Wilmax Myanmar

Wilmax Myanmar Wilmax England™ presents a wide range of fine and durable porcelain tableware, high quality 18/10 It is absolutely safe for your health.

Wilmax England™ presents a wide range of fine and durable porcelain tableware, high quality 18/10 stainless steel cutlery and crystalline glassware. A large variety of designs and shapes in Wilmax range gives an opportunity to choose tableware for any taste or interior style. All Wilmax tableware is produced using only eco-friendly materials, following all sanitary and epidemiological requirements. Wilmax tableware satisfies the requirements of restaurateurs and is ideal for home use.

18/09/2025

💗❤️👍

ခုရက်ပိုင်း ရာသီဥတုက မှုန်မှိုင်းမှိုင်းနဲ့ဆိုတော့  စိတ်ကြည်လင် လန်းဆန်းစေမယ့်  Fresh Tea လေး သောက်ကြရအောင်🍋🍹Fresh Tea အ...
27/08/2025

ခုရက်ပိုင်း ရာသီဥတုက မှုန်မှိုင်းမှိုင်းနဲ့ဆိုတော့ စိတ်ကြည်လင် လန်းဆန်းစေမယ့် Fresh Tea လေး သောက်ကြရအောင်🍋🍹

Fresh Tea အတွက် ပါဝင်ပစ္စည်းများကတော့-

💧ရေ 500 ml
🫚ဂျင်း 50 g (အခွံခွာထားပါ)
🍋‍🟩သံပုရာသီး ၁ လုံး (အခွံခွာပြီး အဝိုင်းပုံစံလှီးထားပါ)
🪵သစ်ကြံပိုးခေါက် ၁ ချောင်း
🍃ပူစီနံ (အနည်းငယ်)
🍯ပျားရည် (အနည်းငယ်)

ပြုလုပ်နည်း

1. ဂျင်းကို အတုံးသေးသေးလေးတွေ လှီးထားပြီး သံပုရာသီးကိုလည်းအဝိုင်းပုံစံလှီရပါမယ်
2. ရေပွက်ပွက်ဆူအောင်တည်ပြီးလျှင် ဂျင်း၊ သံပုရာသီး၊ သစ်ကြံပိုးခေါက်နဲ့ ပူစီနံတို့ကို ထည့်ပြီး
5-7 မိနစ်မျှတည်ထားပါ။
3. တည်ပြီးရင် မီးဖိုပေါ်ကဖယ်ပြီး ခပ်နွေးနွေး အနေအထားမှာ ပျားရည်ထည့်မွှေပါ။
4. ပြီးနောက် ရေခဲသေတ္တာထဲမှာအအေးခံထားပြီး အရသာရှိစေပြီး လန်းဆန်းစေမယ့် Fresh Tea ကို သောက်သုံးနိုင်ပါပြီ။


ဒီနေ့တော့ ပြုလုပ်ရလွယ်ကူပြီး တော်တော်များများမစားဖူးသေးတဲ့  🍰 ထောပတ်ဘီစကစ် ကိတ်လုပ်နည်းလေးပြောပြပေးပါမယ်နော် 📝 ပါဝင်ပစ္စ...
28/07/2025

ဒီနေ့တော့ ပြုလုပ်ရလွယ်ကူပြီး တော်တော်များများမစားဖူးသေးတဲ့ 🍰 ထောပတ်ဘီစကစ် ကိတ်လုပ်နည်းလေးပြောပြပေးပါမယ်နော်

📝 ပါဝင်ပစ္စည်းများ
• ဘီစကစ် 50 ဂရမ်
• ထောပတ် 35 ဂရမ်
• cottage cheese 100 ဂရမ်
• ကြက်ဥ ၁ လုံး
• သကြား 50 ဂရမ်
• double cream or soured cream 25 g
• corn flour ၁၅ ဂရမ်
• vanilla 1 ဂရမ်

👩‍🍳 ပြုလုပ်နည်း
1. ပထမဆုံး ဘီစကစ်များကို မညက်တညက်အနေအထားရောက်အောင်ကြိတ်ပါ။ ထောပတ်ကို အပူပေးပြီး အရည်ပျော်သွားတဲ့အခါ ကြိတ်ထားတဲ့ ဘီစကစ််လေးများထည့်ကာ ရောမွှေပါ။
2. springform (မုန့်လုပ်သည့်ခွက်) ကို ဆီသုတ်ပြီး ထောပတ်နဲ့ဘီစကစ်များ လောင်းထည့်ပါ။ အပေါ်မှ ဖိထားပြီး အချိန်အနည်းငယ်ကြာအောင် အအေးခံထားပါ။
3. cottage cheese, ကြက်ဉ, သကြားနဲ့ soured cream တို့ကို blender ထဲထည့်ပြီး smooth ဖြစ်အောင်ပြုလုပ်ပါ။
4. ပြီးရင် corn flour, vanilla တို့ကို ထည့်ပြီး ထပ်မွှေပါ။
5. ထောပတ်ဘီစကစ်ထည့်ထားတဲ့ခွက်ထဲသို့ ရောထားတဲ့ smootie များ လောင်းထည့်ကာ 160°C အပူချိန်နဲ့ 45-50 မိနစ်ခန့် ဖုတ်ပါ။
6. ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ 3-4 နာရီကြာ အအေးခံထားပါ။
အရသာရှိတဲ့ ထောပတ်ဘီစကစ်ကိတ်လေး ရရှိပါပြီ။
ဘယ်ရီသီးလေးတွေနဲ့ တွဲစားမယ်ဆိုရင်တော့ ပိုပြီးအရသာရှိစေမှာပါရှင်

နေ့တစ်နေ့ကို အားအင်အပြည့်နဲ့စတင်ဖို့အတွက်  မနက်စာက မရှိမဖြစ်ကို လို်အပ်ပါတယ်နော်။ ခုပြောပြမဲ့ မနက်စာလေးက ပြုလုပ်ရတာ အရမ်...
14/05/2025

နေ့တစ်နေ့ကို အားအင်အပြည့်နဲ့စတင်ဖို့အတွက် မနက်စာက မရှိမဖြစ်ကို လို်အပ်ပါတယ်နော်။

ခုပြောပြမဲ့ မနက်စာလေးက ပြုလုပ်ရတာ အရမ်းလွယ်ကူပြီး အာဟာရလည်းအများကြီးရရှိစေမှာပါ။
🔥

👩‍🍳 ပြုလုပ်နည်း
- ပန်းကန်ပြားတစ်ချပ်မှာ အအေးခံထားတဲ့ ဒိန်ချဉ်ထည့်ပါ။ နံနံပင်ကြိုက်တဲ့သူတွေကတော့ ဒီန်ချဉ်ကို နံနံပင်၊ ကြက်သွန်ဖြူတို့နဲ့ ရောထည့်လို့ရပါတယ်။
- ပြီးရင် ကြက်ဥကြော် ထည့်ပြီး အစပ်ကြိုက်ရင် အပေါ်မှာ ငရုပ်သီးဆီသတ်အနည်းငယ်ထည့်ပါ။ ပေါင်မုန့်နဲ့တွဲဖက်စားသုံးနိုင်ပါပြီ။

📸 Featured in the photos:

WL-991213. Deep plate, 22 cm, 850 ml
WL-996045. Soy dish, 7.5 cm
WL-996078. Soy dish, 10 cm

WL-999101. Dinner fork, 20 cm

🙏"ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) "🙏🏻ကဆုန်လပြည့်နေ့သည် "ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည့်အတို...
11/05/2025

🙏"ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) "🙏🏻

ကဆုန်လပြည့်နေ့သည် "ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်းများနှင့်အတူ
ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး ကဆုန်လပြည့်နေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါ‌စေကြောင်း New World Mart မိသားစုမှ ဆုမွန်ကောင်းတောင်းဆု ပြုအပ်ပါသည်ဗျား။ 🙏🙏

#ကဆုန်လပြည့်နေ့

🌻 အားလပ်ရက်တွေမှာ movie ကြည့်ရင်းဖြစ်ဖြစ်၊ ဂိမ်း play ရင်းပဲဖြစ်ဖြစ် က်ဆာလာတဲ့အခါ အလွယ်တကူစားလို့အဆင်ပြေစေမယ့်  snack လေ...
12/03/2025

🌻 အားလပ်ရက်တွေမှာ movie ကြည့်ရင်းဖြစ်ဖြစ်၊ ဂိမ်း play ရင်းပဲဖြစ်ဖြစ် က်ဆာလာတဲ့အခါ အလွယ်တကူစားလို့အဆင်ပြေစေမယ့် snack လေး တစ်ခု sharing ပေးပါမယ်နော်
ပေါင်မုန့်ကို cream (သို့) cheese နှစ်သက်ရာသုတ်ပါ။
အပေါ်မှာ ကြက်ဉပြုတ်၊ မုန်လာဉ၊ သခွားသီး၊ ထောပတ်သီး၊ အစေ့အမျိုးမျိုးထည့်ပြီး (ဒါမှမဟုတ် ကိုယ့်အိမ်မှာရှိတဲ့ အသီးအရွက်တွေထည့်လို့ရပါတယ်) စားလို့ရပါပြီ။
ကော်ဖီလေးတစ်ခွက်ပါရှိမယ်ဆိုရင်တော့ ပြီးပြည့်စုံသွားပါပြီနော်။

📸 Featured in the photos:

🥢 WL-771028 – Round bamboo plate, 10 cm
🥢 WL-771033 – Round bamboo plate, 23 cm


🍶 WL-992615 – Sauce boat, 7 cm

🥤🍌🥝 ရာသီဉတုပူနေတဲ့အချိန်မှာ အရသာလည်းရှိ၊ အဟာရလည်းပြည့်ဝစေမယ့် banana kiwi smoothie လေးသောက်ရအောင်ပါဝင်ပစ္စည်းနည်းနည်းလေး...
06/03/2025

🥤🍌🥝 ရာသီဉတုပူနေတဲ့အချိန်မှာ အရသာလည်းရှိ၊ အဟာရလည်းပြည့်ဝစေမယ့် banana kiwi smoothie လေးသောက်ရအောင်
ပါဝင်ပစ္စည်းနည်းနည်းလေးဆိုတော့ အချိန်ကုန်လည်း သက်သာတာပေါ့
1. Nut Milk 200 ml
2. ငှက်ပျောသီး ၁ လုံး
3. ကီဝီသီး ၁လုံး
ပြုလုပ်နည်းက အရမ်းရိုးရှင်းလွယ်ကူပါတယ်နော်
ငှက်ပျောသီးနဲ့ ကီဝီသီးကို nut milk ထဲ smooth ဖြစ်သွားအောင် မွှေလိုက်ရုံပါဘဲ
ပြီးရင်တော့ Wilmax နှစ်ထပ်ခွက်ထဲထည့်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီရှင်

🥥🍵  Bubble Matcha Latte ✨ ပါဝင်ပစ္စည်းများ  :🔸ပုလဲသီး 🔸 မတ်ချာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း🔸 အုန်းနို့ 100 ml✨ ပြုလုပ်ပု...
28/02/2025

🥥🍵 Bubble Matcha Latte
✨ ပါဝင်ပစ္စည်းများ :
🔸ပုလဲသီး
🔸 မတ်ချာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
🔸 အုန်းနို့ 100 ml

✨ ပြုလုပ်ပုံ : ရေနွေးနွေးလေးထဲ မတ်ချာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။အရသာပိုကောင်းစေဖို့ whisk (မွှေတံ) ကို အသုံးပြုပြီး မွှေပါ။ အုန်းနို့ကို ခွက်ထဲထည့်ပြီး frother machine (မွှေစက်တံ) ဖြင့် ပျစ်လာအောင် မွှေပါ။ သောက်မဲ့ ဖန်ခွက်အောက်မှာ ပုလဲသီးတစ်ဇွန်း (သို့) နှစ်ဇွန်းထည့်ကာ မတ်ချာကို လောင်းထည့်ပါ။ ပြီးရင် အုန်းနို့ကို အပေါ်ဆုံးမှာထည့်ပါ။

✨ ဒီနေ့မှာတော့ အရသာရှိ၊ အချိန်ကုန်လည်းသက်သာစေမယ့် မုန်လာဥနီနဲ့ အုန်းသီးပေါင်းစပ်ထားတဲ့ အချိုမုန့်လုံးပြုလုပ်ပုံလေးကို မင...
12/11/2024

✨ ဒီနေ့မှာတော့ အရသာရှိ၊ အချိန်ကုန်လည်းသက်သာစေမယ့် မုန်လာဥနီနဲ့ အုန်းသီးပေါင်းစပ်ထားတဲ့ အချိုမုန့်လုံးပြုလုပ်ပုံလေးကို မင်မင်ကပြောပြပေးပါမယ်နော်။

ပါဝင်ပစ္စည်းများ (၂၄ ခုစာ):
🔸 မုန်လာဉနီအကြီး ၄ လုံး
🔸 အုန်းသီးအပြားလေးများ (coconut flakes) 120g
🔸အုန်းသီးမှုန့် 90g
🔸 စွံပလွံသီးခြောက် ၁၀ လုံး
🔸 ပျားရည် 150g

ပြုလုပ်နည်း
၁။ မုန်လာဉနီကိုခြစ်ပါ။ ပြီးရင် အုန်းသီးမှုန့်၊ အုန်းသီးအပြားတို့နဲ့ ရောနှောလိုက်ပါ။
၂။ ရောထားတဲ့တစ်ဝက်ကို Blender ထဲထည့်ပါ။ စွံပလွံသီးခြောက်ထပ်ထည့်ပြီး smooth ဖြစ်သွားအောင် ကြိတ်ပါ။
၃။ ကျန်တဲ့ တစ်ဝက်ကို ပျားရည်ထည့်ပြီး အားလုံးသေချာပျော်ဝင်သွားတဲ့အထိမွှေပါ။
၄။ ပျစ်သွားပြီဆိုရင်တော့ အလုံးပုံစံလေးတွေပြုလုပ်ထားပါ။
၅။ ရလာတဲ့ မုန့်လုံးလေးတွေကို ခုနကအုန်းသီး၊ စွံပလွံသီးကြိတ်ထားတဲ့အနှစ်ထဲထည့်ပါ။
၆။ ခဏလောက်ကြာတဲ့အခါ ပြန်ဆယ်ပြီး အပြင်မှာ ၃၀ မိနစ်ခန့်အခြောက်ခံထားပါ။
အရသာအရမ်းရှိတဲ့ အုန်းသီးမုန့်လုံးလေးတွေကို သုံးဆောင်နိုင်ပါပြီရှင်။
အိမ်မှာစမ်းလုပ်ကြည့်ပြီး ဘယ်လိုအရသာလေးရှိလဲဆိုတာ comment မှာ ဝေမျှပေးပါအုံးနော်။

🍽 collection for a beautifully plated, nourishing treat!

🍎 Wilmax ချစ်သူလေးတို့ရေ ဆောင်းဦး နိုဝင်ဘာလကို ရောက်ရှိလာပါပြီအေးမြတဲ့ မနက်ခင်းလေးမှာ သဘာဝအလှတရားကို ခံစားရင်း ကော်ဖီပူပ...
07/11/2024

🍎 Wilmax ချစ်သူလေးတို့ရေ ဆောင်းဦး နိုဝင်ဘာလကို ရောက်ရှိလာပါပြီ
အေးမြတဲ့ မနက်ခင်းလေးမှာ သဘာဝအလှတရားကို ခံစားရင်း ကော်ဖီပူပူလေးနဲ့ ပန်းသီးပိုင်မုန့်လေးသာရှိနေရင်တော့ နိဗ္ဗာန်ပါပဲနော် 🥧🍏

ပန်းသီးပိုင်မုန့်အတွက် ပါဝင်ပစ္စည်းများ
🔸ဂျုံမှုန့် 280 g
🔸ထောပတ် 180 g
🔸ရေခဲရေ စားပွဲတင်ဇွန်း ၃ ဇွန်း
🔸ဆား အနည်းငယ်
⠀
အခြားပါဝင်ပစ္စည်းများ
🔸ပန်းသီး ၃-၄ လုံး
🔸 ယို စားပွဲတင်ဇွန်း ၂ ဇွန်း
🔸သကြား 50 g
🔸 သစ်ကြံပိုးခေါက် ၁ ချောင်း

ပြုလုပ်ပုံ :

1. ဂျုံမှုန့်ကို ထောပတ်၊ ဆားတို့ရောထည့်ပြီး သမအောင်မွှေပါ။
2. မွှေနေရင်း ရေထည့်ပြီး ဂျုံကိုလက်နဲ့အသာအယာနယ်ကာ ဘောလုံးလိုမျိုး လုံးပါ။အပေါ်မှပလက်စတစ်အုပ်ပြီး ရေခဲသေတ္တာထဲ မိနစ် ၃၀ ခန့်ထည့်ထားပါ။
3. ပန်းသီးကို အလွှာသေးသေးတွေလှီးပါ။ (သို့) အတုံးလေးတွေတုံးပါ။ သကြား၊ သစ်ကြံပိုးခေါက်တို့နဲ့ ရောနယ်ပါ။
4. ဂျုံလုံးကို ပန်းကန်ထဲထည့်တဲ့အခါ လက်နဲ့သေချာဖိထည့်ပြီး ပန်းကန်အပြင်ထွက်သွားတဲ့ အစွန်းနားတွေကို ဖြတ်ပါ ။
5. အပေါ်ကနေ ယိုနဲ့ ခုနကသကြားနယ်ထားတဲ့ ပန်းသီးတွေထည့်လိုက်ပါ။ ကျန်နေတဲ့ ဂျုံသားတွေကို လှပတဲ့ pattern ပုံစံလေးပြုလုပ်ပါ။
6. oven ထဲထည့်ပြီး အပူချိန် 190°C မှာ 35 မိနစ်ထိ ဖုတ်ပါ။
အချုိကြိုက်ရင် အပေါ်ကနေ သကြားဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင့် ။ 😋
Wilmax တံဆိပ် ပန်းကန်တွေက Oven ထဲ ထည့်သုံးလို့ရတယ်နော် (heart)

📸 On the photos:

WL‑669213. Round plate, Spiral (Red), 23 cm

WL‑993001. Cappuccino cup with saucer, 180 ml

WL‑999152. Teaspoon, Stella (Gold), 14 cm
WL‑999166. Pastry fork, Stella (Gold), 14 cm
WL‑999231. Dinner knife, Diamond (Gold), 22 cm

🌞🍹  ဒီနေ့မှာတော့ Summer Vibe လေးကိုပြန်လည်ခံစားသွားရစေမယ့် ဖျော်ရည်လေးတစ်မျိုးကို မင်မင်က ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🫶...
11/09/2024

🌞🍹 ဒီနေ့မှာတော့ Summer Vibe လေးကိုပြန်လည်ခံစားသွားရစေမယ့် ဖျော်ရည်လေးတစ်မျိုးကို မင်မင်က ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🫶

ဒီဖျော်ရည်လေးက ဗီတာမင်ဓာတ်များစွာပါဝင်ပြီးအရမ်းအရသာရှိတဲ့ အသီးလေးတွေပေါင်းစပ်ထားပြီး ချိုချဉ် အရသာပေးစွမ်းမယ့် Smoothie အသီးဖျော်ရည်လေးပဲဖြစ်ပါတယ် ဈေးထဲမှာလည်းအဝယ်တကူရှာဝယ် ယူလို့ရနိုင်တဲ့အသီးလေးတွေမို့ အိမ်မှာလည်းအလွယ်တကူပြန်လုပ်လို့ရတယ်နော် …
ပါဝင်ပစ္စည်းများကတော့ -

🥛 Kefir or Yogurt – 500ml
🍌 ငှက်ပျောသီး -၂လုံး
🫐 ဘယ်ရီသီး -၃၀၀ဂရမ် (ကြိုက်နှစ်သက်တဲ့အသီးကိုထည့်နိုင်ပါတယ်နော်)
🍯 ပျားရည်အနည်းငယ်

Smoothie ပြုလုပ်ရန်

ဘယ်ရီသီး ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့အသီးတစ်မျိုးကို ရေသန့်စင်အောင်ဆေးကြောပြီး အခွံနွာထားပါ လိုအပ်ရင် အစေ့ထုတ်ပြီး အတုံးသေးသေးလှီးထားပေးပါ။
ငှက်ပျော်သီးကိုလည်း အခွံနွားပြီး လှီးထားပါ ထို့နောက် ပါဝင်သောအသီးအားလုံးကို blender ထဲသို့ထည်းပြီး Smooth ဖြစ်သည်အထိကြိတ်ထားရပါမယ် ပြီးလျှင် အပေါ်မှ ပျားရည်ထည့်ပြီး blender ဖြင့်နောက်တစ်ခေါက် ထပ်မံကြိတ်ထားပေးရပါမယ်နော်
မိမိလိုချင်တဲ့အရသာလေးရပြီဆိုရင်တော့ အရသာအရမ်းရှိတဲ့ Smoothie ဖျော်ရည်လေးကို ဖန်ခွက်လေးထဲကိုထည့်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးနှံလေးတွေကို အပေါ်မှ အလှဆင်ပြီး သုံးဆောင်လို့ရပါပြီနော် 🌈
#ပုံထဲမှာတော့Wilmaxthermoglassလေးနဲ့ပြင်ဆင်ပြထားပေးပါတယ်ရှင် 💕

🍽️Wilmax dishes used:

WL-771095/A. Serving board with handle, 21.5 x 15 cm

WL‑888763/A. Glass, 400 ml

WL-992687/A. Dish, 8.5 cm















ဒီတစ်ပတ် ပိတ်ရက်လေးမှာ လွယ်ကူရိုးရှင်းတဲ့ အစားအစာလေးကို အိမ်မှာ လိုက်လုပ်စားကြည့်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်‌🫶ခုမျှဝေ...
24/08/2024

ဒီတစ်ပတ် ပိတ်ရက်လေးမှာ လွယ်ကူရိုးရှင်းတဲ့ အစားအစာလေးကို အိမ်မှာ လိုက်လုပ်စားကြည့်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်‌🫶

ခုမျှဝေပေးမယ့် Slap လုပ်နည်းလေးက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမယ့် အစားအစားလေးဖြစ်ပြီး ကယ်လိုရီနည်းတာကြောင့် diet သမားလေးတွေအတွက်လည်း အရမ်းအဆင်ပြေမှာပါနော် 😍

ပါဝင်ပစ္စည်းများ-

🌱 ပေါင်မုန့်ကြမ်း ၁ လုံး
🌱 ဝက်ပေါင်ခြောက်် ၆ လိပ်
🌱 ငရုတ်သီးအနီ ၂ တောင့်
🌱 ငရုတ်စိမ်း ၁ တောင့်
🌱 ရိုးရိုးခရမ်းချဉ်သီး နှင့် ချယ်ရီခရမ်းချဉ်သီး 500g
🌱 သခွားသီး ၂ လုံး
🌱 ပင်စိမ်းရွက် အနည်းငယ်
အနှစ်ပြုလုပ်ရန်အတွက်-

🔸 white wine vinegar ထမင်းစားဇွန်း ၁ ဇွန်း
🔸 သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
🔸 သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၄-၅ ဇွန်း
🔸 ကြက်သွန်ဖြူ ½ မွှာကို နုပ်နုပ်စဉ်းထားပါ
🔸 ဆား၊ ငရုတ်ကောင်း အနည်းငယ်

ပြုလုပ်ပုံ-

ပေါင်မုန့်ကြမ်းကို ကြွပ်လာသည်အထိ ကင်ပြီး ဝက်ပေါင်ခြောက်ကို ရွှေရောင်အနည်းငယ်သန်းလာတဲ့အထိ ကြော်ပါ။
ငရုတ်သီးကို မီးအနည်းငယ်ဖြင့် အိုးပူတိုက်ပြီး လှီးဖြတ်ထားပါ။
အနှစ်အတွက် ပါဝင်ပစ္စည်းများကို ရောစပ်ထားပြီး အရသာအနည်းငယ်ဖြည့်စွက်ပါ။

ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများအားလုံးကို ပေါင်းစပ်ပြီး ဆား၊ ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။

Wilmax Bamboo ပန်းကန်လေးထဲထည့်ပြီး ပင်စိမ်းရွက်လေးထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Address

No. (162-166), Lanmadaw Road, Latha Township
Yangon
11131

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959797005234

Alerts

Be the first to know and let us send you an email when Wilmax Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wilmax Myanmar:

Share