Shwe Mate Thit

Shwe Mate Thit “uPVC” နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ “ရွှေမိတ်သစ်” ကိုသာ သတိရလိုက်ပါ။ 💛
(5)

"ရွှေမိတ်သစ်" ဟာဆိုရင်...
▪ ကိုယ်ပိုင်နည်းပညာများ၊ ကိုယ်ပိုင်စက်ကိရိယာများ၊ ကျွမ်းကျင်ပညာရှင်များစွာဖြင့် ဖွဲ့စည်းထားသော UPVC စက်ရုံဖြစ်ပြီး မြို့ပေါင်း (၄၆) မြို့နယ်မှ ဆိုင်ပေါင်း (၁၀၅) ဆိုင်အထိ ဝယ်ယူအားပေးမှုကို ရရှိထားတဲ့ စက်ရုံဖြစ်ပါတယ်။
▪ပစ္စည်း Quality အာမခံတဲ့အပြင် တပ်ဆင်ပေးထားတဲ့ ပြတင်းတံခါးများ (၃) နှစ်အတွင်း မိုးရေယိုစိမ့်ခဲ့ရင်လည်း အခမဲ့** ပြန်လည်ပြုပြင်ပေးတဲ့ အထူး service ရှိပါတယ်။
▪ဒ

ီဇိုင်းပိုင်းမှာဆိုရင်လည်း မိတ်ဆွေတို့လိုချင်တဲ့ ဒီဇိုင်းကိုသာ ပြောလိုက်ပါ၊ ခေါက်တံခါး၊ ဂုန်းကွေးတွေလိုမျိုး ခက်ခဲတဲ့ဒီဇိုင်းတွေကိုတောင်မှ တိကျမှန်ကန်ခိုင်ခံ့စွာ ထုတ်လုပ်ပေးနိုင်ပါတယ်။
▪ဘယ်လိုဒီဇိုင်းမျိုးကို အသုံးပြုသင့်လဲမသိသေးသူများရှိရင်လည်း အခန်းဖွဲ့နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို တိုင်ပင်ဆွေးနွေးပေးပါတယ်။
▪ ရာသီဥတုဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေအတွက်လည်း မပူပါနဲ့၊ ရာသီဥတုဒဏ်ကို အနှစ်(၃၀) ခံနိုင်ရည်ရှိသော UPVC ကုန်ကြမ်းများကိုသာ အဓိက ဦးစားပေး အသုံးပြုပေးပါတယ်နော်။

ဒါတင်မက...
📌📌 လက်ကားပြန်ယူလိုသော အိမ်ဆောက်ပစ္စည်းဆိုင်များအတွက်လည်း သီးသန့်စျေးနှုန်းဖြင့်ရောင်းချပေးပါတယ်။
"ရွှေမိတ်သစ်"စက်ရုံထံမှ ဝယ်ယူထားသော ပြတင်းတံခါးများကို ရောင်းမကုန်ခဲ့ရင်လည်း ငွေအပြည့်ပြန်အမ်းပြီးဝယ်ပေးတာမို့ အရှုံးမရှိ အမြတ်သာတိုးမယ့် "ရွှေမိတ်သစ်" နဲ့ လက်တွဲလိုပါက မနှေးအမြန်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

ဒါကြောင့်မို့ ပူပင်စရာတွေများတဲ့ လောကကြီးမှာ ပူပင်စရာမလိုတာကတော့ "ရွှေမိတ်သစ်" ကနေမှာတဲ့ ပစ္စည်း Quality ပါပဲခင်ဗျာ။💁

💛 ဥပုသ်နေ့ အလုပ်ပိတ်ရက် အသိပေးကြေညာခြင်း 💛မင်္ဂလာပါရှင် 💛မနက်ဖြန် (၆ - ၈ - ၂၀၂၆) ရက်နေ့သည် မြင့်မြတ်လှသော "ဥပုသ်နေ့" ကျရ...
05/08/2026

💛 ဥပုသ်နေ့ အလုပ်ပိတ်ရက် အသိပေးကြေညာခြင်း 💛

မင်္ဂလာပါရှင် 💛
မနက်ဖြန် (၆ - ၈ - ၂၀၂၆) ရက်နေ့သည် မြင့်မြတ်လှသော "ဥပုသ်နေ့" ကျရောက်သောနေ့ ဖြစ်ပါသောကြောင့် “ရွှေမိတ်သစ်” စက်ရုံ (၁) ရက်ပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါတယ်ရှင့် 💛🙏

(၇ - ၈ - ၂၀၂၆) ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ပါတယ်ရှင့် 💛✨

ချစ်ခင်ရပါသော လူကြီးမင်းတို့အားလုံးလည်း ဥပုသ်နေ့ အခါသမယမှာ တရားဘာဝနာများ ပွားများအားထုတ်ရင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း "ရွှေမိတ်သစ်" မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 💛🙏✨

#ဥပုသ်နေ့ #အလုပ်ပိတ်ရက်အသိပေးခြင်း #ရွှေမိတ်သစ် ်ရုံကြီး #ရွှေမိတ်သစ်သန်လျှင် ်လျှင်

ကျွန်မတို့ရဲ့ “ရွှေမိတ်သစ်” သူဌေးအလုပ် လုပ်ပုံ... ✨လုပ်သက်နဲ့ညီတဲ့ bonus ပေးရတာနဲ့ အားမရလို့တဲ့ရှင့်... 🥺💖 တစ်နှစ်တာမှာ ...
05/08/2026

ကျွန်မတို့ရဲ့ “ရွှေမိတ်သစ်” သူဌေးအလုပ် လုပ်ပုံ... ✨

လုပ်သက်နဲ့ညီတဲ့ bonus ပေးရတာနဲ့ အားမရလို့တဲ့ရှင့်... 🥺💖

တစ်နှစ်တာမှာ ——

✨ အလုပ်ဆင်းရက် အများဆုံးဆု
⏱️ အချိန်ပို အများဆုံးဆင်းတဲ့ဆု
📜 စည်းကမ်း အကောင်းဆုံးဆု
❤️ အဖွဲ့လိုက်ပူပေါင်းလုပ်ဆောင်မှူ့အကောင်းဆုံးဆု
🪟 ပြတင်းလက်ရာ သေသပ်စွားထုပ်လုပ်နိုင်ဆုံးဆု
💼 အလုပ်ကို အချစ်ဆုံးဆု
⏰ အလုပ်ချိန် အမှန်ဆုံးဆု
🥰 Customers အချစ်ဆု

ဆိုပြီး ထပ်ပေးတဲ့အပြင် "သူဌေးအချစ်ဆုံးဆု" ဆိုပြီး လူတိုင်းနီးပါး ဆုရအောင် ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး နှစ်ပက်လည်ပွဲကြီးမှာ ပေးခဲ့ပါတယ်ရှင့် … 🎁🎉

ဆုရတဲ့ အကိုတွေ အမတွေ အတွက်လဲ ဂုဏ်ယူပါတယ်ရှင်… 👏🏻

အခုနှစ် နှစ်ပတ်လည်ပွဲက အရင်နှစ်တွေကထက် အများကြီး ပိုပျော်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်... 🥳✨

နောင်နှစ်မှာ အခုထက် ပိုပျော်စရာကောင်းတဲ့ ပွဲကြီး ကျင်းပနိုင်ဖို့ အခုကတည်းက ပိုပြီး ကြိုးစားကြရအောင်နော်... အားလုံး Fighting ပါရှင့်!💪🏻💖🌟

#ရွှေမိတ်သစ်


"ရွှေမိတ်သစ်" မိသားစုဝင်တွေအတွက် လစဉ်ကျင်းပပေးနေကျ မွေးနေ့ပွဲလေးကို ဒီတစ်ခါမှာတော့ အရင်လတွေနဲ့ မတူဘဲ “ရွှေမိတ်သစ်” (၈) န...
31/07/2026

"ရွှေမိတ်သစ်" မိသားစုဝင်တွေအတွက် လစဉ်ကျင်းပပေးနေကျ မွေးနေ့ပွဲလေးကို ဒီတစ်ခါမှာတော့ အရင်လတွေနဲ့ မတူဘဲ “ရွှေမိတ်သစ်” (၈) နှစ်ပြည့် နှစ်ပတ်လည်ပွဲကြီးမှာ July လရဲ့ မွေးနေ့ရှင် မိသားစုဝင် (၃) ဦး နှင့်အတူ ဝိုင်းဖွဲ့ကာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်ရှင် 🎂🥳💛

မွေးနေ့ရှင်တွေ နဲ့ အတူ အားလုံး အပျော်တွေပွားစေဖို့ အတွက် MD ကနေ မွေးနေ့လက်ဆောင်တွေအပြင် ကံစမ်းမဲအနေနဲ့ မုန့်ဖိုး (၁၅၀,၀၀၀) ကျပ်လေးတွေပါ မဲဖောက်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင် 💛🙏✨

ဝန်ထမ်းတိုင်းကို မိသားစုလို သဘောထားပြီး အတူတူကြိုးစားနေကြတဲ့ "ရွှေမိတ်သစ်" က မောင်လေး၊ ညီမလေးတွေအတွက် တစ်နှစ်မှတစ်ခါ ကြုံရတဲ့ မွေးနေ့အခိုက်အတန့်လေးတွေကို အမှတ်တရဖြစ်အောင် လစဉ်မပြတ် ကျင်းပပေးနေပါတယ်ရှင် 💛✨🙆‍♀️

အခုတစ်ခေါက်မှာတော့ “ရွှေမိတ်သစ်” မိသားစုများ အတူတကွ ကြက်သားအာလူးချက်နဲ့ အချဉ်ရည်ဟင်းတို့ ချက်စားဖြစ်ကြပါတယ်ရှင် 😋🍲✨

#ရွှေမိတ်သစ် #ရွှေမိတ်သစ်လစဉ်မွေးနေ့ #ဇူလိုင်လမွေးနေ့ပွဲ

29/07/2026

Shwe Mate Thit 8th Year Anniversary & Annual Staff Party 🎉👏🏻

💛 ဝါဆိုလပြည့်နေ့ အလုပ်ပိတ်ရက် အသိပေးခြင်းနှင့် ဆုတောင်းလွှာ 💛မနက်ဖြန် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်) မှာ ကျရောက်မယ့် မွန...
28/07/2026

💛 ဝါဆိုလပြည့်နေ့ အလုပ်ပိတ်ရက် အသိပေးခြင်းနှင့် ဆုတောင်းလွှာ 💛

မနက်ဖြန် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်) မှာ ကျရောက်မယ့် မွန်မြတ်လှတဲ့ "ဒုတိယ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)" အခါသမယမှာ ဝန်ထမ်းများနှင့်တကွ ချစ်ခင်ရပါသော လူကြီးမင်းတို့အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ရှေးဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 💛

ဝါဆိုလပြည့်နေ့ အခါတော်နေ့ မြင့်မြတ်သည့် အချိန်အခါမှာ မိသားစုများနှင့်အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ကျွန်မတို့ “ရွှေမိတ်သစ်” စက်ရုံကို မနက်ဖြန် (ဇူလိုင်လ ၂၉) ရက် တစ်ရက် အလုပ်ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့် 💛

(ဇူလိုင်လ ၃၀) ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးသွားမှာဖြစ်ပါတယ်ရှင့် 💛

ချစ်ခင်ရပါသော လူကြီးမင်းတို့အားလုံးလည်း မနက်ဖြန် ဝါဆိုလပြည့်နေ့မှာ တရားဘာဝနာများ ပွားများ၊ ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း အေးချမ်းသာယာမှုများ ရရှိကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ရှင့်💛✨

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ #အလုပ်ပိတ်ရက်အသိပေးခြင်း ်လျှင် ်လီလက်ကား #ရွှေမိတ်သစ်သန်လျှင် ်ရုံကြီး #ရွှေမိတ်သစ်

တစ်နှစ်တစ်ကြိမ် ကျင်းပနေကျ ဝန်ထမ်းဂုဏ်ပြုပွဲ 🥳✨လွန်ခဲ့တဲ့ ၈ နှစ်က လူနေကျဲတဲ့ ချောင်ကျကျ ရပ်ကွက်ထဲမှာ ဝန်ထမ်း အနည်းငယ်နဲ့...
24/07/2026

တစ်နှစ်တစ်ကြိမ် ကျင်းပနေကျ ဝန်ထမ်းဂုဏ်ပြုပွဲ 🥳✨

လွန်ခဲ့တဲ့ ၈ နှစ်က လူနေကျဲတဲ့ ချောင်ကျကျ ရပ်ကွက်ထဲမှာ ဝန်ထမ်း အနည်းငယ်နဲ့ စတင်ခဲ့တဲ့ ကျွန်မတို့ရဲ့ “ရွှေမိတ်သစ်” UPVC လုပ်ငန်းလေးကနေ အခုလို customers တွေရဲ့ ယုံကြည်မှုအားကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာဖို့ဆိုတာ

ကျွန်မ တို့ Founder တစ်ဦးထဲ တော်ခဲ့လို့ မဟုတ်ပါဘူးရှင့် 💖

ကျွန်မ အားကိုးရတဲ့ ချစ်စရာ မမ ချောချောလေးတွေက လူသိများအောင် ပြောဆိုတတ်လို့ 👩🏻‍💼👩🏻‍💼

ထုတ်လုပ်ရေး အကိုမောင် တွေကလည်း အမြန်ဆုံးနဲ့ အကောင်းဆုံး လက်ရာတွေကိုပဲ ထုတ်လုပ်ပေးလို့ 🧑🏻‍💼🧑🏻‍💼🛠️

ဒီလိုပဲ delivery ကလည်း အချိန်နဲ့တစ်ပြေးညီ ပို့ပေးနိုင်လို့ 🚚💨

installation အဖွဲ့ကလည်း အကောင်းဆုံး အသေသပ်ဆုံးလေးတွေ တပ်ဆင်ပေးနေလို့ 👷🏻‍♂️🔧

QC အဖွဲ့ကလည်း အမှားအနည်းဆုံးဖြစ်အောင် သေချာ စိစစ်ပေးနိုင်လို့ 🔍✅

လုပ်ငန်းအပိုင်း အသီးသီးကို ရှေ့ကနေ စနစ်တကျ တာဝန်ယူ ဦးဆောင်ပေးကြတဲ့ ဌာန အသီးသီး က ခေါင်းဆောင် ကြီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဦးဆောင်မှုတွေကြောင့် 👨🏻‍💼👩🏻‍💼🌟

အခုလိုမျိုး customers ယုံကြည်မှုအားကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်ရတာပါရှင့် 🥰

အဲဒါကြောင့် ဝန်ထမ်းတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်သက်အလိုက် —

တနှစ်ပြည့်သူ တစ်လစာ 💵
နှစ်နှစ်ပြည့်သူ နှစ်လစာ 💵💵
သုံးနှစ်ပြည့်သူ သုံးလစာ 💵💵💵
လေးနှစ်ပြည့်သူ လေးလစာ 💵💵💵💵 ……

အဲလို လုပ်သက်နဲ့အလိုက် Bonus ဆုကြေးအဖြစ် နှစ်စဉ် ဂုဏ်ပြုကျေးဇူးဆပ်ပွဲလေး ကျင်းပပေးဖြစ်ပါတယ်ရှင့် ✨🎁

ငွေကြေး အရင်းအနှီး ဘယ်လောက်များများ ဝန်ထမ်းကောင်းတွေ မရှိရင် လုပ်ငန်းကောင်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူးရှင့် 💯

ဝန်ထမ်းကောင်းတွေ ဖြစ်ဖို့ဆိုတာကလည်း အလုပ်ရှင်က ကောင်းပေးနိုင်မှ ဝန်ထမ်းကောင်းတွေအဖြစ် မွေးဖွားလာကြမှာပါ 🤝❤️

အဲဒါကြောင့် အကောင်းဆုံး လုပ်ငန်းရှင် မဖြစ်သေးလည်း အဆိုးဆုံး လုပ်ငန်းရှင်တွေထဲ မပါဖို့ 🌟

ညီကို မောင်နှမ တွေနဲ့ စုစည်းထားတဲ့ မိသားစုလိုမျိုး ဖြစ်လာဖို့ 👨‍👩‍👧‍👦💖

အခုထက်မက Bonus တွေ ပေးနိုင်ရမယ်၊ အခုထက် ပျော်စရာပွဲလေးတွေ စီစဉ်ပေးနိုင်ဖို့ အားလုံး တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကြိုးစားကြရပါဦးမယ်ရှင့် 🙌🔥

#ရွှေမိတ်သစ် ြတင်းပေါက်နှင့်တံခါးများ #ဝန်ထမ်းဂုဏ်ပြုပွဲ #နှစ်စဉ်ဘောနပ်စ်ပေးပွဲ #လုပ်ငန်းရှင်နှင့်ဝန်ထမ်း

Shwe Mate Thit 8th Year Anniversary & Annual Staff Party ဝန်ထမ်းများအတွက် Bonus & Award ပေးပွဲ အခန်းနားကြီး  ရဲ့ ပုံရိပ်...
21/07/2026

Shwe Mate Thit 8th Year Anniversary & Annual Staff Party

ဝန်ထမ်းများအတွက် Bonus & Award ပေးပွဲ အခန်းနားကြီး ရဲ့ ပုံရိပ်များကိုမျှဝေပေးလိုက်ပါတယ်ရှင့်။ 🎉👏🏻🥳

ဒီနှစ်ရော ပျော်ခဲ့ကြရဲ့လားရှင့် 🥳🤗 comment မှာ ခံစားချက်လေးတွေမျှဝေပေးခဲ့ပါအုံးရှင့် 🥰




#အခန်းနားကြီး
#ရွှေမိတ်သစ်bonusနဲ့ဆုပေးပွဲအခန်းနားကြီး
#ရွှေမိတ်သစ်၈နှစ်ပြည့်
#ရွှေမိတ်သစ်နှစ်ပက်လည်ပွဲ

20/07/2026

မှန်အပြည့်နဲ့ လုပ်ပေးထားတဲ့ Two Door လေး 😍

✅ ဘုရားခန်းမှာပဲ သုံးမလား?
✅ ဧည့်ခန်းမှာပဲ သုံးမလား?
✅ ဝရန်တာမှာပဲ သုံးမလား?
✅ ရုံးခန်း၊ ဆေးခန်း၊ စာသင်ခန်း စတဲ့ နေရာတွေမှာ “Main Door” အနေနဲ့ပါ သုံးဖို့ အသင့်တော်ဆုံး “Two Door” တံခါးလေး။ 🚪✨

မှန်အပြည့်ပါလို့ အလင်းရောင် ကောင်းကောင်းဝင်ချင်တဲ့ နေရာတွေ နဲ့ အခန်းထဲကို ရှင်းရှင်းလင်းလင်း မြင်ချင်တဲ့ နေရာမျိုးတွေအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး တံခါးမျိုး ဖြစ်ပါတယ်ရှင့်။ 🥰

“ရွှေမိတ်သစ်” ဟာဆိုရင် ယခုဆို ၈ နှစ်တိုင်တိုင် ရပ်တည်ခဲ့ပြီး uPVC တံခါး၊ ပြတင်းပေါက်များကို ဝယ်ယူသူ သုံးဆွဲသူတို့ စိတ်တိုင်းကျ ပုံစံမျိုးစုံ၊ ဆိုဒ်မျိုးစုံ ထုတ်လုပ်ပေးနေတဲ့ uPVC တံခါး စက်ရုံကြီး ဖြစ်ပါတယ်ရှင်။ 🏭💯

ဒါ့အပြင် uPVC တံခါးတွေကို မြန်မာတစ်ပြည်လုံး အနှံ့ လက်လီ၊ လက္ကား ပို့ဆောင်ရောင်းချပေး ပြီး Construction ဆိုဒ်ကြီးများ နှင့် အတူ လက်တွဲ လုပ်ကိုင် နေသော စက်ရုံကြီးဖြစ်ပါတယ်ရှင်။ 🛠️✨

Upvc နဲ့ ပတ်သက်လို့ အခြားသိချင်တာရှိရင် အားမနာတမ်း comment မှာ မေးသွားနိုင်သလို chat box မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။ 🤗

◼◼◼◼◼◼◼◼◼

𝐒𝐡𝐰𝐞 𝐌𝐚𝐭𝐞 𝐓𝐡𝐢𝐭 𝐔𝐏𝐕𝐂 𝐒𝐚𝐥𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐅𝐚𝐜𝐭𝐨𝐫𝐲

☎️ 𝟎𝟗 𝟕𝟕 𝟓𝟓𝟗 𝟕𝟏𝟕𝟏
☎️ 𝟎𝟗 𝟕𝟕 𝟓𝟓𝟗 𝟕𝟏𝟏𝟕
📲 𝟎𝟗 𝟒𝟓 𝟏𝟏𝟏 𝟗𝟗𝟗 𝟐
📲 𝟎𝟗 𝟒𝟓 𝟏𝟏𝟏 𝟗𝟗𝟗 𝟑

⏰ ရုံးချိန် 𝟖:𝟎𝟎𝐚𝐦 - 𝟓:𝟎𝟎𝐩𝐦 အတွင်းသာ ဖုန်းခေါ်ဆိုပါ။

🏠 အမှတ် (၁၉) နဝရတ်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ အောင်ချမ်းသာ (၁)ရပ်ကွက်၊ သန်လျင်မြို့နယ်၊ ရန်ကုန်။

👉UPVC👈 နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ "ရွှေမိတ်သစ်" ကိုသာ သတိရလိုက်ပါ 💛

#ရွှေမိတ်သစ် ံခါး ံခါးတပ်ဆင်အပြီး #တံခါးတပ်ဆင် #စိတ်တိုင်းကျတံခါး ံခါး ်လီလက္ကား ်လျှင်
ြန်မာပြည့်အနှံ့ပို့ဆောင်ရေး

🌟 ရွှေမိတ်သစ် အတွက် ဝန်ထမ်းကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုတိုင်းတာလဲ 🤔ရိုးသား ကြိုးစားမယ် ……. ရိုင်းပင်းကူညီတတ်ရမယ် ...
18/07/2026

🌟 ရွှေမိတ်သစ် အတွက် ဝန်ထမ်းကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုတိုင်းတာလဲ 🤔

ရိုးသား ကြိုးစားမယ် …….
ရိုင်းပင်းကူညီတတ်ရမယ် …….
တာဝန်သိတတ်ရပါမယ် …….
အမှားကို ဝန်ခံရဲမယ် …….

အဲဒါလေး ပြည့်စုံရင် ဝန်ထမ်းကောင်းလို့ သတ်မှတ်လို့ရပါပြီ။ ✨

အခုဆိုရင် …….
ကျွန်တော့်ရဲ့ လုပ်ငန်းခွင်ထဲမှာ နှစ်ရှည်အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကောင်းတွေ အများကြီးရှိသလို ……. 👥

အလုပ်ထွက်သွားကြတဲ့ ဝန်ထမ်းကောင်းတွေလည်း အများကြီးရှိပါတယ်။ 👩‍💼

အလုပ်ထွက်သွားတဲ့ ဝန်ထမ်းကောင်း ဆိုတာ 🤔 👇

အလုပ်လုပ်နေစဉ်မှာ ဝန်ထမ်းကောင်းတွေရဲ့ ကျင့်ဝတ်နဲ့ ညီခဲ့ပြီး၊ အလုပ်ထွက်တဲ့အချိန်မှာ သူရဲ့ လုပ်လက်စ အလုပ်တွေကို စနစ်တကျ လွှဲပြောင်းပေးခဲ့တာ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို နှုတ်ဆက်သွားမယ် ဆိုရင် ပြည့်စုံပါပြီ။ 🥰

👩‍💼 ပထမဦးဆုံး သူမ နာမည်က "မြဥ္ဇူသိမ်း"

လုပ်သက်က (၇) လကျော်၊ လုပ်ငန်းခွင်အတွင်း အတော်လေး အသားကျနေသလို စာရင်းနှင့် စနစ်တွေကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့သူ။ သူရဲ့ အလုပ်က စာရင်းကိုင် (Accountant) ဆိုပေမဲ့ တခြား သူလုပ်နိုင်တာလေးတွေကိုလည်း အများနှင့်အတူ တက်ကြွစွာ ပါဝင်လုပ်ကိုင်ပေးတတ်သူ။ 📊 လုပ်ငန်းက အလုပ်ထွက်ခွာ အနားယူမယ့် အချိန်မှာလည်း တစ်လ ကြိုတင် နှုတ်ထွက်စာတင်ပြီး အရေးကြီးတဲ့ လုပ်လက်စ စာရင်းအားလုံးကို သေချာ စနစ်တကျ လွှဲပြောင်းပေးသွားတာမို့ တာဝန်ကျေပွန်တဲ့ ဝန်ထမ်းကောင်းအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ⭐️

👩‍💼 ဒုတိယ သူမ နာမည်က "ပြည့်ပြည့် (ခ) တင်ဇာဝင်းပြည့်"

လုပ်သက် သုံးနှစ်ဝန်းကျင်၊ နာမည်နဲ့လိုက်အောင် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်စရာကောင်းတဲ့သူ။ 💖 အရွယ်နဲ့မလိုက်အောင် တက်ကြွပြီး Customer တွေရဲ့ ချစ်ခြင်းမေတ္တာကို အများကြီး ရယူနိုင်တဲ့သူ။ တံခါး အကြောင်းအရာနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တာတွေ အားလုံးကို အိတ်သွန်ဖာမှောက် မခြွင်းမချန် အားပါးတရ ရှင်းပြတတ်တဲ့သူ။ 🚪✨ အမြဲတမ်း ပျော်ပျော်နေတတ်သူ၊ လုပ်ဖော်ကိုင်ဖက် ညီမလေးတွေအပေါ် ချစ်ခင်ပြီး သွန်သင်ဆုံးမပေးတတ်သူ။ အမကြီးအမိရာ ဆိုသလို အငယ်တွေအတွက် ဘာမဆို အနစ်နာခံတတ်သူ။ 🙏

အို…… သူ့အတွက် ချီးကျူးပြောကြားစရာတွေ ဒီထက်မက အများကြီးရှိတာမို့ စာလည်း ရှည်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲ အခု ၂၀၂၅ -၂၀၂၆ ခုနှစ်အတွင်း အလုပ်ထွက်သွားသော ဝန်ထမ်းကောင်းအဖြစ် ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 💐

အလုပ်ပြောင်းသွားကြတဲ့ ဝန်ထမ်းတွေအားလုံး ကျွန်တော်တို့ "ရွှေမိတ်သစ်" ထက် အခွင့်အလမ်းတွေ ရရှိမယ့် အလုပ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ……. 🕊️✨

#ဝန်ထမ်းဟောင်း #ဝန်ထမ်းကာင်း #ရွှေမိတ်သစ်ဝန်ထမ်းကောင်း #အနှုတ်ထွက်ဝန်ထမ်းကောင်းအဖြစ်ဂုဏ်ပြုခြင်း #ရွှေမိတ်သစ်

11/07/2026

Customize UPVC တံခါး တစ်ချပ်က ဘယ်လိုမျိုးလဲ❓❓🤔

________________________________________________

UPVC နဲ့ ပက်သက် လို့ အသေး စိတ်မေးမြန်းလိုပါက ဖုန်းနံပတ် …

☎️ 𝟎𝟗 𝟕𝟕 𝟓𝟓𝟗 𝟕𝟏𝟕𝟏
☎️ 𝟎𝟗 𝟕𝟕 𝟓𝟓𝟗 𝟕𝟏𝟏𝟕
📲 𝟎𝟗 𝟒𝟓 𝟏𝟏𝟏 𝟗𝟗𝟗 𝟐
📲 𝟎𝟗 𝟒𝟓 𝟏𝟏𝟏 𝟗𝟗𝟗 𝟑

တို့ကို ရုံးချိန် 𝟖:𝟎𝟎𝐚𝐦 - 𝟓:𝟎𝟎𝐩𝐦 အတွင်း ခေါ်ဆိုမေးမြန်းနိုင်သလို…

လူတွေ့ မေးမြန်းတိုင်ပင်ချင်သူများအတွက်လဲ “ရွှေမိတ်သစ်” စက်ရုံ လိပ်စာ …

🏠 အမှတ် (၁၉) နဝရတ်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ အောင်ချမ်းသာ (၁)ရပ်ကွက်၊ သန်လျင်မြို့နယ်၊ ရန်ကုန်။

ကိုလာရောက် မေးမြန်းတိုင်ပင်နိုင်ပါတယ်ရှင်🤝🏻

👉UPVC👈 နဲ့ ပတ်သက်ရင် ဘယ်လိုခက်ခဲတဲ့ ပုံစံမျိုးပဲလာလာ "ရွှေမိတ်သစ်" ကိုသာ သတိရလိုက်ပါ။ 💛

်လီလက်ကား #ရွှေမိတ်သစ်တံခါးစက်ရုံ #အိမ်ဆောက်ပစ္စည်းဆိုင် ံခါးလက်ကားဈေး ်လျင် #အိမ်တံခါးမကြီး ံခါး ံခါး ်လျှင် #အိမ်အဝင်တံခါး #အိမ်အဝင်တံခါးမကြီး

Address

အမှတ် (၁၉) နဝရတ်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ အောင်ချမ်းသာ (၁)ရပ်ကွက်၊ သန်လျင်မြို့နယ်၊
Yangon
11291

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959775597171

Alerts

Be the first to know and let us send you an email when Shwe Mate Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Mate Thit:

Shortcuts

Share