22/09/2022
ဟောင်းရမယ်၊ ကောင်းရမယ်၊ သုံးရမယ်၊ ပစ္စည်ရှားရမယ်၊ ကောင်းရမယ်၊ သုံးလည်းသုံးလို့ရရမယ်၊ တာဝန်ယူမှုလည်းရှိရမယ်ဆိုတာတွေက ကျနော်တို့ တာဝန်ဗျ..လက်မြန်ဖို့ကတော့ အဆွေတော်တို့တာဝန်ပါပဲဗျိူ့
ရှေးတစ်ခေတ်က ပစ္စည်းလေးအစုံလေးတွေကို ပုံတွေမှာ အပြည့်အစုံ ရှာထားပေးလိုက်တယ် အဆွေတော်နော်။ ဘာတွေလည်း မေးရင် လက်လှည့်ဖုန်းလေးတွေ၊ ဘေးလှည့်ဖုန်းလေးတွေကို နိုင်ငံတကာ က တံဆိပ်စုံလေးတွေထည့်ထားပေးတယ်ဗျ၊ နောက်တစ်ခါ နိုင်ငံတကာက မီးအိမ်လေးတွေလေ..ဂျာမနီတို့ ယူအက်တို့ အစုံပါပဲ..လေထိုး၊ မီးစာ အစုံပါပဲ အဆွေတော်ရာ.. ပန်ကာဆိုလို့လည်း အထင်မသေးနဲ့ အဆွေတော်.. ကြေးဒလက် အစုံအလင်နဲ့ နှစ်ဘက်လုံးလည်တဲ့ ပန်ကာကြီးအဆွေတော်ကြီးရေ..အဲကောင်လေးလည်း ပါသဗျ..
တိုင်မှာပဲ ကပ်ထားလို့ရတဲ့ ဆာကူရာမြေက ပုံးဟောင်းလေးနဲ့ နာရီဝက် ၊ နာရီပြည့်တိုင်း ထိုးတဲ့ နာရီလေးလည်း ပါသေးတယ်အဆွေတော်ရေ...နှစ်ကာလအချိန်တိုက်စားတာ ခံနိုင်တဲ့ ကောင်ကြီးတွေပါပဲ..
တစ်ခုပါပဲ..ဓာတ်ပြားစက်တော့ လက်သစ်ပါ.. အင်ဒိယားမိတ်ပါပဲ..အသံထွက်ကောင်းတဲ့ အလုံးဆိုလည်း မမှားပါဘူးလေ.. ဒီကောင်လေးတစ်လုံးပဲကျန်တာ အဆွေတော်..ဒါလေးလည်း အားပေးပါအုံးလို့
ပုံလေးတွေ အချိန်ရရင် နှိပ်ကြည့်ပေးပါ အဆွေတော်...စိတ်ဝင်တာရှိရင် မင်္ဂလာဖြစ်အောင် လာသာ စီဘီ ခေါ်လိုက်ပါဗျာ...