18/03/2024
◾ ပုဇွန်တောင်ဈေးမျက်နှာချင်းဆိုင်ရှိ One Stop Mart ၌ လုယက်မှုဖြစ်
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးမျက်နှာချင်းဆိုင်ရှိ One Stop Mart ဆိုင်၌ ယနေ့(မတ် ၁၅ ရက်) မွန်းလွဲ ၁၂ နာရီကျော်ခန့်က ဆိုင်အတွင်း လူတစ်ဦး ဝင်ရောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ အရောင်းဆိုင်မှ သိရသည်။
ဆိုင်အတွင်း၌ အရောင်းဝန်ထမ်းလူငယ်တစ်ဦးတည်းရှိနေချိန်တွင် လူတစ်ဦးဝင်ရောက်လာပြီးနောက် ဆိုင်ရှိပစ္စည်းများအား ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း အရောင်းဝန်ထမ်းတစ်ဦးကပြောသည်။
“ဆိုင်မှာဝန်ထမ်းတစ်ဦးထဲရှိနေတုန်း တစ်ယောက်ထဲဝင်လုတာ။ ဖုန်းဆက်ခေါ်တော့ CCTV ကကြည့်ပြီး ချင်း ညီမလာခဲ့တာ၊ ဘာပစ္စည်းတွေ ပါသွားလဲတော့ ပြန်စစ်နေတုန်းပဲ။”ဟု အဆိုပါဆိုင်ဝန်ထမ်း က ပြောသည်။
အဆိုပါလုယက်မှုအတွင်း ဆိုင်ဝန်ထမ်းလူငယ်တစ်ဦး ခေါင်းထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆိုင်အဝင်တံခါးမှန်တစ်ချပ်ကွဲသွားခဲ့ကာ အရှေ့တွင် ခင်းကျင်းထားသော မုန့်စင်များလည်း ပြိုလဲကျနေသည်ကိုတွေ့ရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ပုံစာ- ယနေ့မွန်းလွဲပိုင်းက လုယက်မှုဖြစ်ပွားခဲ့သည့် One Stop Mart အရောင်းဆိုင်အားတွေ့ရစဉ်။
စံတော်ချိန်ယူကျူ့ - https://www.youtube.com/
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily