Archein Project - By Alexander

Archein Project - By Alexander We solve spatial problems, architectural & interior. So that you can sleep well. We understand

that you are not looking for lifeless buildings and spaces.

that you want to be well planned, clean, comfortable environment conducive for the activities you desire to do. that you want your place to not just look pretty but make sense when you live in and use it. Otherwise, what purpose would it serve. that Myanmar has limitations and unique in its own context, we work with it and not against it.

ကျနော်တို့နားလည်ပါတယ်

မိတ်ဆွေ သက်မဲ့အဆောက်အဦးတွေ နေရာတွေ

နဲ့ ဘာလိုမှန်း မသိတာတွေကို စိတ်တိုင်းမကျဘူးဆိုတာ

ကိုယ်ရေး တနေ့တာတွေကို သက်တောင့်သက်သာ သန့်သန့်ရှင်းရှင်းနဲ့ ဖြတ်သန်းချင်တယ်ဆိုတာ

လှရုံတင်မဟုတ်ဘူး နေလို့, ထိုင်လို့, အသုံးပြုလို့ကောင်းချင်တယ်ဆိုတာ

မြန်မာနိုင်ငံဖြစ်လို့ ခေတ်နောက်မကျပဲ ဒီနိုင်ငံနဲ့ လည်းအဆင်ပြေတာလိုချင်တယ်ဆိုတာ

NPT Healing Architecture Residence - Harmony in Wind and Light -Architecture design, Structural design, Landscape design...
04/03/2026

NPT Healing Architecture Residence
- Harmony in Wind and Light -

Architecture design, Structural design, Landscape design နှင့် Interior design တွေအားလုံး အပြည့်အစုံပါဝင်ရုံ သာမကဆောက်လုပ်ရေးအရည်အသွေးကိုပါ တာဝန်ယူထားတဲ့ Design and Built Construction Project အတွက် ပနက်ရိုက်မြေသန့်မင်္ဂလာ အောင်မြင်စွာပြုလုပ်ပြီးစီး


သဘာဝအလင်းရောင်က အိမ်ရဲ့မှောင်နေတဲ့နေရာတွေကို လင်းနေစေဖို့သက်သက် မဖြစ်သင့်ပါ...အိမ်တစ်အိမ်မှာ သူ့နေရာနဲ့သူ မှန်ကန်တဲ့အလင်...
01/02/2026

သဘာဝအလင်းရောင်က အိမ်ရဲ့မှောင်နေတဲ့နေရာတွေကို လင်းနေစေဖို့သက်သက် မဖြစ်သင့်ပါ...

အိမ်တစ်အိမ်မှာ သူ့နေရာနဲ့သူ မှန်ကန်တဲ့အလင်းရောင်ပေါင်းစပ်မှု၊ သင့်တင့်ညီမျှတဲ့ အလင်းနဲ့အရိပ်ဖန်တီးမှုတွေက ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာလည်ပတ်ဖို့အတွက် လိုအပ်တဲ့အားအင်တွေပေးနေပြီး နေ့စဉ်လုပ်ဆောင်နေတဲ့အရာတွေရဲ့ အချက်ပေးကိရိယာလေးတစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ် 🤗

ဒါဆိုသဘာဝအလင်းရောင်ကို စိတ်နဲ့ခန္ဓာကိုယ်နှစ်ခုစလုံး ကုသပေးတဲ့ (Healing Mechanism) တစ်မျိုးလို့ မှတ်ယူလို့ရမှာဖြစ်ပြီး Alexander Archein Design & Construction ဆောက်လုပ်တဲ့အိမ်တိုင်းမှာ တွေ့မြင်နိုင်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်

ဒါဆိုသဘာဝအလင်းအရမ်းများသွားရင်ကော ဘာတွေဖြစ်နိုင်လဲ?

“တန်ဆေးလွန်ဘေး” ဆိုတဲ့စကားပုံအတိုင်း အိမ်တစ်အိမ်မှာ သဘာဝအလင်းရောင်အရမ်းများပြီး အခန်တစ်ခန်းလုံးပြာထွက်/ပြူးထွက်သွားတာ (Over Exposure) မျိုးဆိုရင် လူတစ်ယောက်ရဲ့အသိအာရုံကို တစ်နေ့လုံး နိုးကြားနေစေမှာဖြစ်ပြီး အေးဆေးအနားယူလို့ကောင်းမယ့် Cozy Vibe ကိုဘယ်လိုမှရနိုင်မှာမဟုတ်ပါဘူး 🌟

ဒီလိုမျိုးကွာဟချက်တွေကို ထိန်းညှိပေးမယ့် Alexander Archein Design & Construction ရဲ့အဓိက Mission ကတော့ ကိုယ့်ရဲ့အိမ်က ကိုယ်နဲ့အတူတစ်သားတည်းဖြစ်နေဖို့ဖြစ်ပြီး စိတ်ပျော်ရွှင်အေးချမ်းမှုကို အကောင်းဆုံးပို့ဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်

အချိုးတူညီမျှတဲ့ ဘဘာဝအလင်းရောင်ပေါင်းစပ်မှုနဲ့ ကိုယ့်ရဲ့နေထိုင်မှုဘဝတစ်ခုလုံးကို နောက် Level တစ်ခုအထိပို့ပေးသွားမယ့် အိမ်တစ်အိမ်ဆောက်ဖို့လိုနေပြီဆိုရင် Alexander Archein Design & Construction နဲ့ဆွေးနွေးတိုင်ပင်လိုက်ပါ

ကိုယ့်ရဲ့အိမ်ကိုပညာရှင်မပါဘဲ သေသပ်သန့်ရှင်းပြီးလှပနေအောင် ဘယ်လိုနေထိုင်ရမလဲသိချင်ရင် အောက်ကအချက်လေးတွေကို လိုက်လုပ်ကြည့်...
29/01/2026

ကိုယ့်ရဲ့အိမ်ကိုပညာရှင်မပါဘဲ သေသပ်သန့်ရှင်းပြီးလှပနေအောင်
ဘယ်လိုနေထိုင်ရမလဲသိချင်ရင် အောက်ကအချက်လေးတွေကို လိုက်လုပ်ကြည့်ရအောင်

🔸အိမ်ကို အမြင်ရှင်းစေဖို့ အရေးကြီးဆုံးက အရောင်ပါ... နံရံဆေးရောင်ကို အဖြူဒါမှမဟုတ် အရောင်ငြိမ်တဲ့ ကာလာအနုလေးတွေကိုပဲ အဓိကထားသုံးပါ... ဒီလိုဆိုရင် အိမ်ကို ပိုကျယ်တယ်လို့ ခံစားရစေလို့ စိတ်ကိုလည်း ကြည်လင်စေပါတယ်... အိပ်ခန်းထဲက အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကို အရောင်စုံတွေမသုံးဘဲ တတ်နိုင်သလောက် Plain Color အငြိမ်လေးတွေပဲသုံးပါ

🔸 ပေါပေါပဲပဲ ပလတ်စတစ်ရောင်စုံပစ္စည်းတွေ၊ အရောင်တောက်လွန်းတာတွေကို အိမ်ရှေ့ခန်းလိုနေရာမျိုးမှာ မထားမိပါစေနဲ့၊ ပလတ်စတစ်သုံးမယ်ဆိုရင်လည်း လိုက်ဖက်ပြီး ကြည့်လိုက်ရင် နေရာနဲ့တသားတည်းကျစေမယ့် ပစ္စည်းတွေကိုပဲထားပါ

🔸"Less is More" ဆိုတဲ့အတိုင်း နံရံတိုင်းမှာ ဓာတ်ပုံတွေ၊ ပန်းချီကားတွေ၊ မျက်စိရှုပ်အောင် အများကြီးချိတ်မထားပါနဲ့... နံရံကို ရှင်းရှင်းလင်းလင်း Blank Space ထားတာက မျက်စိအေးစေပြီး အိမ်ကိုပိုသပ်ရပ်စေပါတယ်

🔸အိမ်ရှုပ်ရတဲ့ အဓိကပြဿနာက ပစ္စည်းတွေ နေရာတကျမရှိတာပါ... အခန်းတိုင်းအတွက် ပစ္စည်းသိမ်းစရာ စတိုခန်း ဒါမှမဟုတ် ဗီရို၊ စင် တစ်ခုခုထားပေးပါ... မျက်စိရှုပ်စေမဲ့ ပစ္စည်းမှန်သမျှကို အပြင်မှာဒီတိုင်းပုံမထားဘဲ ဗီရိုထဲမှာ စနစ်တကျသိမ်းဆည်းပါ

🔸Decoration ထက် ပိုအရေးကြီးတာက သန့်ရှင်းမှုပါ... အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း အခန်းတိုင်းမှာ အမှိုက်ပုံးလေးတွေထားပေးပြီး အမှိုက်များလာရင် ချက်ချင်းစွန့်ပစ်နိုင်မှ အိမ်က အမြဲသန့်နေမှာပါ... မလိုအပ်တော့တဲ့၊ မသုံးတော့တဲ့ ပစ္စည်းတွေကို နှမြောမနေဘဲ လွှင့်ပစ်လိုက်ပါ

🔸ပုံမှန်သန့်ရှင်းရေးမလုပ်နိုင်ဘူးဆိုရင် ကြမ်းခင်းကို ကော်ဇောလုံးဝမခင်းပါနဲ့... ကော်ဇောက ဖုန်မှုန့်အများဆုံးစုတဲ့နေရာဖြစ်လို့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်... အိမ်ကို နေ့စဉ် သန့်ရှင်းရေးလုပ်တာက အကောင်းဆုံး Decoration ပါပဲ
🔸လူတွေသာမက အိမ်တစ်လုံးဟာလည်း "အသက်ရှူ" နေဖို့ လိုပါတယ်... ဆိုလိုတာက လေကောင်းလေသန့်နဲ့ သဘာဝအလင်းရောင် ဝင်ရောက်စေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ... ဒါမှ အိမ်ထဲမှာမှိုစွဲတာ၊ အနံ့အသက်ဆိုးနေတာတွေကို ပျောက်စေမှာပါ

🔸အခန်းက လုံလောက်တဲ့အလင်းရောင် မရှိဘူးဆိုရင် စိတ်ကိုလည်း မလန်းဆန်းစေပါဘူး... ဒါကြောင့် စိတ်ကြည်လင်လန်းဆန်းပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ့် သဘာဝအလင်းရောင်နဲ့ မီးအလင်းရောင်ကောင်းကောင်းရှိနေဖို့ လိုပါတယ်

High Standard Living ဆိုတာ တန်ဖိုးကြီးပစ္စည်းတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ပါဘူး.. "သန့်ရှင်းမယ်၊ ရှင်းလင်းမယ်၊ လေဝင်လေထွက်ကောင်းမယ်" ဆိုရင် ဒါဟာ အကောင်းဆုံးသော နေထိုင်မှုပုံစံပါပဲ

အခုလိုမျိုး ကိုယ့်အိမ်အေးချမ်းသာယာမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတအကြောင်းအရာတွေ ပိုမိုသိရဖို့ Alexander Archein Design & Construction Page ကို Follow လုပ်ထားပြီး အိမ်ဆောက်ဖို့အတွက် အသေးစိတ်စုံစမ်းမေးမြန်းလိုရင်လည်း အချိန်မရွေးဆက်သွယ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်


14/01/2026

Capricorn Energy အိမ်တစ်လုံးက ဘယ်လိုစိတ်ခံစားမှုမျိုးကို ပေးစွမ်းနိုင်လဲ? 💭

ကိုယ်က Capricorn Zodiac မဟုတ်ခဲ့ရင်တောင်... Earth Sign ရဲ့သဘောသဘာဝအတိုင်း ခိုင်ခံ့တဲ့ပစ္စည်းတွေသုံးပြီး
Quality ကို ဦးစားပေးတည်ဆောက်ထားတဲ့ Capricorn Energy အိမ်က ကိုယ့်ရဲ့ Type ဖြစ်နိုင်ပါတယ်... 🏛️✨

အခုချိန်ကလည်း Capricorn ရာသီခွင်ကျရောက်တဲ့ကာလမို့ Capricorn Energy အိမ်အမျိုးအစားက ဘယ်လိုမျိုးလဲဆို
တာကို ပထမဆုံးအနေနဲ့ ပြောပြပေးလိုက်ပါတယ်… ကိုယ့်စိတ်ကြိုက် အိမ်ပုံစံက Capricorn အိမ်နဲ့ ကိုက်ညီမှုရှိမရှိဆို
တာသိရဖို့ ဒီ Video ကို အဆုံးထိ ကြည့်လိုက်နော်... ♑🏠


07/01/2026

ဘယ် Zodiac Sign တွေက ဘယ်လိုထူးခြားတဲ့ Vibes တွေရှိတဲ့အိမ်ပုံစံမျိုးတွေကို ကြိုက်လေ့ရှိကြလဲဆိုတာ ကြည့်လိုက်ရအောင်မိတ်ဆွေ 🤗


05/01/2026

ကိုယ့်အိမ်က ဘယ် Zodiac Sign နဲ့ ကိုက်ညီမှုရှိနေလဲ? 🤷‍♂️

အိမ်တွေနဲ့ Zodiac Sign နဲ့ကဘယ်လိုဆက်စပ်နေလဲလို့ စဉ်းစားနေပြီလား?

အိမ်တစ်အိမ်ရဲ့ Decoration နဲ့ Atmosphere က အဲဒီအိမ်ရဲ့ 'Zodiac Identity' ကို ဖော်ပြနေပါတယ်။ ဒီ Video မှာဆိုရင် အိမ်တစ်အိမ်ချင်းစီရဲ့ မတူညီတဲ့ Mood တွေက ဘယ် Zodiac Sign တွေရဲ့ သဘောသဘာဝနဲ့ ကိုက်ညီနေလဲဆိုတာကို ရှင်းပြပေးထားလို့ ကိုယ့်စိတ်ကြိုက်အိမ်ပုံစံကရော ဘယ် Zodiac Sign ရဲ့ Vibe ဖြစ်နေမလဲဆိုတာ အဆုံးထိကြည့်ပြီး အဖြေရှာလိုက်ပါ 🏠 ✨


"အိမ်ပြန်ရောက်ပြီ ခုမှပဲစိတ်သက်သာရာရတယ်” ဆိုတဲ့ခံစားချက်အစစ်  အိမ်တိုင်းကမပေးနိုင်ပါဘူး...စနစ်မကျတဲ့ အိမ်ဒီဇိုင်းနဲ့ ဖွဲ...
27/11/2025

"အိမ်ပြန်ရောက်ပြီ ခုမှပဲစိတ်သက်သာရာရတယ်” ဆိုတဲ့ခံစားချက်အစစ် အိမ်တိုင်းကမပေးနိုင်ပါဘူး...

စနစ်မကျတဲ့ အိမ်ဒီဇိုင်းနဲ့ ဖွဲ့စည်းပုံကြောင့် အိမ်ပြန်ရောက်မှ အမောမပြေဘဲပိုပြီးပူအိုက်၊ မွန်းကျပ်သွားတာမျိုးကို ခံစားဖူးကြလား?

🏡 အိမ်ဆောက်တဲ့အခါ လိုချင်တဲ့ဒီဇိုင်းကို ကွက်တိကျအောင်ဖန်တီးပြီး ကြည့်လိုက်ရင်လည်း သိပ်ကိုလှပသေသပ်တဲ့ အခန်းတစ်ခန်းဖြစ်နေတယ်ဆိုရင် ဒါက "Good Room" ပါ

▪️"Right Room"ဆိုတာက အပြင်မှာဘယ်လောက်ပူပူ အိမ်ထဲဝင်လိုက်တာနဲ့ အေးမြသွားစေတဲ့ Airflow ရှိရမယ်

▪️မျက်စိကို စူးရှမနေဘဲ စိတ်ကိုတည်ငြိမ်စေတဲ့ သဘာဝအလင်းရောင်မျိုးရနေရမယ်

▪️အပြင်လောကရဲ့ဆူညံမှုတွေကို အိမ်ထဲဝင်ပြီးတံခါးပိတ်လိုက်တာနဲ့ မေ့ပျောက်သွားစေမယ့် တိတ်ဆိတ်ငြိမ်းချမ်းမှုရရှိရမယ်

▪️ဘယ်အချိန်ပဲဖြစ်ဖြစ်ကိုယ်နဲ့တစ်သားတည်းဖြစ်နေပြီး ကိုယ့်ရဲ့ဘဝကိုမြှင့်တင်ပေးနိုင်တဲ့ အိမ်မျိုးပဲဖြစ်ရပါမယ်

တစ်နေ့တာကြုံခဲ့ရတဲ့ စိတ်ညစ်နွမ်းမှုတွေကို ဖြေဖျောက်ဖို့အတွက် အိမ်ပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့ခံစားချက်နဲ့ထပ်တူကျပြီး ကိုယ်ရောစိတ်ပါသက်သောင့်သက်သာဖြစ်မှုကို ရရှိသွားတာမျိုးဖြစ်ရပါမယ်... အဲဒီနေရာလေးကို ကိုယ်လိုချင်တဲ့ဒီဇိုင်း၊ ခံစားချက်နဲ့ ထပ်တူကျပြီး သက်သောင့်သက်သာရှိစေဖို့ Alexander မှာသေချာဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံး ဖန်တီးလိုက်ပါ

☀️ Alexander ရဲ့ အများနဲ့မတူညီတဲ့ဝန်ဆောင်မှုတစ်ခုကတော့ မြန်မာနိုင်ငံရာသီဥတုနဲ့ကိုက်ညီပြီး အမြင်လှနေရုံသက်သက်မဟုတ်ဘဲ နေလိုက်ရင် "စိတ်ပေါ့ပါးပြီး သက်သောင့်သက်သာရှိလိုက်တာ" လို့ ခံစားမိစေမယ့် "Right Home" အဖြစ် ဖန်တီးတည်ဆောက်ပေးဖို့ပါပဲ

"အိမ်"တစ်လုံးကို ဗိသုကာပညာရပ်တစ်ခုတည်းနဲ့မဟုတ်ဘဲ စိတ်ခံစားမှုကိုပါ ထည့်သွင်းဖန်တီးပေးမယ့် Construction တစ်ခုကို ရှာဖွေနေတယ်ဆိုရင် Alexander ကိုအခုပဲဆက်သွယ်ပြီး အိမ်မက်တွေကိုအကောင်အထည်ဖော်လိုက်ပါ


Address

Shwe Moe Kaung Condo, Aung Zeya Road, Yankin
Yangon

Alerts

Be the first to know and let us send you an email when Archein Project - By Alexander posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Archein Project - By Alexander:

Share