Myanmar Home Artist -Home Interior Designs and Decoration

Myanmar Home Artist -Home Interior Designs and Decoration Your Home Should Tell The Story Of Who You Are & Be A Collection Of What You Love

https://www.facebook.com/share/p/1CNsP46dvm/?mibextid=wwXIfr
06/03/2026

https://www.facebook.com/share/p/1CNsP46dvm/?mibextid=wwXIfr

Susan ရဲ့ clients တွေများသောအားဖြင့် အိမ်တစ်လုံးကို ပြင်ဆင်တော့မယ်ဆိုရင် "ဘယ်လိုအရောင်လေး သုံးမလဲ၊ ဘယ်လိုပရိဘောဂလေးတွေ ဝယ်မလဲ" ဆိုတဲ့ အလှအပပိုင်းကို အရင်ဆုံး ပြေးမြင်မိကြတာများပါတယ်။

ဒါပေမဲ့ အိမ်ဆိုတာ မျက်စိပသာဒဖြစ်ဖို့တင်မကဘဲ ကိုယ်တွေရဲ့ နေ့စဉ်ဘဝကို တကယ်ပဲ ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တာမျိုးပါ။

ဒါတွေခဏထားပြီး ဒီနေ့မှာတော့ Susan က အခန်းတစ်ခုကို ဖန်တီးတဲ့အခါ မျက်စိနဲ့မမြင်ရတဲ့ "အသေးစိတ်အချက်အလက်" တွေက ဘယ်လောက်အရေးကြီးကြောင်းကို မျှဝေပေးချင်ပါတယ်။

✨ Designer တစ်ယောက်ရဲ့ အမြင်မှာ...
Interior Design ဆိုတာ မိတ်ကပ်လိမ်းသလိုမျိုး အပြင်ပန်းကို လှအောင်လုပ်ပေးရုံ (Decoration) မဟုတ်ပါဘူး။ အခန်းတစ်ခန်းရဲ့ "အနှစ်သာရ" ကို အသက်သွင်းပေးရတာမျိုးပါ။

• Structure & Flow: အခန်းထဲမှာ လေဝင်လေထွက်ကောင်းရဲ့လား ?လမ်းလျှောက်ရတာ အဆင်ပြေရဲ့လား? ဗီဒိုတံခါးဖွင့်ရင် တစ်ခုခုနဲ့ တိုက်နေသလား? ဒီလို Ergonomics လို့ခေါ်တဲ့ အသေးစိတ်ကျမှု့တွေကို နေထိုင်မယ့်သူတွေရဲ့ လှုပ်ရှားမှုနဲ့ ကိုက်ညီအောင် တွက်ချက်ပြင်ဆင်ပေးရတာက ကျွန်မတို့ရဲ့ အဓိက အလုပ်ပါ။

• Technical Safety: လျှပ်စစ်ဝါယာကြိုးသွယ်တာတွေကအစ ဘေးကင်းရဲ့လား? သုံးပေးမယ့်ပစ္စည်းတွေရဲ့အရည်သွေးကရောစိတ်ချရရဲ့လား?မီးဘေးအန္တရာယ်အတွက်ကော စိတ်ချရအောင် ဘယ်လိုပြင်ဆင်မလဲ? အလင်းရောင် အထားအသိုက မျက်စိကို ပင်ပန်းစေသလား? ဒီလို နည်းပညာပိုင်းဆိုင်ရာ (Technical knowledge) တွေက နေထိုင်သူရဲ့ ကျန်းမာရေးနဲ့ သက်တောင့်သက်သာဖြစ်စေဖို့အတွက် တိုက်ရိုက်သက်ဆိုင်ပါတယ်။

• Sustainability: အခုပြင်ပြီးချင်းတော့လှပြီး နောက်နှစ်မှာ ပျက်စီးသွားမယ့် ပစ္စည်းမျိုးထက်၊ ရေရှည်ခိုင်ခံ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ပစ္စည်းတွေကို ရွေးချယ်ပေးနိုင်ခြင်းကလည်း အိမ်ရှင်တွေအတွက် တကယ့်ရေရှည်အကျိုးရှိစေမယ့်တန်ဖိုး (Long-term value) တစ်ခုပါပဲ။

💡 Professional တစ်ယောက်ကို ဘာကြောင့် လိုအပ်တာလဲ?👇

Interior Decorator တစ်ယောက်က အိမ်ကို "စတိုင်လ်ကျ" အောင် အမြင်လှပအောင်ကူညီပေးနိုင်ပေမယ့်၊ Interior Designer တစ်ယောက်ကတော့ သင့်အိမ်ကို "စနစ်ကျ" အောင် ရေရှည်အတွက်အဆင်ပြေအောင်ဖန်တီးပေးနိုင်တာမျိုးပါ.

Interior Designer နဲ့ Interior Decorator ကို အတူတူထင်ကြတတ်ပါတယ်။ တကယ်တော့ role နှစ်ခုက design process ထဲမှာ မတူညီတဲ့ အခန်းကဏ္ဍတွေရှိပါတယ်။

ခြုံပြောရမယ်ဆိုရင် -
Interior Designer က space planning, functionality နဲ့ safety ကို အခြေခံပြီး design solution ကို ဖန်တီးပေးတဲ့ professional ဖြစ်ပါတယ်။
• Space planning
• Architectural visualization
• Lighting & automation
• Building codes & construction knowledge
• Ergonomics, accessibility & safety
စတဲ့ technical aspects တွေကိုပါ ထည့်သွင်းစဉ်းစားပြီး space တစ်ခုကို အသုံးဝင်ပြီး balanced ဖြစ်အောင် design လုပ်ပေးတာပါ။

Interior Decorator ကတော့ room တစ်ခုရဲ့ look & feel ကို အလှဆင်ပေးတဲ့ပိုင်းကို အဓိက focus လုပ်ပါတယ်။
• Color palette
• Furniture selection
• Textiles & fabrics
• Decorative accessories
• Textures & styling
တို့ကို အသုံးပြုပြီး space ကို aesthetic ဖြစ်အောင် ဖန်တီးပေးတာပါ။

တစ်ခုချင်းစီမှာ role မတူပေမယ့် project တစ်ခုကို complete ဖြစ်အောင် Designer နဲ့ Decorator နှစ်ဖက်လုံးက အရေးကြီးတဲ့ role တွေဖြစ်ပါတယ်။

Susanအနေနဲ့ကတော့ space တစ်ခုကို function + beauty နှစ်ခုလုံး balance ဖြစ်အောင် design approach နဲ့ create လုပ်ပေးပါတယ်။
ကျွန်မ အမြဲယုံကြည်ထားတာတစ်ခုက"ဒီဇိုင်းကောင်းဆိုတာ မျက်စိနဲ့ကြည့်ရင် လှရုံတင်မကဘဲ၊ နေထိုင်တဲ့သူရဲ့ စိတ်ကိုပါ အေးချမ်းစေရမယ်" ဆိုတဲ့အချက်ပါပဲ။ ဒါကြောင့် ကျွန်မ Design ထိုင်ဖို့ စဉ်းစားတိုင်းမှာ နေထိုင်မယ့်သူရဲ့ လူနေမှုပုံစံ၊ ဘေးကင်းလုံခြုံမှုနဲ့ အသုံးဝင်မှု (Functionality) ကို အမြဲတမ်း ဦးစားပေး စဉ်းစားဖြစ်ပါတယ်။

"Design is a formal response to a strategic ambition."

အိမ်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အလေးအထားဆုံး အချက်က ဘာဖြစ်မလဲဆိုတာကိုပြောပြခဲ့ပေးဦးနော်🩶

The Whole Home Renovation အတွက် Site Survey 80*80 landed 2 Story House ( Shwepinlon Housing) Design ပိုင်းလေးကနေစမယ့် Pr...
03/03/2026

The Whole Home Renovation အတွက် Site Survey 80*80 landed 2 Story House ( Shwepinlon Housing)
Design ပိုင်းလေးကနေစမယ့် Project လေးမို့ Before / After ပြောင်းလဲမှု့လေးတွေ ဘာတွေဖြစ်မလဲ 🤔
လုပ်ငန်းအပ်နှံပေးတဲ့ အန်တီနဲ့အန်ကယ်ကို Myanmar Home Artist မှ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🤗
မိတ်ဆက်ပေးတဲ့ Myanmar Home Artist ရဲ့ Client မနီနီကိူလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻

📞 09 444 50 56 89

North Dagon က Apartment လေးရဲ့ Final Actual ပုံလေးတွေပါ🤍ယုံကြည်စွာလုပ်ငန်း အပ်နှံတဲ့ ပြည်တွင်း / ပြည်ပ က Client တစ်ဦးချင...
23/02/2026

North Dagon က Apartment လေးရဲ့ Final Actual ပုံလေးတွေပါ🤍
ယုံကြည်စွာလုပ်ငန်း အပ်နှံတဲ့ ပြည်တွင်း / ပြည်ပ က Client တစ်ဦးချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻

📲 09444505689

19/06/2025

Interior တွေပြင်ဆင်နေကြသူတွေ ကြမ်းခင်းတွေရွေးချယ်ရခက်နေသူတွေအတွက် Material လေးတွေအကြောင်း အကြမ်းဖျင်းလေး မျှဝေပေးထားပါတယ်ရှင် 🙏🏻

Myanmar Home Artist ကို ယနေ့ထိ ယုံကြည်စွာ လုပ်ငန်းအပ်နှံကြသော Clients များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻☎️ 09...
06/05/2025

Myanmar Home Artist ကို ယနေ့ထိ ယုံကြည်စွာ လုပ်ငန်းအပ်နှံကြသော Clients များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻

☎️ 09 444 50 56 89




2019 ဝန်းကျင်လောက်ကစပြီး Minimal Style ကို Decorate လုပ်ပေးရတာ ပိုပြီးသဘောကျလာတယ်.နောက်ပိုင်းတွေမှာ ရာသီဥတုတွေကလဲ ပူ လူတ...
26/03/2025

2019 ဝန်းကျင်လောက်ကစပြီး Minimal Style ကို Decorate လုပ်ပေးရတာ ပိုပြီးသဘောကျလာတယ်.

နောက်ပိုင်းတွေမှာ ရာသီဥတုတွေကလဲ ပူ လူတွေကလဲ စိတ်တွေ မွန်းကြပ်လာကြတယ် စီးပွါးရေး လူမှု့ရေး အစစအရာရာ ကြပ်တည်းလာကြတဲ့ အချိန်မှာ ကို့ Clients တွေကို Minimal ဖြစ်တဲ့ Look ရယ် Eco Friendly ဖြစ်မယ့် Materials တွေကိုဘဲ အသုံးပြုဖို့ အဓိက အကြံပေးပြင်ဆင်ပေးဖြစ်တယ်.

Interior Design ဆိုတာကလေ Built in furniture တွေထဲ့ပြီး ပြင်ဆင်ရတာထပ် ပိုပြီးနက်နဲပါတယ် နေထိုင်မယ့်သူတွေအတွက် တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့သက်တောင့်သက်သာဖြစ်စေဖို့ရယ် ပတ်ဝန်းကျင်နဲ့သဘာဝတရားရယ် လိုက်လျောညီထွေဖြစ်ဖို့ ဦးစားပေးဖန်တီးပေးရတာမျိုးမို့ တာဝန်လဲကြီးသလို အားလုံးပြီးသွားလို့ ကိုယ်ဖန်တီးထားတာလေး ရုပ်လုံးပေါ်လာရင်လဲ ဘာနဲ့မှ မတူတဲ့ ပီတိတွေနဲ့ကျေနပ်ရတာမျိုးပါ ✌🏻

(MHA)

Kitchen space ကို ကျယ်ကျယ်ဝန်းဝန်း နဲ့ clean look လေး ရချင်တာ အိမ်ရှင်မတွေရဲ့ အိမ်မက်ပါ 😊အချို့သောမြေညီထပ်တွေ အိမ်ရဲ့နော...
27/10/2024

Kitchen space ကို ကျယ်ကျယ်ဝန်းဝန်း နဲ့ clean look လေး ရချင်တာ အိမ်ရှင်မတွေရဲ့ အိမ်မက်ပါ 😊
အချို့သောမြေညီထပ်တွေ အိမ်ရဲ့နောက်ဖက်တွေမှာ မြေပို ပါတယ်ဆို Wet Kitchen ကို extends ထုတ်လို့ရပါတယ်နော် နေရာလဲ အပို ထွက်လာသလို Kitchen Space လဲ သပ်သပ်ရပ်ရပ်နဲ့ ကျယ်ကျယ်ဝန်းဝန်း decorate လုပ်လို့ရပါတယ်ရှင် 🤗
ကျမရဲ့သဘောကတော့ kitchen ကို dry kitchen/wet kitchen ခွဲထားတာ ကို ပိုပြီးတော့လဲ သဘောကျတယ် recommend လဲ ပေးဖြစ်ပါတယ် တကယ်တော့ renovation ဘဲဖြစ်ဖြစ် interior ကို decorate လုပ်တာဘဲ ဖြစ်ဖြစ် အဓိကက space ပါ နောက်တခုက သဘာဝ အလင်းရောင် လေဝင်လေထွက် စတာတွေကို အခြေခံပြီး စဉ်းစားပြင်ဆင်သင့်ပါတယ် အရေးကြီးဆုံးကတော့ client အနေနဲ့ ပြင်ဆင်မှု့အပေါ် မှာ အသုံးပြုရတာ ဘယ်နေရာလေးဘဲဖြစ်ဖြစ် သူ့အတွက် comfort ဖြစ်ဖို့ပါဘဲ🫶
09444505689

Vietnam က project လေးပါ ခုနောက်ပိုင်း cozy ဖြစ်တာကို သဘောကျလာကြသလို သဘာဝနဲ့ အနီးစပ်ဆုံး နေထိုင်မှု့တွေကို ဦးစားပေးလာတာကြ...
23/10/2024

Vietnam က project လေးပါ ခုနောက်ပိုင်း cozy ဖြစ်တာကို သဘောကျလာကြသလို သဘာဝနဲ့ အနီးစပ်ဆုံး နေထိုင်မှု့တွေကို ဦးစားပေးလာတာကြောင့် interior ရော building ပိုင်းရောတွေမှာ လွန်ခဲ့တဲ့ နှစ်တွေကနဲ့မတူကွာပြားလာတဲ့ design အမြင်တွေနဲ့ concept တွေအကြောင်းကို နောက်ပိုင်းအသေးစိတ် ရေးပါအုံးမယ် ခုတော့ project ပုံလေးတွေ reference ယူလို့ရအောင် မျှဝေပါရစေနော်.
09444505689

မဟာဆွေကွန်ဒိုအခန်းလေး အိမ်ရှင်ထံ အပ်နှံပြီးစီးမှူ့လေးပါရှင်🥰ယုံကြည်စွာလုပ်ငန်းအပ်နှံပေးတဲ့ အကိုနဲ့အမကို Myanmar Home Art...
25/09/2024

မဟာဆွေကွန်ဒိုအခန်းလေး အိမ်ရှင်ထံ အပ်နှံပြီးစီးမှူ့လေးပါရှင်🥰
ယုံကြည်စွာလုပ်ငန်းအပ်နှံပေးတဲ့ အကိုနဲ့အမကို Myanmar Home Artist မိသားစုမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻
09 444505689


လက်ရှိဆောင်ရွက်ပေးနေတဲ့ မြောက်ဒဂုံ ဆိုက်လေးပါ Before ပြီးရင် After လာပါမယ်နော်😁ဒီကာလမှာ Budget လဲ save ဖြစ်ရမယ် quality ...
23/09/2024

လက်ရှိဆောင်ရွက်ပေးနေတဲ့ မြောက်ဒဂုံ ဆိုက်လေးပါ Before ပြီးရင် After လာပါမယ်နော်😁
ဒီကာလမှာ Budget လဲ save ဖြစ်ရမယ် quality results ကလဲ ပေးရတာနဲ့ တကယ်ကုန်ရကျိုးနပ်ချင်တာဆို Myanmar Home Artist ရှိပါတယ်ရှင်🥰
ယုံကြည်စွာလုပ်ငန်းအပ်နှံတဲ့ အမကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻

📞📞📞09 444505689

Site Processes လေးတွေ မတင်တာကြာလို့ မေ့နေကြမှာစိုးလို့ပါ😬ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံတဲ့ အကိုနဲ့အမတို့ကို Myanmar Home...
20/09/2024

Site Processes လေးတွေ မတင်တာကြာလို့ မေ့နေကြမှာစိုးလို့ပါ😬
ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံတဲ့ အကိုနဲ့အမတို့ကို Myanmar Home Artist မိသားစုမှ ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻
09 444505689

Budget Apartment လေးအတွက် Renovation လေးစတင်နေပါပြီနော်🫶ယုံကြည်စွာအပ်နှံတဲ့ Client တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများက...
15/09/2024

Budget Apartment လေးအတွက် Renovation လေးစတင်နေပါပြီနော်🫶
ယုံကြည်စွာအပ်နှံတဲ့ Client တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏🏻
09 444505689

Address

North Dagon
Yangon
11421

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959444505689

Alerts

Be the first to know and let us send you an email when Myanmar Home Artist -Home Interior Designs and Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Home Artist -Home Interior Designs and Decoration:

Share