လရောင် La Yaung

လရောင် La Yaung 🌕La Yaung Handmade stories from Myanmar

ဘောလ်ပင်နဲ့ စုံပလုံစိ ပစ္စည်းလေးတွေ ထည့်ဖို့ Handmade စကြာခွက်လေး ကျောက်မှုန့်နဲ့ပြုလုပ်ထားပြီး အရောင်ကတော့ အဖြူနဲ့အသားရ...
19/09/2026

ဘောလ်ပင်နဲ့ စုံပလုံစိ ပစ္စည်းလေးတွေ ထည့်ဖို့ Handmade စကြာခွက်လေး

ကျောက်မှုန့်နဲ့ပြုလုပ်ထားပြီး အရောင်ကတော့ အဖြူနဲ့အသားရောင်နုလေးအရောပါ😌
Price = 5,000 MMK

ပြည်တွင်းဖြစ် Handmade လက်ရာလေးတွေ နှစ်သက်သူတွေအတွက် လရောင် ရှိတယ်နော်😇


Yaung
#လရောင်
handmade

မြန်မာ့ရိုးရာ ယွန်းအနုပညာမြတ်နိုးသူများအတွက် "လရောင်" ရဲ့ သီးသန့် ယွန်းလက်မှုဖန်တီးမှုများ ✨🎨​ ယွန်းလက်ရာစစ်စစ်ဆိုတာ ပစ္...
19/09/2026

မြန်မာ့ရိုးရာ ယွန်းအနုပညာမြတ်နိုးသူများအတွက် "လရောင်" ရဲ့ သီးသန့် ယွန်းလက်မှုဖန်တီးမှုများ ✨🎨

​ ယွန်းလက်ရာစစ်စစ်ဆိုတာ ပစ္စည်းတစ်ခုမကဘဲ ဖန်တီးသူရဲ့ အနုပညာ စေတနာတွေ ပေါင်းစပ်ထားတာမို့ တန်ဖိုးရှိပြီး ခန့်ညားဆန်းသစ်တဲ့ အလှတရားကို ပေးစွမ်းနိုင်ပါတယ်။ ပုဂံဒေသထွက် ယွန်းလက်ရာစစ်စစ် အမျိုးအစားပေါင်းစုံကို "လရောင်" မှ တစ်နေရာတည်းမှာ ရွေးချယ်နိုင်အောင် အထူးသီးသန့် စုစည်းတင်ဆက်ပေးထားပါတယ်ရှင်။ 🌟

​"လရောင်" မှာ ရရှိနိုင်တဲ့ ယွန်းပစ္စည်းများကတော့

​✨ ယွန်းဝတ်ဆင်ဖွယ်ရာ ဝါသနာအိုးများအတွက် - ဆွဲကြိုး၊ လက်ပတ်၊ လက်ကောက်၊ နားဆွဲ၊ ဆံထိုး၊ ဆံညှပ်၊ ကလစ် ဘီးနှင့် ယွန်းကြယ်သီးများ။

✨ ရုံးသုံး/လူသုံးကုန် အသုံးအဆောင်များ - လိပ်စာကဒ်ဗူး၊ ဘောပင် နှင့် စာမှတ်များ။

✨ အလှဆင်နှင့် လူနေမှုအသုံးအဆောင်များ - သောက်တော်ရေခွက် (အသေး/အလတ်)၊ ယွန်းဗန်း၊ ယွန်းပန်းကန်ပြား၊ သပိတ် နှင့် လက်ဖက်အုပ် ၊ ယွန်းမီးခြစ် ၊ ယွန်းဆေးလိပ်ပြာခွက်များ ။

​ မိမိကိုယ်တိုင် အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ ချစ်ရသူတွေကို တန်ဖိုးရှိလှတဲ့ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေစေမည့် ပစ္စည်းများကို လက်လီ/လက်ကား စျေးနှုန်းအသက်သာဆုံးဖြင့် ရရှိနိုင်ပါသည်။ 🎁✨

​📍📍ဝယ်ယူလိုပါကPage Messengerတိုက်ရိုက် Message ပို့၍ မှာယူနိုင်ပါသည်။

​📞📞☎Ph / Viber: 09-766266285

​ဆိုင်လိပ်စာ: တော်ဝင်စင်တာ (ပထမထပ်)၊ ရွှေစိန်တောင်စိန်တိုက်ရှေ့ စက်လှေကားမှတက်၊ ဒုတိယလိုင်း ဘယ်ဘက်ခြမ်း (DD ပိုးထည်တိုက်မျက်စောင်းထိုး)၊ လရောင်နှင့် နံ့သာအိမ်။

​ဆိုင်ဖွင့်ချိန်: နံနက် ၉:၀၀ မှ ညနေ ၅:၀၀ အထိ။ ပိတ်ရက်မရှိ

​ #ရိုးရာလက်မှုအနုပညာချစ်သူများ

သဘာဝ သစ်သားစစ်စစ်နဲ့ လုပ်ထားလို့ အဆိပ်အတောက်ကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့  သစ်သားဇွန်းလေးများ  လရောင်မှာစုံစုံလင်လင် ရ...
18/09/2026

သဘာဝ သစ်သားစစ်စစ်နဲ့ လုပ်ထားလို့ အဆိပ်အတောက်ကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သားဇွန်းလေးများ လရောင်မှာစုံစုံလင်လင် ရနိုင်ပါပြီရှင့်! 🪵✨

​လက်ဖက်စားဇွန်း၊ ကော်ဖီဇွန်းကစလို့ ထမင်းစားဇွန်း၊ ဟင်းခပ်ဇွန်း၊ ပေါင်းအိုးဇွန်းနဲ့ ဂေါ်ယောင်းမအထိ အိမ်ရှင်မတွေအကြိုက် Size စုံ၊ ပုံစံစုံ ရှိပါတယ်။ 🥰
​စျေးနှုန်း လေးတွေကတော့ ၁၅၀၀ ကျပ် မှ ၅၅၀၀ ကျပ် ဝန်းကျင် ပါပဲရှင့်။
​🛒 ဝယ်ယူလိုပါကPage Chatbox (သို့မဟုတ်) Viber / Ph - 09 766 266 285 တို့မှာလည်းဆက်သွယ်မှာယူနိုင်သလို
​📍ဆိုင်​လိပ်စာလေးကတော့ ပြည်လမ်း၊ တော်ဝင်စင်တာ (ပထမထပ်)၊ ရွှေစိန်တောင် စိန်ဆိုင်ရှေ့ စက်လှေကားမှ တက်တက်လာချင်း ဘယ်ဘက်ချိုး၊ ဒီဒီပိုးထည် မျက်စောင်းထိုး။​ဆိုင်ဖွင့်ချိန်လေးကတော့မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ) 😍
​ #လရောင် #မြန်မာ့ရိုးရာလက်မှု #သစ်သားဇွန်း #သဘာဝထုတ်ကုန်

ယွန်းထည် ချစ်သူတို့အတွက် ပုဂံအနုစိတ် ယွန်းလက်ရာစစ်စစ် (Set) လေးတွေ ရနိုင်ပါပြီ။ ✨​ဆွဲကြိုး၊ လက်ပတ်နဲ့ နားဆွဲ အပြည့်အစုံပ...
17/09/2026

ယွန်းထည် ချစ်သူတို့အတွက် ပုဂံအနုစိတ် ယွန်းလက်ရာစစ်စစ် (Set) လေးတွေ ရနိုင်ပါပြီ။ ✨

​ဆွဲကြိုး၊ လက်ပတ်နဲ့ နားဆွဲ အပြည့်အစုံပါဝင်ပြီး မြန်မာဝတ်စုံလေးတွေနဲ့ပဲဝတ်ဝတ်၊ Western Outfit လေးတွေနဲ့ပဲ တွဲဖက်ဆင်မြန်းဆင်မြန်း ကျက်သရေရှိပြီး Classic ဆန်ဆန်လေး လှပစေမှာပါ။
​ဈေးနှုန်း၁ စုံလျှင် 41,000 ကျပ် (ဆွဲကြိုး၊ လက်ပတ်၊ နားဆွဲ )
​နေ့စဉ် ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ချင်သူများ Messenger မှာ စိတ်ကြိုက် လာရောက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ 🌿

​ #ယွန်းထည် #ယွန်းလက်ဝတ်ရတနာ

လရောင် ရဲ့ ချစ်စရာ မြန်မာ့ရိုးရာလက်ရာ အိတ်လှလှလေးများ ✨​မတင်ပေးဖြစ်တာ ကြာသွားတဲ့ "လရောင်" ရဲ့ Handcrafted အိတ်လေးတွေကို ...
16/09/2026

လရောင် ရဲ့ ချစ်စရာ မြန်မာ့ရိုးရာလက်ရာ အိတ်လှလှလေးများ ✨

​မတင်ပေးဖြစ်တာ ကြာသွားတဲ့ "လရောင်" ရဲ့ Handcrafted အိတ်လေးတွေကို ပြန်လည်စုစည်းပြီး တင်ပေးလိုက်ပါတယ်နော်! 🌾🛍️

ပိုက်ဆံ​အကြွေလေး တွေ သပ်သပ်ရပ်ရပ် ထည့်ရမယ့် အိတ်သေးသေးလေးတွေကနေ အပြင်သွားတဲ့အခါ ပစ္စည်းများများဆံ့ပြီး စမတ်ကျကျ လွယ်သွားနိုင်မယ့် အိတ်အကြီးတွေအထိ စုံစုံလင်လင် ရရှိနိုင်ပါပြီရှင်။

​🌿 ပစ္စည်းနှင့် ဈေးနှုန်းများကတော့👇

​• တော်ဝင်ဗေဒါအိတ် — ၃၉,၀၀၀ ကျပ်
• ဂျုံရိုးအိတ် (ပန်းပါ) — ၃၅,၀၀၀ ကျပ်
• ဂျုံရိုးအိတ် (ပြောင် / ပန်းမပါ) — ၃၀,၀၀၀ ကျပ် လမင်းလေးကြိမ်အိတ် - ၃၅,၀၀၀ကျပ်
• သင်ဖျာအိတ် — ၃၀,၀၀၀ ကျပ်
• သင်ဖျာ တိုင်းရင်းသူအိတ် — ၂၉,၀၀၀ ကျပ်
• ကြိမ်ပန်း လက်ကိုင်အိတ် — ၂၉,၀၀၀ ကျပ်
• ကြိမ်ခေါက်အိတ် (အကြီး) — ၂၅,၀၀၀ ကျပ်
• ကြိမ်ခေါက်အိတ် (အသေး) — ၂၀,၀၀၀ ကျပ်
• ဗေဒါ လေးထောင့်အိတ် — ၂၂,၀၀၀ ကျပ်
• ရွှေချည်ထိုးအိတ် — ၁၁,၅၀၀ ကျပ်
• ဂျုံ လက်ကိုင်ပိုက်ဆံအိတ် — ၁၁,၀၀၀ ကျပ်
• ဂျုံအိတ်သေး (ပန်း + ဇာ) — ၁၀,၀၀၀ ကျပ်
• ဂျုံအိတ်သေး (ပန်းပါ) — ၈,၅၀၀ ကျပ်
• ဂျုံအိတ်သေး (အလွတ်) — ၇,၀၀၀ ကျပ်
• Bagan ချည်အိတ် (အသေး) — ၆,၀၀၀ ကျပ်
• ကြိမ် အကြွေစေ့ထည့်အိတ် — ၅,၅၀၀ ကျပ်

​ဝယ်ယူလိုပါက Page Messenger မှာလည်း လာရောက်မှာယူနိုင်သလို

​☎️ Ph / Viber: 09-766266285 တို့မှာလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

​🏚️ ဆိုင်တွင်ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက: တော်ဝင်စင်တာ ပထမထပ်၊ ရွှေစိန်တောင် စိန်တိုက်ရှေ့ စက်လှေကားမှ တက်ပြီးလျှင် ဒုတိယလိုင်း ဘယ်ဘက်ကို ဝင်ခဲ့ပါရှင့်။ DD ပိုးထည်တိုက်နဲ့ မျက်စောင်းထိုးလောက်မှာ လရောင် နဲ့ နံ့သာအိမ် ဆိုင်လေး ရှိပါမယ်နော်။ ဆိုင်ဖွင့်ချိန် - နံနက် ၉ နာရီ မှ ညနေ ၅ နာရီပါရှင့်။

အင်းလေးယက်ကန်းထွက် လက်မှုရိုးရာစစ်စစ် ပခုံးတင် လက်ပန်းထိုး ပုဝါ လေးတွေဟာ ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ လူကြီးမိဘတွေကို တ...
15/09/2026

အင်းလေးယက်ကန်းထွက် လက်မှုရိုးရာစစ်စစ် ပခုံးတင် လက်ပန်းထိုး ပုဝါ လေးတွေဟာ ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ လူကြီးမိဘတွေကို တန်ဖိုးထား လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အလွန်သပ်ရပ်လှပပါတယ်ရှင့်။

​ဒီဇိုင်းတစ်ခုစီမှာ အနုစိတ် ပန်းထိုးပုံစံလေးတွေနဲ့ ဖန်တီးထားလို့ ဝတ်ဆင်ရတာ ကြည့်ကောင်းပြီး တန်ဖိုးရှိစေမှာပါ။ လက်ဆောင်ပေးဖို့အတွက်လည်း သီးသန့် ဘူးလှလှလေးနဲ့ သေချာ စီစဉ်ပေးပါတယ်နော်။

​ဈေးနှုန်း - ၂၇,၀၀၀ ကျပ် (ပခုံးတင်ဆိုဒ် လက်ပန်းထိုး ပုဝါ)

​(၅ ထည် / ၁၀ ထည်နှင့်အထက် ယူပါက သီးသန့် ဈေးလျော့ပေးပါတယ်ရှင့်)

ချစ်စရာကောင်းပြီး အမြင်ဆန်းတဲ့ ယွန်းကြယ်သီး အနက်လေးတွေ ပစ္စည်းအသစ် ပြန်ဝင်ထားပါတယ်နော်! ✨🖤​အနက်ရောင်ပေါ်မှာ ရွှေရောင်လို...
15/09/2026

ချစ်စရာကောင်းပြီး အမြင်ဆန်းတဲ့ ယွန်းကြယ်သီး အနက်လေးတွေ ပစ္စည်းအသစ် ပြန်ဝင်ထားပါတယ်နော်! ✨🖤

​အနက်ရောင်ပေါ်မှာ ရွှေရောင်လိုင်းဖော် ပန်းခက်လေးတွေနဲ့မို့ တကယ့်ကို ကျော့ရှင်းပြီး လူကြိုက်များတဲ့ Design လေးပါ။ အကန့်အသတ်နဲ့ပဲ ရောက်ထားတာမို့ ကုန်မသွားခင် မြန်မြန်လေး ဦးအောင် လက်ဦးထားမှ စိတ်ချရမယ်နော်... လက်လွတ်မခံဘဲ အခုပဲ မင်မင်တို့ဆီ အမြန်ဆုံး လှမ်းခဲ့တော့နော် 💨🛍️

​ဝယ်ယူလိုပါက page messenger မှာလည်းလည်းလာရောက်မှာယူနိုင်သလို

Ph / Viber 09766266285

တို့မှာလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

​ဆိုင်တွင်ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက တော်ဝင်စင်တာ ပထမထပ်၊ ရွှေစိန်တောင် စိန်တိုက်ရှေ့ စက်လှေကားမှ တက်ပြီးလျှင် ဒုတိယလိုင်း ဘယ်ဘက်ကို ဝင်ခဲ့ပါရှင့်။ DD ပိုးထည်တိုက်နဲ့ မျက်စောင်းထိုးလောက်မှာ လရောင် နဲ့ နံ့သာအိမ် ဆိုင်လေး ရှိပါမယ်နော်။ ဆိုင်ဖွင့်ချိန်- နံနက် ၉နာရီ မှ ညနေ ၅ နာရီပိတ်ရက်မရှိဖွင့်ပါတယ်ရှင့်။

​ #ယွန်းကြယ်သီး

မြန်မာ့လက်မှု သစ်သားအသုံးအဆောင်ပစ္စည်းစစ်စစ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ Customser တို့အတွက် သစ်သားထည် ရရှိ တာလေးတွေအစုံအလင...
14/09/2026

မြန်မာ့လက်မှု သစ်သားအသုံးအဆောင်ပစ္စည်းစစ်စစ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ Customser တို့အတွက် သစ်သားထည် ရရှိ တာလေးတွေအစုံအလင်ကို လရောင်မှာစုစည်းပေးထားပါတယ် ရှင့် ။🤟
ဘာတွေရနိုင်မလဲဆိုရင် 👉👉
စားသောက်ကုန်အတွက်ဆို ခေါက်ဆွဲပန်းကန်လုံး၊ ၅လက်မဆိုဒ်ပန်းကန်ပြား၊ sushi ပန်းကန်ပြား၊ သစ်သားဇွန်း (ဆိုဒ်စုံ)။🍚🍜🍡🍴🍽🥄
ဧည့်ခန်းဆောင်အတွက် ဆိုရင် လိပ်စာကတ်ထည့်တဲ့ သစ်သားလိပ်စာကဒ်ဘူး၊ သစ်သားဗန်း။📥
ဘုရားစင်အတွက်ဆိုရင် သစ်သားဆွမ်းတင်ကလပ်၊ သပိတ်၊ သောက်တော်ရေခွက်အစုံ။🥃🍵
မီးဖိုချောင်အတွက်ဆိုရင်ဆား၊ သကြား၊ အချိုမှုန့် သကြားလုံးမျိုးစုံထည့်လို့ရတဲ့ အိုးလေးတွေ ၊ သစ်သားအပူခံပြားလေးတွေ။ 🍶
အိမ်ပဲ သုံး မလား ဘုရားစင်အတွက်ပဲသုံးမလား သစ်သားစားပွဲ (လေးထောင့်/အဝိုင်း)။🏠🏠
ဒါကြောင့်ဒီလိုပစ္စည်းကောင်းကြိုက်တတ်တဲ့သူတွေအတွက် နေအိမ်မှာပဲ သုံးသုံး၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပဲပေးပေး တကယ့်ကို အဆင့်အတန်းရှိပြီး တင့်တယ်စေမှာပါ။ပစ္စည်းကောင်းလေးတွေက အကန့်အသတ်နဲ့ပဲရှိတာမို့ ကိုယ်လိုချင်တဲ့ ဆိုဒ်နဲ့ ဒီဇိုင်းလေးတွေ လက်မလွှတ်ရအောင် အခုပဲ အမြန်ဆုံးမှာယူလိုက်တော့နော်။🥰
#သစ်သားလက်မှုပစ္စည်းများ

မိုးအေးအေးမှာ ထီးမဆောင်းချင်တဲ့ ကောင်မလေးတွေအတွက် ခေါင်းမအိုက် ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ လှနေစေမယ့်Handmade ဦးထုပ်လေးတွေ...
13/09/2026

မိုးအေးအေးမှာ ထီးမဆောင်းချင်တဲ့ ကောင်မလေးတွေအတွက် ခေါင်းမအိုက် ပေါ့ပေါ့ပါးပါးနဲ့ အထာကျကျ လှနေစေမယ့်Handmade ဦးထုပ်လေးတွေ ရှိတယ်နော်! 🌧️👒✨

​မိုးဖွဲဖွဲလေးထဲ ကော်ဖီဆိုင်ထိုင် ဓာတ်ဖမ်းမလား၊ နေကာမိုးကာ ဆောင်းမလား... ဖဲပြားနဲ့ ပန်းပွင့်အလှလေးတွေကြောင့် ဝယ်ဆောင်းလိုက်တာနဲ့ အသည်းယားစရာ လှနေမှာအမှန်ပဲ။ ချစ်သူပေးမလား၊ ကိုယ့်ကိုယ်ကို Gift ပေးမလား အခုပဲ ပြေးဝယ်လိုက်တော့နော် 😉

​Price: 25,000 MMK 💵

​ဝယ်ယူလိုပါက page messenger မှာလည်းလာရောက်မှာယူနိုင်သလို

​Ph / Viber 09766266285

​တို့မှာလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

​ဆိုင်တွင်ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက တော်ဝင်စင်တာ ပထမထပ်၊ ရွှေစိန်တောင် စိန်တိုက်ရှေ့ စက်လှေကားမှ တက်ပြီးလျှင် ဒုတိယလိုင်း ဘယ်ဘက်ကို ဝင်ခဲ့ပါရှင့်။ DD ပိုးထည်တိုက်နဲ့ မျက်စောင်းထိုးလောက်မှာ လရောင် နဲ့ နံ့သာအိမ် ဆိုင်လေး ရှိပါမယ်နော်။ ဆိုင်ဖွင့်ချိန်- နံနက် ၉နာရီ မှ ညနေ ၅နာရီပါရှင့်။

​ #ဦးထုပ် #ဂျုံရိုးဦးထုပ်

စက်တင်ဘာလ Promotion အမီ လူကြီးသူမတွေကို ဝါတွင်းမှာ ဥပုဒ်ကျောင်းသွား၊ တရားစခန်းသွားရင် ကြည့်ကောင်းပြီး သပ္ပါယ်လှပစေဖို့ ပ...
12/09/2026

စက်တင်ဘာလ Promotion အမီ လူကြီးသူမတွေကို ဝါတွင်းမှာ ဥပုဒ်ကျောင်းသွား၊ တရားစခန်းသွားရင် ကြည့်ကောင်းပြီး သပ္ပါယ်လှပစေဖို့ ပခုံးတင် ပွင့်ဦးလှ ဖောင်းကြွပုဝါလေးတွေ လှူဒါန်း/လက်ဆောင်ပေး လိုက်ရအောင်။🤎🩷💙

​အင်းလေးဒေသထွက် လက်မှုရိုးရာယက်ကန်းစစ်စစ် ပခုံးတင်ပုဝါလေးတွေဖြစ်လို့ ဒီဇိုင်းဆန်းပြီးလှပနေမှာပါရှင့်။ အခုဝယ်ယူရင် ၁၀% discount လည်း ရဦးမှာဖြစ်လို့ အရမ်းတန်နေပါပြီနော်။ လက်ဆောင်ပေးဖို့အတွက်လည်း ဗူးသီးသန့်လေးနဲ့ လှလှပပ စီစဉ်ပေးပါသေးတယ်။

​✨ ပခုံးတင် ပွင့်ဦးလှ ဖောင်းကြွပုဝါ – ၁၄,၀၀၀ ကျပ်

(၁၀% လျှော့ဈေး မှီအောင်အမြန်ဆုံး Hello လိုက်တော့နော်)

​ဝယ်ယူလိုပါက​Page Messenger မှလည်း လာရောက်မှာယူနိုင်သလို

Ph / Viber: 09766266285

တို့မှာလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။

​ဆိုင်တွင် ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
​တော်ဝင်စင်တာ၊ ပထမထပ်၊ ရွှေစိန်တောင် စိန်တိုက်ရှေ့ စက်လှေကားမှ တက်ပြီးလျှင် ဒုတိယလိုင်း ဘယ်ဘက်ကို ဝင်ခဲ့ပါရှင့်။ DD ပိုးထည်တိုက်နဲ့ မျက်စောင်းထိုးလောက်မှာ လရောင် နဲ့ နံ့သာအိမ် ဆိုင်လေး ရှိပါမယ်နော်။

(ဆိုင်ဖွင့်ချိန်- နံနက် ၉ နာရီ မှ ညနေ ၅ နာရီ၊ ပိတ်ရက်မရှိဖွင့်ပါတယ်ရှင့်)

​ #လရောင် #နံ့သာအိမ် #အင်းလေးချည်ပုဝါ #ရိုးရာပန်းထိုးပုဝါ #လက်မှုရိုးရာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when လရောင် La Yaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category