Ah May Htwar Peanut Oil

Ah May Htwar Peanut Oil အမေထွားမြေပဲဆီသန့်၏တန်ဖိုးသည် ယုံကြည်စိတ်ချရမှုပင် ဖြစ်သည်။
(1)

မြန်မာနိုင်ငံရဲ့ဆီအိုးကြီးလို့တင်စားခေါ်ဝေါ်ရတဲ့ မကွေးမြို့မှထုတ်လုပ်ပြီး စားသုံးသူများရဲ့ကျန်းမာရေးကို အစဉ်အလေးထားသောအားဖြင့် စားအုန်းဆီနှင့် အရောင်၊ အနံ့၊ ဓါတုဗေဒအရောအနှောများ လုံးဝ(လုံးဝ) မပါဝင်ပဲ မြေပဲဆန်ကုန်ကြမ်း ၁၀၀% ကိုအသုံးပြု ကြိတ်ခွဲထားကြောင်း အပြည့်အဝအာမခံသည့် ပစ္စည်းမှန်၊ဈေးမှန် ပြည်တွင်းဖြစ် မြေပဲဆီသန့်၊ မြေပဲဆီစစ်စစ် ဖြစ်ပါသည်။

မေမေတို့ ဒီအမှားလေးတွေလုပ်ဖူးကြလား??နေ့တိုင်းမီးဖိုချောင်ဝင်နေရတဲ့ မေမေတို့ မထင်မှတ်ဘဲ လုပ်မိတဲ့အရာလေးတွေကြောင့် ဆီအမြှပ...
26/03/2026

မေမေတို့ ဒီအမှားလေးတွေလုပ်ဖူးကြလား??

နေ့တိုင်းမီးဖိုချောင်ဝင်နေရတဲ့ မေမေတို့ မထင်မှတ်ဘဲ လုပ်မိတဲ့အရာလေးတွေကြောင့် ဆီအမြှပ်တွေထတာမျိုး ဖြစ်ဖူးကြလား?

ဒါဟာ ဆီထဲမှာရေရှိနေတာမျိုး (ဒါမှမဟုတ်) အစိုဓာတ်ရှိတဲ့ဟင်းပစ္စည်းကို ဆီအိုးထဲတိုက်ရိုက်ထည့်တာမျိုးတွေမှာတော့ မေမေတွေဖြစ်ဘူးကျမယ်လို့ထင်ပါတယ်။

ဟင်းကိုအမြန်ကျက်ချင်ဇောနဲ့ ဆီကို အပူအရမ်းမြင့်ပြီး ကြာကြာပူအောင်ထားရင်လည်း မီးခိုးထွက်နိုင်ပြီး ဟင်းအရသာကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ပြီးတော့ ဆီဒယ်အိုးထဲကို တစ်ခါတည်းနဲ့ ဟင်းပစ္စည်းအများကြီးထည့်လိုက်ရင် ဆီအပူကျသွားပြီး ဟင်းမညီမညာ ကြော်သွားတာ (ဒါမှမဟုတ်) ဆီပိုစုပ်သွားတာ ဖြစ်နိုင်ပါတယ်။

သုံးပြီးသားဆီကို အကြိမ်များများ ပြန်သုံးရင်လည်း ဆီအမြုပ်ထတာမျိုးဖြစ်နိုင်တဲ့အပြင် ဟင်းအရသာနဲ့ ဆီအရည်အသွေးကို သက်ရောက်မှုမကောင်းနိုင်ပါဘူး။

ဒီလိုမဖြစ်‌အောင်လို့ ရှောင်ရှားဖို့အတွက်
🍀 ဟင်းပစ္စည်းတွေကို ခြောက်အောင် သုတ်ပြီးမှ ကြော်ပါ။
🍀 ဆီအပူချိန်ကို သင့်တော်အောင် ထိန်းပါ။
🍀 ဟင်းကို ဒယ်ပြားအပြည့်မထည့်ဘဲ ခွဲခွဲပြီး ကြော်ပါ။
🍀 ဆီကိုထပ်ခါထပ်ခါသုံးမဲ့အစား တတ်နိုင်သလောက် ဆီအသစ်ကို အသုံးပြုပေးပါ။

ဟင်းကောင်းတစ်ပွဲရဖို့ဆိုတာ ပစ္စည်းကောင်းရုံနဲ့မဟုတ်ဘဲ ချက်ပြုတ်နည်းကိုလည်း ဂရုစိုက်ဖို့လည်းလိုပါတယ်။ အမေထွားပဲဆီသန့်နဲ့ ကောင်းမွန်တဲ့ ဟင်းလေးတွေ ဖန်တီးလိုက်ရအောင်နော်❤️
#အမေထွားပဲဆီသန့် #စေတနာထားတာအမေထွားပါ #မေမေ့လက်စွဲ

အိမ်မှာ သားသားမီးမီးလေးတွေရှိတဲ့ အိမ်ရှင်မ မေမေတိုင်း ကြုံရတဲ့ ​ကိစ္စလေးတစ်ခုကတော့ ‎"သမီး အသီးအရွက်မကြိုက်ဘူး"‎"ဟင် သားက...
05/03/2026

အိမ်မှာ သားသားမီးမီးလေးတွေရှိတဲ့ အိမ်ရှင်မ မေမေတိုင်း ကြုံရတဲ့ ​ကိစ္စလေးတစ်ခုကတော့
‎"သမီး အသီးအရွက်မကြိုက်ဘူး"
‎"ဟင် သားက ကြက်​ကြော်ကြွပ်ကြွပ်လေးပဲ စားချင်တာ"
‎"မိန်းမရေ ကိုယ်ဒီညနေ ကိစ္စလေးရှိလို့ အပြင်မှာပဲ ထမင်းစားလိုက်တော့မယ်နော်"

‎ကဲ...အခုလိုမျိုး ကိစ္စတွေကို ကျွန်မမေမေ ဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်လက်နက်လေးကတော့ "အမေထွားမြေပဲဆီသန့်"ပဲပေါ့

‎အမေထွားမြေပဲဆီသန့်ဟာဆိုရင်
‎✔ကလေးတွေကြိုက်တဲ့ ကြက်ကြော်ကို ကြွပ်ရွဆိမ့်မွှေးနေအောင်လဲ ကြော်နိုင်သလို
‎✔ အမေထွားရဲ့ မြေပဲဆီနံ့သင်းသင်းလေးကြောင့် အသီးအရွက်မကြိုက်တဲ့ကလေးတွေ တောင် "ဟင်းတွေက မွှေးနေတာပဲ မေမေရယ်"ဆိုပြီး ဟင်းတစ်ပန်းကန်လုံးကုန်အောင် စားနိုင်တဲ့အထိပါပဲ။
‎✔ ဒါ့အပြင်ကို အမေထွားကိုသုံးပြီး ချက်တဲ့နေ့ကစပြီးတော့ ဖေဖေဟာဆိုရင်လဲ ဘာကိစ္စပဲရှိရှိ ထမင်းစားချိန်မီအောင် ပြန်လာတော့တာပေါ့❤️

ကိုယ့်မိသားစုစိတ်ကြိုက် ဘယ်လိုချက်ရမလဲဆိုတာကို "မေမေက သိထားတယ်နော်".. အိမ်ရှင်မမေမေတိုင်းရဲ့လက်စွဲ "အမေထွား" ကတော့ မရှိမဖြစ်ပေါ့။
‎ #စေတနာထားတာအမေထွားပါ #မေမေ့လက်စွဲ #အမေထွားမြေပဲဆီသန့်

အရသာကို မေးစရာမလိုဘူး.. မျက်နှာကိုကြည့် 😇 မေမေက မိသားစုထမင်းဝိုင်းအတွက် ချက်မယ်ဆိုရင် အကောင်းဆုံးတွေ ပဲရွေးတတ်တယ်လေ။ မိသ...
23/02/2026

အရသာကို မေးစရာမလိုဘူး.. မျက်နှာကိုကြည့် 😇

မေမေက မိသားစုထမင်းဝိုင်းအတွက် ချက်မယ်ဆိုရင် အကောင်းဆုံးတွေ ပဲရွေးတတ်တယ်လေ။ မိသားစုဟင်းပွဲ ဘယ်လောက်ကောင်းလဲဆိုတာ စားပြီးတဲ့အချိန် မျက်နှာက အပြုံးလေးတွေက ပြောပြနေတာပေါ့❤️

မေမေရဲ့ လက်ရာ… အမေထွားနဲ့ ပိုကောင်းလာတယ်🥘

အမေထွား ပဲဆီသန့်ကို လက်လီ၊ လက်ကား မှာယူလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ😇

👉 ရန်ကုန်မြို့ Ph : 09 5107965, 01 687889, 01 685804
👉 မန္တလေးမြို့ Ph : 09 955611102, 09 259289606
👉 မကွေးမြို့ Ph : 09 408788877, 09259289605

မိမိကျန်းမာရေးသာမက ချစ်ခင်ရသူတွေရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် အမေထွားပဲဆီသန့်ကို အမြို့မြို့အနယ်နယ်မှ ဆိုင်တိုင်းမှာအလွယ်တကူဝယ်ယူလိုက်ပါခင်ဗျာ။

#စေတနာထားတာအမေထွားပါ #ပဲဆီသန့်

သဘာဝရဲ့ မြေပဲဆီသန့် 😇နေ့စဉ်စားသုံးနေတဲ့ ဟင်းပွဲတိုင်းမှာ အနံ့အရသာကောင်းမွန်ရုံတင်မက မိသားစုရဲ့ ကျန်းမာရေးကိုအတွက်ပါ ရေရှ...
28/01/2026

သဘာဝရဲ့ မြေပဲဆီသန့် 😇

နေ့စဉ်စားသုံးနေတဲ့ ဟင်းပွဲတိုင်းမှာ အနံ့အရသာကောင်းမွန်ရုံတင်မက မိသားစုရဲ့ ကျန်းမာရေးကိုအတွက်ပါ ရေရှည်စောင့်ရှောက်နိုင်ဖို့ အရေးကြီးပါတယ်။

သဘာဝမြေပဲအနံ့သင်းသင်း၊ ဆီသားပါးလွှာပြီး ချောမွတ်တဲ့ ပဲဆီသန့်က မိခင်လက်ရာဟင်းပွဲလို နွေးထွေးစွာနဲ့ အရသာကို ပိုပြီး ပြည့်စုံစေပါတယ်။

ဂရုစိုက်မှုက သင်တို့ရဲ့ရွေးချယ်မှုကနေ စတင်ပါတယ်။ သဘာဝရဲ့ မြေပဲဆီသန့်ဆိုရင် "အမေထွား" မြေပဲဆီသန့်ပဲပေါ့။ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ အမေထွား ပဲဆီသန့်ကို အမြို့မြို့အနယ်နယ်ရှိ ဆိုင်တိုင်းမှာ လက်လီ၊ လက်ကား မှာယူလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
ရန်ကုန်မြို့ Ph : 09 5107965, 01 687889, 01 685804
မန္တလေးမြို့ Ph : 09 955611102, 09 259289606
မကွေးမြို့ Ph : 09 408788877, 09259289605
#အမေထွားမြေပဲဆီသန့်

ဆီ အမြှပ်ထတယ်ဆိုတာ ဘာကြောင့်လဲ?🤔ချက်ပြုတ်တဲ့အခါ ဆီပူနေတဲ့အချိန်မှာ ဆီထဲမှာရှိတဲ့ ရေအစိုဓာတ် ဒါမှမဟုတ် ဆီထဲထည့်မယ့် အစာထဲ...
16/01/2026

ဆီ အမြှပ်ထတယ်ဆိုတာ ဘာကြောင့်လဲ?🤔

ချက်ပြုတ်တဲ့အခါ ဆီပူနေတဲ့အချိန်မှာ ဆီထဲမှာရှိတဲ့ ရေအစိုဓာတ် ဒါမှမဟုတ် ဆီထဲထည့်မယ့် အစာထဲက ရေဓာတ်တွေ ဆီနဲ့ ထိတွေ့တဲ့အခါ အပူကြောင့် ရေငွေ့အဖြစ်ချက်ချင်းဆိုသလိုပြောင်းသွားပြီး ရေငွေ့ဟာ ဆီသားအောက်ထဲတွင်ပိတ်မိခြင်းကြောင့် အမြှပ်ထလာခြင်း ဖြစ်ပါတယ်။ ဒီလို အမြှပ်ထလာတာဟာ ရေဓာတ်နဲ့ ဆီတို့ အပူအောက်မှာ တွေ့ဆုံတဲ့အခါ ဖြစ်လေ့ရှိတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့်
👉 ရေဓာတ်အများအပြားပါဝင်တဲ့ သို့မဟုတ် ရေမစင်သေးတဲ့ ဟင်းသီးဟင်းရွက်များ
👉 သားငါး ကြော်ရာတွင် ကပ်သည့်ဂျုံမှုန့်များ အရမ်းများနေခြင်း/ ရုပ်တရက် အများကြီး ဆီအိုးထဲတစ်ခါထဲလောင်းထည့်လိုက်ခြင်း ကလည်း ဆီသားတင်းမာမှုကို လျော့နည်းစေပြီး အမြှုပ်ထလွယ်စေပါတယ်။
👉 ချက်ပြုတ်တဲ့အိုးထဲမှာ ရေစက် သို့မဟုတ် ဆပ်ပြာများ ကျန်နေခြင်း တွေကြောင့် ဆီအမြှပ် ပိုမို ဖြစ်ပေါ်နိုင်ပါတယ်။
👉 ဒါ့အပြင် သေချာစွာ သန့်စင်ခြင်း မပြုလုပ်ထားတဲ့ အမှုန်အမွှားများတဲ့ စားသုံးဆီတွေဟာလည်း အမြှုပ်တွယ်ကပ်ရလွယ်ကူစေရန် အနေအထားကို ဖန်တီးပေးချင်းကြောင့် ဆီအမြှပ်ထလွယ်တာမျိုးဖြစ်နိုင်ပါတယ်။

ဒါကြောင့် အိမ်ရှင်မတို့ရေ… ဆီအမြှပ်ထလာတာကို တွေ့ရရင် ဒီအချက်အလက်လေးတွေနဲ့ စမ်းစစ်ရင်း ဆီအမြှုပ်ထမှုကိုလျော့နည်းစေလို့ရပါတယ်။

ဆီအမြှပ်ထလာရင် ဘာတွေ လုပ်သင့်လဲဆိုတော့

✔️ မီးအားကို ခဏလျော့ပါ (သို့) ခဏပိတ်ပါ
✔️ အစာတွေကို ဆီထည့်မီ သေချာ ခြောက်အောင်ထားပါ
✔️ ဟင်းသီးဟင်းရွက်တွေကို ဆေးပြီးရင် ရေစင်အောင် စစ်ပါ
✔️ ဒယ်အိုး၊ အိုးထဲမှာ ရေစက်/ဆပ်ပြာ မကျန်အောင် သေချာသုတ်ပါ

ဒီလို လုပ်ပေးလိုက်ရင် ဆီအမြှပ်လည်း လျော့သွားပြီး ပိုပြီး လုံခြုံစွာ ချက်ပြုတ်နိုင်ပါပြီခင်ဗျာ။

#အမေထွားပဲဆီသန့် #ဆီအမြှပ်ထခြင်း #မြေပဲဆီသန့်

အစာဟာဆေး၊ ဆေးဟာအစာဖြစ်ဖို့😉နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိတာကြေ...
03/01/2026

အစာဟာဆေး၊ ဆေးဟာအစာဖြစ်ဖို့😉

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အစားအသောက်ရွေးချယ်ရာမှာ အရည်အသွေးက အရေးကြီးဆုံးအချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားအစာကို ဆေးဖြစ်စေဖို့ဆိုရင် ပါဝင်ပစ္စည်းတိုင်းကို သေချာစွာ စိစစ်ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးကို ဦးစားပေးထားတဲ့ ဟင်းပွဲတစ်ပွဲအတွက် အရည်အသွေးကောင်းမွန်ပြီး သန့်စင်မှုစနစ်ကောင်းတဲ့ မြေပဲဆီသန့်ကို ရွေးချယ်ခြင်းက အစာကို ဆေးဖြစ်စေတဲ့ အရေးပါတဲ့ အဆင့်တစ်ခုပါပဲ။ ကောင်းမွန်တဲ့ ကုန်ကြမ်းရွေးချယ်မှု၊ သန့်ရှင်းစွာ ထုတ်လုပ်မှုနဲ့ နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းများနှင့် ကိုက်ညီခြင်းတွေကြောင့် အမေထွားပဲဆီသန့်ဟာ နှစ်ပေါင်း (၂၀) ကျော် မိတ်ဆွေတို့ရဲ့ ယုံကြည်မှုကိုရရှိထားပြီပဲဖြစ်ပါတယ်။

မိသားစုရဲ့ ရေရှည်ကျန်းမာရေးအတွက် အစားအစာကို ဆေးဖြစ်စေမယ့် အရည်အသွေးကောင်းတဲ့ အစားအစာ ရွေးချယ်မှုကို ယနေ့ကစပြီး စတင်လိုက်ပါခင်ဗျာ။
#အမေထွားပဲဆီသန့် #အရည်အသွေး #မြေပဲဆီသန့်

📣 အလုပ်ကြေညာစာအမေထွားပဲဆီသန့်ကုမ္ပဏီ၏ မကွေးရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများ ခေါ်ယူလိုပါတယ်ခင်ဗျာ။ ခ...
27/12/2025

📣 အလုပ်ကြေညာစာ

အမေထွားပဲဆီသန့်ကုမ္ပဏီ၏ မကွေးရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါရာထူးများ ခေါ်ယူလိုပါတယ်ခင်ဗျာ။

ခေါ်ယူနေသော အလုပ်အကိုင်များ
💁‍♀️ Cash Accountant (Female) တစ်ဦး
💁‍♂️ Inventory Accountant (Male) တစ်ဦး

📍လိုအပ်သော အရည်အချင်းများ

• တက္ကသိုလ်ဘွဲ့ရရှိပြီးသူဖြစ်ရမည် ( Any Graduate)။
• LCCI Level II အောင်မြင်ပြီးသူ ဖြစ်ရမည်။
• Computer – Excel, Word ကျွမ်းကျင်သူ , Email အသုံးပြုနိုင်သူဖြစ်ရမည်။
• လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂)နှစ်ထက် ရှိသူဖြစ်ရမည် (အတွေ့အကြုံရှိသူကို ဉီးစားပေးပါမည်)။
• လူမှုဆက်ဆံရေးကောင်းမွန်သူ၊ အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင် လိုစိတ်ရှိသူဖြစ်ရမည်။

“CV Form ပိတ်ရက် - 10 Jan 2026”

အလုပ်စတင်လုပ်ကိုင်ရန်နေ့ရက် - 15 Jan 2026
နေရာ - အမှတ်(84)၊အောင်စေတနာ-B (1)လမ်း၊ အမေထွားရုံးခန်း၊မကွေးမြို့
Email - [email protected]
Ph - 09-408788877 ,09-885723376
CV Form ကို လူကိုယ်တိုင်ဖြစ်စေ၊ Email (သို့မဟုတ်)Viber ဖြင့် ဖြစ်စေ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။
#အလုပ်အကိုင် #မကွေး #အမေထွားပဲဆီသန့်

ဘာပဲ ဆမ်းစားစား အရသာ ပိုထူးစေမယ့် အမေထွားပဲဆီသန့် 🍛မနက်ခင်း ထမင်းဆီဆမ်းကနေ ညစာအထိ မိသားစု အတူတူ စားသောက်တဲ့ ဟင်းပွဲတိုင်...
11/11/2025

ဘာပဲ ဆမ်းစားစား အရသာ ပိုထူးစေမယ့် အမေထွားပဲဆီသန့် 🍛

မနက်ခင်း ထမင်းဆီဆမ်းကနေ ညစာအထိ မိသားစု အတူတူ စားသောက်တဲ့ ဟင်းပွဲတိုင်း… အရသာ ကောင်းမွန်ဖို့ကတော့ အမေထွားပဲဆီသန့်ပါပဲ။

အရည်အသွေးကောင်းမွန်တဲ့ မြေပဲဆံကို ရေသန့်ရေနွေးငွေ့နဲ့ သေချာ‌ပေါင်းပြီး ကြိတ်တဲ့အပြင် ပဲဆီသန့်ရဖို့ အဆင့်ဆင့် သန့်စင်ထားတာမို့ ဘာပဲ ဆမ်းစားစား မြေပဲဆီသန့် အရသာကို ခံစားမိတာပဲပေါ့။ ဒါကြောင့်လည်း အိမ်ရှင်မတွေရဲ့ ယုံကြည်မှုနဲ့ ထမင်းစားပွဲတွေမှာ နေရာယူခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ကြာပြီပဲဖြစ်ပါတယ်။

အမေထွားပဲဆီသန့် မှာယူလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်😇

ရန်ကုန် – 09 5107965, 01 687889, 01 685804

မန္တလေး – 09 955611102, 09 259289606

မကွေး – 09 408788877, 09259289605

#အမေထွားမြေပဲဆီသန့်

မေ့မရနိုင်တဲ့ မေမေ့ လက်ရာ🍛ဘာလို့ ကျွန်တော်တို့ဟာ မေမေ ပြင်ဆင်ပေးတဲ့ ဟင်းပွဲတွေကို ဘာလို့ မေ့လို့မရတာပါလဲ။ အကြောင်းကတော့ ...
22/10/2025

မေ့မရနိုင်တဲ့ မေမေ့ လက်ရာ🍛

ဘာလို့ ကျွန်တော်တို့ဟာ မေမေ ပြင်ဆင်ပေးတဲ့ ဟင်းပွဲတွေကို ဘာလို့ မေ့လို့မရတာပါလဲ။ အကြောင်းကတော့ မေမေတို့က မိသားစုအတွက် အကောင်းဆုံးအရာတွေကို မေတ္တာနဲ့ စေတနာအပြည့်နဲ့ ချက်ပြုတ်ပေးနေကြလို့ပဲမဟုတ်ပါလားခင်ဗျာ😇

မေမေမေတို့ရဲ့ လက်ရာဟင်းလျာတွေက ကျွန်တော်တို့ ကြီးပြင်းလာတဲ့ အမှတ်တရတွေ၊ အတူဖြတ်သန်းခဲ့တဲ့ နွေးထွေးမှုနဲ့ မိသားစုအချိန်တွေကို အမြဲ ပြန်လည်သတိရစေပါတယ်။ ဟင်းလျာတိုင်းဟာ ကျွန်တော်တို့အတွက် အမြဲတမ်း အမှတ်ရစရာ အောက်မေ့စရာပါပဲ။

မေမေ့ လက်ရာ အကြိုက်ဆုံး ဟင်းလျာလေးတွေကိုလည်း ဝေမျှပြီး အမှတ်တရတွေ လည်း ပြောပြခဲ့ပါဦးခင်ဗျာ။
#မေမေ့လက်ရာ #မေတ္တာနဲ့အရသာ #နွေးထွေးမှု #အမေထွားပဲဆီသန့်

ကျေးဇူးရှင်မိခင်ကြီး အမေထွားကို အောက်မေ့လျက် နှစ် (၁၀၀) ပြည့်မွေးနေ့ အလှူတော်😇မြန်မာအလေ့အရ ကျေးဇူးတရားသိတတ်ခြင်းကို ပြသလ...
12/10/2025

ကျေးဇူးရှင်မိခင်ကြီး အမေထွားကို အောက်မေ့လျက် နှစ် (၁၀၀) ပြည့်မွေးနေ့ အလှူတော်😇

မြန်မာအလေ့အရ ကျေးဇူးတရားသိတတ်ခြင်းကို ပြသလေ့ရှိတဲ့ သီတင်းကျွတ်ကာလမှာ ကျွန်တော်တို့ အားလုံးရဲ့ အနွေးထွေးဆုံးသော မိခင် အမေထွားကို အထူးတလည် သတိရမိပါတယ်။ အမေ့ရဲ့ မေတ္တာအလင်းဟာ ဘယ်တော့မှ မှေးမှိန်မသွားပါဘူး။ ကျွန်တော်တို့ရဲ့ တည်ထောင်သူ ဦး‌ဌေးအောင်မှ မိခင်ကြီး‌‌ နှစ် (၁၀၀) ပြည့်မွေးနေ့ သီတင်းကျွတ်လပြည့်ကျော် (၆) ရက်နေ့မှာ အမြဲတမ်း ပေးကမ်းလိုစိတ် ပြည့်ဝတဲ့ အမေဖြစ်သူ ရဲ့ မေတ္တာဓာတ်ကို လက်ဆင့်ကမ်းတဲ့အနေနဲ့ သီတင်းကျွတ်ကာလအတွင်းမှာ မကွေးမြို့ရှိ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ကျောင်းများမှ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်များအတွက် နေ့လည်စာအပါအဝင် အခြားလှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။

ကျွန်တော်တို့ အမေထွားပဲဆီသန့်ဟာ မိခင်မေတ္တာဖြင့် စားသုံးသူများအားလုံး အရည်အသွေးပြည့်ဝတဲ့ စားသုံးဆီကို ဖြန့်ဝေခဲ့တာလည်း နှစ်ပေါင်း (၂၀) ကျော်ကြာခဲ့ပြီး “အမေထွား” အမည်အစတည် တန်ဖိုးကြီးမားသည့် ဂုဏ်ယူစရာအမှတ်တရ တစ်ခုအဖြစ် အမြဲတမ်း သတိရနေမှာပဲ ဖြစ်ပါတယ်။
#အမေထွားမြေပဲဆီသန့် #သီတင်းကျွတ် #မိခင်မေတ္တာ #နှစ်တစ်ရာပြည့်မွေးနေ့ #နွေးထွေးမှု

သီတင်းကျွတ်လပြည့်နေ့လေးဟာ မိဘ၊ ဘိုးဘွား ရိုသေထိုက်သူတွေကို ကန်တော့ကြရင်း ဆုတောင်းပေးကြကာ ကြည်နူးနွေးထွေးမှုတွေ မျှဝေကြတဲ...
06/10/2025

သီတင်းကျွတ်လပြည့်နေ့လေးဟာ မိဘ၊ ဘိုးဘွား ရိုသေထိုက်သူတွေကို ကန်တော့ကြရင်း ဆုတောင်းပေးကြကာ ကြည်နူးနွေးထွေးမှုတွေ မျှဝေကြတဲ့ နေ့ကောင်းနေ့မြတ်လေးပဲ ဖြစ်ပါတယ်🍀

ဒီရက်မြတ် အချိန်အခါလေးမှာ အားလုံးပဲ လိုအင်ဆန္ဒပြည့်ဝကြပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ😇
#သီတင်းကျွတ် #နွေးထွေးမှု #ဆုတောင်း #စေတနာထားတာအမေထွားပါ

သီတင်းကျွတ်ချိန်ခါ ဂါရဝပြုစရာ 😇သီတင်းကျွတ်ဆိုတာကတော့ မိဘ၊ ဆရာ၊ သက်ဝါကြီးသူများ ကို ကျေးဇူးတရားပြသပြီး ဂါရဝပြုတဲ့ အချိန်အ...
30/09/2025

သီတင်းကျွတ်ချိန်ခါ ဂါရဝပြုစရာ 😇

သီတင်းကျွတ်ဆိုတာကတော့ မိဘ၊ ဆရာ၊ သက်ဝါကြီးသူများ ကို ကျေးဇူးတရားပြသပြီး ဂါရဝပြုတဲ့ အချိန်အခါဖြစ်သလို မိသားစုချင်း အပြန်အလှန်ဂရုစိုက်မှုကို ပြသနိုင်တဲ့ ကြည်နူးစရာ အချိန်အခါလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ချစ်ခင်ရသူများ၊ မိသားစုဝင်များ အားလုံးအတွက် အစားအသောက်ကအစ ကျန်းမာရေးအတွက် ကောင်းမွန်ဖို့ ဆောင်ရွက်ပေးခြင်းကလည်း ကိုယ့်ရဲ့ ဂရုစိုက်မှုနဲ့ မေတ္တာကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ နည်းလမ်းတစ်ခုမို့ သီတင်းကျွတ်ချိန်ခါ ဂါရဝပြုစရာ အမေထွားပဲဆီသန့်ကို သတိရလိုက်ပါခင်ဗျာ။

#ဂါရဝပြုစရာ #မေတ္တာနဲ့ဂရုစိုက်မှု #သီတင်းကျွတ် #နွေးထွေးမှု

Address

Mya Taung Wun Gyi U Mho
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

959 5107965

Alerts

Be the first to know and let us send you an email when Ah May Htwar Peanut Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ah May Htwar Peanut Oil:

Share