Mo Mo Online Shop

Mo Mo Online Shop တန်တာ၊ မှန်တာ 🐘 မိုမိုပါ

ရုံးပိတ်ရက်တွေမှာ စားသောက်ဆိုင် သမားတွေ စားသုံးသူ များတတ်ကြလို့ ကြိုတင်ပြင်ဆင်တာက အောင်မြင်မှုအတွက် အဓိက သော့ချက်ပဲမို့ ...
24/02/2025

ရုံးပိတ်ရက်တွေမှာ စားသောက်ဆိုင် သမားတွေ စားသုံးသူ များတတ်ကြလို့ ကြိုတင်ပြင်ဆင်တာက အောင်မြင်မှုအတွက် အဓိက သော့ချက်ပဲမို့ Holiday date လေးတွေ Save ထားလိုက်ပါနော်🥰

ဒီတခေါက် ဗန်းကြီးတွေ ပစ္စည်းအဝင်နဲလို့ အမြန်လေးတော့ လက်ဦးအောင်ယူပေးပါနော်။🥰
23/02/2025

ဒီတခေါက် ဗန်းကြီးတွေ ပစ္စည်းအဝင်နဲလို့ အမြန်လေးတော့ လက်ဦးအောင်ယူပေးပါနော်။🥰

Seafood ဗန်းကြီး ပြန်ရောက်ပါပြီခင်ဗျာ👍
23/02/2025

Seafood ဗန်းကြီး ပြန်ရောက်ပါပြီခင်ဗျာ👍

23/02/2025

ကျန်းမာရေးအတွက် အကောင်းဆုံးဆေး💊

(၁) တစ်ညတာလုံး ငြိမ်သက်နေတဲ့
ခန္ဓာကိုယ်တွင်း ကလီစာများကို
ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့
နံနက်အိပ်ယာ ထတာနဲ့
ရေ ၂ - ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့
ထမင်းမစားခင် နာရီ၀က်ကြိုတင်၍
ရေ ၁ - ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့
ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင်
ညမအိပ်ခင် ရေ ၁ - ခွက် သောက်ပေးရပါမယ်။

(၅) အိပ်ပျော်နေစဉ်
ခြေသလုံး ကြွက်သားတွေ
ကြွက်တက်ခြင်း မဖြစ်ရလေအောင်
ညဘက်တရေးနိုးတဲ့အခါ
ရေတခွက်သောက်ပေးပါ။

- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က

အထူးသဖြင့် ထမင်းစားရင်း
ရေခဲရေအေးအေး သောက်တဲ့အခါ
ဟင်းလျာထဲမှာပါရှိတဲ့ အဆီအနှစ်တွေက
ရေခဲရေနဲ့တွေ့ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာ
ခဲပျစ်သွားတတ်ကြပြီး၊
အစာကောင်းစွာ မချက်နိုင်တော့ဘဲ
အူကင်ဆာ ဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း
ရေခဲရေသောက်လိုက်တဲ့ အခါများမှာလည်း၊
အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်
ဖြစ်စေပါတယ်။
အပူအအေး တန်ပြန်သက်ရောက်မှုက
အစာအိမ် အက်ဆစ်ထွက်ရှိမှုကို
ကမောက်ကမ ဖြစ်လာပြီး
ဗိုက်နာဗိုက်အောင့် စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ
ရေခဲရေ ရေအေးတို့ဖြင့် မျှောမချဘဲ
ဟင်းချိုပူပူ (သို့မဟုတ်)
ရေနွေးဖြူ (သို့မဟုတ်)
ရေနွေးကြမ်းတို့ဖြင့်သာ
ထမင်းလုပ် မနင်အောင် မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး
နာရီ၀က်ကျော်ကြာမှသာ
သောက်ရေအေး သောက်ကြပါရန်

Mo Mo Online Shop 🐘
09759299988, 09759448874

 #ပြည့်တန်ဆာပြည့်တန်ဆာဆိုတာ ယောကျာ်းလေးတစ်ယောက်ရဲ့ ကာမစိတ်ကို လိုက်လျောပေးတဲ့သူလို့ သတ်မှတ်ထားကြတယ်။ပြည့်တန်ဆာမှာနှစ်မျိ...
08/02/2025

#ပြည့်တန်ဆာ

ပြည့်တန်ဆာဆိုတာ ယောကျာ်းလေးတစ်ယောက်ရဲ့ ကာမစိတ်ကို လိုက်လျောပေးတဲ့သူလို့ သတ်မှတ်ထားကြတယ်။

ပြည့်တန်ဆာမှာနှစ်မျိုးရှိတယ်။

၁။ တန်ရာတန်ကြေးပေးရတဲ့ပြည့်တန်ဆာနဲ့
၂။ အခမဲ့ပြည့်တန်ဆာ။

တန်ရာတန်ကြေးပေးရတဲ့ ပြည့်တန်ဆာဆိုတာက မိသားစုအခက်အခဲတွေ ငွေကြေးအခက်အခဲတွေအခက်အခဲမျိုး များစွာကြောင့် မိမိအရှက်နဲ့ သိက္ခာကို စွန့်လွှတ်အနစ်နာခံပြီး တန်ရာတန်ကြေးနဲ့အသုံး တော်ခံတဲ့သူမျိုးတွေပေါ့

အခမဲ့ပြည့်တန်ဆာတွေကတော့ ချစ်ပါတယ်ဆိုတဲ့
စကားလေးတစ်ခွန်းနဲ့ မိမိဘဝကို ပေးဆပ်လိုက်တဲ့
သူမျိုးပေါ့ ။ ချစ်ပါတယ် လက်ထပ်ပါမယ်ဆိုတဲ့ စကားလုံးလှလှလေးတွေကို သာယာမနေစမ်းပါနဲ့.....

#ရောက်ပါတော့မယ်ဖေဖဝါရီ_၁၄_ရက်
အစားမတော်တစ်လုတ် အသွားမတော်တော့တစ်လှမ်းတဲ့ ပုံပြောတဲ့သူကတော့ ယုံအောင်ပြောမှာပဲလေ ဟုတ်တယ်မလား?

ပြောချင်တာက ချောကလက်တွေ အရုပ်တွေနဲ့ မင်းတို့ရဲ့အရှက်သိက္ခာကို ပေးဆပ်ရတာ မတန်ဘူးနော်
ကျားတိုင်း အသားစားပါတယ်။ ဥပုဒ်စောင့်တာနဲ့ မစောင့်တာပဲ ကွာတယ်။ချစ်ပါတယ်။

ရည်းစားလား? ထားပါ မထားနဲ့မပြောဘူး။ဒါပေမဲ့
မင့်ဘဝကို အခမဲ့ပြည်တန်ဆာအဖြစ် ဘဝတသက်တာနောင်တတွေနဲ့ ငိုကြွေးခြင်းတွေ ထွေးပိုက်ခွင့်မပြုလိုက်ပါနဲ့ကွယ်............

...မူရင်း

2️⃣0️⃣2️⃣5️⃣ တရုတ်နှစ်ကူးမြွေ🐍 နှစ် မှာ ငွေ💰 ညစ် စရာမလိုပဲစီးပွားဥစ္စာတိုးတက်ကြပါစေ လို့ Mo Mo🐘 မိသားစုမှ ဆုတောင်းမေတ္တာ...
29/01/2025

2️⃣0️⃣2️⃣5️⃣ တရုတ်နှစ်ကူး
မြွေ🐍 နှစ် မှာ
ငွေ💰 ညစ် စရာမလိုပဲ
စီးပွားဥစ္စာတိုးတက်ကြပါစေ လို့
Mo Mo🐘 မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ 🙏 🙏🙏

21/01/2025

ဝယ်ပြီးပစ္စည်း
ပြန်လဲပေးတာ 🐘မိုမိုပါ
MoMo Online shop ☎09759299988 ☎09759448874

အရိုးပြုတ်ရည် ဆိုတာ သဘာဝကော်လာဂျင်ဟင်းရည်ပါ...အရိုး ၊ အဆစ်အတွက် ကောင်းတယ် အသားအရေတင်းရင်းပြီးနုပျိုစေတယ်ကိုယ်ခံအားကောင်း...
21/01/2025

အရိုးပြုတ်ရည် ဆိုတာ သဘာဝကော်လာဂျင်ဟင်းရည်ပါ...
အရိုး ၊ အဆစ်အတွက် ကောင်းတယ်
အသားအရေတင်းရင်းပြီးနုပျိုစေတယ်

ကိုယ်ခံအားကောင်းစေတယ်
ကြိုက်ရာ အရိုးကို ဂျင်းနဲ့ ၂နာရီ လောက် မီးအေးအေးနဲ့ ပြုတ်ပါ
ရလာတဲ့အရည်ကို သီးသန့်သောက်လည်းရပါတယ်

အသီးအရွက် (ဗိတာမင် အစုံ)၊ စုံအောင်ထည့်သောက်လည်းရပါတယ်
တပတ် ၂ကြိမ် ၃ကြိမ် သောက်ပေးခြင်းဖြင့် ၁၀နှစ်လောက်တော့ နောက်ဆုတ်ထားနိုင်ပါတယ်...
ညနေခင်းစာ ထမင်းမစားဘဲ သောက်ပေးရင် ပိုကောင်းပါတယ်။
Crd

အားလုံးသက်ရှည် ကျန်းမာ ရောဂါဘယာ ကင်းဝေးကြပါစေ🙏
Online shop
09759299988, 09759448874💗

အမြဲပစ္စည်းပြတ်အောင် ရောင်းပေးရတဲ့ ရေခဲခြစ်စက်(ဓား၂ထပ်) ပြန်ရောက်လာပါပြီ😍Quality လဲကောင်းပြီး ရေဆင်းပိုက်လဲ ပါဝင်ပါတယ်။လ...
20/01/2025

အမြဲပစ္စည်းပြတ်အောင် ရောင်းပေးရတဲ့ ရေခဲခြစ်စက်(ဓား၂ထပ်) ပြန်ရောက်လာပါပြီ😍

Quality လဲကောင်းပြီး ရေဆင်းပိုက်လဲ ပါဝင်ပါတယ်။
လက်လီ စျေးနှုန်း ၁၆၀၀၀၀
လက်ကားစျေး သီးသန့်ရှိ( တဖာ 4လုံး)

ဆက်သွယ်ဝယ်ယူရန် Online shop Messenger (သို့မဟုတ်) 09759299988, 09759448874💗

တန်တာ ၊မှန်တာ 🐘မိုမိုပါ
(instock ပစ္စည်းများကိုသာရောင်းချပေးပါသည်)

ရန်ကုန် အိမ်အရောက်ငွေချေ(ကြိုမပေးရပါ)
ကျန်မြို့များ ငွေကြိုလွှဲဖြင့် အားပေးနိုင်ပါသည်။🙏

လက်ကိုင်ဒယ်ကောင်းကောင်း ရှာနေတယ်ဆိုရင်တော့ တနေရာထဲမှာ Design စုံ၊ size စုံ Instock ရအောင် ဖြည့်ဆည်းပေးထားလို့ ဝင်ရောက်လေ...
20/01/2025

လက်ကိုင်ဒယ်ကောင်းကောင်း ရှာနေတယ်ဆိုရင်တော့ တနေရာထဲမှာ Design စုံ၊ size စုံ Instock ရအောင် ဖြည့်ဆည်းပေးထားလို့ ဝင်ရောက်လေ့လာနိုင်ပါပြီဗျ။ လက်လီ/လက္ကား စျေးနှုန်းလေးတွေပုံအောက်မှာရေးပေးထားပါတယ်နော်......

ဆက်သွယ်ဝယ်ယူရန် Online shop Messenger (သို့မဟုတ်) 09759299988, 09759448874💗

တန်တာ ၊မှန်တာ 🐘မိုမိုပါ
(instock ပစ္စည်းများကိုသာရောင်းချပေးပါသည်)

ရန်ကုန် အိမ်အရောက်ငွေချေ(ကြိုမပေးရပါ)
ကျန်မြို့များ ငွေကြိုလွှဲဖြင့် အားပေးနိုင်ပါသည်။🙏

တစ်ချို့ စျေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ် 💢၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးက...
15/01/2025

တစ်ချို့ စျေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ် 💢

၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ စျေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

ဆက်သွယ်ဝယ်ယူရန် Online shop Messenger (သို့မဟုတ်) 09759299988, 09759448874💗

တန်တာ ၊မှန်တာ 🐘မိုမိုပါ
(instock ပစ္စည်းများကိုသာရောင်းချပေးပါသည်)

ရန်ကုန် အိမ်အရောက်ငွေချေ(ကြိုမပေးရပါ)
ကျန်မြို့များ ငွေကြိုလွှဲဖြင့် အားပေးနိုင်ပါသည်။🙏

သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်💠 သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေရန် နည်းလမ်းများ💠 ၁။ ကောင်း...
13/01/2025

သွေးတွင်း Cholesterol ကျဆင်းရန် အကြံပြုချက် (၁၇) ချက်

💠 သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေရန် နည်းလမ်းများ

💠 ၁။ ကောင်းသောကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရော ရွေးချယ်စားသောက်ပါ။

သင်၏ခန္ဓာကိုယ်သည် ပုံမှန် လည်ပတ်ရန်အတွက် အနည်းငယ်သော ကိုလက်စထရော ပမာဏကို လိုအပ်ပေသည်။ သို့သော် အစားအစာများ အတွင်းမှပြည့်ဝဆီနှင့် ကိုလက်စထရောများကို လျှော့ချရန် လိုအပ်ပါသည်။ ပြည့်ဝဆီနှင့် အစားအသောက်တွင်ပါသော ကိုလက်စထရောသည် မကောင်းသော အဆီ (LDL)ကို တက်စေပါသည်။ LDLကိုလက်စထရောသည် နှလုံးသွေးကြောထဲတွင် အဆီကို ပွားများစေ၍ နှလုံးသွေးကြောပိတ်ရောဂါကို ဖြစ်စေပါသည်။ ကောင်းသောအဆီ (HDL)သည် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောများကို အသည်းသို့ပြန်၍ သယ်ဆောင်သွားပေးခြင်းအားဖြင့် ဖယ်ရှားပစ်သဖြင့် အစားအသောက်ကို ရွေးချယ်စားသောက်သင့်ပါသည်။

💠 ၂။ အစားအသောက်ကို ချင့်ချိန်၍ မျှမျှ တတစားပါ။

ပုံမှန်အားဖြင့် ထမင်းတပန်းကန်ပြည့်ရုံခန့်သာ အစားအစာကို စားပါ။ ထမင်းပန်းကန်မောက်မောက် (သို့မဟုတ်) ထမင်းနှစ်ပန်းကန်၊ သုံးပန်းကန်စားသုံးခြင်းသည် ကိုယ်အလေးချိန်ကိုတက်စေပြီး ကိုလက်စထရောကိုလည်း မြင့်တက်စေပါသည်။ ပန်းကန်၏ လေးပုံတပုံသည် ထမင်း/ပါစတာ/ ဂျုံ/ကောက်ညှင်းဖြင့် ပြုလုပ်သော အစားအစာဖြစ်သင့်ပြီး ကျန်လေးပုံတပုံမှာ အသား၊ ငါး၊ ပဲ စသော ပရိုတင်းဓာတ်ပါသော အစားအစာ ဖြစ်သင့်ပါသည်။ ကျန်လေးပုံ တပုံသည် ဟင်းသီးဟင်းရွက်ဖြစ် သင့်ပြီး ကျန်လေးပုံတပုံသည် အသီး အနှံ ဖြစ်သင့်ပါသည်။

💠 ၃။ ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။

တနေ့လျှင် စားနေကျအသီးအနှံနှင့် ဟင်းသီးဟင်းရွက် ၅ ခွက်မှ ၉ ခွက်စာကို စားသုံးပါ။ အသီးအနှံ တခွက်မှာ သင်၏လက်သီးလုံးခန့် အကြမ်းဖျင်းအားဖြင့်ရှိပါသည်။ ချက်ပြုတ်ပြီးသား ဟင်းသီးဟင်းရွက် တခွက်စာဆိုသည်မှာ သင်၏လက်ခုပ်ထဲတွင်ပါသော ပမာဏကို အကြမ်းဖျင်းဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများကို များများ စားခြင်းအားဖြင့် မကောင်းသောအဆီ (LDL) ကို ကျစေသည့်အပြင် ၄င်းတို့ထဲ တွင် Antioxidants အများအပြား ပါ၀င်သဖြင့် ခန္ဓာကိုယ်အတွက် အထူးကျေးဇူးရှိပါသည်။ အသီးအနှံများများစားခြင်းသည် အဆီများကို လျှော့ချ၍ သွေးပေါင်ချိန်ကို ကျစေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပါသည်။ Plant sterol များပါသော အစားအစာများ၊ ဥပမာ -အချို၊ မာဂျရင်း၊ ဒိန်ချဉ်တို့သည် LDL cholesterolကို ကျဆင်းစေပါသည်။

💠 ၄။ နှလုံးကျန်းမာစေရန် ပင်လယ်စာ စားပါ။

ငါးကို တပတ်နှစ်ကြိမ်စားပါ။ ငါးသည် ပြည့်ဝဆီနည်းပါးပြီး omega-3 fatty acid အများအပြားပါ၀င်သောကြောင့် Triglycerideနှင့် ကိုလက်စထရောကိုလည်း ကျဆင်းစေသည့်အတွက် နှလုံးသွေးကြောပိတ်ခြင်းကိုလည်း တားဆီး စေပါသည်။ အဆီများသောငါး salmon ငါး၊ တူနာငါး၊ ငါးသေတ္တာငါးများကို ပိုမိုစားသုံးပါ။ သို့သော် ကြော်ပြီးမစားပါနှင့်။ ကျန်းမာစေသော အကျိုးကျေးဇူး များကို ဖျက်ဆီးပစ်သလို ဖြစ်သွား နိုင်ပါသည်။

💠 ၅။ ဂျုံကြမ်း၊ ဆန်ကြမ်း၊ အုတ်ဂျုံများကို ပိုမိုစားသုံးပါ။

ဂျုံကြမ်း၊ ဆန်ကြမ်းများတွင်ပါသော အမျှင်ဓာတ်နှင့် ကာဗိုဟိုက် ဒရိတ်ဓာတ်အစုံပါ၀င်သော အစားအစာသည် အဆာခံစေပြီး ပိုမို မစားသုံးမိရန် ကာကွယ်ပေး သလိုဖြစ်စေသည်။ မကောင်း သောအဆီ (LDL)ကိုလည်း ကျဆင်းစေသည့်အတွက် အလွန်အကျိုးရှိပါသည်။ ကိုယ်အလေးချိန်ကိုလည်း သွယ်ဝိုက်၍ ကျဆင်းစေပါ သည်။ ၄င်းအစားအစာများမှာ ဆန်ကြမ်း၊ ဆန်လုံးညို၊ ပေါက်ပေါက်ဆုပ်၊ ဘာလီ၊ ဂျုံကြမ်းနှင့် ပြုလုပ်သော အစားအစာများ (ဥပမာ - ပေါင်မုန့်ညို နှင့် ကွေကာအုပ်) ဖြစ်ကြပါသည်။

💠 ၆။ အခွံမာသီး (Nuts) များကို များများစားပါ။

အကယ်၍ အဆာပြေစားသုံးလိုပါက လတ်လတ်ဆတ်ဆတ် အခွံမာသီးများသည် အာသာပြေစေ၍ ကိုလက်စထရော ကျစေနိုင်ပါ သည်။ အခွံမာသီးများသည် ဧကမပြည့်ဝဆီ (Monounsaturated fat) များဖြင့် ပြည့်ဝနေပြီး မကောင်းသောအဆီ (LDL) ကို ကျဆင်းစေ သည့် အပြင် ကောင်း သော အဆီ(HDL)ကို မကျဆင်းစေရန်ကာကွယ် ပေးပါသည်။ နေ့စဉ် စားသုံးပါက နှလုံးရောဂါ ဖြစ်နှုန်းကို ကျဆင်းစေ နိုင်သည်ဟုသိရှိရသည်။ ၄င်းတို့သည် အဆီနှင့် ကယ်လိုရီများသည့်အတွက် တနေ့လျှင် လက်တဆုပ်ခန့်သာ စားသုံး ပါ။ သကြား သို့မဟုတ် ချောကလက်ဖုံးအုပ်ထားသော အခွံမာသီးများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အခွံမာသီးများမှာ သစ်အယ်သီး၊ မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ pistachios နှင့် Almonds သီး တို့ ဖြစ်ကြပါသည်။

💠 ၇။ မပြည့်ဝဆီများသည် နှလုံးကို ကာကွယ်နိုင်သည်။

ကျွန်ုပ်တို့သည် တနေ့လျှင် လိုအပ်သောကယ်လိုရီပမာဏ၏ ၂၅%မှ ၃၀%ကို အဆီစားသုံးခြင်းမှ ရရှိသင့်သည်။ သို့သော် အဆီအမျိုးအစားအပေါ် မူတည်ပါသည်။ မပြည့်ဝသော အဆီများမှာ မုန်ညင်းဆီ၊ သံလွင်ဆီနှင့် နေကြာဆီတို့သည် မကောင်း သောအဆီ (LDL)ကို ကျဆင်းစေရုံသာမက ကောင်းသောအဆီ (HDL)ကို မြင့်တက်စေသည်။ ပြည့်ဝဆီများဖြစ်သည့် ထောပတ်နှင့် စားအုန်းဆီများသည် မကောင်းသောအဆီ (LDL)ကို မြင့်တက်စေသည်။ ကောင်းသော အဆီများသည် ကယ်လိုရီများကို တန်းတူပေးနိုင်သည့်အတွက် အဆီမှန်သမျှကို သင့်တင့်ရုံသာ စားသုံးပါ။

💠 ၈။ ပဲများများစား၍ ထမင်းနည်းနည်းစားပါ။

လူတို့သည် ကာဗွန်ဟိုက်ဒရိတ်ဓာတ်ကို တနေ့တာလှုပ်ရှားမှုအတွက် စွမ်းအားအဖြစ် လိုအပ်ပါသည်။ ဆန်ကြမ်း၊ ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ပဲများတွင် အမျှင်ဓာတ် (fibre) ပေါများစွာပါ၀င်သည့်အတွက် သွေးသကြားဓာတ်ကို အနည်းငယ်သာတက်စေပါသည်။ ၄င်းသည် ကိုလက်စထရောကို ကျစေပြီး အဆာပိုခံစေပါသည်။ အဖြူရောင်ပေါင်မုန့်၊ အာလူး၊ အဖြူရောင်ဆန်နှင့် လုပ်သောမုန့်များသည် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ အများအပြားတက်စေသည့်အတွက် မြန်မြန်ဆန်ဆန်ဆာပြီး များများစားချင်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်စေပါသည်။

💠 ၉။ သွက်လက်လှုပ်ရှားအားကစား လုပ်ပါ။

တနေ့လျှင် နာရီဝက်ခန့်၊ တပတ်ကို ၅ ရက်ခန့် လေ့ကျင့်ခန်း လုပ်ပါ။ ပြင်းထန်သောလှုပ်ရှားမှု၊ ဥပမာ - အမြန်လမ်းလျှောက်ခြင်းကို တနေ့ မိနစ် ၂၀၊ တပတ် ၃ ရက်ခန့်သာ ပြုလုပ်လျှင် လုံလောက်ပါ သည်။ ၄င်းတို့သည် မကောင်းသောအဆီ (LDL) ကို ကျဆင်းစေပြီး ကောင်းသော အဆီ (HDL) ကို မြင့်တက်စေပါသည်။ ကိုယ်လက် လေ့ကျင့်ခန်းကို ၄င်းထက် ပို၍ လုပ်နိုင်လျှင် ပို၍ကောင်းမည် ဖြစ်ပါသည်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင် ပြီး နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ အကယ်၍ မိနစ် ၃၀ခန့် ဆက်တိုက်မလှုပ်ရှားနိုင်လျှင် ၁၀ မိနစ်စီခွဲ၍ ပြုလုပ်နိုင် ပါသည်။

💠 ၁၀။ လမ်းလျှောက်ပါလေ။

ပြင်းထန်သောလှုပ်ရှားမှုကို မလုပ်ချင်လျှင် လမ်းလျှောက်ခြင်းသာ ပြုလုပ်လိုက်ပါ။ ပို၍ကျန်းမာသန်စွမ်းစေ၍ လမ်းလျှောက်ခြင်းသည် သင့်ကျန်းမာရေးအတွက် ကောင်းသော ဖိနပ် တစုံသာ ဖြစ်ပါသည်၊၊ Aerobic Exercise ပြုလုပ် လျှင်လည်း ရပါသည်။ ၄င်းတို့သည် လေဖြတ်ခြင်းနှင့် နှလုံးရောဂါကို လျော့နည်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေ၍ အရိုးကိုလည်း သန်မာစေသည်။ အကယ်၍ အခုမှစ လမ်းလျှောက်ရန် စဉ်းစားထားလျှင် အစဦးဆုံး ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ပြီး နောက်မှ တဖြည်းဖြည်းတိုး၍ လမ်းလျှောက်ပါ။

💠 ၁၁။ လုပ်ငန်းခွင်နှင့် အိမ်တွင် ပိုမိုလှုပ်ရှားပါ။

Gymလည်း မသွားလို၊ အမြန်လမ်း လျှောက်ခြင်းနှင့် ရိုးရိုးလမ်းလျှောက်ခြင်းလည်း မလုပ်လိုလျှင် နေ့စဉ်လှုပ်ရှားမှုကို သင်၏ တနေ့တာ လုပ်ငန်းခွင်တွင် ထည့်သွင်းလိုက်ပါ။ ဥပမာ ပန်းပင်စိုက်ခြင်း၊ ကခြင်း၊ ဓာတ်လှေကား မစီးဘဲ လှေကားဖြင့် အပေါ်တက်/ အောက်ဆင်း ပြုလုပ်ခြင်း၊ အိမ်မှုကိစ္စများတွင်လည်း လျင်မြန်စွာ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

💠 ၁၂။ သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ဂရုစိုက်ပါ။

သင့်တွင် သွေးတွင်း ကိုလက်စထရောဓာတ် များနေပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်၍ နည်းလမ်းပေါင်းစုံဖြင့် ကိုလက်စထရောကို ကျဆင်းစေရန် ပြုလုပ်ပါ။ အစား အသောက်ကို ထိန်းပါ။ ကိုယ် အလေးချိန်ကို လျှော့ချပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ဆေးမှန်မှန်သောက်ပါ။

💠 ၁၃။ ပြင်ပဆိုင်တွင် သတိထားဆင်ခြင်၍ စားသောက်ပါ။

စားသောက်ဆိုင်များတွင် ချက်ပြုတ်ကြော်လှော်သော အစား အသောက်များတွင် ပြည့်ဝဆီများ၊ ကယ်လိုရီများနှင့် ဆိုဒီယမ်များ လွန်ကျွံစွာ ပါတတ်ပါသည်။ စားသောက်ရာတွင် ကြော်သော အစားအစာများကိုရှောင်ပြီး ပြုတ်သော၊ ပေါင်းသော၊ ချက်သော အစားအစာများကိုသာမှာ၍ စားသောက်ပါ။ တို့စရာများကို နည်းနည်းချင်းသာ စားသောက်ပါ။ ဟင်းမှာလျှင်လည်း ပွဲကြီးမမှာဘဲ ပွဲသေးသာမှာပါ။

💠 ၁၄။ လှည့်ကွက်ကလေးများကို သတိထားပါ။

အစားအသောက်များ၏ အထုပ်အပိုးတွင်ပါသော အာဟာရ တန်ဖိုးများကို ဖတ်ရှုရာတွင် သေချာစွာဖတ်ရှုပါ။ အာဟာရတန်ဖိုးများသည် တခွက်စာတွင်ပါ၀င်သော အာဟာရတန်ဖိုး ဟုတ်၊ မဟုတ် စစ်ဆေးပါ။ အချို့သော အာဟာရတန်ဖိုးများသည် နှစ်ခွက်စာတွင် ပါ၀င်သော အာဟာရတန်ဖိုးများကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ဒုတိယအချက် whole grain ဆိုသော စကားလုံးပါသည်ကို ဟုတ်၊ မဟုတ် သေချာစွာကြည့်ပါ။ တတိယအချက်အနေဖြင့် 'zero cholesterol' ဟု ဖော်ပြထားသော်လည်း မကောင်းသော ကိုလက် စထရော (LDL) ကို မြင့်တက်စေနိုင်ပါသည်။ အကြောင်းမှာ ပြည့်၀သောအဆီများကို ပါ၊ မပါ စစ်ဆေးကြည့်ပါက သိရှိနိုင်ပါသည်။

💠 ၁၅။ စိတ်ဖိစီးမှုကို လျှော့ပါ။

စိတ်ဖိစီးမှုရှိလျှင် သွေးတိုးရောဂါဖြစ်နိုင်သည်။ ၄င်းမှတဆင့် နှလုံးသွေးကြောပိတ် ရောဂါကို ဖြစ်စေနိုင်ပါသည်။ ထို့ အပြင် စိတ်ဖိစီးမှုကလည်း ကိုလက် စထရောပမာဏကို တက်စေနိုင်သည်ကို လက်ရှိစမ်းသပ်မှုများအရ တွေ့ရှိရပါသည်။ စိတ်ဖိစီးမှုပြေလျော့စေသော လေ့ကျင့်ခန်းများ၊ တရားထိုင်ခြင်းများ၊ Biofeedback များဖြင့် လျှော့ချသင့်သည်။ အသက်ပြင်းပြင်းရှူသွင်း၍ ပြင်းပြင်းရှူထုတ်သောလေ့ကျင့်ခန်း ပြုလုပ်၍ရပါသည်။

💠 ၁၆။ ကိုယ်အလေးချိန်ကို လျှော့ပါ။

ဆုံးရှုံးခြင်းသည် အောင်မြင်ခြင်း၏အစ ဖြစ်ပါသည်။ ကိုယ်အလေးချိန်ကို လျှော့ချခြင်းသည် နှလုံးရောဂါကိုတားဆီးရာတွင် အကောင်းဆုံးသောနည်းလမ်းတခု ဖြစ်ပါ သည်။ ၀ခြင်းသည် ကိုလက်စထရောကို မြင့်တက်စေရုံသာမက သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါသည်။နှလုံးသွေးကြောကျဉ်း ရောဂါနှင့် သွေးကြောပိတ်ရောဂါကို ပိုမို၍ အားပေးကြသော အကြောင်းအရာ ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်အလေးချိန်ကိုချလျှင် အထူးသဖြင့် ဗိုက်မှအဆီကိုချလျှင် ကောင်းသောအဆီကို မြင့်တက်စေပြီး မကောင်းသောအဆီကို ကျစေပါသည်။

💠 ၁၇။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

ကိုလက်စထရောကို ထိန်းသိမ်းကာကွယ်ခြင်းသည် တသက်လုံး ပြုစေအပ်သော တသက်တာကိစ္စ ဖြစ်ပါသည်။ ဆရာဝန်ကို မှန်မှန်တွေ့ပြီး ကျန်းမာရေးကို စစ်ဆေးပါ။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အစားအသောက်၊ ဆေးဝါးများကို မှန်မှန်သုံးဆောင်ပြီး လေ့ကျင့်ခန်းများကို မှန်မှန်လုပ်ဆောင်ပါ။
Credit to ပါမောက္ခဦးတင်လတ် (နှလုံးအထူးကုဆရာဝန်ကြီး)

Online shop
09759299988, 09759448874💗

တန်တာ ၊မှန်တာ 🐘မိုမိုပါ
(instock ပစ္စည်းများကိုသာရောင်းချပေးပါသည်)

ရန်ကုန် အိမ်အရောက်ငွေချေ(ကြိုမပေးရပါ)
ကျန်မြို့များ ငွေကြိုလွှဲဖြင့် အားပေးနိုင်ပါသည်။🙏

https://www.facebook.com/Charcoal.Garment?mibextid=ZbWKwL

Address

ကမ်းနားလမ်း, လမ်းမတော် ဆိပ်ကမ်းဂိုထောင်
Yangon
11131

Website

Alerts

Be the first to know and let us send you an email when Mo Mo Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mo Mo Online Shop:

Share