02/06/2026
🌹 Juneလ ရဲ့ Birth Flower — Rose (နှင်းဆီပန်း) 🌹
June မှာမွေးဖွားသူတွေရဲ့ Birth Flower က နှင်းဆီပန်းပါ။
နှင်းဆီပန်းဟာ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုရုံတင်မကဘဲ၊ လေးစားမှု၊ သစ္စာရှိမှုနဲ့ အလှတရားတို့ရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။
နှင်းဆီပန်းဟာ လက်ဆောင်ပေးဖို့ ဘယ်တော့မှ ခေတ်မကုန်တဲ့ ပန်းတစ်မျိုးပါပဲ။ ချစ်သူအတွက်ဖြစ်ဖြစ်၊ မိသားစုအတွက်ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို ဆုချချင်လို့ဖြစ်ဖြစ် နှင်းဆီပန်းတစ်စည်းက ပြောချင်တဲ့ ခံစားချက်တွေကို အစားထိုးပြောပေးနိုင်ပါတယ်။
June မွေးဖွားသူတွေလိုပဲ နှင်းဆီပန်းကလည်း နူးညံ့လှပပေမယ့် သူ့ကိုယ်သူ
ကာကွယ်နိုင်တဲ့ ဆူးလေးတွေရှိပါတယ်။
အလှတရားနဲ့ ခွန်အားကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားတဲ့ ပန်းတစ်မျိုးပါပဲ။
ဒီ June မှာ ကိုယ်ချစ်ရတဲ့သူဆီကို ပန်းစည်းလေးတစ်စည်း ပို့ပေးမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ လှပတဲ့ နှင်းဆီပန်းလေးတွေ လက်ဆောင်ပေးမလား။ 🌹✨
“တချို့ခံစားချက်တွေက စကားလုံးတွေထက် ပန်းလေးတစ်စည်းနဲ့ ပိုပြီး လှလှပပ ရောက်သွားတတ်ပါတယ်။”