30/10/2025
အရင်ခေတ် သံတစ်တန် 8သိန်း ဈေးလည်းငြိမ် အလုပ်လုပ်လို့ကောင်း အခုခေတ် သံတစ်တန် သိန်း30ပါတ်ချာလည်👇
အရင်ခေတ် သစ်ကြမ်းတစ်တန် 3သိန်းခွဲ
အခုခေတ် သစ်ကြမ်းတစ်တန် 28သိန်း
အရင်ခေတ် အလူမီနီယမ် 1sft -6500
အခုခေတ် အလူမီနီယမ် 1sft -45000
အရင်ခေတ် အလုပ်သမားခ တစ်နေ့လျှင်-9000ကျပ်
အခုခေတ် အလုပ်သမားခ တစ်နေ့ 25000နဲ့ 30000ကြား
ဈေးတွေဘယ်နှစ်ဆတက် သွားလဲဆိုတာယှဉ်ကြည့်လို့ရပါတယ်။
Bill of Quantity ဆိုတာ ဒီလိုတွက်ထားတဲ့ ဇယားကို ခေါ်ပါတယ်။
ဒီလိုဇယားနဲ့ကုန်ကျစရိတ်ထွက်ဖို့ Architecture Design နဲ့ Structure Design စာအုပ်2အုပ်လိုအပ်ပါတယ်။
ပြီးရင် ကိုယ်ဆောက်မဲ့ နေရာဒေသက တစ်ပတ်အတွင်း ပေါက်ဈေးလည်း သိဖို့လိုပါတယ်။
အိမ်ကြီးအိမ်ကောင်း ဆောက်တဲ့သူတိုင်း ဒီအတိုင်းပဲ တွက်ပြီး စာချုပ်သေချာချုပ်ပြီးဆောက်ကြပါတယ်။
ဈေးချောင် ဈေးပေါတာ လိုက်ရှာရင်တော့ အပေါ်ကအချက်တွေ လုပ်ဖို့မေ့ကျန်နိုင်ပါတယ်။
BQ နဲ့ဆောက်တဲ့သူတွေအတွက်ကလည်း ဈေးချောင်ဖို့ အောက်ဈေးနဲ့ရပြီး Quality အကောင်းရလာဖို့ မမျှော်လင့်ကြပါနဲ့။BQတွက်ပြီဆိုရင်ရင်တော့ သုံးသလောက်ပေး ကျသလောက်ရှင်းစနစ်မို့ ငွေကတော့ ကုန်မှာပါပဲ။ဒါပေမဲ့ စိတ်ရှင်းတယ်။
မုန့်ပြားသလက်ဖိုးနဲ့ချီစ့်ကိတ်ကို လိုချင်တာက မတော်လောဘ ဖြစ်နေပြီမို့ မိမိတို့ရဲ့စိတ်လေးကို အမြဲသတိကပ်ပြီး အမှန်မြင်အောင်ကြည့်ကြပါ။
မတော်လောဘနောက်လိုက်မိရင် အကြီးအကျယ် မှားနိုင်ပါတယ်ဗျ ♥️
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
အိမ်ဆောက်ဖို့နဲ့ ပတ်သတ်ပြီး မေးလိုရာမေး 💬🏗️
အိမ်ဆောက်ဖို့ ကြံရွယ်နေတဲ့ လူကြီးမင်းတိုင်းမှာ မေးရာမေးခွန်းတွေကတော့ အစုံကိုရှိနေမှာပါ 🏠🏠
Contact - 09 962033931
Crd Original uploader