မြိန်ရှက် - Myein Shek

မြိန်ရှက် - Myein Shek Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြိန်ရှက် - Myein Shek, Kitchen/Cooking, No-2733, Pyidaungsu Street, 63 Quarter, Industrial Zone(2), South Dagon Township, Yangon.

🏺 ရာစုနှစ်များစွာက အရသာပဲငံပြာရည်ဟာ နှစ်ပေါင်း (၂,၀၀၀) ကျော်ကတည်းက တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့တဲ့ ရှေးဟောင်းအနှောင...
13/06/2026

🏺 ရာစုနှစ်များစွာက အရသာ

ပဲငံပြာရည်ဟာ နှစ်ပေါင်း (၂,၀၀၀) ကျော်ကတည်းက တရုတ်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့တဲ့ ရှေးဟောင်းအနှောင်း‌ခေတ် အစားအစာတစ်ခု ဖြစ်ပါတယ်။

မူလက ပဲပိစပ်နှင့် ဆားတို့ကို အချဉ်ဖောက်ကာ ရရှိလာသော အရည်ကို ဟင်းခတ်အနှစ်အဖြစ် အသုံးပြုခဲ့ကြရာမှ ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့လာခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ်တွင်မူ တရုတ်နှင့် ရှမ်းအစားအစာများအပြင် အာရှဟင်းလျာများတွင် မရှိမဖြစ်အသုံးများတဲ့ Ingredient တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပဲငံပြာရည် အမျိုးအစား ၁၃ မျိုးနှင့်အထက်လောက်ရှိကြပြီး Chinese Style နဲ့ Japanese Style Soy Sauce တို့ကပိုပြီးအသုံးများကြတာကိုတွေ့ရှိကြပါတယ်။ မြိန်ရှက်က ထုတ်လုပ်ထားတဲ့ ပဲငံပြာရည် ကတော့ Chinese Stye Light Soy Sauce လို့ခေါ်တဲ့ ပဲငံပြာရည်အကြည်ပဲဖြစ်ပါတယ်။

မြိန်ရှက် ပဲငံပြာရည်အကြည် (Chinese Light Soy Sauce) မှာအဓိကသုံးထားတဲ့ ကုန်ကြမ်းတွေကတော့

✅ စနစ်တကျစိုက်ပျိုးထားသော ပဲပိစပ်ကိုသဘာဝ အဏုဇီဝပိုးမွှားများဖြင့် စနစ်တကျ အချိန်ယူ အချဉ်ဖောက် (Naturally Fermented) ပြုလုပ်ထားသော ကုန်ကြမ်းကို အသုံးပြုထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

✅ သဘာဝအတိုင်း စနစ်တကျ အချဉ်ဖောက်ထားတဲ့ပဲငံပြာရည် ကို ခေတ်မီအဆင့်မြင့် စပရေးဖြင့် အမှုန့်ပြုလုပ်ခြင်းနည်းပညာ (Advanced Spray-Drying) အသုံးပြု၍ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မြိန်ရှက် ပဲငံပြာရည်(အကြည်) ဟာဆိုရင် သဘာဝအနံ့အရသာကို အပြည့်အဝ သိမ်းဆည်းပေးထားသည့် အဆင့်မြင့် စပရေးဒရိုင်း (Spray-Dried) soy sauce powder ပါဝင်သောကြောင့် ခါးသက်သက်နောက်ဆက်တွဲအရသာ လုံးဝမရှိဘဲ၊ ပိုမိုနက်ရှိုင်းပြီး စစ်မှန်သော သဘာဝ (Umami) အရသာကို ပေးစွမ်းနိုင်ပါတယ်။

ဆားငန်ဓာတ်သက်သက်ထက် စစ်မှန်ပြီး သဘာဝကျသော အစားအသောက်အရသာကိုရရှိစေမှာဖြစ်ပါတယ်။


ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေဖို့ မြိန်ရှက် မှတာဝန်ယူပါတယ်ဒါကြောင့် လူကြီးမင်းတို့  စိတ်ပူစရာမလိုဘဲ စိတ်အေးလက်အေးသာ ရောင်း...
11/06/2026

ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေဖို့ မြိန်ရှက် မှတာဝန်ယူပါတယ်ဒါကြောင့် လူကြီးမင်းတို့ စိတ်ပူစရာမလိုဘဲ စိတ်အေးလက်အေးသာ ရောင်းချလိုက်ပါ.. ✨

ကုန်ပစ္စည်း ပြတ်လပ်မှာကို စိုးရိမ်နေရတဲ့ ဆိုင်ရှင်တွေအတွက် မြိန်ရှက်ထုတ်ကုန်တွေဖြစ်တဲ့ ပဲငံပြာရည်အကြည်နဲ့ ငါးငံပြာရည်တို့ကို ပစ္စည်းအပြည့်အဝရရှိစေဖို့ ပြည့်စုံစွာ ပံ့ပိုးပေးနိုင်ဖို့ မြိန်ရှက် မှအသင့်ရှိနေပါပြီ။

မြိန်ရှက်တံဆိပ်နဲ့ ရရှိနိုင်တဲ့ ထုတ်ကုန် အမျိုးအစား များကတော့
✅ မြိန်ရှက် ပဲငံပြာရည်အကြည် (Light Soy Saue)
725 ml , 5 Kg
✅ မြိန်ရှက် ငါးငံပြာရည်
260 ml , 700 ml , 5 Liter

✅ မြိန်ရှက် အသင့်စားငါးနီတူအနှစ်ထုတ် တို့ဖြစ်ပါတယ်။

မိမိတို့ဆိုင်အတွက် ရောင်းအားအကောင်းဆုံးနှင့် စိတ်ချရဆုံးသော မိတ်ဖက်အဖြစ် မြိန်ရှက် ကို ယုံကြည်စွာ လက်တွဲလိုက်ပါ။
အသေးစိတ်အချက်အလက်များအတွက် အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

📞 Sales Hotline: 09 451 910 255

အိမ်ရှင်မတွေရဲ့ မီးဖိုချောင်အတွက် "မြိန်ရှက်" ရဲ့ စေတနာအစစ်၊ ထုတ်ကုန်အသစ်! ✨မင်္ဂလာရှိတဲ့ နေ့ရက်လေးမှာ “မြိန်ရှက်” ရဲ့ထု...
09/06/2026

အိမ်ရှင်မတွေရဲ့ မီးဖိုချောင်အတွက် "မြိန်ရှက်" ရဲ့ စေတနာအစစ်၊ ထုတ်ကုန်အသစ်! ✨

မင်္ဂလာရှိတဲ့ နေ့ရက်လေးမှာ “မြိန်ရှက်” ရဲ့ထုတ်ကုန် အသစ် လေးကို မိတ်ဆက်ပေးလိုက်ပါပြီ။

“မြိန်ရှက်” ရဲ့ထုတ်ကုန် အသစ်လေးကတော့ ပဲငံပြာရည်အကြည် (𝐋𝐢𝐠𝐡𝐭 𝐒𝐨𝐲 𝐒𝐚𝐮𝐜𝐞) ပဲဖြစ်ပါတယ်။

ဒီထုတ်ကုန်လေးရဲ့ကောင်းကွက်လေးတွေမပြောခင်မှာ ဘာလို့ “မြိန်ရှက်” ကနေ ပဲငံပြာရည်အကြည် ကိုထုတ်လုပ်ဖြစ်သွားတာလည်း ဆိုတဲ့ အကြောင်းလေးပြောပြပါရစေ။

ဈေးကွက်မှာရွေးချယ်စရာ ရှားပါးပြီး ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် အိမ်ရှင်မတွေ အနေနဲ့ ခေါင်းစားစရာဖြစ်နေတာလေး တွေကိုတွေ့ရှိခဲ့ရပါတယ်။

ငွေကြေးအားဖြင့်လည်းမများတဲ့ဈေး၊ အရည်အသွေးကလည်း မလျော့စေတဲ့ အရည်အသွေးမြင့်ထုတ်ကုန်ကိုဖန်တီးမယ်ဆိုတဲ့ အတွေးကို အကောင်အထည်ဖော်ကာ “မြိန်ရှက်တံဆိပ်”ပဲငံပြာရည်အကြည် (𝐋𝐢𝐠𝐡𝐭 𝐒𝐨𝐲 𝐒𝐚𝐮𝐜𝐞)ကိုထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

“မြိန်ရှက်” ပဲငံပြာရည်မှာအဓိကအသုံးပြုထားတဲ့ ကုန်ကြမ်းဟာဆိုရင် ပဲပိစပ်ကို သဘာဝ အဏုဇီဝပိုးမွှားများဖြင့် စနစ်တကျ အချိန်ယူ အချဉ်ဖောက်(Naturally Fermented) ထားသည့် အရည်အသွေးမြင့်ကုန်ကြမ်းကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ အရည်အသွေးမြင့် ပဲငံပြာရည်အကြည် (𝐋𝐢𝐠𝐡𝐭 𝐒𝐨𝐲 𝐒𝐚𝐮𝐜𝐞)ကို အိမ်ရှင်မတိုင်း သင့်တင့်သောဈေးနှုန်းဖြင့် စိတ်ကျေနပ်စွာ အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

"မြိန်ရှက် ပဲငံပြာရည်အကြည်”နဲ့အတူ မိသားစုအတွက် ကျန်းမာပြီး အရသာရှိတဲ့ ဟင်းပွဲတွေကို ဒီနေ့ပဲ စတင်ဖန်တီးလိုက်ရအောင်🤩


မြိန်ရှက်ရဲ့ ထုတ်ကုန်အသစ်က သဘာဝရဲ့ အကောင်းဆုံး ပဲပိစပ်အနှစ်သားတွေဆီကနေ ရရှိလာတဲ့ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ 🤩ပဲပိစပ်ရဲ့  ကေ...
07/06/2026

မြိန်ရှက်ရဲ့ ထုတ်ကုန်အသစ်က သဘာဝရဲ့ အကောင်းဆုံး ပဲပိစပ်အနှစ်သားတွေဆီကနေ ရရှိလာတဲ့ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ 🤩

ပဲပိစပ်ရဲ့ ကောင်းကျိုးလေး တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ✨

ခုအသစ်ထပ်မံထုတ်လုပ်မယ့် ပဲပိစပ်ကိုအခြေခံထားတဲ့ထုတ်ကုန်လေးဟာဆိုရင် အိမ်ရှင်မတွေတင်မကပဲ Chef တွေလည်းစိတ်တိုင်းကျစေမယ့် မြိန်ရှက် ရဲ့ထုတ်ကုန်အသစ်တစ်ခုဖြစ်လာစေမှာဖြစ်ပါတယ်။ ☺️

ဟင်းပွဲတွေအရသာပိုရှိသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို "မြိန်ရှက်" ကနေ မကြာခင် မိတ်ဆက်ပေးတော့မှာပ...
05/06/2026

ဟင်းပွဲတွေအရသာပိုရှိသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို "မြိန်ရှက်" ကနေ မကြာခင် မိတ်ဆက်ပေးတော့မှာပါ။

ဟင်းတစ်ခွက်ရဲ့ အရသာကို အကောင်းဆုံး ဖြစ်သွားစေဖို့... သူမပါရင် မပြီးသလောက်ပဲနော်။ ❤️

အိမ်ရှင်မတိုင်းရဲ့ လက်ရာတွေကို ပိုပြီး ပြည့်စုံသွားစေမယ့် ထုတ်ကုန်အသစ်လေးက ဘာဖြစ်မလဲ? 🤔💭

အရောင်အသွေး၊ အနံ့အရသာနဲ့ ဟင်းချက်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ဒီပစ္စည်းလေးက ဘာများဖြစ်မလဲ ခန့်မှန်းကြည့်ရအောင်!

မိတ်ဆွေတို့ရဲ့ ခန့်မှန်းထားတဲ့ အဖြေကိုComment မှာ ရေးခဲ့ပေးကြပါဦး။ 👇

ငယ်ဘဝကို ပြန်ခေါ်သွားမယ့် အလွမ်းပြေ ဟင်းတစ်ခွက်မှတ်မိကြသေးလား? 🥹ငယ်ငယ်က ကျောင်းကပြန်လာတဲ့အခါ ဒါမှမဟုတ် ကစားလို့ ဗိုက်ဆာလ...
02/06/2026

ငယ်ဘဝကို ပြန်ခေါ်သွားမယ့် အလွမ်းပြေ ဟင်းတစ်ခွက်
မှတ်မိကြသေးလား? 🥹

ငယ်ငယ်က ကျောင်းကပြန်လာတဲ့အခါ ဒါမှမဟုတ် ကစားလို့ ဗိုက်ဆာလာတဲ့အခါ... အမေက ထမင်းပူပူလေးကို ဟင်းအနှစ်လေးနဲ့ အဝိုင်းလိုက်နယ်ပြီး လက်ဆုံကျွေးခဲ့တဲ့ အချိန်လေးတွေကိုပေါ့။ ✨
အသားဟင်းအကောင်းစားတွေ၊ ဆိုင်စာတွေ ဘယ်လောက်ပဲ ပေါပေါ...

အဲ့ဒီတုန်းက အမေနယ်ကျွေးတဲ့ ထမင်းတစ်လုပ်ရဲ့ အရသာကိုတော့ ဘယ်အရာနဲ့မှ အစားထိုးလို့ မရပါဘူး။ ☺️

အခု ရေခြားမြေခြားရောက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ချက်ပြုတ်ဖို့ အချိန်မအားတာပဲဖြစ်ဖြစ်... အဲ့ဒီ "အမေ့လက်ရာ" လို အရသာမျိုးကို လွမ်းနေမိတယ်ဆိုရင် မြိန်ရှက်အသင့်စားငါးနီတူအနှစ်ထုတ် လေး ကိုသတိရလိုက်ပါ။

ငံပြာရည်စစ်စစ်ကို ဘယ်လိုရွေးမလဲ?အိမ်ရှင်မတို့ရေ မီးဖိုချောင်ထဲက ငံပြာရည်က တကယ့် "ငံပြာရည်စစ်စစ်" ဟုတ်ရဲ့လား? 🤔ဈေးကွက်ထဲမ...
29/05/2026

ငံပြာရည်စစ်စစ်ကို ဘယ်လိုရွေးမလဲ?

အိမ်ရှင်မတို့ရေ မီးဖိုချောင်ထဲက ငံပြာရည်က တကယ့် "ငံပြာရည်စစ်စစ်" ဟုတ်ရဲ့လား? 🤔

ဈေးကွက်ထဲမှာ ငံပြာရည်တွေ အများကြီးရှိပေမယ့် မိသားစု ကျန်းမာရေးအတွက် အရည်အသွေးကောင်းတာကို ရွေးချယ်ဖို့ လိုပါတယ်။ ငံပြာရည်စစ်စစ်ကို အောက်ပါအချက်အလက်တွေနဲ့အကြမ်းဖျည်းအားဖြင့် ခွဲခြားနိုင်ပါတယ် ⬇️

၁။ အရောင် ကြည်လင်တဲ့ ပယင်းရောင် (သို့) အညိုရောင်ရှိရမယ်။ နောက်ကျိမနေရပါဘူး။

၂။ အနံ့: ငါးအနံ့ မွှေးမွှေးလေးပဲ ရရမယ်။ ပုပ်စော်နံတာမျိုး၊ ဓာတုဗေဒ အနံ့ပြင်းပြင်းတွေ မရှိရပါဘူး။

၃။ အငန်အရသာ: ငန်ရုံတင်မဟုတ်ဘဲ လျှာပေါ်မှာ အချိုဓာတ်လေး ကျန်ရစ်ရပါမယ်။

မြိန်ရှက် ငံပြာရည် ကတော့ သဘာဝအတိုင်း ရရှိတဲ့ ငါးလေးစီးကျရည်ကိုစနစ်တကျသန့်စင်ကျိုချက်ကာ ထုတ်လုပ်ထားလို့ ဘေးဥပဒ်ကင်းစင်ပြီး အရသာ အစစ်အမှန်ကို ပေးစွမ်းနိုင်ပါတယ်။ 🤩

✅ အရောင်လည်းကြည်ရမယ်၊ ငါးနံ့မွှေးအီအီလေး နဲ့ အချိုဓာတ်ပါရစေတဲ့ ပြည့်စုံတဲ့ ငံပြာရည်ကို ရှာနေရင်တော့ မြိန်ရှက် ငံပြာရည်ကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

နိုင်ငံခြားပဲရောက်ရောက်၊ ဘယ်နေရာပဲသွားသွား "အိမ်ကအရသာ" ကို တစ်ပါတည်းသာ သယ်သွားလိုက်ပါ 🤩ရေခြားမြေခြား ရောက်နေတဲ့အခါ အစားအ...
23/05/2026

နိုင်ငံခြားပဲရောက်ရောက်၊ ဘယ်နေရာပဲသွားသွား "အိမ်ကအရသာ" ကို တစ်ပါတည်းသာ သယ်သွားလိုက်ပါ 🤩

ရေခြားမြေခြား ရောက်နေတဲ့အခါ အစားအသောက်မတူတာ၊ ကိုယ့်ပါးစပ်နဲ့မတွေ့တာမျိုးတွေက ကြုံရတတ်တဲ့ အခက်အခဲဆုံးအရာပါပဲ။ 🥹

သိတဲ့အတိုင်းကိုယ့်မြန်မာလူမျိုးတွေက အနောက်တိုင်းစာတွေ ဘယ်လောက်ပဲစားစား... မြန်မာထမင်းနဲ့ဟင်းကိုလွမ်းတတ်ကြတာထုံးစံပါပဲ။

ဒါကြောင့် ခရီးဆောင်အိတ်ထဲမှာ "မြိန်ရှက် အသင့်စား အနှစ်ထုတ်" လေးတွေက မပါမဖြစ် ဆောင်သွားသင့်တဲ့ အဖော်မွန်တွေပေါ့။
✅ ထမင်းနဲ့နယ်စားမလား? - ထမင်းဖြူပူပူလေးရှိရုံနဲ့ အနှစ်လေးဖောက်ထည့်၊ နယ်စားလိုက်ရင် အိမ်ပြန်ရောက်သွားသလို ခံစားရစေမှာပါ။
✅ ပေါင်မုန့်နဲ့တို့စားမလား? - အချိန်မရတဲ့ မနက်ခင်းမျိုးမှာ ပေါင်မုန့်လေးကို အနှစ်နဲ့တို့စားလိုက်ရုံနဲ့တင် ဗိုက်ဝရုံတင်မကဘဲ ငါးနီတူငါးလေးတွေ ကရတဲ့ပရိုတင်းဓာတ်ကို လည်းရရှိစေမှာဖြစ်ပါတယ်။
✅ ဘာနဲ့ပဲစားစား အဆင်ပြေတယ်: - အသားတုလေးတွေပါမလား၊ အသီးအရွက်ပြုတ်လေးတွေနဲ့ပဲ တွဲစားမလား၊ ဘယ်လိုပဲစားစား လိုက်ဖက်လွန်းနေလို့ "ဘာလာလာ အဆင်ပြေ" တဲ့ အနှစ်ထုတ်လေးပါ။
နေရာဒေသတွေ ဘယ်လောက်ပဲကွာပါစေ... မိသားစုနဲ့အတူ လက်ဆုံစားခဲ့ရတဲ့ အိမ်ကအရသာမျိုးကိုတော့ မြိန်ရှက် က အမြဲဖြည့်ဆည်းပေးနေမှာပါ။ ✨

ခရီးသွားဖို့ ပြင်နေတဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် နိုင်ငံခြားမှာ ရောက်နေတဲ့ ချစ်ရသူတွေအတွက် လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးပဲနော်။ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ဆိုင်လေးတွေကိုတော့ Comment မှာဖော်ပြပေးထားပါတယ်။
ပြန်လည်ရောင်းချလိုလျှင်လည်း အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📱Sales Hotline 09451910255


လက်ကားဖြန့်ချိသူများနှင့် ကုန်စုံဆိုင်ပိုင်ရှင်များအတွက် အရောင်းသွက်ပြီး အမြတ်ကျန်စေမယ့် "မြိန်ရှက်" ငါးငံပြာရည်ကို ဆိုင...
20/05/2026

လက်ကားဖြန့်ချိသူများနှင့် ကုန်စုံဆိုင်ပိုင်ရှင်များအတွက်
အရောင်းသွက်ပြီး အမြတ်ကျန်စေမယ့် "မြိန်ရှက်" ငါးငံပြာရည်ကို ဆိုင်မှာ တင်ထားပြီးပြီလား?

ကိုယ့်ဆိုင်မှာ ပုံမှန်ဝယ်နေကျ ဖောက်သည်တွေ လက်မလွှတ်ရအောင် အရည်အသွေးရော ဈေးနှုန်းပါ စိတ်ချရတဲ့ ငံပြာရည်ကို ရှာနေတယ်ဆိုရင် မြိန်ရှက် ရှိပါတယ်
✅ တစ်ခါဝယ်စားဖူးသူတိုင်း အနံ့မွှေးလေးမွှေးပြီး အငံမလေးအချိုအရသာလေးကို ကြိုက်ကြတာကြောင့်နောက်တစ်ခါ ပြန်လာဝယ်မှာ အသေအချာပါပဲ။

✅ ရွှေးချယ်စရာ Size အနေနဲ့လည်း 260 ml ပုလင်း Size မှ 700 ml , 5 liter ဘူး ကြီးထိရရှိနိုင်တာ ဖြစ်ပါတယ်။

✅ ဖုန်းဆက်ပြီး Order ပေးလိုက်တာနဲ့တင် ဆိုင်အရောက် ပစ္စည်းပို့ဆောင်ပေးမှာဖြစ်ပါတယ်။

အရည်အသွေးကောင်းတာကိုမှ ရောင်းချင်တဲ့ ဆိုင်ရှင်များအနေနဲ့ မြိန်ရှက် ငါးငံပြာရည်ကို ယုံကြည်စိတ်ချစွာ ရောင်းချနိုင်မှာဖြစ်ပါတယ်။ လက်ကားဈေးနဲ့ အသေးစိတ်ကိုတော့ အောက်ပါဖုန်းနံပါတ် သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Sales Hotline : 09451910255


၅ မိနစ်အတွင်း အိမ်ချက်လက်ရာအတိုင်း ထမင်းမြိန်စေမယ့် လျှို့ဝှက်ချက် 🤩ဟင်းချက်ရမှာ ပျင်းနေလား? ဒါမှမဟုတ် အလုပ်တွေရှုပ်လို့...
16/05/2026

၅ မိနစ်အတွင်း အိမ်ချက်လက်ရာအတိုင်း ထမင်းမြိန်စေမယ့် လျှို့ဝှက်ချက် 🤩
ဟင်းချက်ရမှာ ပျင်းနေလား? ဒါမှမဟုတ် အလုပ်တွေရှုပ်လို့ ဟင်းချက်ဖို့ အချိန်မရှိဘူး ဖြစ်နေလား?

ဘာဟင်းမှ မရှိလည်း ထမင်းတစ်ပန်းကန်လုံး ပြောင်သလင်းခါသွားစေမယ့် "အသင့်စား အနှစ်ထုတ်" ကို Level Up လုပ်ပြီး စားနည်းလေး မျှဝေပေးချင်ပါတယ်။

ဒီနည်းလမ်းလေးအတိုင်းဆိုရင် ၅ မိနစ်ပဲ ကြာပေမယ့်
ဆိုင်ဟင်းတွေထက်တောင် ပိုစားကောင်းနေမှာ ပါ။ 😉

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့

✅မြိန်ရှက် အသင့်စား ငါးနီတူအနှစ်ထုတ်
✅ထမင်းပူပူလေး တစ်ပန်းကန်
✅Side dish အနေနဲ့ (ကြက်ဥပြုတ် ဒါမှမဟုတ် အသီးအရွက်လေးတွေ)

ပြုလုပ်နည်း အဆင့်ဆင့် -

ပထမဆုံး ထမင်းကို ပန်းကန်ထဲ ထည့်ပါ။ ထမင်းက ပူပူနွေးနွေးလေး ဖြစ်နေရင် အနှစ်ရဲ့ အနံ့က ပိုမွှေးလာပြီး အနံ့၊ အရသာကိုပိုမိုပြည့်စုံစေပါတယ်။
မြိန်ရှက်အသင့်စား အနှစ်ထုတ်ကို ဖောက်ပြီး ထမင်းပေါ် လောင်းထည့်လိုက်ပါ။ ပြီးရင် ဇွန်းနဲ့ မနယ်ဘဲ လက်နဲ့ပဲ ခပ်ဖွဖွလေး အနှံ့နယ်ပေးပါ။ အနှစ်တွေ ထမင်းလုံးတိုင်းမှာ စိမ့်ဝင်သွားတာကမှ တကယ့် အနှစ်အရသာကိုပိုပေါ်လွင်စေပါတယ်။
အချိန်လေးနည်းနည်းထပ်ရပြီး၊ အရသာပိုကောင်းချင်ရင်တော့ ပိုပြည့်စုံသွားအောင် ကြက်ဥပြုတ် တစ်လုံးကို ထက်ခြမ်းခြမ်းပြီး ထည့်ပါ။ ငါးနီတူအနှစ်နဲ့နယ်ထားတဲ့ ထမင်းနဲ့ ကြက်ဥအနှစ်နဲ့ ရောနယ်စားရင် အရသာက ပိုပြည့်စုံသွားစေပါတယ်။ အမြုပ်အအီ ပြေစေဖို့ သခွားသီး ဒါမှမဟုတ် ငရုတ်သီးစိမ်း လေး ကိုက်စားဖို့လည်း မမေ့နဲ့ဦးနော်။
ကဲ... ဟင်းချက်စရာ မလို၊ ဆီအိုး၊ မီးဖိုနား သွားစရာမလိုဘဲ ၅ မိနစ်အတွင်းမှာတင် အရသာရှိတဲ့ ထမင်းနယ်လေးရပါပြီ။
💡 အနှစ်နယ်ထားတဲ့ ထမင်းကို ရေနွေးကြမ်းလေးနဲ့ တွဲစားရင် ပိုမြိန်ပါတယ်။
သူငယ်ချင်းတို့ရော အနှစ်ထုတ်ကို ဘယ်လိုမျိုးလေးတွေ ဖန်တီးပြီး စားလေ့ရှိလဲ? ကွန်မန့်မှာ ပြောပြခဲ့ဦးနော်! 👇

Address

No-2733, Pyidaungsu Street, 63 Quarter, Industrial Zone(2), South Dagon Township
Yangon
11041

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959451910255

Website

Alerts

Be the first to know and let us send you an email when မြိန်ရှက် - Myein Shek posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြိန်ရှက် - Myein Shek:

Share