Together For Community - Myanmar

Together For Community - Myanmar The Together for Community's (TFC) purpose is to promote high quality local produce, value-added foo

ဘာလို့လဲဆိုတော့ အမျိုးသမီးတစ်ယောက်တိုင်း တစ်ယောက်တိုင်းဟာ ကြီးကြယ်ခမ်းနားတဲ့ ဂုဏ်ပြုပွဲနဲ့ ထိုက်တန်လို့ပါ 💖မိသားစုတစ်ခုတ...
27/02/2026

ဘာလို့လဲဆိုတော့ အမျိုးသမီးတစ်ယောက်တိုင်း တစ်ယောက်တိုင်းဟာ ကြီးကြယ်ခမ်းနားတဲ့ ဂုဏ်ပြုပွဲနဲ့ ထိုက်တန်လို့ပါ 💖

မိသားစုတစ်ခုတည်မြဲခိုင်မာနေဖို့အတွက်…
နောက်ကွယ်မှာ မောပန်းနေသော်လည်း အားမလျော့ဘဲ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်အမြဲရှိပါတယ်။

နေ့တိုင်း မိန်းမတွေဟာ မနက်မိုးမလင်းခင် နိုးထကြပါတယ်။
မနက်စာချက်ပြုတ်ရပါတယ်။
ကလေးတွေကို ကျောင်းပို့ရပါတယ်။
အိမ်မှုကိစ္စတွေ စီမံခန့်ခွဲရပါတယ်။
ခင်ပွန်းကို ပံ့ပိုးရပါသေးတယ်။
မိဘအိုတွေကို စောင့်ရှောက်ရပါတယ်။
ဒါတင်မကတချို့က စီးပွားရေးလုပ်ငန်းတွေ ပြေးလွှားလုပ်ကိုင်နေကြရပါသေးတယ်။
စိတ်ဖိအားတွေကိုလည်း တိတ်တဆိတ် ခံယူနေကြရပါတယ်။

ခက်ခဲတဲ့နေ့ရက်တွေမှာတောင် ကျွန်မတို့ ပြုံးနိုင်တယ်။
မောပန်းနေလည်း ဆက်လက်ကြိုးစားနေတယ်။
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကား မကြားရလည်း ကိုယ်ရဲ့အကောင်းဆုံးကို ပေးဆောင်နေတုန်းပါပဲ။

ဒါကြောင့် ဒီ International Women’s Day မှာ
ခဏလေး ရပ်ပြီး ကိုယ့်အတွက် အချိန်ပေးလိုက်ကြရအောင်။

ပြီးပြည့်စုံနေလို့ မဟုတ်ဘူး…
စိတိဓါတ်ခိုင်မာနေလို့ပဲ ကိုယ့်ကိုယ်ကို ဂုဏ်ပြုရအောင်။

🌸 နေ့စဉ်လုပ်ရိုးလုပ်စဉ်ကနေ ခဏလေး ထွက်လာကြမယ်။
🌸 လှလှပပ ဝတ်ဆင်ကြမယ်။
🌸 စိတ်ဓါတ်ခွန်အားပေးမဲ့ အမျိုးသမီးများနဲ့ တွေ့ဆုံကြမယ်။
🌸 လူငယ် အမျိုးသမီးစီးပွားရေးရှင်များကို ပံ့ပိုးကြမယ်။
🌸 စိတ်ပါဝင်စားမှုနဲ့ ဖန်တီးထားတဲ့ Local Brand တွေကို ဝယ်ယူအားပေးကြမယ်။
🌸 ချိတ်ဆက်ဆွေးနွေးရင်း ရယ်မောရင်း ကိုယ့်ကိုယ်ကို ပြန်လည်အားဖြည့်ကြရအောင်။

ကိုယ့်ကိုယ်ကို ဂုဏ်ပြုဖို့ တစ်နေ့လောက် အချိန်ပေးလိုက်ပါ။
သင်ဟာဂုဏ်ပြုခံထိုက်ပါတယ်။

📅 13–14 March 2026
📍 Novotel Yangon Max

သူငယ်ချင်းတွေနဲ့ လာပါ။
ညီအစ်မတွေနဲ့ လာပါ။
မိမိကိုယ်တိုင်အဖြစ် လာပါ။

ဘာလို့လဲဆိုတော့
အမျိုးသမီးတစ်ယောက်တိုင်း တစ်ယောက်တိုင်းဟာ ကြီးကြယ်ခမ်းနားတဲ့ ဂုဏ်ပြုပွဲနဲ့ ထိုက်တန်လို့ပါ 💖



Behind every strong family…
there is a woman who is tired — but still trying.

Every day, women wake up early.
Preparing breakfast.
Sending kids to school.
Managing the house.
Supporting their husbands.
Caring for parents.
Running businesses.
Handling stress quietly.

Even on difficult days, we smile.
Even when we’re exhausted, we continue.
Even when no one says “thank you,” we still give our best.

That’s why this International Women’s Day,
let’s pause for a moment — for ourselves.

Let’s celebrate not because we are perfect…
but because we are strong.

🌸 Take a break from the routine.
🌸 Dress up.
🌸 Meet other inspiring women.
🌸 Support young women entrepreneurs.
🌸 Shop local brands made with passion.
🌸 Network, laugh, connect, and feel empowered again.

You deserve one day to congratulate yourself.
You deserve to be celebrated.

Join us at
Women in Business – Conference & Local Brand Bazaar 2026
📅 13–14 March 2026
📍 Novotel Yangon Max

Come with your friends.
Come with your sisters.
Come as YOU.

Because strong women deserve strong celebrations. 💖

မင်္ဂလာပါရှင့်🙏🙏ယခုလာမယ့် March လမှာကျရောက်မယ့် International Women Day ကို ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပပြုလုပ်တဲ့ Women In Bu...
25/02/2026

မင်္ဂလာပါရှင့်🙏🙏

ယခုလာမယ့် March လမှာကျရောက်မယ့် International Women Day ကို ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပပြုလုပ်တဲ့ Women In Business 2026:Let Her Bloom Conference and Bazzar ပွဲကြီးကို BCGE နဲ့ Austcham Myanmar တို့မှ Australian Embassy in Myanmar ရဲ့ပံ့ပိုးပေးမှု KBZ bank နှင့် Myanma Awba group အပါအဝင် ဉီးဆောင်ကုမ္ပဏီကြီးများ၏ ပံ့ပိုးပေးမှုနဲ့အတူ ပူးပေါင်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ (၂) ရက်တာကျင်းပမယ့် ဒီနှစ်ပွဲတော်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တွေကိုဆွေးနွေးမယ့် Workshop တွေအပြင် Novotel Yangon Max ရဲ့ Yangon Ballroom မှာ အမျိုးသမီးများဉီးဆောင်သော SMEs တွေကို ဉီးစားပေးတဲ့ ဈေးရောင်းပွဲတော်ကြီးလည်း ပါဝင်မှာဖြစ်ပါတယ်။ Conference နဲ့ ဈေးရောင်းပွဲတော်ကြီးကို 13 March နဲ့ 14 March (၂) ရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခန်းမအနောက်ဖက် Pathein Room မှာတော့ Panel Discussions နဲ့ Workshop Sessions တွေကို တပြိုင်ထဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ 13 March နဲ့ 14 March နှစ်ရက်တာ Public Event အနေနဲ့ကျင်းပပြုလုပ်သွားမယ့် ဈေးရောင်းပွဲတော်မှာ ပါဝင်ဖို့အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်။ ဈေးရောင်းပွဲတော်ရဲ့ Booth Areas လေးတွေအတွက် အခန်းငှားရမ်းခတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

🎪Zone A : 120,000 for 2 days
🎪Zone B : 70,000 for 2 days

Vendors for Bazzar:
6'3' စားပွဲ (၁)လုံး၊ ထိုင်ခုံ (၂)လုံး

အောက်ပါvendorsများကိုဖိတ်ခေါ်ပါတယ်ရှင့်

Food & Beverage
Gifts / Handicrafts / Fashion / Accessories
Beauty / Lifestyle
Sustainability-related Products

♥️ 12 March ညနေ ၅နာရီနောက်ပိုင်း လာရောက်ခင်းကျင်းလို့ရပါတယ်။ 14 March ည ၇နာရီ အပြီးသိမ်းပေးရပါမယ်ရှင့်။

စိတ်ဝင်စားရင် comment or cb မှာစာရင်းပေးနိုင်ပါတယ်ရှင့်
🙏

Women In Business 2026 ပွဲကြီးမှာ အားလုံးနဲ့ ဆုံတွေ့ချင်ပါတယ်။ စျေးလေးရောင်းရင်း Sector expects တွေရဲ့ sharing လေးတွေကို နားထောင်ရမှာဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးလေးပဲဖြစ်ပါတယ်။


13/02/2026

🧧 Wyndham Grand Yangon ကို အမြန်လေးလာကြပါရှင့် Wyndham Chinese New Year Bazaar မှာ လာရောက်သူတိုင်းကို ဗလာမပါကံစမ်းမဲ လက်ဆောင်တွေပေးသွားမှာဖြစ်ပါတယ် 🧧

🏮ဝင်ကြေးအခမဲ့

Wyndham Chinese New Year Bazaar အတွင်း ကံကောင်းမဲအစီအစဉ် ၃ မျိုး ဖြင့် ဧည့်သည်များကို ဆုလက်ဆောင်များ ပေးအပ်သွားပါမည်။

🧧(၁) Photo Booth Lucky Draw
Photo Booth တွင် ဓာတ်ပုံရိုက်ပြီး Wyndham Location မှာ Check-in ဝင်ကာ Hashtag ဖြင့် Facebook Post တင်ပါ။ ပါဝင်သူတိုင်း Lucky Draw ကံစမ်းခွင့်ရရှိမည်ဖြစ်ပြီး ဗလာမပါ ဆုလက်ဆောင် ရရှိမည်ဖြစ်ပါသည်။

🧧(၂) Golden Hour Lucky Draw
Event အတွင်း ကျပ် ၃၀,၀၀၀ ဖိုးနှင့်အထက် ဝယ်ယူပါက ဘောက်ချာကို ပြသပြီး Coupon Form ဖြည့်နိုင်ပါသည်။ ညနေ ၆ နာရီ တွင် ဖြည့်ထားသော Coupon များမှတစ်ဆင့် Lucky Draw ပြုလုပ်မည်ဖြစ်ပြီး နေ့စဉ် ဆု ၃ ခု ပေးအပ်ပါမည်။ ဆုများမှာ One Night Stay နှင့် Buffet Dinner ဖြစ်ပါသည်။
🏮မှတ်ချက်။ ဆုကြေငြာချိန်တွင်လူကိုယ်တိုင်ရှိနေရမည်ဖြစ်ပါသည်။

🧧(၃) Social Media Reaction Contest
Event နှင့်ပတ်သက်သော ကိုယ်တင်ထားသည့် Post တွင် Reaction အများဆုံး ရရှိသူများအား ဆုချီးမြှင့်မည်ဖြစ်ပါသည်။ Reaction များကို February 17 အထိ တွက်ချက်ပြီး February 18 တွင် Reaction အများဆုံး ရရှိသူ ၃ ယောက် ကို ကြေညာသွားပါမည်။

Date : Feb 13-14
Time : 11am-6pm
Location : Wyndham Grand Yangon

🧧Chinese new year Bazaar in Wyndham Grand Hotel🔶 Feb 13 & 14 Wyndham Grand Yangon Hotel မှာ ပြုလုပ်မယ့် Chinese new year...
11/02/2026

🧧Chinese new year Bazaar in Wyndham Grand Hotel

🔶 Feb 13 & 14 Wyndham Grand Yangon Hotel မှာ ပြုလုပ်မယ့် Chinese new year Bazaar မှာပါဝင်တဲ့ vendors များရှင့်

Feb 13 ရက်နေ့ မနက် ၈နရီမှ စ၍ setup လာလုပ်လို့ ဖို့ အသိပေးလိုပါတယ်ရှင့်

🔷 date : FEB 13

🔶 Set up Time - 8am

🔷 Location - Wyndham Grand Yangon Hotel ( 4th floor outdoor area )

🔶 6’ x 2’ table and 2 chairs

🔷 စားပွဲခင်းက အနက်ရောင်ပေးထားပါတယ်ရှင့် vendors များ မိမိကြိုက်နှစ်သက်ရာစားပွဲခင်းယူလာလို့ရပါတယ်ရှင့်

🔶 ဆိုင်နာမည်တွေကို စားပွဲပေါ်မှာ name tag လေးတွေ ကပ်ထားပေးပါမယ်ရှင့်

🔷 ပစ္စည်းတွေကို basement car parking ကနေတက်တဲ့ service lift ကနေသယ်ယူလို့ရပါမယ် ။ basement 2 ကနေ တက်ရင်ပိုအဆင်ပြေပါမယ် service lift ရှိတဲ့နေရာနားမှာ car parking ကိုရှာရပ်ပါရှင့် parkingကဝန်ထမ်းကိုမေးလို့ရပါတယ်ရှင့်

🔷 ပစ္စည်းသယ်ယူရာတွင် လွယ်ကူစေဖို့ ဟိုတယ်ဖက်မှ trolly ကိုအသုံးပြုပြီးရင် trolly တွေကို car parking မှာပစ်မထားပဲ သူ့နေရာသူပြန်ထားပေးဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်ရှင့်။

🔶 ဆိုင်ခန်းများကို 10:00 am အပြီးခင်းပေးရပါမယ်ရှင်

🔶 စားပွဲထိုင်ခုံပျက်စီးရင် တန်ဖိုးအတိုင်းပေးလျော်ရပါမယ်ရှင့်

❌ advertising board 6’ vinyl stand ပွဲမှာ အသုံးပြုခွင့်မရှိပါဘူးရှင့်

🔷 ပွဲပြီးဆုံးချိန်မှာ Feb 14 , 6 pm ဖြစ်သောကြောင့် vendors များအနေဖြင့် 5:30 pm ကျမှသာ ဆိုင်စသိမ်းရမယ်ဖြစ်ပါတယ်ရှင့်

🔶 ညဖက်ပစ္စည်းတွေ ထားခဲ့လို့ရပါတယ်ရှင့်

Hotel contact number - Aung Thant Thiha
09780069403 ပစ္စည်းတွေ လာပို့တဲ့အခါ ဆက်သွယ်လို့ရပါတယ်ရှင် ။

See you all soon 🤗

🧧✨ Wyndham Chinese New Year Bazaar 2026 ✨🧧လာရောက်လည်ပတ်သူတိုင်းအတွက်လက်ဆောင်တွေပေးမဲ့ ကံကောင်းခြင်းBazaar🏮🏮 Free Entry (...
02/02/2026

🧧✨ Wyndham Chinese New Year Bazaar 2026 ✨🧧လာရောက်လည်ပတ်သူတိုင်းအတွက်လက်ဆောင်တွေပေးမဲ့ ကံကောင်းခြင်းBazaar🏮

🏮 Free Entry ( ဝင်ကြေးအခမဲ့ )

🛍️ Bazaar မှာဘာတွေရှိမလဲ?
✨ နှစ်သစ်ကူးအတွက် အထူးပစ္စည်းများ
🍊 အရသာရှိတဲ့ CNY အစားအသောက်များ
🎁 local handmade jewelry & souvenirs
🧧 Hong Bao Giveaway
🍀 Lucky Draw – ဆုလက်ဆောင်ကြီးများ ပါဝင်မှာဖြစ်ပါတယ်။

🎊 ဝယ်ယူမှုတိုင်းမှာ ဆုရနိုင်မယ့် အခွင့်အရေးရှိပါတယ်!
Wyndham Bazaar မှာတော့ ကံကောင်းခြင်းလက်ဆောင်ကို လူတိုင်းရရှိမှာပဲဖြစ်ပါတယ်။

📅 ရက်စွဲ: Feb 13-14
📍 နေရာ: Wyndham Grand Yangon
⏰ အချိန်: 11am - 6pm

🎠 မိသားစု၊ မိတ်ဆွေများနဲ့အတူ လာရောက်ပျော်ရွှင်ပြီး
ကံကောင်းခြင်းလက်ဆောင်တွေကို အိမ်ပြန်ယူသွားကြစို့နော်။

🧧🛍️ Vendor များကို ဖိတ်ခေါ်ပါသည် 🛍️🧧Wyndham Chinese New Year Bazaar 2026 တွင်သင့်ရဲ့ Brand / Product ကို ဂုဏ်ယူစွာ ပြသရေ...
22/01/2026

🧧🛍️ Vendor များကို ဖိတ်ခေါ်ပါသည် 🛍️🧧

Wyndham Chinese New Year Bazaar 2026 တွင်
သင့်ရဲ့ Brand / Product ကို ဂုဏ်ယူစွာ ပြသရောင်းချနိုင်မယ့် အခွင့်အရေးပါ ✨

🔸 Food & Beverage
🔸 Fashion / Accessories
🔸 Gifts / Handicrafts
🔸 Beauty / Lifestyle Products

📅 13 & 14 February 2026
⏰ 11:00 AM – 6:00 PM
📍 Outdoor Garden Area, Wyndham Grand Yangon

🎉 လူစည်ကားမှုမြင့်
🎉 Hotel Event – Quality Audience
🎉 Festive Season Sales Boost

💰 Booth Fee: တစ်ရက်လျှင်
Non member - 35,000 MMK
Member - 25,000 MMK
(စားပွဲ + ထိုင်ခုံ ပါဝင်ပါသည်)

👉 Booth နေရာများ အကန့်အသတ်ရှိသောကြောင့် စိတ်ဝင်စားပါက အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

🧧 Wyndham Chinese New Year Bazaar
Together, let’s celebrate & sell in style ✨

Hello မင်္ဂလာပါရှင့် 🙏 🧧 Wyndham Chinese New Year Bazaar အတွက် Vendor များကို ဖိတ်ခေါ်ပါတယ်ရှင့် 🧧Wyndham Chinese New Ye...
14/01/2026

Hello မင်္ဂလာပါရှင့် 🙏

🧧 Wyndham Chinese New Year Bazaar အတွက် Vendor များကို ဖိတ်ခေါ်ပါတယ်ရှင့် 🧧

Wyndham Chinese New Year Bazaar ✨

📅 Date: ဖေဖော်ဝါရီ ၁၃ – ၁၄
⏰ Time: မနက် ၁၁ နာရီ မှ ညနေ ၆ နာရီ
📍 Location: Wyndham Grand Yangon Hotel

💰 Booth Fee: တစ်ရက်လျှင်
Non member - 35,000 MMK
Member - 25,000 MMK
(စားပွဲ + ထိုင်ခုံ ပါဝင်ပါသည်)

⚠️ Booth အရေအတွက် ကန့်သတ်ထားလို့
စိတ်ဝင်စားပါက comment မှာရေးပေးခဲ့ပါနော် 🙌

🧧 Wyndham Chinese New Year Bazaar
Together, let’s celebrate & sell in style ✨

  မင်္ဂလာပါရှင့် 🤣Dec 5-6 သုဝဏ္ဏကွင်းမှာ ခန့်မှန်းလူဦးရေ ၅၀၀၀လောက်လာမဲ့ E spot game အတွက် vendors တွေပါဝင်ဖို့ဖိတ်ခေါ်ချ...
23/11/2025

မင်္ဂလာပါရှင့် 🤣

Dec 5-6 သုဝဏ္ဏကွင်းမှာ ခန့်မှန်းလူဦးရေ ၅၀၀၀လောက်လာမဲ့ E spot game အတွက် vendors တွေပါဝင်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင့် 🙏

10x10 tank
Light - မီးချောင်း ၁ချောင်း
Table - 2
Chairs - 4
Water

Booth fee - 1 သိန်းခွဲ for 2 days

Wave booth လည်းရှိနေပါမယ်
အကောင့်မရှိသေးသူတွေ အတွက် Wave က merchant account လုပ်ပေးမှာဖြစ်ပြီး cash in / out ကိုလည်းလုပ်လို့ရအောင်စီစဉ်ပေးထားမှာဖြစ်ပါတယ်။

ပါဝင်မည့် vendor များစာရင်းစပေးလို့ရပါပြီရှင့်။ ကျေးဇူးပါ 🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Together For Community - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Together For Community - Myanmar:

Share