါရစေ။
စီမံကိန်းနဲ့ သင်တန်းများဖြစ်မြောက်အောင် ပံ့ပိုးပေးတဲ့ အဖွဲ့အစည်းများ၊ စီစဉ်ပေးတဲ့ မိတ်ဆွေစစ်နဲ့ သင်တန်းဆရာများ၊ စိတ်ပါဝင်စားစွာပါဝင်ကြတဲ့ သင်တန်းသားများ၊ Sunflower technical team တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။

Community Alliances Initiatives (CAI), with technical support from the Sunflower Team and collaboration with experts, has planned a one-year project titled “Strengthening MSMEs in the Mandalay Textiles Sector (SMTS)” to support the expansion of textile businesses in the Mandalay region.

The project includes several key activities:
• Providing professional Training of Trainers (ToT) programs
• Enabling trainees to retrain others who can work together within their businesses
• Hiring new staff for their businesses from among the trained participants
• Developing and introducing new products
• Exhibiting and selling products at fairs
• Organizing networking activities

Among these activities, the first program—a professional training on Color and Design Creation—was conducted in Mandalay, Amarapura, and Meiktila from February to early March.

A total of 31 textile business owners and employees participated in the training. Some trainees have also shared and passed on the knowledge by training others within their own business communities.

We would like to share some photos from the training activities.

We would like to express our sincere gratitude to the organizations that supported this project and training, to our coordinating partners, the trainers, the trainees and the Sunflower technical team who made this program possible.

[English version below] အမျိုးသမီးများကို ဂုဏ်ပြုကြကြေးဆို နေ့တိုင်းဂုဏ်ပြုကြရမှာပါအမျိုးသမီးတွေ အလုပ်နဲ့လက်မပြတ်တာ နေတိ...
08/03/2026

[English version below]

အမျိုးသမီးများကို ဂုဏ်ပြုကြကြေးဆို နေ့တိုင်းဂုဏ်ပြုကြရမှာပါ

အမျိုးသမီးတွေ အလုပ်နဲ့လက်မပြတ်တာ နေတိုင်းပါပဲ

ဒီလိုနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာတော့ ထူးထူးခြားခြားထုတ်ဖော် ဂုဏ်ပြုကြတာပေါ့

ငြိမ်းချမ်းတဲ့ အမျိုးသမီးများနေ့ဖြစ်ကြပါစေ

တပါတည်းပဲ အမျိုးသမီးတွေကိုအထောက်အကူပြုပေး၊ ကူညီပေးနေကြတဲ့ အမျိုးသားတွေအပါအဝင် မည်သူ့ကိုမဆို ကျေးဇူးတင်ပါတယ်

လူချင်းအတူတူမှာ ခွဲခြားဆက်ဆံခဲ့ကြလို့သာ တန်းတူညီမျှမှုကို တောင်းဆိုနေကြရတယ်

* ကျမတို့ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေဖျောက်ကြရအောင်

စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာလည်း ဒါးစာခံအဖြစ်နဲ့ အမျိုးသမီး၊ ကလေးသူငယ်နဲ့ လူကြီးသူမတွေအများကြီး သေဆုံးကြရတယ်၊ ဒုက္ခိတဖြစ်ကြရတယ်၊ ပြေးလွှာနေကြရတယ်၊ အစာရေစာပြတ်လပ်ကုန်ကြတယ်။

* ကျေးဇူးပြုပြီး စစ်မဖြစ်ကြပါနဲ့လား

ကမ္ဘာလောကကြီးသာယာလှပငြိမ်းချမ်းကြဖို့ အားလုံးအတူတူ ကြိုးစားကြရအောင်

ပံ့ပိုးကူညီကြရုံမက ကိုယ်တိုင်ပါဝင်လိုက်ကြရအောင်နော်

If we are to honor women, we should honor them every day.
Women work tirelessly every single day without pause.

On a special day like International Women’s Day, we simply take the opportunity to express that appreciation more openly.

Wishing everyone a peaceful and meaningful Women’s Day.

At the same time, thank you to everyone including the men who continuously support and help women.

Equality is something we have to ask for only because discrimination has existed among people who are all human.

• Let’s work together to eliminate discriminatory attitudes and behaviors.

In wars and conflicts, countless women, children, and elderly people lose their lives, become injured, are forced to flee their homes, and suffer from hunger and hardship.

• Please, let there be no more wars.

Let us all work together to make our world peaceful, beautiful, and harmonious.

Not only by supporting from the sidelines, but by actively taking part ourselves.

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် Turquoise Mountain Myanmar နှင့် Prevent Plastics+ တို့ ပူးပေါ...
07/03/2026

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် Turquoise Mountain Myanmar နှင့် Prevent Plastics+ တို့ ပူးပေါင်းကျင်းပ‌ပြုလုပ်တဲ့ “A Celebration of Women in Art and Craft” အစီအစဉ်မှာ Sunflower Natural Dye Textiles လည်း ရှိနေပါမယ်။

အမျိုးသမီးများရဲ့ လက်မှုလက်ရာများနှင့် အစားအသောက် ဆိုင်တန်းများအပြင်၊ အခြား စိတ်ဝင်စားဖွယ် အစီအစဉ်များလည်း ပါဝင်မှာဖြစ်တာကြောင့် အမျိုးသမီးဖန်တီးသူများရဲ့ လက်ရာများကို ဝယ်ယူအားပေးရင်း၊ လာရောက် လေ့လာကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်ရှင်။

Date – March 8, 2026
Time - 9:30 AM - 5:30 PM
Venue – Turquoise Mountain Myanmar
47B, Phoe Sein Street, Bahan Township







ဖန်တီးသူ အမျိုးသမီးတိုင်း လက်လွှတ်မခံသင့်တဲ့ အခွင့်အရေး 🙀

လာမယ့် March လ 8 ရက်နေ့ဟာဆိုရင် International Woman Day ပဲ ဖြစ်ပါတယ်။ နှစ်စဉ်လည်း နိုင်ငံအနှံ့အပြားမှာရှိကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုသောအားဖြင့် ထိုနေ့လေးမှာ အမျိုးသမီးတွေအားလုံးရဲ့ စိတ်ဓာတ်ခွန်အားကို လေးစားဂုဏ်ပြုကြတဲ့ ပွဲအခမ်းအနားတွေကျင်းပကာ ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြပါတယ်။

ဒီနှစ်မှာတော့ Turquoise Mountain Myanmar ကနေ " A Celebration of Women in Art and Craft " ဆိုတဲ့ ပွဲ‌တစ်ခုကို ယူဆောင်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီပွဲလေးမှာ Prevent Plastics+ ကတော့ တစ်စိတ်တစ်ဒေသအနေနဲ့ Responsible Market မှာ ရှိနေမှာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်တဲ့ ဆန်းသစ်သောထုတ်ကုန်များစွာကို ပျော်ရွှင်နွေးထွေးစွာ ရောင်းချနိုင်မယ့် Market Area လေးတစ်ခုကို စီစဉ်ထားပါတယ်။ ထိုဧရိယာလေးအတွင်းမှာ ပလတ်စတစ်ထုပ်ပိုးမှုကင်းကင်းအပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအငွေ့အသက်ကိုလည်း ပျောက်ပျက်မသွားနိုင်မယ့် ထုတ်ကုန်တွေ၊ သဘာဝနဲ့သဟဇာတဖြစ်တဲ့ထုတ်ကုန်တွေကို "Responsible Market" မှာ ရောင်းချလို့ရမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေအချင်းချင်း ဈေးပဲရောင်းရတာမျိုးပဲမဟုတ်ဘဲ မိမိရဲ့ဖန်တီးမှုအကြောင်းကို အချင်းချင်း ဖလှယ်လို့ရမယ်၊ ဒါ့အပြင် ဈေးဝယ်သူတွေကိုလည်း ရှင်းပြကြမယ်၊ ပေါ့ပေါ့ပါးပါးနဲ့မိမိရဲ့ products and I ကို IWD မှာ အပြည့်အဝ ကြည်ကြည်နူးနူး ချီးမွှမ်းဂုဏ်ယူနိုင်မှာဖြစ်ပါတယ်။

Responsible Market မှာ ပါဝင်နိုင်ဖို့ အောက်မှာပေးထားတဲ့ form ကတစ်ဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ မတ်လ 4 ရက်နေ့မှာ Registration form ကို ပိတ်လိုက်မှာ ဖြစ်ပါတယ်။

https://forms.gle/4gsD64AbFUHkY9BN6

Date : March 8, 2026
Time : 9:30 a.m to 5:30 p.m
Location: Turquoise Mountain Myanmar (47B, Phoe Sein Street, Bahan Township)
ဒါ့ကြောင့် ဈေးလည်းရောင်း၊ ပွဲတော်မှာလည်း ဆင်နွှဲနိုင်ဖို့ အခုပဲ Responsible Market မှာ စာရင်းပေးလိုက်ရအောင်။
International Women’s Day is coming up on March 8. Every year, people around the world celebrate by holding events that honor the spirit, strength, and resilience of women everywhere.

This year, Turquoise Mountain Myanmar is hosting a special event called “A Celebration of Women in Art and Craft.”
Prevent Plastics+ will also join the event as part of the Responsible Market.

We’ve set up a welcoming Market Area where women creators can display their unique handmade products. You’ll find items without plastic packaging, inspired by Myanmar’s rich culture, and nature-friendly products all at the Responsible Market.

But this event is about more than just selling products.
Women creators can share the stories behind their work with each other and with customers. It’s a chance to celebrate your products and yourself at International Women’s Day.

If you’d like to join the Responsible Market, please register using the link below.
Registration is open until March 4.

🔗 https://forms.gle/4gsD64AbFUHkY9BN6

Date: March 8, 2026
Time: 9:30 a.m – 5:30 p.m
Location: Turquoise Mountain Myanmar (47B, Phoe Sein Street, Bahan Township)

European Union in Myanmar EU SWITCH-Asia Programme

+

Honored to join the International Women’s Day event organized by the Royal Norwegian Embassy today. 🌻I had the opportuni...
03/03/2026

Honored to join the International Women’s Day event organized by the Royal Norwegian Embassy today. 🌻

I had the opportunity to discuss as the Founder of Sunflower Natural Dye Textiles and share about the experiences of working with women creators and entrepreneurs across Myanmar their challenges, resilience, and the importance of building supportive platforms and partnerships for women to grow.

Grateful for the space to exchange ideas and discuss how we can create more opportunities, stronger collaboration, and a more inclusive environment for women in business.

Peaceful International Women’s Day to all the inspiring women everywhere. 💛

……………………………..

Challenges Facing Women Entrepreneurs in Myanmar

First of all, I would like to honor all women on International Women’s Day, I would also like to speak on behalf of many women who are not able to be here with us.

Over the past years, I have traveled across Myanmar also to IDPs camp and worked with many creators, artisans, and small business owners. Among them, there are many women entrepreneurs who are quietly building businesses in their communities. Whenever we meet, we often talk about our challenges, our needs, and how we can find solutions together.

One thing we clearly see in Myanmar is that even though women make up a large part of the population, leadership positions in businesses and other fields are still mostly held by men. Women often carry multiple responsibilities like manage the household, take care of children, and at the same time try to earn an income.

Because of cultural traditions, many women cannot move beyond these roles easily. As a result, women often heavier responsibilities than men. But at the same time, this also shows how strong and capable women we are.

However, when women try to grow their businesses, these responsibilities become barriers. Women may not be able to work full time, because they still have family responsibilities. Meanwhile, men are often able to dedicate their full time to their work. This creates a gap in opportunities and productivity.

Another major challenge is access to finance. In many families, property is registered under the husband’s name, as he is considered the head of the household. Because of this, women often do not have assets they can use as collateral for loans or grants. Even when they are able to borrow money, it becomes difficult to repay if they cannot fully focus on their businesses.

There are also challenges related to business registration. Financial institutions often require formal registration and ownership documents. But in uncertain situations, many small entrepreneurs question whether registering their businesses actually provides protection or security. These uncertainties make it difficult for small businesses to grow sustainably.

Another reality is that many small businesses are run by only one person. often have to do everything themselves like production, marketing, accounting, and sales. Because of this, important tasks like financial records or business planning are sometimes delayed.

Networking is also a challenge. Many women sometimes cannot attend networking events because they are busy with family responsibilities.

And also we cannot ignore the issue of safety. For many women, safety is still a major concern. Traveling alone, going out at night, or visiting other regions can feel unsafe. These realities limit women’s mobility and opportunities.

So if we truly want women to participate equally in the economy, we must also address safety and security.

Psychological safety is as important as financial support.

So important question we should ask is: how can we reduce these barriers?

First, we need to encourage more equal sharing of responsibilities at home. When household responsibilities are shared more equally, women can participate more actively in economic activities.

Second, we need flexible ways of working that allow women to manage both family and business responsibilities.

We, women ourselves also need to step forward, build our confidence, manage our time and pursue all opportunities.

Third, we need stronger collaboration. Instead of one person doing everything alone, we need platforms where people with different skills can work together and support each other.

This is the idea behind SheCreates. We imagined it as a platform that connects creators, especially women entrepreneurs, to markets and opportunities.

Many creative people are very good at making products, but they are not confident in marketing or selling. Their strength is creativity. Platforms like SheCreates can help introduce their products to the market, connect them with buyers, and support the sales process.

But it is not only about selling. It is also about creating a space where creators can discuss challenges, find solutions together, and receive guidance on how to grow their businesses.

In difficult times like these, collaboration is even more important. Solving problems together is much faster and more effective than trying to solve them alone. That is why we need more platforms and ecosystems that support collaboration. For me, even I have retired from SheCreates last year as a Co-founder and president, I will never stop my collaboration with many women. I am now working with women in Mandalay and will work with women in Dawei.

We have also been working with partners to explore new approaches, such as Social Impact Investment. In this model, the focus is not on interest payments, but on creating positive impact in communities. Entrepreneurs do not need collateral or formal registration to receive support. The main condition is that their work benefits society.

We also provide training on social enterprise practices. Our belief is that when communities practice responsible and ethical systems from within, strong and positive change can happen even without strict regulations.

In this critical time, collaboration and mutual respect are essential. If women and men, small businesses and larger institutions can work together, we can move forward more effectively.

To conclude, I believe we need to reflect on past practices that did not work well and learn from them. If we are willing to change, collaborate, and support each other, we can build a more inclusive, peaceful, and prosperous future.

Thank you.

[English Version below]🌻 Sunflower Natural Dye Textilesရဲ့ တချောင်းထိုးကြာပုဝါ🌻ဖြေးဖြေးလေးနဲ့ မှန်မှန်လေးအမြဲတမ်းဖန်တီးပ...
27/02/2026

[English Version below]

🌻 Sunflower Natural Dye Textilesရဲ့ တချောင်းထိုးကြာပုဝါ🌻

ဖြေးဖြေးလေးနဲ့ မှန်မှန်လေး
အမြဲတမ်းဖန်တီးပေးနေတဲ့ ဖန်တီးသူက လက်ရာတခုချင်းစီကို စိတ်ရှည်ရှည်နဲ့ ဖန်တီးပေးပါတယ်

အသစ်အသစ်သောစိတ်ကူးတွေနဲ့ ဒီဇိုင်း မထပ်တဲ့ လက်ရာတွေက
ကြာချည်ရဲ့ သဘာဝအရောင်လေးတွေနဲ့ ပိုပြီး နူးညံ့သိမ်မွေ့စေပါတယ်

🪷 လက်ကျန်မကျန်အောင် အမြဲအားပေးကြတဲ့ မိတ်ဆွေများအားလုံးကို
အထူးကျေးဇူးတင်ရှိပါတယ် 🪷

တစ်ထည်ချင်းစီမှာ အနုပညာတန်ဖိုးနဲ့ မေတ္တာတွေ ထည့်သွင်းထားပါတယ်။

🌻Sunflower Natural Dye Textiles – New Hand-Crocheted Lotus Shawl 🌻

Slowly and steadily crafted,
each piece is made with patience and passion.
A unique design with an original touch,
enhanced by the softness of natural color of lotus threads.

🪷Thank you so much to everyone who keeps supporting us until every piece finds a home 🪷

Every shawl carries not only artistry, but also love.




Sunflower Natural Dye Textilesရဲ့ partner ဖြစ်တဲ့ မိတ်ဆွေစစ်အဖွဲ့(Community Alliance Initiatives – CAI) မှ တတိယအကြိမ်မြေ...
24/02/2026

Sunflower Natural Dye Textilesရဲ့ partner ဖြစ်တဲ့
မိတ်ဆွေစစ်အဖွဲ့(Community Alliance Initiatives – CAI) မှ တတိယအကြိမ်မြောက် မျှဝေပေးသွားမည့် လူမှုစီးပွားရေးလုပ်ငန်းများ အတွေ့အကြုံဖလှယ်ရာ ရပ်၀န်း (Community of Practice in Social Enterprises) ခေါင်းစဉ်မှာ “From Storybooks to Sustainability: Lessons from The Third Story Project” တတိယအကြိမ်မြောက် မျှဝေမှုအစီအစဉ် ကို 26 February 2026 (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

ယခုအစီအစဉ်လေးကို မိတ်ဆွေစစ်အဖွဲ့နှင့်အတူ လက်တွဲလုပ်ဆောင်မယ့် ဆရာမကတော့ ဆရာမ အိပွင့်ရှီဇံ _ Ei Pwint Rhi Zan ဖြစ်ပါသည်။
ဆရာမသည် လူမှုစီးပွားစွမ်းဆောင်ရှင်တစ်ဦး ဖြစ်သည့် အပြင် The Third Story Project ၏ “Social Entrepreneur & Strategic & Partnerships Director” တစ်ဦးလည်း ဖြစ်ပါသည်။

The Third Story Project သည် လူမှုတန်ဖိုးများကို မြှင့်တင်ပေးသည့် ကလေးပုံပြင်စာအုပ်များကို ထုတ်ဝေနေသော မြန်မာနိုင်ငံအခြေစိုက် လူမှုစီးပွားလုပ်ငန်း Social Enterprise တစ်ခုဖြစ်ပါသည်။
ဆရာမသည် ၂၀၁၄ ခုနှစ်မှစတင်ကာ အခြေခံလူတန်းစားများအတွက် ပုံပြင်ပြောပြခြင်း အစပြုကာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အသိအမှတ်ပြုခံရသော မြန်မာနိုင်ငံတစ်ဝှမ်း စာအုပ်ပေါင်း တစ်သန်းကျော် ဖြန့်ချိပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါသည်။

ဆရာမသည် Master of Entrepreneurship & Innovation (ANU) နှင့် Master’s Degree in Electronics Engineering (TTU) ဘွဲ့များရရှိထားသူတစ်ဦးလည်း ဖြစ်ပါသည်။

ထို့အပြင် ဆရာမသည် နည်းပညာပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ သင်တန်းများမှရရှိသော အသိပညာများကို ပေါင်းစပ်ကာ မဟာဗျူဟာမြောက် စီမံကိန်းချမှတ်ခြင်းများကို အသုံးပြုပြီး ရေရှည်တည်တံ့သော လူမှုအကျိုးပြု လုပ်ငန်းများကို တည်ဆောက်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။

လက်ရှိတွင် ဆရာမသည် လူမှုစီးပွားလုပ်ငန်းများအတွက် အကြံပေးပုဂ္ဂိုလ် (Mentor) နှင့် ဂေဟစနစ် ကောင်းမွန်အောင် ပံ့ပိုးသူတစ်ဦး အဖြစ် မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ လူငယ်ဆန်းသစ်တီထွင်သူများနှင့် အဖွဲ့အစည်းများ၏ ဉီးတည်ရာအတိုင်း ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် လူငယ်များဦးဆောင်သည့် လူမှုရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများအတွက် ပေးအပ်သော “Young Social Entrepreneur Award” ဆုကိုလည်း ရရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ Registration Link မှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။

Topic : From Storybooks to Sustainability: Lessons from The Third Story Project

Date : 26 February 2026 (Thursday)
Time : 10:00 AM – 11:30 AM (MMT)
Venue : Online Virtual

https://docs.google.com/forms/d/e/1FAIpQLSdVF8mI_UEsWHjGIdJ_yR8WL5uV683H9aD8g8RHkes3t6VFiw/viewform?usp=header

Join Zoom Meeting

https://cpintl-org.zoom.us/j/83241519758?pwd=L9BjHx3M5dbvj2iSb3Gbv3WnlEgECC.1

Meeting ID : 832 4151 9758

Passcode : 589528

မှတ်ချက်။ ။ ဤဖိတ်ကြားစာကို မိမိ၏သက်ဆိုင်ရာ မိတ်ဆွေ အသိများ၊ အဖွဲ့အစည်းများ အတွင်း လွတ်လပ်စွာ မျှဝေပေးနိုင်ပါကြောင်းနှင့် မည်သူမဆို ပါဝင်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြား အပ်ပါသည်။ စိတ်ဝင်စားသည့် မည်သူမဆို တတ်ရောက်လေ့လာနိုင်ပါသည်။

အားလုံး၏ပူးပေါင်းပါဝင်မှုအတွက်ကိုလည်း မိတ်ဆွေစစ်အဖွဲ့မှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျက်ရှိပါကြောင်းနှင့် ကျေးဇူးအထူးတင်ပါကြောင်း ထပ်လောင်းပြောကြားချင်ပါသည်။ ကောင်းသောနေ့လေး ဖြစ်ကြပါစေရှင့်။

လေးစားစွာဖြင့်

မိတ်ဆွေစစ်လူမှုအကျိုးပြုအဖွဲ့

COP (3).png

[English version below]ဒီအထည်တွေကတော့ P.Ti ကရင်ရိုးရာအထည်ဆီကနေ ဝယ်ယူစုဆောင်းတဲ့ အထည်တွေပါ။၂၀၂၆ ဖေဖော်ဝါရီ ၁၈ရက်နေ့က P.Ti...
22/02/2026

[English version below]

ဒီအထည်တွေကတော့ P.Ti ကရင်ရိုးရာအထည်ဆီကနေ ဝယ်ယူစုဆောင်းတဲ့ အထည်တွေပါ။
၂၀၂၆ ဖေဖော်ဝါရီ ၁၈ရက်နေ့က P.Ti pageမှာ တင်ထားတဲ့ reel ကို ကြည့်မိပြီး စုဆောင်းချင်လို့ ချက်ချင်းမှာဖြစ်ရာကနေ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ Sunflower Natural Dye Textiles ကို ရောက်လာတယ်။
Royal Express က တခါပို့ရင် တထည်ပဲပို့ပေးတယ်ဆိုလို့ ၂ခါခွဲလာတဲ့အထည်တွေ။
ဝယ်တာက စောင်အညိုနဲ့ အဖြူ ၂ထည်ပေမယ့် “နောင်မောင်ဖလယ်ဝေါ်”ပုဝါတထည် လက်ဆောင်ထည့်ပေးလိုက်တယ်။
အရင်ကတည်းက အရမ်းလိုချင်နေခဲ့တဲ့ ပုဝါလေးဖြစ်နေတော့ အတိုင်းမသိကျေနပ်မိပေါ့။

လူမှုအခြေပြုစီးပွါးရေးစနစ်(Social based business) ပုံစံအနေနဲ့ လှုပ်ရှားနေတဲ့ P.Ti ကို အစကတည်းက သဘောကျခဲ့တယ်။
ဦးဆောင်သူရဲ့ ခံယူချက်တွေ၊ လုပ်ဆောင်ချက်တွေက မိမိပတ်ဝန်းကျင်နဲ့အတူတိုးတက်လာစေခြင်းကို ရည်ရွယ်နေတယ်။
အထည်တထည်ဖြစ်လာဖို့အတွက် အဆင့်ဆင့်တိုင်းမှာ ပါဝင်လုပ်ကိုင်နေသူတွေအများကြီးနဲ့ အလုပ်လုပ်ကိုင်တယ်။
“ကျွန်တော်လုပ်ဆောင်နေတဲ့ပုံစံကတော့ ကျွန်တော်နေထိုင်တဲ့ပတ်ဝန်းကျင်၊ ကျွန်တော်နဲ့ လက်လှမ်းမီရာ community အတွင်းက ပညာရှင်တွေအပြင် ပါဝင်လုပ်ကိုင်ဖို့ စိတ်အားထက်သန်သူ/ရင်ဘက်ခြင်းတူသူတွေနဲ့ ပေါင်းစုပြီး ထုတ်လုပ်ရေးလုပ်ငန်းကို လက်တွဲလုပ်ပြီး စျေးကွက်တစ်ခုတည်ဆောက်ခြင်းပါ… “

ထုတ်ပိုးမှုကိုလည်း အထူးတလည် ဝန်ဆောင်မှုပေးထားတာ မပစ်ရက်စရာဖြစ်နေလို့ အထည်တွေနဲ့အတူတူ စုဆောင်းသွားပါမယ်။

ထုတ်ပိုးမှုမှာလည်း အနုပညာဆန်စွာနဲ့ ရေဆေးပန်းချီနဲ့ပုံဖော်ထားတာ သိပ်ကဗျာဆန်လွန်းနေပါရော။

အဲဒီမှာမှ ဆွဲပေးထားတဲ့ အနုပညာရှင်ပန်းချီဆရာက အထည်အလိပ်တွေကို တန်ဖိုးထားတတ်တဲ့ ပန်းချီဉာဏ်ရဲရင့်ဝင်းဖြစ်နေပြန်တယ်။
သူ့ကိုယ်ပိုင်စတိုင်အတိုင်းဆွဲထားတဲ့ ပန်းချီနဲ့ ထုတ်ပိုးမှုတဲ့ အတိုင်းထက်အလွန် လိုက်ဖက်လှပါတယ်။

ရှေးရှေးကအထည်တွေကို စုဆောင်းဖို့ လက်လှမ်းမမှီသလို သမိုင်းတွေမသိတော့တာဖြစ်လို့ ကိုယ်လက်လှမ်းမှီသေးတဲ့ သမိုင်းသေချာတဲ့ မိမိတို့ခေတ်သမိုင်းတွေကို ပြုစုသွားဖို့ ပိုအားသန်ပါတယ်။

These are garments that I purchased and collected from P.Ti Karen Traditional Textile.

I happened to watch a reel posted on the P.Ti page on February 18, 2026, and instantly felt the urge to start collecting their pieces, so I placed an order right away. The items arrived at Sunflower on February 21.
Because Royal Express delivers only one piece per shipment, the order arrived in two separate deliveries.

I originally purchased two pieces, one brown and one white but they kindly included a complimentary “Naung Maung Phalae Waw” scarf. Since it was a scarf I had wanted for a very long time, I was beyond happy and truly delighted.

From the very beginning, I have admired P.Ti for operating as a social-based business. The philosophy and actions of its leadership are clearly aimed at growing together with their surrounding environment.
To create a single piece of fabric, they collaborate with many people at every step of the process, working collectively across different stages of production.

“The way I work is by collaborating in production with the environment I live in, professionals within the community that is within my reach, and those who are passionate and share the same values coming together to build a market as a collective…”

The packaging itself is so thoughtfully designed that it feels too precious to discard, so I plan to keep and archive it together with the garments.

The packaging is artistically presented, illustrated with watercolor paintings that feel incredibly poetic.

What makes it even more special is that the artist behind these illustrations is Nyan Yeyint Win, an artist
with a bold artistic sensibility who truly values textiles.
The packaging design, rendered in his distinctive personal style, harmonizes beautifully with the fabrics perfectly matched beyond expectations.

Since collecting ancient textiles is beyond my reach and I lack sufficient historical knowledge of them, I feel more inclined to preserve and document the well-defined history of our own era—stories and craftsmanship that are still within our reach today.

Address

54/Right, 1st Floor, Shan Kone Street, Myaynigon, San Chaung Tsp
Yangon

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Alerts

Be the first to know and let us send you an email when Sunflower Natural Dye Textiles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunflower Natural Dye Textiles:

Share